Channel Myanmar

Rey "PJ" Abellana

Dearly Beloved (2024) 5.5
Dearly Beloved (2024)  လူရယ်လို့ဖြစ်လာပြီးကတည်းက အသက်ရှင်နေထိုင်တဲ့ဘ၀တစ်လျှောက်မှာ လူသားတိုင်းကရှုပ်ထွေးမှုပေါင်းများစွာကို ကြုံတွေ့နေရတာပါပဲ။ကလေးဘ၀ကတည်းကအသက်ကြီးလာတဲ့ အချိန်အထိ ရှုပ်ထွေးမှုတစ်ခုမဟုတ်တစ်ခုတော့ရင်ဆိုင်ရမှာပါပဲ။ဒီလို ရှုပ်ထွေးမှုပေါင်းများစွာထဲကမှ ပျော်ရွှင်မှုကို ရှာဖွေရင်းနဲ့ ကိုယ်ရဲ့အသက်ရှင်သန်နေတဲ့ ဘ၀ကို အဓိပ္ပာယ်ရှိအောင် ကိုယ်တိုင်ကြိုးစားရမှာပဲဖြစ်ပါတယ်။အခုတင်ဆက်ပေးမဲ့ ဖိလစ်ပိုင်ဇာတ်ကားလေးကလည်း ရှုပ်ထွေးမှုတွေကို ကျော်ဖြတ်ရင်း ဘ၀ရဲ့ပျော်ရွှင်မှုအစစ်အမှန်ကို ရှာတွေ့ခဲ့ကြတဲ့ ချစ်သူနှစ်ဦးအကြောင်းကိုရိုက်ကူးတင်ဆက်ထားတဲ့ဒရာမာ မိသားစုဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။အဲ့ဒီဇာတ်ကားနာမည်ကတော့Dearly Beloved ပဲဖြစ်ပါတယ်။ဒီနဲ့မီတို့နှစ်ယောက်စလုံးက အိမ်ထောင်ကွဲထားကြသူတွေဖြစ်ပြီး နှစ်ယောက်လုံးမှာ သားသမီးကိုယ်စီရှိကြပါတယ်။ဒါပေမယ့် အဲ့ဒီသားသမီးဆိုတဲ့ ရှုပ်ထွေးမှုတစ်ခုကိုအတူကျော်ဖြတ်ကြရင်း သာယာတဲ့ အိမ်ထောင်လေးတစ်ခုကို တည်ထောင်ထားကြပါတယ်။ဒါပေမယ့်နှစ်ယောက်စလုံးက တရားဝင်မကွာရှင်းရသေးတဲ့အတွက်လက်တော့မထပ်ရသေးပါဘူး။ဒါပေမယ့် သူတို့နှစ်ယောက်ကြားက တစ်ယောက်ကိုတစ်ယောက် နားလည်မှုတွေအပြည့်နဲ့ သားသမီးတွေကလည်း အဆင်ပြေနေတော့သူတို့ရဲ့ ဘ၀လေးက ပျော်ရွှင်စရာကောင်းနေခဲ့ပါတော့တယ်။ဒါပေမယ့် ဒီလိုရှုပ်ထွေးမှုတွေ များလွန်းတဲ့ အိမ်ထောင်ရေးတစ်ခုက တစ်ချိန်ချိန်မှာ ပေါက်ကွဲတော့မဲ့ ဗုံးတစ်လုံးကိုလက်ထဲမှာ ကိုင်ထားရသလိုပါပဲ။ဒီလိုနဲ့ နောက်ပိုင်းမှာပြဿနာအသေးအမွှားလေးတွေကနေ ရှုပ်ထွေးမှုဗုံးကြီးပေါက်ကွဲသွားတဲ့အခါမှာတော့ ပြဿနာအကြီးကြီးတွေဖြစ်လာပြီး ဒီနဲ့မီတို့ချစ်သူနှစ်ယောက်ရှေ့ဆက်ဘယ်လိုတွေအတူတူကျော်ဖြတ်သွားကြမလဲဆိုတာကို ကြည့်ရှုရမဲ့ဒရာမာဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ File size…1.58GB / 726MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 57m Genre ….. Drama Subtitle….Myanmar ...
movie

Dearly Beloved (2024)

