Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Revaldo
6.9
Dance of Death aka Ronggeng Kematian (2024)
Ronggeng Kematian(2024)အကမယ်IMDb-6.9/10ဂျာဗားအလယ်ပိုင်းက ခေါင်လှတဲ့နေရာမှာ မန်ဂူဆာရီဆိုတဲ့ ရွာလေးတစ်ရွာရှိတယ် ဝေးလံခေါင်ဖျားမီး တောင်မရတဲ့ ဒေသလေးက လူငယ်တွေရဲ့ လေရဟတ်တီထွင်မှုနဲ့ လေအားလျှပ်စစ်ရဖို့ အစပျိုးကာစအချိန်....။အဲဒီရွာလေးက မိန်းမငယ်လေးတွေရဲ့ အိပ်မက်ကတော့ ရွန်ဂျန်အကမယ်တစ်ယောက်ဖြစ်ဖို့ လာရာဆာတီဆိုတဲ့ ကောင်မလေးက ရွန်ဂျန်အကမယ်ဆိုတာထက် အဲဒီအကမှာ တစ်ဖတ်ကမ်းခတ်ထူးချွန်ပြီး သိပ်လှတဲ့ ဆူလာစတရီကိုမှ အားကျပြီး သူ့လိုဖြစ်ချင်တဲ့သူ ၊ ဒါပေမဲ့သူက အဲဒီကကွက်ရဲ့ အချိုးအဆစ်ကိုတောင် ကောင်းကောင်းမလုပ်နိုင်။တစ်နေ့ကျောင်းကအပြန် ပဝါတစ်ထည်ကောက်ရခဲ့ရာက အဲဒီညမှာ ရွန်ဂျန်အကကိုလှလှပပကနေတာကို လာရာဆာတီ့အမေကမြင်သွားပြီ နောက်ရက် မနက်မှာ အကလေ့ကျင့်ပေးတဲ့ဆရာမဆီ အတင်းလိုက်ပို့ခံရတော့တာပဲ ၊ဆရာမရှေ့မှာ မကတတ်လို့ကြောင်နေတဲ့ လာရာဆာတီတစ်ယောက် သူကောက်ရလာတဲ့ပဝါကို ပုခုံးပေါ်တင်ပေးလိုက်ချိန်မှာ ဘေးကလူတွေအကုန်လုံး မှင်သက်သွားလောက်တဲ့ထိ ကကွက်တွေထွက်ပေါ်လာခဲ့တယ် ၊ ဒီလိုနဲ့သူက အကအဖွဲ့ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရပြီး ရွာနှစ်ပတ်လည်ပွဲမှာ ဖျော်ဖြေရဖို့ဖြစ်လာတယ် အဲဒီအချိန်မှာပဲ သူတို့ရွာခံကျောင်းသားလေးယောက်က internship ဆင်းဖို့ ဒီရွာကို ခက်ခက်ခဲခဲရောက်လာချိန်....။မြို့ကျောင်းသားတွေလုပ်မဲ့ ဆုပေးပွဲနဲ့ ရွာနှစ်ပတ်လည်ပွဲက တစ်ရက်တည်းတစ်ညတည်း..။ အဲဒီအချိန်မှာ အားလုံးမထင်မှတ်ဘဲဖြစ်ပေါ်လာမဲ့အရာက......။အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Yunni တို့ပဲဖြစ်ပါတယ် File size…1.35GB / ...
