Channel Myanmar

Reza Rahadian

Funny Couple (2024) 6.3
Funny Couple (2024)  Funny Couple (2024) Pasutri Gaje ********************************* သိပ်မကြာသေးခင်ကတင် အသစ်ထွက်ထားတဲ့အင်ဒိုမိသားစုဟာသကားလေးနဲ့မိတ်ဆက်ပေးပါစေ.ဒီကားလေးတော့ နာမည်ကြီး webtoon တစ်ခုဖြစ်တဲ့Pasutri Gaje ကိုဇာတ်ကားအနေနဲ့အသက်သွင်းထားတာလည်းဖြစ်ပါတယ်ဇာတ်လမ်းပုံစံလေးကတော့ အဒီးမတ်စ်နဲ့ အဒီလီယာဆိုတဲ့ကြင်စဦးဇနီမောင်နှံနှစ်ယောက် တစ်ဦးထံတစ်ဦးကိုချစ်ပြီးချစ်ဇာတ်ကြောင်းတွေကို ရယ်ရမြူးရစေတဲ့ ဇာတ်လမ်းလေးပါဒါပေမယ့် လင်မယားနှစ်ဦးကိုပတ်ဝန်းကျင်က ကလေးယူဖို့အတွက် ဖိအားတွေပေးလာတဲ့အချိန်မှာဖြစ်ပေါ်လာတဲ့အခါမှာတော့…………….မိသားစု ဟာသကားလေးတင်မဟုတ်ပဲ အင်ဒိုတွေရဲ့ယဉ်ကျေးမှုပတ်ဝန်းကျင်ကိုလည်းတွေ့မြင်ရမှာဖြစ်ပြီးမြန်မာပရိတ်သတ်တွေအကြိုက်ဆုံးပွဲတော်တစ်ခုကိုလည်းဇာတ်ကားထဲမှာတွေ့မြင်ရမှာပါဒီခေတ်ကြီးထဲ အမောပြေစေတဲ့ အချစ်ရေးနဲ့ပတ်သတ်ရင်healing ဖြစ်စေမဲ့ ဇာတ်ကားလေးတစ်ကားကြည့်ချင်ရင်တော့ဒီကားလေးကိုမလွတ်တမ်းကြည့်ဖို့ ညွန်းလိုက်ရပါတယ်.. File size…1.74GB / 898MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 49m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Khant Paing
movie

Funny Couple (2024)

Layangan Putus: The Movie (2023) 6.1
Layangan Putus: The Movie (2023) layangan putus (2023) (IMDb 6.1/10)ဒီတစ်ခါ အာရှကားနှစ်သက်တဲ့ CM ပရိသတ်ကြီးအတွက် အင်ဒိုဒရာမာကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးပါရစေ အာရှကားတွေ ထုံးစံအရ ဇာတ်လမ်းလေးကတော့ သိပ်မထူးခြားဘူးဆိုပေမယ့် အာရှကားတွေဆိုတဲ့အတိုင်း ဒိုင်ယာလော့တွေ ဇာတ်လမ်းအချိုးအကွေ့တွေက ရသမြောက်တယ်ဆိုတာ ပြောပြချင်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ အဲရစ်ဟာအောင်မြင်တဲ့စီးပွားရေးသမားတစ်ယောက်ဖြစ်ပြီး ဇနီးကီနန်နဲ့ သမီးလေးရာယာဆိုပြီး သာယာတဲ့ဘဝလေးပိုင်ဆိုင်ထားပါတယ် ဒါပေမဲ့ ရုပ်ရှိရေလျှံကျားတို့ထုံးစံအရ စမောဆွဲပြီးတော့ အဲ့ဒါကို မယားကြီးကသိသွားတဲ့အခါ သူ့ကိုကွာရှင်းသွားပါတယ် အဲ့ဒါနဲ့ အဲရစ်လည်း အငယ်လေးလီဒီယာနဲ့ လက်ထပ်ပြီးတော့ အိမ်ထောင်သစ်ထူထောင်ခဲ့ပေမယ့် သူ့စိတ်က ငယ်ကချစ်မမေ့သာတဲ့ ကီနန်ဆီမှာပဲ တဝဲဝဲလည်နေတဲ့အခါမှာ အိမ်ထောင်ရေးဇာတ်လမ်းလေးဆိုပေမယ့်လည်း ဘဝသင်ခန်းစာယူတတ်ရင် ယူလို့ရတာမို့ ပရိသတ်ကြီးတို့ဆက်ခံစားကြည့်ရှုဖို့ တင်ဆက်ပေးလိုက်ရပါတယ်...အညွှန်းနဲ့ဘာသာပြန်ကတော့ Saii Thurein Lynn ဖြစ်ပါတယ်...Genre..... Dramal, Romance Quality…. 1080p | 720p File size… 1.1GB | 565MB Format… mp4 Duration…. 1h 31min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Saii Thurein Lynn Encoder ..... Aaron
movie