Mamasapano: Now It Can Be Told (2022)
Mamasapano: Now It Can Be Told (2022) Mamasapano : Now It Can Be Told (2023)၂၀၁၅ ခုနှစ် သို့မဟုတ် ဖိလစ်ပိုင်SAFအထူးတပ်သား ၄၄ ယောက်ရဲ့ မိသားစုဝင်‌တွေ သွေးမျက်ရည်ကျခဲ့ရတဲ့နေ့တစ်ဖြစ်လဲ မာမာစပန်နိုဆိုတဲ့မြို့လေးက unpopular warတစ်ခုမှာ ရက်ရက်စက်စက် အသက်စတေးခဲ့ရတဲ့ SAF တပ်သား ၄၄ ယောက်ရဲ့ ရင်နာဖွယ်ဖြစ်ရပ်မှန်လေးကို တင်ဆက်ထားတဲ့ ရုပ်ရှင်လေးတစ်ခု တင်ဆက်ပေးလိုက်ပါရစေ။ Now It can be told ဆိုတဲ့အတိုင်း ဟိုလူလိုလို ဒီလူလိုလိုနဲ့ တစ်ချိန်က ပြည်ဖုံးကားချဖုံးဖိထားတဲ့ ဒီဖြစ်ရပ်ဆိုးကြီးရဲ့ နောက်ကွယ်ကဖြစ်ရပ်မှန်က ဘယ်လိုဖြစ်မလဲဆိုတာ CM နဲ့အတူ ရှုစားကြည့်ကြပါဦး။မာဝမ်နဲ့အူစ်မန်းဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ပြောရတဲ့ထိ မကောင်းသတင်းဂုဏ်ပုဒ်နဲ့ ကျော်စောတဲ့သူနှစ်ယောက်၊ အမေရိကန်ကတောင် မာဝမ်ကို ဒေါ်လာ ၅ သန်း အူစ်မန်းကို ဒေါ်လာ ၁ သန်း ဆုကြေးထုတ်လိုက်တဲ့အထိ တရားလွန်ဆိုးသွမ်းလွန်းတဲ့ ရာဇဝင်လူဆိုးတွေပေါ့။ ဖိလစ်ပိုင်အစိုးရဘက်ကလည်း နှစ်နဲ့ချီစစ်ဆင်ရေးတွေအမျိုးမျိုးလုပ်နေပေမဲ့ နယ်မြေမလွတ်လပ်တာကတစ်ကြောင်း၊ အဆက်အသွယ်တွေရှိနေတာကတစ်ကြောင်းနဲ့ မာဝမ်ကို ဘယ်လိုမှဖမ်းမရဖြစ်နေတာပေါ့။ဒီလိုနဲ့ မာဝမ်ကို ...
movie

Mamasapano: Now It Can Be Told (2022)

2022
Baby Boy, Baby Girl (2023)
Baby Boy, Baby Girl (2023) Baby Boy, Baby Girl (2023)ဖိလစ်ပိုင် လူငယ်ဟာသအချစ်ဇာတ်လမ်းကောင်းလေးလာပါပြီ။ လူငယ်ဇာတ်လမ်းဆိုတဲ့အတိုင်းပဲ ဒီဇာတ်လမ်းထဲက ကောင်မလေးဂျိုစီက ဒီခေတ်ရဲ့ကောင်မလေးတွေကို ကိုယ်စားပြုနိုင်တယ်ပြောရမယ်။ သူကအွန်လိုင်းရှော့လုပ်တယ်။ ခေါင်းအုံးတံဆိပ်ရိုက်တာ ပူတင်းရောင်းတာ တခြားအစုံပလုံပဲ။ ဒါပေမဲ့သူများကိုလဲမယုံကြည်တတ်တော့ ဝန်ထမ်းမခေါ် သူကိုယ်တိုင်အလုပ်တွေသိမ်းကြုံးလုပ်ပြီး စိတ်ရောကိုယ်ပါပင်ပန်းနေတဲ့ကောင်မလေး။ အလုပ်တွေကလဲ အဆင်ပြေလိုက်မပြေလိုက်အမျိုးမျိုး။တစ်နေ့တော့ဂျိုစီက အချိန်ပိုင်းဧည့်ကြိုသွားလုပ်တယ်။ အဲ့ဒီပွဲကို သူဌေးမတစ်ယောက်ရဲ့ကိုယ်စားတက်လာတာက သူ့ရဲ့ရည်းစားဟောင်း ဆက်ဘ်။ အဲ့ဒါနဲ့ပွဲအပြီးမှာ သူတို့ပြန်ဆုံကြ ဂျိုစီကလဲဆက်ဘ်အိမ်လိုက်သွားပြီး တစ်ညမတ်တပ်ရပ်ကြတယ်ပေါ့။ ဂျိုစီ မနက်နိုးလာမှသတိထားမိတယ် ဆက်ဘ်အိမ်ကခမ်းနားလိုက်တာ သူတက်တဲ့ပွဲတွေ အိုင်ဂျီကပုံတွေကလဲမြင့်မြင့်မားမားတွေချည်းပဲ။ ထူးဆန်းဆို ဆက်ဘ်က ဂျိုစီနဲ့ကြိုက်နေတုန်းက သန့်ရှင်းရေးကုမ္ပဏီတစ်ခုကအလုပ်သမားလေးလေ။ အဲ့ဒါနဲ့ဆက်ဘ်ကို အချိန်တိုအတွင်းချမ်းသာနည်းကိုမေးတာပေါ့။ ဆက်ဘ်ကလဲ သူရှူးဂါးဘေဘီလုပ်နေတာဖြစ်ကြောင်း ရှူးဂါးဒိတ်တင်းလောကကဘယ်လိုကောင်းကြောင်းတွေပြောတာပေါ့။ သူ့အလုပ်တွေကိုစိတ်ကုန်နေတဲ့ဂျိုစီ့ကိုလဲ ဆက်ဘ်က ရှူးဂါးဘေဘီတို့တတ်ထားသင့်တဲ့ အသိပညာအတတ်ပညာတွေ သင်ပေးရင်း ဘာတွေဆက်ဖြစ်မလဲကြည့်ကြရမှာပါ။ဒီဘာသာပြန်သူကိုတော့ နောက်ကားတွေမှာမရှာပါနဲ့တော့။ ရှူးဂါးဘေဘီ သွားလုပ်ပါပြီ။ ဒီဇာတ်ကားကိုကြည့်သူတွေလဲ ပြီးရင်ရှူးဂါးဘေဘီဖြစ်ချင်စိတ်မပေါက်ဘူးလို့ အာမမခံနိုင်ပါဘူးနော်။ Watch at your own risk ပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | 720p | 480p File ...
movie

