Channel Myanmar

Rhona Mitra

Ali G Indahouse (2002)
Ali G Indahouse (2002)  Sacha Baron Cohen၊ Martin Freeman နဲ့ Rhona Mitra တို့အပြင် တခြားနာမည်ကြီးသရုပ်ဆောင်များစွာ ပါဝင်ထားတဲ့ Comedy/ Drama ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ဗြိတိန်နိုင်ငံရဲ့ ဘဏ္ဍာရေးဝန်ကြီးနဲ့ ဒုတိယဝန်ကြီးချုပ်က ဝန်ကြီးချုပ်ကို ဖြုတ်ချဖို့ အကြံအစည်နဲ့ ရပ်ကွက်ထဲက အလုပ်မရှိအကိုင်မရှိ ရက်ပ်ရွတ်ပြီး အလေလိုက်နေတဲ့ အလီ ဂျီ ကို သူတို့ပါတီရဲ့ ကိုယ်စားလှယ်အနေနဲ့ မြေတောင်မြှောက်ပေးလိုက်ကာ သူ သောက်တလွဲလုပ်တာတွေကို လိုက်မထိန်းဘဲ တမင်လွှတ်ထားလိုက်တဲ့အခါ အလီ ဂျီတစ်ယောက် လွှတ်တော်နဲ့ အစိုးရအဖွဲ့ကို ဘယ်လိုတွေ မွှေမလဲဆိုတာကို ကြည့်ရှုလိုက်ကြပါဦး။အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Comedy  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Nway Oo K ...
movie

Ali G Indahouse (2002)

Shooter (2007) 7.2
Shooter (2007) Shooter (2007)ဒီတစ်ခါ အလှည့်ကျတဲ့ old but gold ကားကတော့ IMDB 7.1/10 ရရှိထားတဲ့ Ted မင်းသားကြီး Mark Wahlberg ရဲ့  Thriller/Action ကားလေးပဲဖြစ်ပါတယ်။ဆွယ်ဂါက တောအုပ်ထဲမှာ သူချစ်တဲ့ခွေးလေးနဲ့ ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းနေတဲ့ အငြိမ်းစား ကျွမ်းကျင်လက်ဖြောင့်သေနတ်သမားတစ်ဦးပါ။ လွန်ခဲ့တဲ့ ၃ နှစ်က စစ်ဆင်ရေးတစ်ခုမှာ အဖြစ်ဆိုးတစ်ခုနဲ့ ကြုံခဲ့ရတာကြောင့် တပ်ထဲကနေ အငြိမ်းစားယူခဲ့တယ်လို့ ဆိုရမှာပေါ့လေ။အေးချမ်းတဲ့သူ့ဘဝထဲကို "သမ္မတကို လုပ်ကြံဖို့ အစီအစဉ်ဆွဲပေးပါ"ဆိုပြီး ဆိုင်းမဆင့် ဘုံမဆင့် ရောက်ရှိလာခဲ့သူကတော့ ဗိုလ်မှူး ဂျွန်ဆင်ပါ။ သမ္မတကို စိတ်မဝင်စားသလို အေးချမ်းစွာနေလိုတဲ့ ဆွယ်ဂါတစ်ယောက် နောက်ဆုံးကျ ဗိုလ်မှူး ဂျွန်ဆင်ရဲ့ အပြောမှာ မျောပြီး အစီအစဉ်ကို သဘောတူလိုက်မိရာမှာတော့..သူ့ကို စောင့်ကြိုနေခဲ့တဲ့ လှည့်ကွက်တွေနဲ့ အစီအစဉ်ကဘာများလဲ.. သမ္မတကို လုပ်ကြံတဲ့အစီအစဉ်ကရော အထမြောက်အောင်မြင်သွားမှာလား.. သူ့ရဲ့တစ်ချိန်က ကျွမ်းကျင်မှုတွေကို အကျိုးရှိရှိ အသုံးချပြီး အရည်အချင်းရှိရှိနဲ့ သူ့ကိုဆင်ထားတဲ့ ထောင်ချောက်ထဲကနေ လွတ်အောင်ရုန်းနိုင်ပါ့မလား.. ဆိုတာကိုတော့ နိုင်ငံရေးလှည့်ကွက်မျိုးစုံနဲ့ ဆွယ်ဂါ့ရဲ့စွန့်စားခန်းတွေကို ဇာတ်လမ်းထဲမှာပဲ စိတ်ဝင်စားဖွယ် ကြည့်ရှုလိုက်ကြပါဦးနော်။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို ...
movie

Shooter (2007)