Layangan Putus: The Movie (2023)

2023
24 Jam Bersama Gaspar (2024) 5.0
24 Jam Bersama Gaspar (2024) 24 Hours with Gaspar (2024) ========================= Original Title: 24 Jam Bersama Gaspar Genre – Action, Crime, Dramaဂက်စပါဆိုတာ ငယ်စဉ်ကတည်းက မိဘတွေမရှိပဲ အဖိုးကြီးတစ်ယောက်ရဲ့ ပြုစုပျိုးထောင်မှုနဲ့ ကြီးပြင်းခဲ့ရတဲ့ အလွတ် စုံထောက်တစ်ယောက်ပါ။ ငယ်စဉ်ကတည်းက စုံထောက်ဝတ္ထုတွေ ဖတ်ပြီး ရူးသွပ်ခဲ့လို့ ကြီးတော့လည်း ဆက်လုပ်နေတာပေါ့။ သူ့မှာ ထူးခြားတာက သူ့ နှလုံးက ဘယ်ဖက်မှာမရှိပဲ ညာဖက်မှာပဲ ရှိနေတာပါ အဲဒါလေးကို စက်အထိန်းလေးနဲ့ ထိန်းထားရတာပေါ့။ ဒီလိုနဲ့ လူအများအပြား သေဆုံးမှုတစ်ခုနောက်ကို အမှုလိုက်ရင်း သူ ငယ်စဉ်တုန်းက အင်မတန်ချစ်ခင်ရတဲ့ ငယ်သူငယ်ချင်း ထူးခြားစွာ ပျောက်ဆုံးနေတဲ့အမှုနဲ့ ဆက်စပ်နေတဲ့ ရာဇဝတ်ခေါင်းဆောင်တစ်ယောက်ကို ခြေရာခံမိသွားပါတော့တယ်။ ဒီမှာတင် နှလုံးက အထိန်းက စက်ချို့ယွင်းခဲ့ပြီး အသက်ရှင်ဖို့ ၂၄ နာရီပဲ လိုတော့မယ့်အချိန် အဲဒီလူဆိုးခေါင်းဆောင်ကြီးကို လက်စားချေဖို့ ...
movie

