Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Renci Yeung
7.2
A Guilty Conscience (2023)
A Guilty Conscience (2023) ======================= IMDb rating - 7.2, RT - 93% Awards - 4wins & 17 nominationsဒီကားလေးကတော့ crime/ mystery အမျိုးအစားဟောင်ကောင်ကားလေးဖြစ်ပါ။ ဇာတ်လမ်းအကျဉ်းကတော့ အေဒီရီယန်လန်ဆိုတဲ့ ၀တ်လုံတော်ရရှေ့နေက ကလေးသူငယ်ညင်းပန်းနှိပ်စက်မှုနဲ့စွဲချက်တင်ခံထားရတဲ့ ဆင်ဂယ်မားကျန်းမျိုးရိုးကို အမှုလိုက်ပေးပါတယ်။ နောက်တော့ သူ့ရဲ့ပေါ့ပျက်ပျက်နိုင်မှုကြောင့် မိခင်ဖြစ်သူကအပြစ်မရှိဘဲ လူသေစေမှုနဲ့ (၁၇)နှစ် ထောင်ဒဏ်ကျခံလိုက်ရပါတယ်။အဲဒီကနေမှ အေဒရီယန်လန်က အပြစ်ရှိစိတ်နဲ့ အဲဒီအမှုကိုအယူခံပြန်၀င်နိုင်ဖိုကြိုးစားပြီး ဆင်ဂယ်မားဖြစ်သူကို တရားသေလွှတ်နိုင်ဖိုကြိုးစားပါတယ်။ ဒါပေမဲ့ အမှူကမရိုးရှင်းပဲ နောက်ကွယ်မှာ အင်အားကြီးမိသားစုတစ်ခုရှိနေပါတယ်။ ငွေများငွေနိုင်တဲ့လောကကြီးမှာ ကျန်းမျိုးရိုးမိခင်ဖြစ်သူက အပြစ်မရှိကြောင်းပြသနိုင်ပါ့မလား တကယ့်တရားခံအစစ်ကိုရော ဖော်ထုတ်နိုင်ပါ့မလား စိတ်၀င်စားစရာကြည့်ရှုရမှာပါ။ရထားတဲ့ဆုတွေနဲ့ ratingတွေကိုကြည့်လိုက်ရင် ပြစ်ရက်စရာမရှိတဲ့ကားလေးမလို တင်ဆက်ပေးလိုက်ရပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Soe Thiri Swe ပါ )File size_(1.4GB)/(680MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:15:00 Genre_Crime , ...
movie
A Guilty Conscience (2023)
6.2
The Goldfinger ( 2024 )
ဒီတစ်ခါမှာ CM ပရိသတ်တွေကို Liu De Hua ရဲ့ နာမည်ကြီးဇာတ်ကားဖြစ်တဲ့ Golden Finger လေးနဲ့တင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းကတော့ ချန်ယိယန်ဆိုတဲ့သူကတော့ တောင်ပိုင်းပင်လယ်မှာ အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး လူတွေကိုပြီးပြည့်စုံတဲ့အိမ်တစ်လုံးပိုင်ဆိုင်စေဖို့ အိပ်မက် မက်ခဲ့ဖူးသူဖြစ်ပေမဲ့လုပ်ငန်းအရူံးပေါ်ပြီး ဒေဝါလီခံလိုက်ရတယ်။ ဒီလိုနဲ့အပတ်တကုတ်အလုပ်ကြိုးစားရှာရင်း တနေ့မှာတော့တစ်နယ်သားကုမ္ပဏီတစ်ခုမှာ ကြေးစားသူဌေးယောင်ဆောင်အဖြစ်လုပ်ရင်း တကယ့်သူဌေးကြီးရင်းနှီးမြှုပ်နှံသူအစစ်နဲ့တွေ့ဆုံခဲ့တယ်။ဒီလိုနဲ့ ရင်းနှီးမြှုပ်နှံရေးလောကကိုဝင်ရောက်ခဲ့ပြီး လုပ်ငန်းရင်းနှီးမြှုပ်နှံရေး ရှယ်ယာကစားတာတွေကို လုပ်လာခဲ့ပြီးကျာဝန်ဆိုတဲ့ကုမ္ပဏီကိုတည်ထောင်ခဲ့တယ်။ တစ်စတစ်စ တဖြည်းဖြည်းဟောင်ကောင်မှာ လက်ညှိုးညွှန်ရာရွှေဖြစ်တဲ့ ကျာဝန်လုပ်ငန်းစုသူဌေးကြီးဖြစ်လာခဲ့တယ်။ကံတရားဆိုတာအတက်အကျရှိစမြဲဆိုတဲ့အတိုင်း ကံအရမ်းတက်နေတဲ့ ချန်ယိယန်တစ်ယောက်သူ့လုပ်ငန်းစုပိုင်ဆိုင်မှုကို ICAC အဖွဲ့မျက်စိကျတာကိုခံခဲ့ရတာပေါ့။ အဲ့အဖွဲ့ထဲမှာ လျိုအရာရှိက ဒီအမှုကိုဦးဆောင်ပြီးစုံစမ်းစစ်ဆေးခဲ့တယ်။ အစပိုင်းမှာလျိုအရာရှိကရိုးရှင်းလှပြီ ထင်မိတဲ့အမှုတစ်ခုလေးက တကယ်တမ်းမှာအများကြီး ပါဝင်ပတ်သက်မှုရှိနေတဲ့အခါမှာတော့ ဘယ်လိုတွေဖြေရှင်းကြမလဲ။ ဘယ်လိုတွေဖော်ထုတ်ကြမလဲ။စီးပွားရေးလောကရဲ့ကြောက်စရာကောင်းလှတဲ့ လှည့်ကွက်တွေ။ လောဘသားတွေရဲ့လောဘငတ်မွတ်နေမှုတွေ၊ စည်းစိမ်ဥစ္စာချမ်းသာသူတွေရဲ့ ချမ်းသာမှုအပေါ် ပျော်မွေ့နေမှုစတာတွေကို Liu De Hua , Liang Chao Wei တို့ကပါဝင်သရုပ်ဆောင်ထားတာဖြစ်တဲ့အပြင် ဇာတ်လမ်းဇာတ်အိမ်တွေဟာ သာမာန်စီးပွားရေး နိုင်ငံရေးဇာတ်လမ်းများနှင့်မတူတမူထူးခြားစွာရိုက်ကူးထားတာဖြစ်တဲ့အတွက် ဒီဇာတ်လမ်းလေးကို အတူတူကြည့်ရူအားပေးလိုက်ကြရအောင် ~ Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Drama Runtime : 2h 6 min Subtitle : Myanmar Subtitle ( Hardsub ) Translated by ...