2007
4K HEVC
Croupier (1998) 7.0
Croupier (1998)  Croupier ဇာတ်ကားဟာ ၁၉၉၈ ခုနှစ်ကထွက်ခဲ့တဲ့Crime Drama ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ဝါရင့် မင်းသား Clive Owen အဓိကပါဝင် သရုပ်ဆောင်ထားတဲ့စိတ်ဝင်စားစရာ ဇာတ်ကားကောင်းလေးတစ်ခုပါ။ဇာတ်ကားထဲမှာ Clive သရုပ်ဆောင်ထားတဲ့ Jack ဟာနာမည်တစ်ခုရဖို့ ကြိုးစားနေတဲ့ စာရေးဆရာတစ်ယောက်ပါ။သူလမ်းကြောင်းပျောက်နေတုန်း သူ့အဖေက သူ့ကိုကာစီနိုတစ်ခုမှာ ဖဲဝိုင်းကိုင်တစ်ယောက်အနေနဲ့အလုပ်သွင်းပေးခဲ့ပါတယ်။ အဲဒီအလုပ်က သူ့ရဲ့တည်ငြိမ်နေတဲ့ဘဝကို ဘယ်လိုရှုပ်ထွေးစေမှာလဲ ဘာတွေ ထိခိုက်စေမှာလဲသူ ရုန်းထွက်နိုင်မှာလား သူပဲ ကြုံလာတဲ့ ပြဿနာတွေကိုအရှုံးပေးလိုက်ရမလား အမြတ်ထုတ်သွားမလားဆိုတာကိုစိတ်ဝင်စားဖွယ် ခံစားရမှာ ဖြစ်ပါတယ်ဖဲဝိုင်းကိုင်းတစ်ယောက်ရဲ့ ခံစားချက်၊ ကာစီနိုရဲ့ သဘောသဘာဝ၊လူတွေရဲ့ စိတ်နေစိတ်ထား စတာတွေကို ထင်သာအောင်ရိုက်ပြထားလို့ စိတ်ဝင်စားဖို့ အတော်ကောင်းတဲ့ကားလေးတစ်ကားဖြစ်ပါတယ်,.......... File size…1.99GB / 966MB Quality…Blu-Ray 1080p   / 720p Format…mp4 Duration….1h 34m Genre ….. Drama , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung
movie

Croupier (1998)

Shadow Land (2024) 5.5
Shadow Land (2024)  လုပ်ကြံသတ်ဖြတ်မယ့် ရန်သူရဲ့အကြံအစည်ကြောင့်အိပ်မက်ဆိုးတွေနဲ့ နေ့စဉ်ခြောက်လှန့်ခံနေရတဲ့အမေရိကန်သမ္မတဟောင်း Wainwright ......နိုင်ငံတကာအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့သူ့ရဲ့သမ္မတရာထူးကို အသရေဖျက်ဖို့ ပူးပေါင်းကြံစည်မှုကို ရှာဖွေတွေ့ရှိခဲ့တဲ့အခါမှာတော့......သူယုံကြည်စိတ်ချရတဲ့ အကြံပေးပုဂ္ဂိုလ်နှင့်အတူအမှန်တရားကို ဖော်ထုတ်မယ့် မစ်ရှင်တစ်ခု စတင်ပြီးအန္တရာယ်ရှိတဲ့လမ်းကြောင်းကို လျှောက်လှမ်းပြီးတိုက်ပွဲဝင်နေခဲ့ပါတယ်။အက်စ်တိုးဗီးယားစစ်ဆင်ရေးမှာ နျူကလိယလက်နက်တွေကို ရှာဖွေတွေ့ရှိခဲ့မှာလား၊ လုပ်ကြံဖန်တီးခဲ့ထားတဲ့ ထောက်လှမ်းရေးအစီရင်ခံစာတွေကသူ့ဘဝနဲ့ အမေရိကန်စစ်သားတွေအတွက် ဘယ်လောက်ထိအပြောင်းအလဲဖြစ်စေခဲ့သလဲ၊ စိတ်ဖောက်ပြန်နေပြီလို့စွပ်စွဲခံရတဲ့သမ္မတကြီးက သူ့ရဲ့ရန်သူတွေကို ဘယ်လိုကျော်လွှားသွားမလဲဆိုတာ ဇာတ်လမ်းအချိတ်အဆက်မိမိနဲ့ကြည့်ရှုခံစားကြရမှာပဲဖြစ်ပါတယ်။ File size…1.31GB / 583MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 29m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint
movie

Shadow Land (2024)

Hard Target 2 (2016) 5.3
Hard Target 2 (2016) သူငယ်ချင်းကို လက်ဝှေ့ကြိုးဝိုင်းထဲမှာ မတော်တဆသတ်ခဲ့မိလို့ အပြစ်ကြွေးဆပ်ချင်ရာကနေ မြန်မာပြည်က ဗိုလ်ချုပ်တွေနဲ့ လက်ဝါးချင်းရိုက်ထားတဲ့ သတ်ကွင်းမှာ အမဲလိုက်ခံရသူ ဇာတ်ကားအကျဉ်း ဘေလာနှင့် ဆူသာလန်ဟာ အခင်ဆုံးသူငယ်ချင်းတွေဖြစ်ပြီးတော့ နာမည်တစ်လုံးနဲ့ ကျော်ကြားတဲ့ လက်ဝှေ့သမားတွေဖြစ်ပါတယ်။သူတို့ဟာ နှစ်ယောက်ယှဉ်ထိုးဖို့ ငွေပမာဏအများကြီး ကမ်းလှမ်းခံရတဲ့အခါ ဘယ်သူနိုင်နိုင်အရေးမကြီးဘူး ပိုက်ဆံရဖို့ အဓိကပဲဆိုပြီး ယှဉ်ထိုးဖို့ သဘောတူလိုက်ပါတယ်။ ဒါပေမဲ့ အနိုင်ရလိုစိတ်ပြင်းပြသွားတဲ့ ဘေလာက လက်လွန်သွားပြီး ဆူသာလန်ကို သေအောင် ထိုးလိုက်မိပါတယ်။ ဒီလိုကနေ စိတ်ရောလူရော ထောင်းထောင်းကြေသွားတဲ့ ဘေလာဟာ ဆူသာလန် မသေခင်ကို လိုချင်တဲ့တဲ့ ကမ်းခြေဘေးက အိမ်ကို ဝယ်ပေးဖို့ မြန်မာပြည်က ဗိုလ်ချုပ်တွေနဲ့ အဆက်အသွယ်ရှိတဲ့ အဲဒရစ်ချ်ဆိုတဲ့လူနဲ့ ဆုံမိပြီး ထိုးပွဲတစ်ခုအတွက် လက်ခံပြီး မြန်မာပြည်ကို လိုက်လာခဲ့ပါတယ်။ဒါပေမဲ့ အဲဒီကိုရောက်သွားတဲ့အခါမှ လက်ဝှေ့ပွဲမဟုတ်ပဲ သူ့ကို ဝိုင်းအမဲလိုက်မယ့် သတ်ပွဲဖြစ်နေတာကို သိလိုက်ရတဲ့အခါမှာ သူ့အနေနဲ့ ဘယ်လိုလွှတ်မြောက်အောင်လုပ်မလဲဆိုတာကို ရင်ထဲ တလှိုက်လှိုက် ...
movie