Baby Boy, Baby Girl (2023)

2023
[18+] La Querida (2023)
[18+] La Querida (2023) La Querida (2023)ဂျိုဝယ်ဟာ မိခင်စီစဉ်ပေးတဲ့ အိမ်ထောင်ရေးကိုလက်မခံပဲ တစ်သက်တာအတူဖြတ်သန်းရမယ့် မိန်းမဟာ သူတကယ်မြတ်နိုးတဲ့ အမျိုးသမီးတစ်ဦးသာဖြစ်စေရမယ်ဆိုပြီး ကြွေးကြော်ရင်း အိမ်ပေါ်ကဆင်းလာခဲ့တဲ့သူ။ မကြာခင်မှာပဲ သူရှာဖွေနေတဲ့ အချစ်စစ်ကို သမိုင်းမေဂျာကျောင်းသူ မာရီယာဆိုတဲ့ မိန်းမလှလေးတစ်ဦးဆီမှာရှာတွေ့ခဲ့ပါတယ်။ ဒါပေမဲ့ မာရီယာဟာ တရားလွန်ချုပ်ချယ်လွန်းတဲ့ ဖခင်တစ်ဦးရဲ့သမီး၊ နောက်ကွယ်မှာမပြီးပြတ်သေးတဲ့အတိတ်တစ်ခုရှိနေခဲ့တာကို သူသိလိုက်ရပြီးနောက် သူတို့ပြတ်စဲသွားခဲ့ကြတယ်။ဆယ်စုနှစ်တစ်ချို့ကြာပြီးတဲ့နောက်မှာ လီယိုဆိုတဲ့ သက်လတ်ပိုင်းအမျိုးသားတစ်ဦးဟာ သူအိမ်ထောင်ရှိနေတယ်ဆိုတာ သိသိရက်နဲ့ လိုက်လံတွယ်ကပ်နေတဲ့ ကော်နီဆိုတဲ့သက်တူရွယ်တူအမျိုးသမီးတစ်ယောက်နဲ့ တိတ်တခိုးချစ်ကြိုးသွယ်မိခဲ့ပါတယ်။ မချစ်ပဲလက်ထပ်ခဲ့ရတဲ့၊ သမီးလေးသံယောဇဉ်ကြောင့်သာ ပေါင်းဖက်နေရဆဲဖြစ်တဲ့ မသာယာတဲ့အိမ်ထောင်ရေးကနေ ကော်နီနဲ့ဆုံတွေ့မိချိန်ဟာ သူ့ဘ၀ တစ်ဖန်ပြန်လည်ရှင်သန်လာသလို ဖြစ်ခဲ့ရပါသတဲ့။ပထမဇာတ်လမ်းလေးဟာ အလွမ်းနဲ့အဆုံးသတ်ခဲ့ရသလို ဒုတိယဇာတ်လမ်းလေးမှာ ပျော်စရာဇာတ်သိမ်းရနိုင်ပါ့မလား။ ဂျိုဝယ်၊ မာရီယာ၊ လီယို နဲ့ ကော်နီတို့ကြားက ဆက်နွယ်မှုတွေက ဘာဖြစ်လေမလဲဆိုတာကို ဇာတ်လမ်းလေးမှာအဖြေရှာကြပါ။ 18 နှစ်အထက်ဇာတ်ကားမဆန်ပဲ အချစ်ဒရာမာ ကားလေးတစ်ကားလိုဇာတ်အိမ်မျိုးပေမယ့် ထုံးစံအတိုင်း အချစ်ခန်းတွေကတော့ ကြမ်းကြမ်းရမ်းရမ်းပါဝင်ထားပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ...
movie