movie
Dance of Death aka Ronggeng Kematian (2024)
7.1
Leave a Letter to God / Titip Surat Untuk Tuhan (2024)
Titip Surat Untuk Tuhan 2023 အညွှန်း"ဘုရားရှင်ကို ဘယ်မှာတွေ့လို့ရမလဲ" "မင်း နှလုံးသားထဲမှာ"တူလု့စ် အသက်က ၇ နှစ်။ အဖေရယ် အမေရယ် အစ်မတစ်ယောက်ရယ် မိသားစုလေးမှာ မချမ်းသာပေမဲ့ ညတိုင်းတီဗီလုရတာက လွဲရင် သူတို့မိသားစုလေးက အတော်ပျော်ဖို့ ကောင်းပါသည်။ မနက်တိုင်း မိသားစုလိုက် ဘုရားဝတ်ပြုချိန်မှာတော့ တူလု့စ်က အိပ်ပျော်နေတာ များသည်။အေးချမ်းနေတဲ့ တူလု့စ်တို့မိသားစုရဲ့ စိတ်မအေးချမ်းစရာ နေ့ရက်တွေက အစ်မဒင်ဒါ နေမကောင်းဖြစ်ရာက စသည်။ ဒင်ဒါ့အခြေအနေက ဆိုးသထက်ဆိုးလာတာမို့ ဆေးရုံတက်ဖို့၊ ခွဲစိတ်ဖို့က မလုပ်လို့ မဖြစ်ပါ။ သာမန်ဝန်ထမ်းအဖေရဲ့ လစာက မလောက်မင၊ အပိုအလျှံဆိုတာ မရှိပြန်တာမို့ မိဘတွေက ဆေးရုံစရိတ်အတွက် ပူပန်ရုန်းကန်လာရသည်။တူလု့စ်မှာလည်း နေမကောင်းဖြစ်နေတဲ့ အစ်မနဲ့ တကျက်ကျက် ရန်ဖြစ်လာတတ်တဲ့ မိဘတွေကို ကြည့်ရင်း အရင်လို မပျော်ရွှင်နိုင်တော့။ ဒီလိုနဲ့ နေ့တိုင်း၊ ဘုရားဝတ်ပြုတိုင်း ဆုတောင်းပြုခဲ့သည့် ဘုရားရှင်ထံလိပ်မူပြီး စာတစ်စောင် ပို့ခဲ့သည်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Su ...
movie
Leave a Letter to God / Titip Surat Untuk Tuhan (2024)
2024
Senzano Savana (2023)
Senzano Savana (2021)ဒီတစ်ခါမှာတော့ Crime, Drama အမျိုးအစား အင်ဒိုနီးရှားဇာတ်ကားလေးတစ်ကား တင်ဆက်ပေးပါ့မယ်။ Senzano က ကြေးစားလူသတ်သမားတစ်ယောက်ဖြစ်ပြီးတော့ တစ်နေ့မှာ မိခင်နဲ့အတူတူ ကမ်းခြေမှာ အခြေချနေထိုင်ပြီး ကြေးစားအလုပ်ကို ဆက်မလုပ်တော့ဖို့ ဆုံးဖြတ်ထားပါတယ်။သူက ကြေးစားဘဝမှာ ကျင်လည်နေပေမယ့် သူ့ရည်းစားဟောင်း Savana ကို စိတ်ထဲမှာ အမြဲရှိနေပြီးတော့ တစ်နေ့ သူတို့ပြန်တွေ့တဲ့အချိန်မှာ Savana က သားလေးတစ်ယောက်နဲ့ Single Mother ဖြစ်နေပါပြီ။ အဲဒီအချိန်မှာ Senzano ရဲ့ သူဌေးက နောက်ဆုံးအလုပ်အနေနဲ့ ပိုက်ဆံနှစ်ဆပေးပြီး လူတစ်ယောက်ကို သတ်ပေးဖို့ပြောတဲ့အခါမှာ သတ်ပေးရမယ့်သူက သူ့ရည်းစားဟောင်း Savana ဖြစ်နေတာကို သိလိုက်ရပါတယ်။ သံယောဇဉ်လက်ကျန်တွေရှိနေတဲ့ ရည်းစားဟောင်းနှစ်ယောက် ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်ပြီးကြည့်လိုက်ရအောင်ပါ။အညွှန်းနဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Crime, Drama Quality…. 1080p | 720p File size… 748MB | 310MB Format… mp4 Duration…. 1h 15min Subtitle…. Myanmar ...