Hard Target 2 (2016)

2016
The Number 23 (2007)
The Number 23 (2007)  ဟာသ သရုပ်ဆောင် Jim Carreyလို့ ပြောလိုက်ရင် သူ့ရဲ့ပြောင်မြောက်လှတဲ့ ဟာသဉာဏ်နဲ့ သရုပ်ဆောင်စကေးတွေကြောင့် လူသိများပါတယ်။ ဒါပေမယ့် ဒီရုပ်ရှင်ထဲမှာတော့ Jim Carrey ရိုက်နေကြ Comedy ပုံစံမဟုတ်ဘဲ ပုံမှန်နဲ့ကွဲထွက်တဲ့ Thriller/Mystery ပုံစံလေး ရိုက်ကူးထားပါတယ်။ Personally အရ ပြောရရင် ဇာတ်လမ်းရော သရုပ်ဆောင်တွေရော 10/10 ပါပဲနော်။ကျွန်တော်တို့ လူတွေတိုင်းမှာ ကိုယ်စီ အယူသီးတဲ့ နံပါတ် ရှိကြပါတယ်။ ဥပမာ ကမ္ဘာလုံး အယူသီးကြတဲ့ ၁၃ဆိုရင် ကံမကောင်းတဲ့နံပါတ်၊ ၇ကတော့ ကံကောင်းစေတဲ့ နံပါတ်လေးပေါ့။ ကျွန်တော်ဆိုရင်လည်း ၁၃၊ ၂၅၊ ၂၇ ဆိုရင် ကျွန်တော့်အတွက် ကံကောင်းစေတဲ့ နံပါတ်တွေလို့ အယူသီးလေ့ရှိပါတယ်။ ဒါကတော့ လူတစ်ဦးတစ်ယောက်ချင်းပေါ်မှာ မူတည်ပြီး ကွဲပြားသွားပါလိမ့်မယ်။ဝေါတာ စပဲရိုးက တိရစ္ဆာန် ထိန်းသိမ်းရေးအရာရှိ တစ်ယောက်ပါ။ သူက အက်ဂက်သာလို့ ခေါ်တဲ့ ...
movie

The Number 23 (2007)

Underworld: Rise of the Lycans(2009) 6.7
Underworld: Rise of the Lycans(2009) Underworld: Rise of the Lycans(2009)***********************************Underworld ကားတွေဟာ ၅ကားထွက်ရှိခဲ့ပြီး ဇာတ်အိမ်ခပ်ဆန်းဆန်းအမိုက်စားအက်ရှင်ခန်းတွေကြောင့်   ဘက်ဂျက် ၂ဆနီးပါး  ရုံတင်ဝင်ငွေပြန်လည်ရရှိခဲ့တဲ့ကားတွေဖြစ်ပါတယ်.....လိုင်ကန်မျိုးနွယ်စုတွေနဲ့ ဗန်ပိုင်းယားတွေရဲ့ အတော်မသတ်နိုင်တဲ့စစ်ပွဲအကြောင်းကိုအခြေတည်ရိုက်ကူးထားတာဖြစ်ပါတယ်...ခေတ်ပြောင်းလာတာနဲ့အညီ အရင်လို ကုတ်ဖဲ့သတ်ဖြတ်နေကြတာမဟုတ်ဘဲအဆင့်မြှင့်လက်နက်မျိုးစုံအသုံးပြုလာကြသလိုတစ်ဖက်မျိုးနွယ်စု ပျက်သုန်းဖို့အရေး နည်းမျိုးစုံတိုက်ခိုက်ကြတာဖြစ်ပါတယ်...underworld ကိုအစဉ်လိုက်ကြည့်မယ်ဆိုရင်အောက်ပါအတိုင်းကြည့်ရမယ်လို့ဆိုထားပါတယ်..Underworld: Rise of the Lycans (2009) Underworld (2003) Underworld Evolution (2006) Underworld Awakening (2012) Underworld: Blood Wars (2016)  File size… 3.8GB& 909MB Quality… Blu-Ray1080p,720p Format…mp4 Duration….1hr 46min Genre ….. Action, Fantasy, Thriller Translated by AOI Encoded by Phyo Pyae
movie

Underworld: Rise of the Lycans(2009)

