Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Rhoda Lewis
6.8
Florence Foster Jenkins (2016)
ဒီဇာတ်လမ်းမှာတော့ Florence Foster Jenkins ဆိုတဲ့ အမျိုးသမီးကြီးရဲ့ ဘဝဇာတ်ကြောင်းကိုတင်ဆက်ပေးထားတာ ဖြစ်ပါတယ်။ ဂီတကို ရိုးသားစွာချစ်မြတ်နိုးသူတစ်ယောက်အနေနဲ့ ကိုယ်ပိုင်ဗာဒီကလပ် ကို တည်ထောင်ပြီး နယူးယောက်မြို့အတွက် ဂီတကို ပေးဆပ်သူအဖြစ် ခံယူထားခဲ့ပါတယ်။ဖလောရန့်စ်ဟာ ပထမအိမ်ထောင်ကကူးစက်လာတဲ့ ဆစ်ဖလစ်ရောဂါကို နှစ် (၅၀) ကြာခံစားလာခဲ့ရသူဖြစ်ပြီး သူ့ရဲ့ လက်ရှိအိမ်ထောင်လည်းဖြစ်၊ မန်နေဂျာလည်းဖြစ်တဲ့မစ္စတာစိန့်ကလဲရ်ဘေးဖီးဒ်နဲ့ နှစ်များစွာ လက်တွဲလာခဲ့ပါတယ်။ဂီတပွဲတစ်ခုအတွင်းက လီလီပွန်းစ်ရဲ့တင်ဆက်မှုကိုမစ္စတာဘေးဖီးဒ်နဲ့အတူ ကြည့်ရှုခဲ့ပြီးနောက်မှာတော့သူ့ရဲ့ သီချင်းဆိုလေ့ကျင့်ခန်းတွေကိုဆက်လက်ကြိုးစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။စန္ဒရားဆရာဖြစ်သူကော့စမီးမက်မွန်း ကိုလည်း ငှားရမ်းပြီးတော့ ပင်တိုင်စန္ဒရားဆရာအဖြစ်အသုံးပြုခဲ့ပါတယ်။စိန့်ကလဲရ်အနေနဲ့ ပွဲငယ်လေးတစ်ခုစီစဉ်ပြီး ပရိသတ်တွေကိုလက်ရွေးစင်ရွေးချယ်ကာ သူ့မိန်းမဖလောရန့်စ်ကို သီချင်းဆိုကောင်းသူအဖြစ်ထင်ယောင်ထင်မှားဖြစ်အောင် ဖန်တီးခဲ့ပါတယ်။ ဂီတကိုရိုးသားစွာခုံမင်သူ ဖလောရန့်စ်အတွက်ကတော့သူ့ရဲ့ကမ္ဘာလေးက သူစိတ်တိုင်းကျ ဖြစ်လာခဲ့ပြီလို့ထင်ယောင်နေခဲ့ပါတယ်။ အမှန်တကယ်မှာတော့ သူ့ယောကျ်ားကိုယ်တိုင်ရဲ့စေတနာနဲ့လှည့်စားမှုအောက်မှာ ပရိသတ်ကိုလိမ်ညာသူ ဖြစ်မှန်းမသိဖြစ်လာခဲ့ပါတယ်။စိန့်ကလဲရ်ဖန်တီးပေးထားတဲ့ အကဲဖြတ်ချက်ကောင်းတွေကိုယုံကြည်မိသူ မဒမ်ဖလောရန့်စ်အနေနဲ့ကော့စမီး မက်မွန်းနဲ့အတူ ကိုယ်ပိုင်သီချင်းတွေကိုပါဖန်တီးသီဆိုလာခဲ့ပြန်ပါတယ်။ သီချင်းတစ်ပုဒ်ပါရေဒီယိုမှာလွှင့်ခွင့်ရခဲ့တဲ့အချိန် ပရိသတ်တွေက ဟာသနဲ့ အပျော်သဘောတောင်းဆိုမှုတွေများလာခဲ့ပါတယ်။ မဒမ် ဖလောရန့်စ်အတွက် ကာနေဂီဟောလ်မှာ ဖျော်ဖြေဖို့အထိ အားအင်တွေရလာခဲ့ပြီး စိန့်ကလဲရ်အနေနဲ့ ကော့စမီးမက်မွန်းကိုပါ လေဒီဖလောရန့်စ်ကို ကူညီဖျော်ဖြေပေးဖို့တိုက်တွန်းခဲ့ရပါတယ်။ လူ ၃၀၀၀ ...
movie
Florence Foster Jenkins (2016)
2016