movie
The Goldfinger ( 2024 )
Ready or Not 2 ( 2023 )
မြို့ပြမှာ နေထိုင်နေတဲ့ စုံတွဲတွေရဲ့ မတူညီတဲ့အဆင့်အသီးသီးမှာ ဖြစ်ပျက်လေ့ရှိတဲ့ အဖြစ်အပျက်လေးတွေကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ အားကျားနဲ့ ခယ်ရီးတို့ရဲ့ ဘဝဟာ အားကျားရဲ့ အမေကြောင့် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ မင်္ဂလာပွဲအတွက်ပြင်ဆင်ဖို့၊ အိမ်ဝယ်ဖို့၊ အလုပ်ကိစ္စတွေကြောင့် အရင်က ပျော်စရာဘဝကြီးက တဖြည်းဖြည်းနဲ့ တာဝန်တွေ ဝတ္တရားတွေနဲ့ ပြည့်နှက်လာခဲ့ပါတယ်။ဟွေးရှုံကလည်း အိမ်ထောင်ရှင်ကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေပေမယ့် သူ့ဇနီးဖြစ်သူ ဂျင်းနီကတော့ သူ့အပေါ် စိတ်ဝင်စားမှုတွေ လျော့နည်းလာပြီး အပြောင်းအလဲတွေရှိနေပါတယ်။ အားကျန့်နဲ့ ဂျက်ဆီကာကတော့ မိုးနတ်မင်းရဲ့ ဆုလာဘ် (ကိုယ်ဝန်)ကို လက်ခံရရှိခဲ့ပါတယ်။ အပြည့်အဝ ကာကွယ်ခဲ့ပေမယ့်လည်း 0.01% ဖြစ်နိုင်ချေက သူတို့ဆီကို ရောက်လာပြီး မပြင်ဆင်ရသေးခင် မိဘဖြစ်လာဖို့ ဖြစ်ခဲ့ရပါတယ်။သူတို့တစ်တွေ ကိုယ်စီအခက်အခဲကို ဘယ်လို ကျော်ဖြတ်ကြမလဲ...... သူတို့ ၆ ယောက်ရဲ့ ဘဝလမ်းကြောင်းကရော ဘယ်လို အပြောင်းအလဲတွေရှိနေမလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ လိုက်ပါ ခံစားကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , ...
movie
Ready or Not 2 ( 2023 )
6
A Guilty Conscience ( 2023 )
တရားဥပဒေရှေ့မှာ လူတိုင်းဟာ တန်းတူညီမျှကြသလား။ ဒီတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် ဟောင်ကောင်မှုခင်းရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ရှေ့နေလင်လျန်ဆွေက အပြောကြမ်းတယ်ဆိုပြီး နာမည်ကြီးသူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ လူအများဂရုစိုက်နေကြတဲ့ ကလေးညှဉ်းပန်းနှိပ်စက်မှုတစ်ခုကို ဖြေရှင်းချိန်မှာတော့ ကိုယ့်ကိုယ်ကို အလွန်အထင်ကြီးခဲ့တဲ့အတွက် သူ့ရဲ့ အမှုသည် ကျန်းကျဲအာဟာ ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံခဲ့ရပါတယ်။လင်လျန်ဆွေကလည်း နာမည်ပျက်သွားခဲ့ပြီး ဈေးပေါပေါနဲ့ သာမန်ပြည်သူတွေအတွက်ပဲ အမှုလိုက်ပေးနေရပါတယ်။ အမှုကို ပြန်လှန်ဖို့ အခွင့်အရေး ရလာတဲ့အခါမှာတော့ သူက ပြန်လည်အမှုစစ်ဖို့ တင်ပြနိုင်ခဲ့ပါတယ်။ ဒီအမှုက ချမ်သာကြွယ်ဝတဲ့ ကျုံးမိသားစုက လင်မယားနှစ်ယောက်နဲ့ ပတ်သက်နေခဲ့ပါတယ်။ကျုံးမိသားစုရဲ့ ဥပဒေအကြံပေး တုံဝေ့ကော်ရဲ့ အောက်တန်းကျတဲ့ အကြံအစည်တွေကြောင့် သတင်းထောက်တွေရော ရဲဌာနတွေ ဥပဒေဌာနတွေက လင်လျန်ဆွေကို ရန်လိုနေခဲ့ပါတယ်။ တရားရုံးထဲမှာ လင်လျန်ဆွေဟာ အမှုစစ်ရှေ့နေကို ရင်ဆိုင်ပြီး အာဏာရှင်တွေကို အစွမ်းကုန်ကြိုးစား တိုက်ခိုက်ခဲ့ပါတယ်။ကျန်းကျဲအာတစ်ယောက် အပြစ်မှ လွှတ်မြောက်နိုင်ပါ့မလား...... လင်လျန်ဆွေကလည်း လွန်ခဲ့တဲ့ ၂ နှစ်က အမှားတွေကို ပြန်လည်ပြင်ဆင်နိုင်ပါ့မလား...... ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါတော့နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , ...