movie
Senzano Savana (2023)
5.7
Hidayah (2023)
Hidayah (2023)ဘဝရဲ့အလှည့်အပြောင်း လောကဓံအထုအထောင်းတွေကြားမှာ ရွေးရကြပ်တည်းလာတဲ့အခါ ခဲရာခဲဆစ်နဲ့ ကြိုးပမ်းကြသူတွေရှိကြသလို အလွယ်လမ်းလိုက်သူတွေလည်းရှိပါတယ်။ အခုတစ်ခါမှာလည်း အလွယ်လမ်းလိုက်ရာက အဖြစ်ဆိုးနဲ့ကြုံသွားရတဲ့ ရုပ်ရှင်တစ်ကားကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဘာရီဆိုတဲ့ကောင်လေးဟာ တစ်ချိန်ကတော့ ဘာသာရေးကိုင်းရှိုင်းတဲ့ အပနှင်ဆရာလေးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ အခုချိန်မှာတော့ အတိတ်ရဲ့ဖြစ်ရပ်ဆိုးတွေကြောင့် မိခင်ကိုဆုံးရှုံးလိုက်ရတဲ့ဘာရီဟာ ယုံကြည်မှုတွေပျောက်ဆုံးနေတဲ့ အတိတ်ရဲ့ လောင်းရိပ်အောက်က အလွတ်ရုန်းထွက်နေတဲ့ ထောင်ထွက်လေးဘာရီဖြစ်နေပါပြီ။ ဒီလိုနဲ့ စက်ပြင်ဆရာလုပ်နေတဲ့ဘာရီဆီကို သူ့ရဲ့ဇာတိဖြစ်တဲ့ မာကာဆာဂီရွာကငယ်သူငယ်ချင်း ဟာဆန်ရောက်လာပါတော့တယ်။မာကာဆာဂီရွာမှာ ထူးဆန်းတဲ့သဘာဝလွန်ဖြစ်ရပ်တွေဖြစ်ပြီး တစ်ရွာလုံးကျီးလန့်စာစားနေရတဲ့အတွက် အပနှင်ပေးဖို့ ဘာရီကိုဟာဆန်က လာခေါ်တာပါ။ တည်ငြိမ်နေတဲ့ရေပြင်ကို ဂယက်ထစေမယ့် ဒီကိစ္စကို ဘာရီတစ်ယောက် သဘောမကျလှပေမဲ့ ဒုက္ခရောက်နေသူက တစ်ချိန်ကသူငယ်ချင်းရတ်နာဖြစ်နေတော့ မငြင်းဆန်နိုင်ဘဲ ရွာကိုသွားဖို့ဖြစ်လာတဲ့အခါရတ်နာတစ်ယောက် ညနေ ၆ နာရီတိုင်းမှာ အသံနက်ကြီးနဲ့အော်နေတာ ဘာကြောင့်များလဲ။ ရွာကိုရောက်လာတဲ့ အပနှင်ဆရာလေး ဘာရီကရော သူ့ကိုမကြည်ဖြူချင်ကြတဲ့ရွာသားတွေကို ကူညီသွားမှာလား။ ယုံကြည်မှုတွေပျောက်ဆုံးနေလို့ လမ်းညွှန်မှုကိုရှာနေတဲ့ဘာရီတစ်ယောက် သူ့ရဲ့ဇာတိကနေ လမ်းစပြန်ရလာမလားဆိုတာကိုတော့ ဒီ Hidayahဆိုတဲ့ရုပ်ရှင်လေးမှာ အတူကြည့်ရှုလိုက်ရအောင်ပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 720p File size… 513MB Format… mp4 Duration…. ...