24 Jam Bersama Gaspar (2024)

Dinda (2024) 5.7
Dinda (2024)  အဝေးရောက်ချစ်သူဆိုတဲ့ဘဝကို ကိုယ်တိုင်ကြုံဖူးခဲ့ရတဲ့သူတွေ စာနာနားလည်နိုင်မဲ့သာမန်ရိုးရှင်းတဲ့ အချစ်ဇာတ်ကားလေးတစ်ခုပါ...ချစ်ရသူနဲ့ ဝေးဝေးမှာ အချိန်အကြာကြီးနေရဖို့ဆိုတာကိုဘယ်သူမှ မလိုလားပေမဲ့ ရှောင်လွှဲလို့မရတဲ့အကြောင်းတွေကြောင့် မတတ်သာတဲ့ ရွေးချယ်မှုကိုပြုလုပ်ခဲ့ကြရသူချည်းပါပဲ...အဲဒီလိုအဝေးရောက်ချစ်သူဘဝနဲ့ သုံးနှစ်တာနေထိုင်ပြီးနောက်နောက်ဆုံး ချစ်သူ "ဂယ်ရီ" ရှိရာ ဂျာကာတာကိုပြန်လာနိုင်ခဲ့တဲ့ ဒင်ဒါ ဆိုတဲ့ကောင်မလေး"အခုကစပြီး ပျော်စရာတွေပဲရှိတော့တယ်...အခုချိန်က ပျော်ရွှင်စရာဇာတ်ကြောင်းလေးရဲ့ အစပဲ..ချစ်ရသူနဲ့ အတူတူ ပျော်ပျော်ကြီးနေမယ်" ဆိုတဲ့ ဒင်ဒါတစ်ယောက်ချစ်ရသူနဲ့ ပြန်တွေ့တဲ့အခါ ထင်ထားသလို မပျော်ရွှင်ရဘဲရန်တွေဖြစ်ရင်း ပြန်အဆင်ပြေလိုက်ရင်းနဲ့ စိမ်းကားလာကြပါတယ်...အဲဒီလိုတွေ ဘာကြောင့်ဖြစ်ရတာလဲ...ချစ်သူတွေ အနေဝေးသွားလို့ပဲလား...အနေဝေးတဲ့ချစ်သူတိုင်း ဝမ်းနည်းဖွယ်ရာဇာတ်သိမ်းနဲ့ပဲကြုံတွေ့ရတာလားဆိုတာကို ဒီကားလေးကြည့်ရင်းအဖြေရှာနိုင်ကြမှာ ဖြစ်ပါတယ်... File size…1.35GB / 573MB Quality…WEB-DL 1080p 5.1CH  / 720p Format…mp4 Duration….1h 34m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chothet_mlmt
movie

Dinda (2024)

24 Hours with Gaspar (2024) 5
24 Hours with Gaspar (2024) 24 Hours with Gapar (2024)ဒီရုပ်ရှင်ကို အင်ဒိုနီးရှား ဒါရိုက်တာက ရိုက်ကူးပြီး Netflix က ဖြန့်ချီပေးထားတာပါ။ IMDb rating – 5/10 ရရှိထားပါတယ်။ အရာရာပျက်ဆီးနေတဲ့ အနာဂတ် ကာလတစ်ခုမှာ ဇာတ်အိမ်တည်ထားပြီး တမူထူးခြားတဲ့ Action, Drama, Crime ဇာတ်လမ်းမျိုးကို ကြည့်ရှုရမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ဂတ်စပါဆိုတဲ့ စုံထောက်တစ်ယောက်ဟာ နှလုံးက ညာဖက်မှာ ရောက်နေပြီး အသက်ရှင်ဖို့ အချိန် ၂၄ နာရီပဲ ကျန်ပါတော့တယ်။ အဲတော့ သူ မသေခင်လေးမှာပဲ ငယ်ငယ်က ပျောက်ဆုံးသွားခဲ့တဲ့ တစ်ဦးတည်းသော သူငယ်ချင်းဖြစ်သူ ကီရာနာ့ကို ရှာဖွေဖို့ ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ စုံစမ်းရင်း ဝမ်အာလီဆိုတဲ့ လူဆိုးတစ်ယောက်နဲ့ ရင်ဆိုင်ဖို့ ဖြစ်လာပါတော့တယ်။ အဲဒါနဲ့ ဂတ်စပါလည်း အဖွဲ့တစ်ဖွဲ့စုပြီးတော့ ဝမ်အာလီ့ဆိုင်ကို ဝင်လုဖို့လုပ်ပါတယ်။ ဂတ်စပါဟာ ငယ်ငယ်က နားထောင်ခဲ့တဲ့ နတ်သမီးပုံပြင်တွေကို ယုံကြည်သူ ဖြစ်ပြီးတော့ ဝမ်အာလီ့ဆီမှာ ရောက်နေတဲ့ ဘူးအနက်လေးဟာ ဆုတောင်း ပြည့်အောင် လုပ်ပေးနိုင်မယ်လို့ ထင်မြင်နေပါတယ်။ ...
movie