movie
A Guilty Conscience ( 2023 )
6.2
The First Girl I Loved (2021)
The First Girl I Loved (2021)ချစ်တယ်လို့ပြောရဲပေမယ့် မချစ်ရဲတဲ့သူတွေအများကြီးထဲမှာ ငါတို့နှစ်ယောက် ထိပ်ဆုံးကပါဝင်ခဲ့ကြတယ်။ ငါတို့နှစ်ယောက်ရဲ့ချစ်ခြင်းက ပြန်တွေးကြည့်ရင်ကလေးဆန်တယ်လို့ထင်ကြလိမ့်မယ်တဲ့... ဒါဆိုရင် ငါ ဘယ်တော့မှ လူကြီးမလုပ်တော့ဘူး။ နင့်ကိုပဲဆက်ချစ်မယ်... နင်နဲ့ပဲအတူတူရှိချင်တယ်... ဒါပေမဲ့ နင်ပျော်ရွှင်ဖို့ပဲလေ.... ငါနောင်တမရပါဘူး။ဘဝကြီးက ဇာတ်လမ်းတစ်ပုဒ်ဆိုရင် နင်နဲ့ငါကအဓိကဇာတ်ဆောင်တွေပေါ့။ မဟုတ်သေးဘူး...ငါကနင့်ရဲ့ဇာတ်ကွက်ကို လှပအောင်ကူညီခွင့်ရခဲ့တဲ့ ဇာတ်ပို့သရုပ်ဆောင်ပါ။ ဒါပေမဲ့ ငါကျေနပ်တယ်။ အဓိကက နင်ပျော်ရွှင်ဖို့ပဲလေ... ငါနောင်တမရပါဘူး။ငါတို့နှစ်ယောက် ဘာကွာခြားခဲ့လို့လဲ? အသက်အရွယ်လား စည်းစိမ်ဥစ္စာလား မိသားစုအခြေအနေကြောင့်လား? သေချာတာကတော့ ပတ်ဝန်းကျင်ကြောင့်ပါ။ အချစ်ကိုအချစ်လို့ မမြင်နိုင်ကြတဲ့ပတ်ဝန်းကျင်၊ အချစ်ကိုလိင်ဆက်ဆံဖို့ပဲသတ်မှတ်ထားကြတဲ့ ပတ်ဝန်းကျင်၊ သူတို့ရဲ့ကျားမစုံတွဲကမှ မြင့်မြတ်တဲ့အချစ်လို့ထင်ကြတဲ့ပတ်ဝန်းကျင်ကြောင့်ပေါ့။ နင်အတွက်ခက်ခဲခဲ့မှန်းသိပါတယ်။ အဲ့ဒါကြောင့် နင်ပျော်ရွှင်ဖို့ပဲလေ... ငါနောင်တမရပါဘူး...ဘဝကြီးကို အတူတူလျှောက်လှမ်းဖို့ ယောကျ်ားတစ်ယောက်ရှိဖို့မလိုပါဘူး။ ကိုယ့်ကိုနားလည်ပေးနိုင်မယ့်လူရှိဖို့ပဲ လိုအပ်တယ်။ ချစ်ခြင်းမေတ္တာဆိုတာ ချစ်နေရရင်ကို ချိုမြိန်ပါတယ်။ တကယ်ချစ်မိရင် တကယ်ခံစားရပါတယ်။ ငါချစ်နေတဲ့သူက နင်ဖြစ်နေတဲ့အတွက် ပိုပြီးချိုမြိန်ပါတယ်။ ပိုပြီးပျော်ရွှင်ရပါတယ်။ ပိုပြီးရင်ခုန်မိပါတယ်။ ။ဒီကားလေးရဲ့ကောင်းတဲ့အချက်ကတော့ Love story ...
movie
The First Girl I Loved (2021)
2021