movie
Hidayah (2023)
2023
7.2
Sri Asih(2022)
Sri Asih(2022)*************Sri Ashi ဇာတ်ကားဟာ အင်ဒိုနီးရှားစူပါဟီးရိုးဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားကို R.A Kosasih ရေးသားထားတဲ့ Sri Ashi၊ ဂန္တဝင်အင်ဒိုနီးရှားရုပ်ပြစာအုပ်ကိုပြင်ဆင်ပြီးlive-action ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင် BCU(Bumilangit Cinema Universe) ရဲ့Gundala(2019) အပြီး ဒုတိယမြောက်ထွက်ရှိလာတဲ့ကားပဲဖြစ်ပါတယ်။ IMDB 7.3/10 အထိရရှိထားတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အယ်လ်လန်နာဟာ သူမရဲ့အဖေနဲ့ အမေကိုသေဆုံးစေခဲ့တဲ့မီးတောင်ပေါက်ကွဲမှုအတွင်းမှာ မွေးဖွားလာခဲ့ပါတယ်။ သူမဟာ သူမရဲ့ ဒေါသစိတ်ကြောင့် အမြဲ အခက်အခဲတွေကိုအမြဲကျော်လွှားနိုင်ခဲ့တယ် အောင်နိုင်ခဲ့တယ်ဆိုတာကို နားမလည်ခဲ့ပေမယ့် အဲ့ဒီ့ဒေါသစိတ်ကို အမြဲတိုက်ထုတ်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲ့နောက်မှာတော့ ချမ်းသာတဲ့ အမျိုးသမီးတစ်ယောက်ဟာ သူမကို သာမန်ဘဝလေးမှာပဲ နေထိုင်နိုင်ဖို့အတွက်မွေးစားခဲ့ပါတယ်။ ဒါပေမယ့် အယ်လ်လန်နာ အရွယ်ရောက်လာတဲ့အခါ သူမဟာသာမန်လူသားတစ်ယောက်မဟုတ်ကြောင်း သူမရဲ့ မူလဇာစ်မြစ် အမှန်တရားကို ရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။ ဒီနောက်မှာတော့ ရန်သူတွေ အများကြီးပေါ်ပေါက်လာသလို သူဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်တင်ဆက်သူကတော့ PROXY ဖြစ်ပါတယ်File Size :(1.9GB) and (870MB) Quality :WEB-DL1080P, ...
movie
Sri Asih(2022)
5.4
Broken Wings (2022)
Broken Wings (2022)အင်ဒိုနီးရှား ဖြစ်ရပ်မှန်ကားလေး တင်ဆက်ပေးပါရစေ။ 2018 ခုနှစ်က အင်ဒိုနီးရှားရဲတွေနဲ့ ထောင်သားတွေအကြားဖြစ်ပွားခဲ့တဲ့ အထိကရုဏ်းကို အခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းကတော့ Leong ဆိုတဲ့လူဟာ ISIS ဆန်ဆန် လူသစ်တွေ ရှာဖွေစုဆောင်းပြီး လူစုလူဝေးများတဲ့နေရာတွေမှာ အသေခံဗုံးလိုက်ခွဲပါတယ်။ တစ်ဖက်မှာလည်း ရဲအရာရှိ Ajiဟာ ကိုယ်ဝန်ဆောင်သည်ဇနီးနဲ့အတူ နယ်ပြောင်းလာရပါတယ်။ရဲအရာရှိ Aji ဟာ Leongကို ဖမ်းဆီးနိုင်အောင် ကြိုးစားရင်း ဘာတွေဆက်ဖြစ်မလဲဆိုတော့တော့ ဇာတ်လမ်းလေးထဲ ဆက်ကြည့်ရှုလိုက်ကြစို့နော်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Jane ပါ။)File Size : 1.3GB, 522MB, 283MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format ...