Highwaymen (2004) 5.6
Highwaymen (2004)  မော်လီဟာ သူငယ်ချင်းဖြစ်သူ အဲလတ်စ်နဲ့ကားမောင်းပြီး အိမ်ပြန်နေချိန်မှာ ကားတစ်စီးက သူတို့ကိုအချက်ပြပြီးကျော်သွားလိုက်တယ်။ ခဏအကြာ လှိုဏ်ခေါင်းထဲ အဝင်မှာ ကားမတော်တဆဖြစ်မှုတစ်ခုကိုတွေ့လိုက်ရတယ်။ ဒဏ်ရာရသူတွေကူညီဖို့အတွက် သူငယ်ချင်းနှစ်ယောက် အပြင်ထွက်လိုက်ကြတယ်။ မော်လီကို ဒဏ်ရာရသူတွေကိုကြည့်ခိုင်းထားပြီး အဲလတ်စ်ကတော့ လမ်းပေါ်တက်ပြီး အကူအညီတောင်းတဲ့အခါကားတစ်စီးက အဲလတ်စ်ကို တမင်ဝင်တိုက်ပြီးသတ်လိုက်တယ်။ ဖြစ်ရပ်အစအဆုံးကို မြင်သွားတဲ့ မော်လီကိုထပ်တိုက်မယ်အလုပ်မှာ လူတစ်ယောက်ရောက်လာတဲ့  အတွက် ထွက်ပြေးသွားတယ်။ နောက်တော့ရဲတွေရောက်လာပြီးမော်လီကိုကယ်ဆယ်ပေးလိုက်ကြတယ်။စိတ်ဒဏ်ရာရသွားတဲ့မော်လီဟာ ကားတိုက်ခံရပြီးကိုယ်လက်အင်္ဂါဆုံးရှုံးသွားတဲ့သူတွေကိုစိတ်သက်သာရာရအောင် ကုစားပေးတဲ့သင်တန်းကိုတက်နေချိန်မှာခရေးဆိုတဲ့လူတစ်ယောက်ကမော်လီနဲ့စကားလာပြောတယ်။ကားတိုက်ပြီးထွက်ပြေးတဲ့သူကို သူသိကြောင်း ၊နောက်တစ်ခါထပ်လာလိမ့်ဖြစ်ကြောင်း ၊တရားခံကိုရဲတွေမဖမ်းပေးနိုင်‌ပေမယ့် သူကူညီနိုင်ကြောင်းပြောပြတဲ့အခါ မော်လီလည်းခ‌ရေးနဲ့ အတူလက်တွဲပြီး အလုပ်လုပ်ဖို့လက်ခံလိုက်တယ်။ ဒီလိုနဲ့မော်လီနဲ့ ခရေးတို့ တရားခံကိုဘယ်လိုအခက်အခဲ‌တွေနဲ့ဖမ်းမလဲဆိုတာဆက်လက်ကြည့်ရှုပေးပါဦး။ File size…1.57GB / 562MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 20m Genre ….. Action , Crime , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Highwaymen (2004)

Get Carter (2000) 5.1
Get Carter (2000) ဒီတစ်ခါမှာတော့ မင်းသားကြီး စတားလုံးရဲ့ ၂၀၀၀ ခုနှစ်မှာ ထွက်ရှိထားတဲ့ Get Carter ဆိုတဲ့ ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် ။ ကာတာဆိုတာကတော့ သူ့မွေးရပ်မြေမြို့လေးကနေ ထွက်ပြီး အကြွေးလိုက်သိမ်းတဲ့ လူမိုက်တစ်ယောက်အဖြစ် လုပ်ကိုင်နေတဲ့သူတစ်ယောက်ပါ။ တစ်နေ့မှာတော့ အကြောင်းတစ်ခုကြောင့် သူ့မွေးရပ်မြေကို ပြန်လာခဲ့ပါတယ်။ အဲဒါကတော့ သူ့ညီလေး ရစ်ချီ သေဆုံးသွားခဲ့လို့ပါပဲ။ အကုန်လုံးကတော့ အမူးလွန်ကားမောင်းလို့ သေဆုံးသွားခဲ့ရတယ်လို့ ပြောခဲ့ကြပေမယ့် ကာတာတစ်ယောက်ကတော့ မယုံကြည်ခဲ့ပါဘူး။ ဒီလိုနဲ့ ရစ်ချီ သေဆုံးရတဲ့ အမှုမှန်ကို လိုက်တူးဖော်ရင်း ကာတာတစ်ယောက် သူ့မွေးရပ်မြေလေး‌ နောက်ကွယ်ကအရိပ်မည်းတွေကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတော့တယ်။ File size…(2GB) / (1017MB) / (634MBMB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:42:00 Genre...Action / Crime / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Chuck
movie

Get Carter (2000)

Sweet Home Alabama (2002) 6.2
Sweet Home Alabama (2002)   မယ်လနီဟာ နယူးယော့ခ်ဆိုတဲ့ မြို့ကြီးပြကြီးမှာ အောင်မြင်တဲ့ ဖက်ရှင်ဒီဇိုင်နာ တစ်ယောက်အဖြစ် အသက်မွေး၀မ်းကျောင်းပြုနေတဲ့ မိန်းမချောလေးတစ်ဦးပါ အန်ဒရူးဆိုတဲ့ ချစ်ရတဲ့ကောင်လေး တစ်ဦးလည်းရှိသတဲ့ အန်ဒရူးဟာလည်း မြို့တော်၀န်ရဲ့သားဖြစ်သလို အတွင်း၀န်တစ်ယောက် အန်ဒရူးက မယ်လနီကို လက်ထပ်ခွင့်တောင်းတဲ့အခါမှာတော့ မယ်လနီတစ်ယောက်ရဲ့ဘ၀ဟာ ရှေ့ဆက် ပန်းခင်းတဲ့လမ်းချည်း ဖြစ်တော့မှာပါဒါပေမယ့် ပန်းခင်းလမ်းကိုရှေ့ဆက်ဖို့ဆိုရင်တော့ မယ်လနီဟာ သူမရဲ့အတိတ်ကနေ အရင်လွတ်မြောက်အောင် ထွက်ပြေးရမှာဖြစ်ပြီး သူမအလွတ်မြောက်ချင်ဆုံးအရာကတော့ အထက်တန်းကျောင်းပြီးတော့ သူနဲ့လက်ထပ်ခဲ့တဲ့ ဂျိတ်ဆိုတဲ့ ကောင်လေး ဖြစ်ပါတယ် ဒီတော့ မယ်လနီတစ်ယောက် အတိတ်ကို အပြီးသတ်ဖို့ရာ သူမရဲ့ ဇာတိမြို့လေးကို ပြန်လာရင်း ရှုပ်ထွေးမှုတွေကြား သောကရောက်ရပါတော့တယ် ခင်ပွန်းလောင်းအသစ်နဲ့ ခင်ပွန်းဟောင်းကြား ဗျာများရမယ့် မယ်လနီတစ်ယောက်အကြောင်းကို drama comedy အဖြစ် ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ် File size…(1.77GB)/(1.24GB) / (581MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:48:00 Genre...Comedy / Romance Subtitle….Myanmar ...
movie