24 Hours with Gaspar (2024)

2024
Innocent Vengeance (2023) 6.4
Innocent Vengeance (2023) Innocent Vengeance (2023)သာယာပျော်ရွှင်ဖို့ကောင်းတဲ့ အဒမ် တို့မိသားစုလေးထဲ ကံဆိုးမှုတွေကျရောက်လာတဲ့အခါ အဒမ်တစ်ယောက် စိတ်ဒဏ်ရာတွေကို ဘယ်လိုရင်ဆိုင်ဖြေရင်းမလဲ။ လုယက်သူတို့ လက်ချက်ကြောင့်မိသားစုကို ဆုံးရှုံးလိုက်ရတဲ့ အဒမ်တစ်ယောက် ဘယ်လိုပြန်လည်ရုန်းကန်ပြီး လမ်းအသစ်တွေလျှောက်မလဲ ဆိုတာမြင်တွေ့ရမယ့် သည်းထိပ်ရင်ဖို ပညာပေးရုပ်ရှင်လေးပဲဖြစ်ပါတယ်။ ဘဝအသစ်မှာ အဒမ်တစ်ယောက်ဘယ်လို ခြေလှမ်းအသစ်တွေလျှောက်မလဲ ဘယ်သူတွေနဲ့တွေ့မလဲ သူငယ်ချင်းရဲ့အကြံပေးမှုကြောင့် စိတ်ကျန်းမာရေးဆရာဝန်ပြရင်း ဘဝအသစ်ပြန်လည် ထူထောင်ဖို့ကြိုးစားမယ့် အဒမ်ရဲ့ ခရီးမှာ ဘယ်လိုသင်ခန်းစာတွေပေးသွားမလဲ မြင်တွေ့ရမယ့် ပညာပေးဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ အဒမ် ရဲ့ ဘဝကိုဖျက်ဆီးသွားတဲ့ ဓားပြတွေနဲ့ အဒမ်ပြန်ဆုံတဲ့အခါ သူဘာလုပ်မလဲဆိုတာကို စိုးရိမ်စိတ်အပြည့်နဲ့ ‌ရင်ခုန်စွာ ကြည့်ရှုကြရမှာဖြစ်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ Robin ပဲဖြစ်ပါတယ်Genre..... Thriller Quality…. 1080p | 720p File size… 1.1GB | 547MB Format… mp4 Duration…. 1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Robin Encoder ..... Aaron
movie

Innocent Vengeance (2023)

2023
Mendarat Darurat (2022) 6.1
Mendarat Darurat (2022)  "တစ်ခုပြောပြမယ်ကွာ ၊ မင်းက ဖောက်ပြန်ပြန် မပြန်ပြန် အရေးမကြီးဘူး....သူကတော့ ဖောက်ပြန်တယ်ပဲ ထင်နေမှာဒါဆိုရင် တကယ်ဖောက်ပြန်လိုက်တာမှ ကောင်းဦးမယ်အနည်းဆုံးတော့ ပျော်ရတာပေါ့...."အဲ့ဒီလို နားယောင်ကောင်းပြီး အတတ်ကောင်းတွေတတ်မယ့်သူကတော့ အိမ်ထောင်ရှင် ယောကျာ်းဖြစ်တဲ့ ဂလန်ပါ...။အိမ်ထောင်သက်တမ်းကြာလာတဲ့အလျှောက် ဂလန်တစ်ယောက် ဇနီးဖြစ်သူမာယာဆီက ဗျစ်တောက်တောက်နဲ့ နေ့မအားညမနား ဖောက်ပြန်တယ်ချည်းပဲစွပ်စွဲခံရ ပူညံ့ပူညံ့ဆူခံရပါတော့တယ်...။ဘယ်လောက်ထိ ပူညံ့ခံရလည်းဆို အမြဲလိုလို ဘယ်ရောက်‌ရောက်ဘာလုပ်လုပ် ဓာတ်ပုံရိုက်ပြီး မိန်းမကိုအစီရင်ခံတင်ပြရသူပါ...။တကယ်ဖောက်ပြန်တာလည်း မဟုတ်ဘဲ ခဏခဏ နားငြီးလာတော့ပုရိသသားပီပီ ဂလန်ဟာ ရုံးကသူ‌ဌေးမြှောက်ပေးတဲ့ "တကယ်ဖောက်ပြန်လိုက်တာမှ ကောင်းဦးမယ်"ဆိုတဲ့ စကားကိုနားယောင်ပြီး ဖောက်ပြန်ဖို့ကြံပါတော့တယ်...။အရံသင့်ချင်တော့ ရုံးကလုပ်ဖော်ကိုင်ဖက်လေး ကာနီယာကလည်းသူ့ကိုသဘောကျနေပြီးသားဖြစ်နေလေရဲ့...။ဒီတော့ ဂလန်တစ်‌ယောက် မိန်းမမသိအောင် ခြေရှုပ်ဖို့ကြံရင်းက ဘာတွေဆက်ဖြစ်ကြမလဲဆိုတော့ ဒီ အင်ဒို comdey romance ကားလေးထဲမှာကြည့်ရှုနိုင်ပါပြီ..။  File size…1.34GB / 650MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 53m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