[18+] La Querida (2023)

2023
(18+) Bata Pa Si Sabel 5
(18+) Bata Pa Si Sabel (18+) Bata Pa Si Sabelဆာဘယ်ဟာချစ်ရသူနဲ့မင်္ဂလာပွဲဆင်နွှဲပြီး စိတ်ကူးယဉ်အိမ်မက်တွေနဲ့ ပျော်ရွှင်နေတဲ့ နှစ်ဆယ်ကျော်စ မိန်းမငယ်လေး။ နှစ်ဘက်မိဘကလဲသဘောတူကြည်ဖြူ ဖြောင့်ဖြူးတဲ့အနာဂတ်လမ်းမှာ ပူပင်စရာ စိုးစဉ်းမှမရှိတဲ့သူ။ အဲ့ဒီလိုသာယာတဲ့ဘဝထဲကို မှောင်မိုက်တဲ့အချိုးအကွေ့တစ်ခုဟာ သူ့ရဲ့မင်္ဂလာဦးညမှာပဲမျက်နှာဖုံးစွပ်ပြီးရောက်လာခဲ့ပါတယ်။လူသုံးယောက်၊ သူ့ခင်ပွန်းကိုချုပ်နှောင်ထားပြီး သူ့ကိုတစ်ယောက်တစ်လှည့်စီမုဒိမ်းကျင့်ကြတယ်၊ မခံမရပ်နိုင်ရုန်းကန်နေကြတဲ့ သူတို့နှစ်ယောက်လုံးအပေါ်လက်လွန်သွားတဲ့နောက် နှစ်ယောက်လုံးကိုအဝတ်ပတ်ခဲဆွဲပြီး ငါးဖမ်းလှေတစ်စီးပေါ်ခေါ်တင်၊ ပင်လယ်ထဲပစ်ချခဲ့ပါတယ်။ အသက်ပြင်းတဲ့ဆာဘယ်ဟာ သတိလစ်မသွားခင်မှာသူ့အပေါ်ကျူးလွန်ခဲ့တဲ့လက်သည်တွေကိုမြင်သွားခဲ့ပြီး ကံကောင်းထောက်မစွာ ကယ်တင်ရှင်နဲ့တွေ့ခဲ့တယ်။ အဲ့ဒီကယ်တင်ရှင်ဟာလဲ သူ့လိုပဲ ဘုံရန်သူတစ်စုအပေါ်အငြိုးအတေးတွေနဲ့ ဇာတ်မြုပ်နေခဲ့တဲ့သူတစ်ယောက် ဖြစ်နေတာကိုသိရတဲ့နောက်၊ အဲ့ဒီလူယုတ်မာတစ်စုအတွက်ကလဲ့စားကိုစနစ်တကျပြင်ဆင်ပါတော့တယ်။ အားလုံးရင်းနှီးလောက်ကြမယ့် I spit on your grave ဇာတ်ကားတွေနဲ့ဇာတ်လမ်းသွားချင်းဆင်ပါတယ်။ အဲ့ဒီကားတွေလိုပဲကြမ်းတမ်းရက်စက်သလိုညစ်ပတ်တဲ့နေရာမှာလဲ မှီပါတယ်။ မှီရုံတင်မက တစ်ချို့နေရာတွေမှာပိုသာကောင်းသာနေလောက်ပါတယ်။ မုဒိမ်းခန်းတွေရောကလဲ့စားချေတဲ့အခန်းတွေရော ကြမ်းတမ်းရက်စက်ပွင့်လင်းလွန်းတာအပြင် အမျိုးသားထုကြီးအတွက်စိတ်မသက်မသာဖြစ်စရာ၊ ရှေ့ရောနောက်ရောကျိန်းချင်စရာဇာတ်ဝင်ခန်းတစ်ချို့ကြောင့် ၂၁ နှစ်အောက်အသည်းငယ်သူများမကြည့်သင့်ပါဘူး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Alias ပဲ ဖြစ်ပါတယ်။Genre..... Thriller Quality…. 1080p | 720p | 480p File size… 1.76GB | 860MB | 410MB Format… mp4 Duration…. 2h 14min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie

(18+) Bata Pa Si Sabel

2022
Pa-Thirsty (2022)
Pa-Thirsty (2022) Pa-Thirsty (2022)ဒီတစ်ခါမှာ CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးမဲ့ ဇာတ်ကားကတော့ ဖိလစ်ပိုင် အချစ်ဟာသဇာတ်ကားလေးပဲ ဖြစ်ပါတယ် ။အားလပ်ရက်မှာ အချစ်ငတ်နေတာကို ဖြေဖျောက်ဖို့ အခင်ဆုံးသူငယ်ချင်း နှစ်ယောက် ဖြစ်တဲ့ Kween Pearl နဲ့ Kween Achilles တို့ ခရီးထွက်လာရာကန ကောင််လေးတစ်ယောက်တည်းကို အတူတူချစ်မိသွားပါတော့တယ် ။အချစ်ကိုရှာဖွေရာကနေ အချစ်အတွက် တိုက်ပွဲဝင်ကြတဲ့ Kween PEARL နဲ့ Kween ACHILLES တို့ သူငယ်ချင်းနှစ်ယောက်ကြား ဘာတွေဆက်ဖြစ်လာဦးမှာလဲ ။LGBT တွေရဲ့ အကြောင်းကို ရိုက်ပြထားတာမလို့ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတစ်ချို့ကိုလည်း သိမြင်နိုင်ဦးမှာပါ ။ဒီကားလေးထဲမှာ အချစ်က ဘယ် gender အတွက်ဆိုပြီး ခွဲခြားထားခြင်းမရှိဘဲ လူတိုင်းက တန်းတူ အချစ်ခံထိုက်ကြောင်းကိုလည်း ပြသထားပါတယ် ။***** မသင့်တော်တဲ့ အခန်းတစ်ချို့ရယ် စကားလုံးခပ်ကြမ်းကြမ်းတွေရယ်ကြောင့် 18+ အဖြစ် သတ်မှတ်ထားလို့ လူကြီးတွေနဲ့ အတူတူ မကြည့်မိဖို့ သတိပေးချင်ပါတယ် ။ *****အညွှန်း ...
movie

Pa-Thirsty (2022)

2022
[18+] Breathe Again (2022)
[18+] Breathe Again (2022) [18+] Breathe Again (2022)အချစ်ဇာတ်လမ်း ကောင်းကောင်းလေး ကြည့်ချင်တယ်ဆိုရင်တော့ ဒီကားလေးနဲ့ chill ဖို့ အကောင်းဆုံးပါပဲ။ ဒါပေမဲ့လည်း romantic, erotic ဆန်လွန်းတဲ့ အခန်းတွေ ပါဝင်တာကြောင့် မိသားစုနဲ့ အတူကြည့်ဖို့တော့ မသင့်တော်ပါဘူး။ဇာတ်လမ်းအကျဉ်းလေးကတော့ ... ‌ဂျိုအန်းနား ဆိုတဲ့ ကောင်မလေးမှာ သူ့သူငယ်ချင်းတွေအားလုံးက အိမ်ထောင်ကျကုန်ကြပြီ။ သူ့မှာလည်း ၇ နှစ်ကြာ တွဲလာတဲ့ ပါဝလို ဆိုတဲ့ ချစ်သူ ကောင်လေး ရှိတယ်။ ပါဝလိုက အပေါင်းအသင်း အသောက်အစား မက်တယ်။ တစ်နေ့ကျ ဂျိုအန်းနားကို လက်ထပ်ခွင့်တောင်းပြီး အချစ် တံခါးဖွင့်ဖို့ အပန်းဖြေစခန်းတစ်ခုကို နှစ်ယောက်သား ခရီးထွက်လာကြတယ်။ပြဿနာက ခရီးထွက်လာပြီး ပါဝလိုက တစ်နေကုန် သူ့သူငယ်ချင်းတွေနဲ့ပဲ ဆိုင်ကယ် ပတ်စီးတယ်။ နောက်ပြီး မိန်းမတွေနဲ့ မရှင်းမရှင်းတွေ လုပ်တယ်ပေါ့။ ဂျိုအန်းနားကိုတော့ နားညီးလို့ ရှုပ်လို့ဆိုပြီး ဟိုတယ်မှာပဲ ထားခဲ့တယ်။ ဟိုတယ်မှာ ကျန်ခဲ့တဲ့ ...
movie

[18+] Breathe Again (2022)

2022