Sweet Home Alabama (2002)

The Other Me(2022)
The Other Me(2022) The Other Me (2022) အညွှန်း**********************ဗိသုကာ ပညာရှင်ဖြစ်ဖို့ ကြိုးစားနေတဲ့လူတစ်ယောက်ရှိတယ်။ ငယ်စဥ်ကတည်းက ပုံတွေထိုင်ဆွဲနေတတ်တယ်။ ကြမ်းကြမ်းတမ်းတမ်းတွေ မလုပ်နိုင်ခဲ့ဘူး။ အနုပညာဆန်သူတစ်ဦးပေါ့ဗျာ။အဲဒီလူဆီမှာ မိန်းမရှိတယ်။ အိမ်ထောင်ရေးက အဆင်မပြေတာတော့ မဟုတ်ဘူး။ အဆင်ပြေတာမျိုးလည်း မဟုတ်ပြန်ဘူး။ ပုံတွေပဲ ထိုင်ဆွဲနေတတ်တဲ့အတွက် မိန်းမကို ဂရုမစိုက်နိုင်ဘူးပေါ့။ ဇာတ်လမ်းက အခုမှစတာဗျ။ အဲဒီလူမှာ ရှားပါးတဲ့ မျက်လုံးရောဂါတစ်ခုဖြစ်လာရော။ ဆရာဝန်ပြောတာတော့ မျက်လုံးက ကွယ်သွားမယ်တဲ့။ သောက်ဆေးနဲ့ပဲ မြန်မြန်ကွယ်မသွားအောင် ထိန်းပေးနိုင်မယ်တဲ့။ ဒီလိုနဲ့ ဆေးခန်းကအပြန် စိတ်ညစ်ညစ်နဲ့ ဘတ်စ်ကားတက်စီးလိုက်တာ ဂိတ်ဆုံးအထိ အိပ်ပျော်ပြီး ပါသွားရော။ဘတ်စ်ကားက တစ်နာရီကြာမှ မြို့ထဲပြန်သွားမှာ။ ဒီလိုနဲ့ဟိုဟိုဒီဒီလျှောက်သွားရင်း သစ်တောထဲမှာ တစ်ယောက်တည်းနေတဲ့ ကောင်မလေးတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ ကောင်မလေးကလည်း သူ့လိုမျိုးပဲ လူထူးဆန်းလို့ပြောရမယ်။ အနုပညာလည်းဆန်တယ်။ သူတို့နှစ်ယောက် အချင်းချင်း ချိတ်ဆက်မိကြတယ်ပေါ့။ တစ်နေ့မှာတော့ သူ့မျက်လုံးတွေ ကွယ်သွားခဲ့တယ်။ ဒါပေမဲ့ ဘာမှမမြင်ရတာတော့ မဟုတ်ဘူး။ အိပ်မက်ဆန်ဆန် လူတွေကို ...
movie

The Other Me(2022)

