Channel Myanmar

Renata Ryabkova

Kleks Academy (2023) 5.5
Kleks Academy (2023)   ဒီတစ်ခါ စိတ်ကူးယဉ်ဆန်ဆန် ကလေးတိုအကြိုက်ဇာတ်ကားတစ်ကား ဖြစ်မယ့် Kleks Academy ဆိုတဲ့စိတ်ကူးယဉ် ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးပါမယ်..ဆယ်ကျော်သက် အရွယ် အာဒါဆိုတဲ့ ကောင်မလေးဟာကလက်စ်အကယ်ဒမီ နတ်သမီးပုံပြင်ကျောင်းတော်မှာတက်ရောက်ဖို ဖိတ်ကြားခံခဲ့ရပါတယ်။ဒီကျောင်းဟာ ကမ္ဘာတဝှမ်းက ထူးခြားတဲ့ စွမ်းအင်ရှိပြီးအလားအလာကောင်းတဲ့ ကလေးတွေသာ တက်ရောက်နိုင်တာပါ။ အာဒါရဲ့ မိဘနှစ်ယောက်လုံးကလည်း ဒီကျောင်းမှာတက်ရောက်ခဲ့ကြပြီး အချင်းချင်း တွေ့ဆုံခဲ့ကြပါတယ်။ဒီနယ်မြေနဲ့ အပြင်လောကနဲ့အကြား အာဒါတိုလို ကလေးအရွယ်တွေသာ ကူးလူးသွားလာနိုင်တာ ဖြစ်ပြီးစိတ်ကူးယဉ်ဖန်တီးမှုတို ကွန့်မြူးရာ နယ်မြေဆိုရင်လည်းမမှားပါဘူး။ ကိုယ်တိုင်ရဲ့ ထူးခြားတဲ့စွမ်းအင်က ဘာလဲဆိုတာမသိသေးတဲ့ အာဒါတစ်ယောက် ဘဝရဲ့ စွန့်စားခန်းဖွင့်ဖိုအတွက် ဒီကျောင်းတော်ကြီးကို တက်ရောက်ဖိုဆုံးဖြတ်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ ဝံပုလွေမျိုးနွယ်စုတွေက သူတိုရဲ့ယခင်ခေါင်းဆောင်ဟောင်းကို သတ်ခဲ့တဲ့သူဟာပုံသဏ္ဍန်ပြောင်းလဲပြီး ဒီကျောင်းမှာ ရှိနေတာကို သိလိုက်တဲ့အချိန်မှာ ဒီနယ်မြေကို ဝင်ရောက်ဖို နည်းမျိုးစုံနဲ့ကြိုးစားပါတော့တယ်။အာဒါတစ်ယောက် ကလက်စ်အကယ်ဒမီမှာ တက်ရောက်ရင်းသူမရဲ့ ပျောက်ဆုံးနေတဲ့ ဖခင်ဖြစ်သူရဲ့ သဲလွန်စတချိုနဲ့အတူမိသားစု လျှိဝှက်ချက်ကိုပါ သိရှိလိုက်ရတဲ့ အချိန်မှာတော့....။ File size…2.15GB / 1.02GB Quality…NF WEB-DL ...
movie

Kleks Academy (2023)