Mendarat Darurat (2022)

When Will You Get Married? (2015) 7.2
When Will You Get Married? (2015)  IMDb - 7.2/10ဇာတ်လမ်းအညွှန်း ဒီဇာတ်လမ်းမှာ ဟိုတယ်တစ်ခုလုံးကို စီမံခန့်ခွဲပေးနေတဲ့မန်နေဂျာမလေး ဒင်ဒါ ဟာ အသက် ၃၃နှစ်အရွယ်အပျိုကြီးမမ၊တစ်ကိုယ်တည်း တောက်ပနေတဲ့ထက်မြက်တဲ့မိန်းမတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ “မိန်းကလေးဆိုတာ သီးချိန်တန်သီးပွင့်ချိန်တန်ပွင့်ရမယ်၊ အသက်၂၀လောက်ဆိုရင်ကို လက်ထပ်သင့်နေပြီနော်” ဆိုပြီး ရှေးရိုးစွဲ မိဘနှစ်ပါးရဲ့ ဖိအားပေးခံနေရပါတယ်။မိဘတွေရဲ့ မင်္ဂလာနှစ်ပတ်လည်ပွဲကျင်းပဖို့ ဒင်ဒါ့ကို ပွဲစီမံခိုင်းမယ်၊ဒါပေမဲ့ ကောင်လေးတော့ အိမ်ခေါ်လာရမယ် ဆိုတဲ့ မိခင်စကားကြောင့် ဒင်ဒါတစ်ယောက် အကြံထုတ်ရတော့တာပေါ့။အကြံကတော့ချစ်သူရည်းစားဟန်ဆောင်ပေးမယ့် ကောင်လေးတစ်ယောက်ကိုငှါးဖို့ပါပဲ။ ကောင်လေးဟန်ဆောင်ပေးမယ့်သူက သရုပ်ဆောင်အလုပ်ကို စိတ်အားထက်သန်မှုရှိတဲ့ သရုပ်ဆောင် ဆာထရီယိုဖြစ်ပါတယ်။ ဒရာမာကင်း ဒရာမာကွင်း မိဘနှစ်ပါးနဲ့ ဟန်ဆောင်ရည်းစားလေး သရုပ်ဆောင်ရူး ဆထရီယိုတို့ကြား ဒင်ဒါတစ်ယောက်ဘာတွေကြုံရမလဲ၊ ဒင်ဒါရဲ့ လက်မထပ်ရသေးဖို့အရေးရောအောင်မြင်နိုင်ပါ့မလား၊ ပျော်ရွှင်ဖွယ်ဇာတ်သိမ်းလေးဖြစ်သွားမလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။ drama ၊ romance ၊ comedy ဇာတ်လမ်းမျိုး ဖြစ်တာကြောင့်ရယ်ရယ်မောမော ကြည်ကြည်နူးနူး ကြည့်ရှုကြရမယ့်အပြင်rating လည်းမြင့်တဲ့ အင်ဒိုနိရှားဇာတ်လမ်းလေးပဲဖြစ်ပါတယ်။( ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ် ...
movie