The Life of David Gale(2003) 7.5
The Life of David Gale(2003) The Life of David Gale(2003) အညွှန်း*********************************IMDb...7.5"အထက်တရားရုံးက ဒဿနိကဗေဒပါမောက္ခဟောင်းဒေးဗစ်ဂေးလ်အား သောကြာနေ့တွင်ကွပ်မျက်ဖို့ကို ဆိုင်းငံ့မပေးနိုင်ကြောင်း ပယ်ချလိုက်ပါတယ်...ဂေးလ်ဟာ ၁၉၉၄ ခုနှစ်မှာအော်စတင်ကောလိပ်မှလုပ်ဖော်ကိုင်ဘက်ဟောင်းကွန်းစတန့်ဟယ်ရာဝေးကိုမုဒိန်းကျင့်ပြီး သတ်ဖြတ်ခဲ့မှုအတွက် ပြစ်ဒဏ်ချမှတ်ခံထားရတာဖြစ်ပါတယ်....အမှုကို တနိုင်ငံလုံးကစိတ်ဝင်စားခဲ့ကြပါတယ်..ဘာလို့လဲဆိုတော့ ဂေးလ်နဲ့ဟယ်သာဝေးက သေဒဏ်ချမှတ်ခြင်းကို ဆန့်ကျင်ခဲ့ကြတဲ့ဖျက်သိမ်းရေးဝါဒီအဖွဲ့အစည်း ဒက်ဝက်ချ်ရဲ့ တက်ကြွလှုပ်ရှားသူတွေဖြစ်ခဲ့ကြလို့ပါပဲ"ဒါကတော့ ရုပ်သံလွှင့်ဌာန သတင်းကြေငြာသူ ပြောသွားတဲ့ စကားတွေပါပဲ...ဒေးဗစ်ဂေးလ်ဟာ ဉာဏ်ကြီးရှင်တစ်ယောက်...အကျိုးပြုစာတမ်းတွေများစွာရေးသားခဲ့သလို တက္ကဆက်ရဲ့ပြင်းထန်လွန်းတဲ့တရားစီရင်မှုတွေကိုလည်း ကန့်ကွက်ခဲ့သူဖြစ်တယ်..ပြီးတော့ သိပ်ချစ်ရတဲ့သားလေးနဲ့မိန်းမကိုလည်းပိုင်ဆိုင်ထားတဲ့သူ...ဒီလိုလူက သူ့ရဲ့လုပ်ဖော်ကိုင်ဘက် ကွန်းစတန့်ဟယ်ရာဝေ ဆိုတဲ့အမျိုးသမီးကို မမုဒိန်းကျင့်သတ်ဖြတ်ခဲ့လို့သူကိုယ်တိုင်သေဒဏ်အမိန့်ချခဲ့ရသူပေါ့...သတင်းကြေငြာခဲ့သလိုပဲ ဆိုင်းငံပေးဖို့ ပယ်ဖျက်ခံရတဲ့သူပေါ့...ဆိုတော့ သူ့အတွက် အချိန်က အတိအကျဆိုရင် သေဒဏ်ပေးခံရဖို့ (၃)ရက်အလို....ဒီလိုအနေအထားမှာ သူဟာ ထူးဆန်းစွာပဲ မီဒီယာလောကမှာနာမည်ကြီးတဲ့သတင်းထောက်ဘစ်ဆီနဲ့ အင်တာဗျူးခံဖို့ လှမ်းခေါ်လိုက်ပါတယ်....သူက တကယ်ပဲအမှူကိုကျူးလွန်ခဲ့တာလား.... ဘာ့ကြောင့် ဒီအမျိုးသမီးကို မှ အင်တာဗျူးဖို့ခေါ်လိုက်တာလဲ...ဒီ(၇၂)နာရီအတွင်းဘာတွေဖြစ်လာမလဲဆိုတာကတော့...ဒီကားမှဦအဓိကသရုပ်ဆောင်ထားတာကတော့ မင်းသားကြီး Kevin Spacey နဲ့ မင်းသမီးKate Winslet ပါဝင်သရုပ်ဆောင်ထားတယ်...Classic ကားတော်တော်များများဟာတကယ်တော့ အထနှေးတယ်လို့ဆိုရမလားပဲ...အစပိုင်း မိနစ်(၄၀)လောက်ထိ စိတ်ရှည်သီးခံပြီးကြည့်ရတာများပါတယ်...သို့ပေမဲ့ ဒီကားက စစချင်းကို စိတ်ဝင်စားစရာတွေအပြည့်နဲ့...Kevin Spacey ...
movie

The Life of David Gale(2003)

Skylines (2020) 5.5
Skylines (2020) Skylines (2020)=============IMDb Rating - 5.5/10#UnicodeSci-fi , Adventure ကား ကြိုက်သူတွေ အကြိုက်တွေ့ဦးမယ့် ဇာတ်လမ်းတစ်ခုပါပဲ။Skylines မူဗီဟာ 2010, 2017 တို့မှာ နှစ်ကားထွက်ရှိထားခဲ့ပြီး . အခု 2020 မှာတော့နောက်ထပ်ထွက်ရှိလာပါတယ်။ဒီဇာတ်လမ်းထဲမှာတော့ ရို့စ် ကောလီ ဟာ ဂြိုလ်သားနဲ့မျိုးစပ်ဖြစ်ပြီး အရွယ်ရောက်တာမြန်လွန်းလို့ အရွယ်ရောက်တာ နှေးအောင် သွေးသွင်းနေရတဲ့သူ ဖြစ်ပါတယ်။လွန်ခဲ့တဲ့ ၅ နှစ်က ရို့စ်ဟာ သူရဲ့အမျိုးအနွယ် ဂြိုလ်သားတွေ ထောင်ပေါင်းများစွာကို သူ့လက်နဲ့စီရင်ခဲ့ရပါတယ်။ အခု ၅ နှစ်အကြာမှာ ဗိုင်းရပ်စ်တစ်မျိုးကြောင့် ဂြိုလ်သားတွေ နဲ့ ကမ္ဘာမြေအကြား ပြဿနာတွေပေါ်ပေါက်လာတဲ့အခါမှာတော့ ရို့စ်တစ်ယောက် ဘယ်လိုဖြေရှင်းပေးမလဲဆိုတာကိုတွေ့မြင်ရမှာပါ . . .ဒီဇာတ်လမ်းထဲမှာ သဘောကျတဲ့စကားတစ်ခွန်း ရှိပါတယ်။"စစ်တိုက်ရတာ လွယ်တယ် ငြိမ်းချမ်းရေး ယူရတာ ခက်တယ်" ဆိုတဲ့ စကားပါပဲ။ ရို့စ်နဲ့ အဖွဲ့ကရောဒီပြဿနာကို ဘယ်လိုရှင်းနိုင်ကြမှာလဲဆိုတာကိုတော့ ...
movie

Skylines (2020)