movie
Broken Wings (2022)
2022
6.4
Preman (2022)
Preman (2022)ဇာတ်ဝင်ခန်းထဲက စကားလေးအတိုင်းဆိုရင် တကယ်တော့ မဒူဆာဆိုတဲ့ အမျိုးသမီးဟာ အရမ်းလှပတဲ့ မိန်းမပျိုလေး တစ်ယောက်ပေါ့ဒါပေမဲ့ သူမရဲ့ အလှအပတွေကို လိုချင်တပ်မက်နေတဲ့ ပင်လယ်နတ်ဖုရား ပိုဆိုက်ဒွန်ဟာ သူမကို မုဒိန်းကျင့်ခဲ့တယ် ဒါအပြင့် သူ့ကို မနာလိုတဲ့ နတ်ဖုရားမက အပြစ်ပေးတဲ့အနေနဲ့ မြွေတစ်ပိုင်း လူတစ်ပိုင်း ပြောင်းပစ်ခဲ့ကြတယ် ဒါတောင်မှ သူမအတွက် ရက်စက်မှုတွေက မကုန်နိုင်သေဘဲ ပါစီးယက်ရဲ့ ခေါင်းဖြတ်ခြင်းကို ခံခဲ့ရပါသေးတယ်။ဒီလိုပါပဲ လူတွေ အတွက်တော့ ပါးစီးယက်တို့က သူရဲကောင်းကြီးတွေ ဖြစ်ပေမဲ့ မဒူဆာ အတွက်တော့ သူတို့တွေဟာ မကောင်းဆိုးဝါး စစ်သားတွေပါပဲ။ ယခု ဇာတ်ကားလေးဟာလဲ အင်ဒို ၂၀၂၂ ထွက်ကားလေးဖြစ်ပြီးတော့ ဇာတ်လမ်းသဘောလေးကတော့ နားကန်းနေတဲ့ လူတစ်ယောက်ဟာ လူမိုက်ဂိုဏ်း တစ်ခုမှာ အလုပ်လုပ်နေခဲ့တာ ကြာခဲ့ပါပြီ။ ဒီလို လူမိုက်အလုပ်ကြောင့်ပဲ မိန်းမဖြစ်သူက ပစ်သွားခဲ့ပြီး သားလေးတစ်ယောက်နဲ့ လောက ကိုရင်ဆိုင်နေသူတစ်ယောက်ပါ။ နဂိုက စိတ်ထားကောင်းတဲ့သူ တစ်ယောက်ဖြစ်ပေမဲ့ ပတ်ဝန်းကျင် အခြေအနေနဲ့ အရာရာဟာ သူ့ကို ဒီဘဝကနေ ရုန်းထွက်မရအောင် ဖြစ်စေခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ သူတို့ ...
movie
Preman (2022)
2022
7.0
The Night Comes for Us (2018)
The Night Comes for Us (2018) IMDb - 7.0/10_____Rotten - 90% Action/Thriller ဇာတ်ကားတစ်ကားဖြစ်ပြီ rating 7 အထိရရှိထားတာပဲဖြစ်ပါတယ်။ သရုပ်ဆောင်တွေကိုကြည့်ရုံနဲ့ ဒီကားကြမ်းမကြမ်းသိနိုင်မှာပါ။ ကြမ်းပါပေ့ဆိုတဲ့ action ကားတွေကိုမှကြိုက်တဲ့သူတွေအတွက် The Raid ဇာတ်ကားနဲ့အတူအောင်မြင်လာတဲ့ မင်သား Iko Uwais ပါဝင်ရိုက်ကူးထားတဲ့ ဒီကားဟာလုံးဝအကြိုက်တွေ့စေမှာပါ။ ဇာတမလမ်းဇာတ်ကွက်ကတော့ သိပ်မရှိပေမယ့် action အသားပေးထားပြီး အသားပေးထားတဲ့အတိုင်အရမ်းကြမ်းပါတယ်။ ကလေးငယ်တွေနဲ့မကြည့်သင့်သလို သွေးထွက်သံယိုတွေမကြည့်နိုင်သူတွေလည်း သတိထားရှောင်သင့်ရလောက်အောင် ကြမ်းပါတယ်။ အတိုက်အခိုက် အသတ်အဖြတ်တွေကို ကြမ်းကြမ်းတမ်းတမ်းရိုက်ပြတာမျိုးကြည့်ချင်သူတွေအတွက်ကတော့ လုံးဝအကြိုက်တွေ့စေမှာပါ။ မူရင်းစာဖိုင်မှာ English လိုပြောတဲ့နေရာတွေစာမပါတဲ့အတွက် ကိုယ်တိုင်ဖန်တီးထားတာကြောင့်လိုအပ်ချက်အနည်းငယ်ရှိမှာဖြစ်ပြီး နားလည်ပေးစေလိုပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုသူရပါ) File Size : (950 MB) Quality : NF WEB-DL 720p Running Time : 2 h 01 min Format : Mp4 Genre : Action , Thriller Subtitle : Myanmar Subtitle ...
movie
The Night Comes for Us (2018)
2018