When Will You Get Married? (2015)

Garis Waktu (2022) 6.7
Garis Waktu (2022) Garis Waktu (2022) ------------------------------- IMDb 6.7/10အချစ်တွေသာစစ်ရင် ဘယ်လိုပဲ အခက်အခဲအတားအဆီးတွေနဲ့ အထင်လွဲမှုတွေ ကြုံလာကြုံလာ မဝေးကြစမြဲဆိုတာ ချစ်ဖူးသူတိုင်း သိကြမှာပါ..... ဒီတခါတင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းလေးကလဲ ဒီလိုပါပဲ...ငယ်စဉ်ကတည်းက မိဘရဲ့အစီအမံတွေကြား ချုပ်ချယ်မှုတွေကြီးပြင်းခဲ့ရတဲ့ ဧပရယ်............မိဘမဲ့ဘဝနဲ့ ပရဟိတစာသင်ကျောင်းမှာ ကြီးပြင်းလာပြီး ဘဝကို ကိုယ့်စိတ်ကြိုက်အရောင်ခြယ် ပျော်ပျော်နေတတ်တဲ့ အပျော်တမ်းအဆိုတော်လေး ဆီနမ်ဒီကာ....ဘောင်တွေ အဆင့်အတန်းတွေ မတူညီတဲ့သူတိုနှစ်ဦးသားဟာ တနေ့မှာတော့ လမ်းဘေးတနေရာမှာ အမှတ်မထင်ဆုံခဲ့ပြီး စွတ်ပျံ့ကြည်နူးဖွယ် ဝမ်းနည်းကြေကွဲဖွယ် ခံစားချက်တွေနဲ့ ဇာတ်လမ်းလေးတပုဒ် ဖြစ်တည်လာခဲ့ပါတယ်.....အစပိုင်း ကြည်နူးမှုတွေ အလယ်ပိုင်းရင်ခုန်စရာတွေ အဆုံးပိုင်း ဝမ်းနည်းကြေကွဲမှု ဇာတ်လမ်းအလှည့်အပြောင်းတွေနဲ့ ပိတ်ရက်မှာ အနားယူအေးဆေးကြည့်လိုကောင်းမယ့် ဇာတ်လမ်းတပုဒ်ဖြစ်တာကြောင့် တင်ဆက်ပေးလိုက်ပါတယ် File size…2.05GB / 900MB Quality…1080p DSNP WEB DL /720p Format…mp4 Duration….1h 40m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Moment
movie

Garis Waktu (2022)

2022
Sri Asih(2022) 7.2
Sri Asih(2022) Sri Asih(2022)*************Sri Ashi ဇာတ်ကားဟာ အင်ဒိုနီးရှားစူပါဟီးရိုးဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားကို R.A Kosasih ရေးသားထားတဲ့ Sri Ashi၊ ဂန္တဝင်အင်ဒိုနီးရှားရုပ်ပြစာအုပ်ကိုပြင်ဆင်ပြီးlive-action ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင် BCU(Bumilangit Cinema Universe) ရဲ့Gundala(2019) အပြီး ဒုတိယမြောက်ထွက်ရှိလာတဲ့ကားပဲဖြစ်ပါတယ်။ IMDB 7.3/10 အထိရရှိထားတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အယ်လ်လန်နာဟာ သူမရဲ့အဖေနဲ့ အမေကိုသေဆုံးစေခဲ့တဲ့မီးတောင်ပေါက်ကွဲမှုအတွင်းမှာ မွေးဖွားလာခဲ့ပါတယ်။ သူမဟာ သူမရဲ့ ဒေါသစိတ်ကြောင့် အမြဲ အခက်အခဲတွေကိုအမြဲကျော်လွှားနိုင်ခဲ့တယ် အောင်နိုင်ခဲ့တယ်ဆိုတာကို နားမလည်ခဲ့ပေမယ့် အဲ့ဒီ့ဒေါသစိတ်ကို အမြဲတိုက်ထုတ်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲ့နောက်မှာတော့ ချမ်းသာတဲ့ အမျိုးသမီးတစ်ယောက်ဟာ သူမကို သာမန်ဘဝလေးမှာပဲ နေထိုင်နိုင်ဖို့အတွက်မွေးစားခဲ့ပါတယ်။ ဒါပေမယ့် အယ်လ်လန်နာ အရွယ်ရောက်လာတဲ့အခါ သူမဟာသာမန်လူသားတစ်ယောက်မဟုတ်ကြောင်း သူမရဲ့ မူလဇာစ်မြစ် အမှန်တရားကို ရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။ ဒီနောက်မှာတော့ ရန်သူတွေ အများကြီးပေါ်ပေါက်လာသလို သူဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်တင်ဆက်သူကတော့ PROXY ဖြစ်ပါတယ်File Size :(1.9GB) and (870MB) Quality :WEB-DL1080P, ...
movie