2020
Archive (2020) 6.3
Archive (2020) Archive (2020)===========IMDb Rating - 6.3/10#Unicodeသေပြီးတဲ့နောက်မှာ ဘ၀ကြီးက ချက်ချင်းပြီးသွားတာ မဟုတ်ဘူးဆို ဘယ်လိုလုပ်မလဲ။ကိုယ့်ရဲ့ အသိစိတ်ကို ခဏသိမ်းထားလို့ရပြီး နောက်မှာ ကျန်ခဲ့မယ့်လူတွေကို နှုတ်ဆက်စကားပြောခွင့်ရမယ်ဆိုရဂ်ရော။ Artificial intelligence(ညဏ်ရည်တု)နည်းပညာနဲ့ပက်သက်တဲ့ နယ်ပယ်မှာ ပညာရှင်တိုင်းဖြေဖို့ကြိုးစားနေတဲ့မေးခွန်းတစ်ခုရှိတယ်။ "အသိစိတ်ကို ဖန်တီးလို့ရလား"ဆိုတဲ့မေးခွန်းပါ။ ဒီဇာတ်ကားထဲမှာတော့ ဒီမေးခွန်းကိုရိုးရိုးလေးဖြေပြသွားတာကိုတွေ့ရမှာပါ။ 1238ခုနှစ်မှာ စက်ရုပ်ပညာရှင်တစ်ယောက်က ဂျပန်နိုင်ငံရဲ့နှင်းတောထဲက အလုပ်ရုံတစ်ခုမှာ လူလိုအသိညဏ်ရှိတဲ့စက်ရုပ်တွေကို ကြိုးစားပြီးဖန်တီးနေတယ်။ သူ့ရဲ့အသိစိတ်ရှာပုံတော်က တော်တော်တောင်ခရီးရောက်နေပြီပြောရမယ်။လိုအပ်နေတာလေးတွေတော့ရှိသေးတာပေါ့။ ဒါပေမယ့် သူကတိကျတဲ့ရည်ရွယ်ချက်တစ်ခုအတွက် လူသားတစ်ယောက်နဲ့ထပ်တူကျတဲ့ စက်ရုပ်တစ်ရုပ်ကိုလိုချင်တာ။ တိတိကျကျပြောရရင် သေသွားတဲ့သူ့မိန်းမနဲ့တူတဲ့ စက်ရုပ်တစ်ရုပ်ကိုလိုချင်တာ။တဖြည်းဖြည်းနဲ့ သူ့ရဲ့အလုပ်က အန္တရာယ်များလာပြီး စွန့်စားရမှာတွေရှိလာတယ်။ သူအောင်မြင်ပါ့မလား။ ဘယ်လိုပြဿနာတွေကိုကြုံရဦးမလဲဆိုတာသိချင်ရင်တော့ ဇာတ်ကားလေးကို ကြည့်လိုက်ပါ။-------------- ဇာတ်ကားက IMDB Rating 6.3/10  ရရှိထားပြီး si-fi ဇာတ်ကားတစ်ကားအနေနဲ့ဆို မဆိုးဘူးလို့ပြောရမှာပါ။ ခပ်အေးအေးဇာတ်လမ်းနဲ့ မထင်မှတ်ထားတဲ့ အဆုံးသတ်နဲ့ ပရိတ်သတ်ကို ဪဒီလိုလားဆိုပြီးဖြစ်သွားစေပါလိမ့်မယ်။ ညဏ်ရည်တုနည်းပညာနဲ့ပတ်သက်ပြီး  ညဏ်ရည်တုနဲ့လူသားတွေရဲ့ကြားထဲမှာရှိလာနိုင်တဲ့ သံယောဇဉ်တွေကိုပါချပြထားပါတယ်။စိတ်ကူးယဉ်သိပ္ပံဇာတ်ကားတွေကိုကြိုက်နှစ်သက်သူတွေအနေနဲ့ လက်မလွှတ်သင့်တဲ့ဇာတ်ကားတစ်ကားပါ။(ဒီဇာတ်လမ်းရဲ့ ...
movie

Archive (2020)

Hollow Man (2000) 5.8
Hollow Man (2000) Hollow Man (2000)_____IMDb - 5.8/10    ဒီကားလေးက အတော်တော့ ဟောင်းခဲ့ပြီ 2000 ခုနှစ်လောက်က အခွေဆိုင်တွေမှာ ကိုယ်ပျောက်လူသား ဆိုပြီး အငှားရဆုံး အခွေဖြစ်ခဲ့ဖူးတယ် အခွေဆိုင်တွေက ကော်ပီခွေ အနည်းဆုံး ၃၀ လောက် ကူးထားရတဲ့ ရုပ်ရှင်ကား အခု ပြန်လွမ်းတဲ့ ပြန်ကြည့်ချင်တဲ့ 90 ဖွားတွေ အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်.... ဇတ်လမ်းအကျဉ်းကတော့ သိပ္ပံပညာရှင် ဆဘတ်ရှန် ဦးဆောင်တဲ့ အဖွဲ့ဟာ ကိုယ်ပျောက်ဆေးကို တိရိစ္ဆာန်တွေ နဲ့ စမ်းသပ်ကာ သုတေသန လုပ်နေခဲ့တာ အတော်ကြာပါပြီ သူတို့ အသေးဆုံး ကြွက်ကနေ လူနဲ့ အနီးစပ်ဆုံး မျောက်အထိ စမ်းသပ်အောင်မြင်နေပါပြီ ဒီလုပ်ငန်းစဉ်သာ အောင်မြင်ခဲ့ရင် နိုင်ငံအတွက် အများကြီး အကျိုးဖြစ်ထွန်းစေမှာပဲ ဖြစ်ပါတယ်    ဆဘတ်ရှန် ဟာ အဖွဲ့ထဲမှာ သူအတော်ဆုံးလို့ မှတ်ယူထားပြီး အားလုံးရဲ့ အမြင်ကပ်မှု ကို ခံယူထားသူလဲ ဖြစ်ပြီး တကယ်လဲ တော်တဲ့သူဖြစ်ပါတယ် သူတို့ နောက်ဆုံး ကိုယ်ပျောက်ဆေး ကို တီထွင်နိုင်ခဲ့ပေမဲ့ ပျောက်နေတဲ့ သက်ရှိကို ပြန်ဖော်နိုင်ဖို့ကိုတော့ လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိသေးပါ ဒီလိုနဲ့ အချိန်တွေ ကြာလာတဲ့နောက် မှာတော့ မျောက်ဝံ တစ်ကောင်ကို စမ်းသပ်အောင်မြင်ပြီး Project အောင်မြင်ခဲ့ပါတယ်... ဆဘတ်ရှန် က ဒီလောက်နဲ့ ရပ်တန့်မသွားပဲ သူကိုယ်တိုင် သတ္တိရှိရှိ စမ်းဖို့ လူသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်က အောင်မြင်မှု ရှိမရှိ စမ်းသပ်ခံခဲ့တဲ့ နောက်မှာတော့....     ဒီရုပ်ရှင်ကားကို May Thu က ...
movie

