Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Renliang Qiao
6.1
Days of Our Own ( 2016 )
ဒီကားလေးဟာImdb 6.1ရရှိထားပြီး တရုတ်နိုင်ငံမှာအရမ်းကိုလူသိများကျော်ကြားခဲ့တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်..ဒီကားမှာဒီနှစ်ပိုင်းအတွင်း တရုတ်ပြည်ရဲ့ Top10အလှဘုရင်မတစ်ဦးဖြစ်လာခဲ့တဲ့ ကျောက်လိရင်ပါဝင်သရုပ်ဆောင်ထားပြီးလှပချောမောပြီးချစ်စရာကောင်းလွန်းတဲ့ကောင်မလေးသုံးယောက်ရဲ့တက္ကသိုလ်တက်ချိန်မှစလို့၁၀နှစ်တာကာလအတွင်းအမျိုးမျိုးအဖုံဖုံပြောင်းလဲမှုတွေ..အခက်အခဲမျိုးစုံရင်ဆိုင်ကျော်ဖြတ်ရင်းအိပ်မက်ဆီအရောက်လှမ်းကြပုံကိုကြည့်ရှုရမှာဖြစ်ပါတယ်...လူတိုင်းကိုပျော်စေတတ်ပြီး အနစ်နာခံတတ်လွန်းတဲ့ ကျန်းကျင်းရီ..စန္ဒရားနတ်ဘုရားမလေးလို့တင်စားခံရတဲ့ချိန်ယိလော့..သရုပ်ဆောင်တာဝါသနာပါလွန်းတဲ့ လျန်ရှောင်ယိတို့ဟာတက္ကသိုလ်မှာဆိုးတူကောင်းဖက် သူငယ်ချင်းသုံးဖော်ဖြစ်လာခဲ့ပါတယ်....ဒီလိုနဲ့ ကျန်းကျင်းရီနဲ့ချိန်ယိလော့တို့ဟာ ကောယွီချိန်ဆိုတဲ့ကောင်လေးတစ်ယောက်ကို တစ်ပြိုင်တည်းကြိုက်မိတဲ့အခါသူတို့သူငယ်ချင်းတွေကြားမှာ ဘယ်လိုရိုက်ခတ်မှုတွေဖြစ်လာမလဲ...ဘဝမှာအိပ်မက်ဆီသို့လျှောက်လှမ်းရင်း အခက်အခဲကြုံရပုံတွေ...ဘဝခရီးလမ်းမှာလက်တွေ့လျှောက်လှမ်းရတဲ့အခါ လက်တွေ့ဆန်ပုံတွေ...တစ်ဖြည်းဖြည်းပြောင်းလဲလာရပုံတွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်...အချစ်..အလွမ်း..သူငယ်ချင်းသံယောဇဉ်..ဘဝဒသနတွေကိုရသမျိုးစုံခံစားရမှာဖြစ်လို့လက်မလွတ်သင့်တဲ့ဇာတ်ကားတစ်ပုဒ်ပါပဲ Translated & Review By Phyo ZawEncoded By LK
movie
Days of Our Own ( 2016 )
2016