Sri Asih(2022)

Innocent Vengeance (2023) 7.5
Innocent Vengeance (2023) Innocent Vengeance (2023)ဂျာကာတာမြို့က ဗိသုကာပညာရှင်တစ်ယောက်ရဲ့ တစ်ခုသောမွေးနေ့ကို ဇနီးနဲ့သားနဲ့အတူတူ ကြည်ကြည်နူးနူး ဖြတ်သန်းနေတဲ့ တစ်ညမှာပေါ့။ အိမ်ရှေ့ကတံခါးခေါက်သံကြားလိုက်ရလို့ ဗိသုကာပညာရှင်ဟာ ဒယ်လီသမားလာတယ်ထင်ပြီး တံခါးသွားဖွင့်ပေးလိုက်တယ်။မထင်မှတ်ထားတဲ့ လူသုံးယောက်ကို တွေ့လိုက်ရလို့ တံခါးကိုပိတ်လိုက်ပေမဲ့ နောက်ကျသွားခဲ့ပြီ... တံခါးကိုအတင်းတွန်းဝင်လာပြီး အဆိုပါလူ၃ယောက်ဟာ သူ့မိန်းမနဲ့ကလေးကို သတ်သွားကြတယ်။ဒီလိုအဖြစ်ဆိုးကြီးဖြစ်ပြီးတဲ့နောက် ရှင်ကျန်ခဲ့တဲ့သူဟာ အသက်ရှင်တယ်လို့ကို မခံစားရတော့ဘဲ ခေါက်ဆွဲပြုတ်ပဲစားရင်း အလုပ်ပဲလုပ်နေရင်း ထရော်မာအပြည့်နဲ့ရှင်သန်လာခဲ့တယ်။ ဒီလိုနဲ့ စိတ်ရောဂါကုဆရာဝန်မလေးတစ်‌ယောက်ဆီသွားဖို့ မိတ်ဆွေတစ်ယောက်က အကြံပေးလို့ သွားခဲ့တဲ့နောက် ဆရာဝန်မလှလှလေးကို တွေ့လိုက်ရတဲ့အခါမှာတော့...လူသတ်ခန်းတွေပါသလို Sex Scenes တွေပါ ပါလို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး။(ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.9GB, 870MB Quality - 1080p, 720p IMDb Rating - 7.5/10 Format - mp4 Duration - 1H 49Min Genre - Drama, Mystery, Thriller Subtitle ...
movie

Innocent Vengeance (2023)