Hollow Man (2000)

2000
Game Over, Man! (2018) 5.4
Game Over, Man! (2018) ဒီတစ်ခါတော့ CM Fan တွေကို Netflix ကဟာသ ကားလေး တစ်ခု နဲ့ မိတ်ဆက်ပေးချင်ပါတယ်ဒါပေမယ့် ကြိုသတိပေးချင်တာကတော့18+ အဆင့် R- Rated အဆင့်ပါလိင်အင်္ဂါ ပုံတွေ အထင်းသား ပြထားတဲ့အပြင်သွေးထွက်သံယုံ အပြင်းစားတွေ နဲ့လူကြီး နဲ့ ကလေး အတူတူ မကြည့်သင့်တဲ့ဆဲဆိုတဲ့ အသုံးအနှုန်းတွေ အများကြီးပါဝင်တဲ့အတွက်အသက်မပြည့်သေးတဲ့ သူများ ၊ မိသားစု နဲ့ အတူကြည့်သော သူများကြည့်ရှုရန် မသင့်တော်ပါ နှလုံးရောဂါရှိသူများ မကြည့်သင့်ပါဇတ်လမ်းပုံစံကတော့ ထောင့်မကျိုး အပျင်းထူ လူတွေနဲ့အစေးမကပ် တဲ့ ဟိုတယ်တစ်ခုရဲ့ အခန်းရှင်း ၀ိတ်တာဘွိုင်း ၃ ယောက်နဲ့ဇတ်လမ်း စထားပါတယ်...သူတို့ ၃ ယောက်က မကောင်းတဲ့ အကျင့်တစ်မျိုးစီ ရှိပြီးဘာလုပ်လုပ် တလွဲတွေပဲ ဖြစ်နေပေမယ့် တူညီတဲ့အကြံတစ်ခုတော့ ရှိပါတယ် အဲ့ဒါကတော့ချမ်းသာချင်တဲ့ စိတ်ပါပဲ :Pတစ်ရက်မှာတော့ သူတို့ ဟိုတယ် ကိုVIP တစ်ယောက်လာတည်းပါတယ်အဲ့ဒီအတွက်လဲ ဟိုတယ်တစ်ခုလုံး တာဝန်တွေခွဲဝေယူရရင်း အလုပ်ရှုပ်နေတာပေါ့အဲ့ဒီ VIP ကတော့ ...
movie

Game Over, Man! (2018)

2018
Doomsday (2008) 6.0
Doomsday (2008) သိပ္ပံ စိတ်ကူးယဉ် အက်ရှင် ကားလေးတစ်ကား ကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့ Reaper Virus လို့ခေါ်တဲ့ ဗိုင်းရပ်စ် အကြောင်းရိုက်ကူးထားတာပါ။ ဒီဗိုင်းရပ်စ်ဟာဆိုရင် စကော့တလန်နိုင်ငံမှာ စတင်ပျံ့နှံ့ပြီး လူထောင်ပေါင်းများစွာ သေဆုံး ခဲ့ရပါတယ်။ဗြိတိန် အစိုးရဟာ ဒီကိစ္စကို ထိန်းချုပ်ဖို့ အတွက် အသက်ရှင်ကျန်နေတဲ့ သူတွေကို ရွှေ့ပြောင်းခိုင်းခဲ့ပြီး တံတိုင်းကြီးတစ်ခုကို တည်ဆောက်ခဲ့ပါတယ် ရောဂါကူးစက် ခံထားရသူတွေနဲ့ မကူးစက်ခံထားရသေးတဲ့သူတွေကို ခွဲခြားထားခဲ့ရောဂါကိုထိန်းချုပ်နိုင်ခဲ့ပါတယ် ဒါပေမဲ့ နှစ်ပေါင်း ၃၀ ခန့်ကြာပြီးတဲ့ နောက် လန်ဒန်မှာ နောက်တစ်ကြိမ် ဒီဗိုင်းရပ်စ် ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။ ဒီအချိန်မှာ အစိုးရဟာဆိုရင် ယခင်ကူးစက်ခံခဲ့ရတဲ့ နေရာမှာ ဖြေဆေးနဲ့ ပတ်သတ်တာ ရှိနေတယ် ဆိုတာ သတင်း ရရှိခဲ့ပါတယ် အဲ့အတွက် မေဂျာ အီဒင် ဆင်ကလဲယား ဦးဆောင်တဲ့ အဖွဲ့ကို ဖြေဆေးကိစ္စ အတွက် ကမ္ဘာကြီးနဲ့ သီးသန့်ခွဲထားတဲ့ နေရာ ကို စေလွှတ်ပါတော့တယ်….. ဒီလို နှစ်ပေါင်းများစွာ လူသားတွေနဲ့ ကင်းကွာနေတဲ့ ရောဂါ ကူးစက် ခံရတဲ့ ...
movie

Doomsday (2008)

2008