2023
Ghost Island 2 (2008)
Ghost Island 2 (2008) Pulau Hantu(Ghost Island) - 2(2008)တိတ်တိတ်ဆိတ်ဆိတ်နဲ့ လူရှင်းတဲ့ ကျွန်းတစ်ကျွန်းပေါ်ကို လူငယ်လေး ၆ ယောက် မရည်ရွယ်ဘဲ ရောက်သွားပြီး ဒုက္ခတွေ ရောက်ခဲ့ကြတဲ့ Pulau Hantu 1 ရဲ့အဆက် Pulau Hantu 2 လာပါပြီPulau Hantu 1 မှာ တုန်းက နေးရိုနဲ့ ဒန်တီတို့ အသက်ရှင်ပြီး ကျန်ခဲ့ကြပါတယ်၊ သူတို့ နှစ်ယောက် ကျွန်းပေါ်ကနေ ထွက်သွားဖို့ လုပ်နေတဲ့အချိန်မှာပဲ ပါတီလုပ်ပြီး ကဲချင်ကြတဲ့ လူငယ်တစ်သိုက် ကျွန်းပေါ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာကြပါတယ်ဒီလူငယ်တစ်သိုက်ကတော့ ပါတီလုပ်ပြီး မီးကုန်ယမ်းကုန် ကဲကြဖို့ ဒီကျွန်းကိုမှ တမင်ရွေးပြီး ရောက်လာကြတာပါနေးရိုတို့နှစ်ယောက်နဲ့ နောက်ရောက်လာတဲ့ လူငယ်တစ်သိုက်ကို Ghost Island က အပီအပြင် ဧည့်ခံပေးလိုက်တဲ့ အခါမှာတော့....အင်ဒို horror ကားပီပီ ကျောချမ်းစရာကောင်းအောင် ရိုက်ပြထားလို့ Horror အရသာကို အပီအပြင် ခံစားရမှာပါအညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoXပဲ ဖြစ်ပါတယ်။Genre.....Horror Quality…. 1080p ...
movie

Ghost Island 2 (2008)

2008
Critical Eleven (2017) 7.2
Critical Eleven (2017) Critical Eleven (2017)၂၀၁၇ ခုနှစ်တုနးက ထွက်ရှိထားတဲ့ အင်ဒို အချစ်အိမ်ထောင်ရေး ဇာတ်ကားကောင်ုးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းကတော့ လေယာဉ်ပေါ်မှာ ဆုံတဲ့ ဖူးစာ လို့ ပြောရမှာပါပဲ။ အယ်လီဆိုတဲ့အမျိုးသားနဲ့နှင့် အာဉာဏ်လို့ခေါ်တဲ့အမျိုးသမီးတစ်ဦးဟာ Jakarta ကနေ Sydney ကို သွားတဲ့လေယာဉ်ပေါ်မှာပထမဆုံးတွေ့ဆုံကြပါတယ်။ မြင်မြင်ချင်းအချစ်လို့ခေါ်ရမလိုပဲ သူတို့တစ်ယောက်ကိုတစ်ယောက်‌ လေယာဉ်‌ပေါ်မှာတင်ချစ်သွားကြပါတယ်။အဲဒီနောက်မှာ‌ေတာ့ အိမ်ထောင်ကျပြီး ကိုယ်ဝန်ရှိလာပါတယ်။ ဘ၀ဆိုတာ အမြဲတမ်း‌ေဖြာင့်ဖြူး‌ေနတာမဟုတ်ပါဘူး အချိုးအကွေ့အလှည့က်အ‌ေပြာင်းဆိုတာရှိပါတယ်။ တစ်‌နေ့မှာတော့ သူတို့နှစ်ယောက်ရဲဆက်ဆံရေးကို သွေးတိုးစမ်းတဲ့ ဖြစ်ရပ်ဆိုးတစ်ခု ပေါ်ပေါက်လာပါတာ့တယ်။ အဲဒီ ဖြစ်ရပ်ဆိုးရဲ့ နောက်ကွယ်မှာ ဘာတွေ ဆကဖြစ်မယ် ဆိုတာတော့ ....အညွှန်း နဲ့ ဘာသာပြန်ကတော့ Kyal Sin Yati Ko ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | 720p | 480p File size… 1.75Gb | 982MB | 547MB Format… mp4 Duration…. 2h 15min Subtitle…. Myanmar Subtitle ...
movie

Critical Eleven (2017)