Channel Myanmar

Rena Maliszewski

Bride Wars (2009) 5.5
Bride Wars (2009) IMDB: 5.5Rotten Tomatoes: 10%Genre: Comedy/Romanceဇာတ်ကားကောင်းကြည့်ချင်တယ်ဆိုရင်Rating အပေါ်ကိုပဲမမှီခိုနဲ့ဆိုပြီးကြားဖူးတယ်။တကယ်လည်း မှန်တယ်လို့ကျွန်တော်လက်ခံပါတယ်။Bride Wars (2009) ကသက်သေပါပဲ။တော်တော်လေးကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပြီးမင်းသား၊ မင်းသမီးတွေကလည်း ပရိသတ်အချစ်တော်တွေမလို့ကြည့်ရတာ တော်တော်လေးကိုတန်ပါတယ်။ ဇာတ်ညွှန်း သူငယ်ချင်းနှစ်ယောက် "အမ်မာ နဲ့ လစ်ဗ်" ဆိုပြီးရှိတယ်။နှစ်ယောက်လုံးရဲ့ အိမ်မက်လည်း ဇွန်လထဲ ပလာဇာဟိုတယ်ကြီးမှာမင်္ဂလာဆောင်ဖို့ အမ်မာရဲ့ကောင်လေးက လဖက်ချ်ချာ၊လစ်ဗ်ရဲ့ကောင်လေးက ဒန်နီယယ်။ သူတို့နှစ်ယောက်ရဲ့ ခင်မင်မှုသက်တမ်းကလည်းနှစ် ၂၀ တောင်ရှိနေပြီမလို့ သူတို့နှစ်ယောက်ရဲ့ခင်မင်မှုကို ဘာနဲ့မှဖျက်လို့မရခဲ့ပါဘူး။ဒါကတော့ အထင်ပေါ့လေ။ ဒီလိုနဲ့ နှစ်ယောက်ဟာရှေ့ဆင့်နောက်ဆင့်ပဲကောင်လေးတွေရဲ့ လက်ထပ်ခွင့်တောင်းခြင်းကိုခံရပြီး မင်္ဂလာဆောင်ဖို့ဖြစ်လာခဲ့ပါတယ်။သူတို့ရဲ့အိမ်မက်ဖြစ်တဲ့ ဇွန်လထဲ ပလာဇာဟိုတယ်မှာပဲဆောင်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ဒါပေမယ့်လည်း ဇွန်လအတွက် ပွဲချိန် သုံးခုစာပဲကျန်ပါတော့တယ်။ကံဇာတ်ဆရာ ရွဲ့တော့ နှစ်ယောက်ရဲ့ မင်္ဂလာပွဲကတိုက်တိုက်ဆိုင်ဆိုင် ရက်သွားတူနေပါတော့မယ်။ကဲ အဲဒီမှာ အချစ်ဆုံးသူငယ်ချင်းကနေ၊ အမုန်းဆုံးသူငယ်ချင်းတွေဘယ်လိုများဖြစ်သွားမလဲဆိုတာကို ခံစားကြည့်လိုက်ကြပါဦး။အမ်မာ အဖြစ်မင်းသမီး Anne Hathaway (မကြာနု)လစ်ဗ်အဖြစ် မင်းသမီး Kate Hudsonဒန်နီယယ်အဖြစ် မင်းသား Steve Howeyဖလက်ချ်ဂျာအဖြစ် မင်းသား Chris ...
movie

Bride Wars (2009)

2009
Madame Web (2024)
Madame Web (2024) ကဲ စပိုက်ဒါမန်း စကြဝဠာရဲ့ rating အနိမ့်ဆုံး ရုပ်ရှင်လာပါပြီ။ အသည်းလေး Sydney Sweeney တို့ အသည်းကြီး Dakota Johnson တို့လို မင်းသမီးအလန်းတွေသုံးပြီး ဘက်ဂျက်တွေသုံး Marvel's Defenders တို့ Jessica Jones တို့ရဲ့ ဒါရိုက်တာ S.J. Clarkson က ရိုက်ရဲ့သားနဲ့ ဘာလို့ ရိတ်တင် နည်းသွားတာလဲဆိုတာ ကိုယ်တိုင်ကြည့်ပြီး ဆုံးဖြတ်ရအောင်ပါ။မင်းသမီး Dakota Johnson ရဲ့အင်တာဗြူးအရ မူရင်းဇာတ်ညွှန်းဟာ ဗီလိန် အီဇီကီရယ်က ပီတာပါကာ မွေးမလာအောင် အချိန်ခရီးသွားပြီး မယ်ရီပါကာကို သတ်ဖို့ကြိုးစားတာကို မဒမ်ဝက်ဘ်နဲ့ စပိုက်ဒါဝီးမန်းတွေက ကာကွယ်တဲ့ဇာတ်လမ်းဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်ရိုက်ကူးတဲ့အချိန်မှာတော့ ဇာတ်ညွှန်းတစ်ခုလုံး မမှတ်မိနိုင်လောက်အောင် ပြောင်းသွားပြီး အခုဇာတ်လမ်းကြီး ထွက်လာတာပဲဖြစ်ပါတယ်။ အဆက်ထွက်ခဲ့ရင်တော့ နောက်တစ်ကားမှာတော့ ပိုကောင်းနိုင်မဲ့အလားအလာရှိပါတယ် ဘာလို့လဲဆိုတော့ ဒီထက်ဆိုးအောင်ရိုက်ဖို့မလွယ်တော့လို့ပါပဲ။ဇာတ်လမ်းအကျဉ်းကတ်စီ ဝက်ဘ် ဟာ ...
movie

Madame Web (2024)

4K HEVC
The Holdovers (2023) 8
The Holdovers (2023) The Holdovers (2023)~ IMDb - 8/10, RT - 96%, Meta - 82% ~တစ်နှစ်တာလုံးရဲ့ အနွေးထွေးဆုံးအချိန်တစ်ခုကို ရွေးရရင် ကျွန်တော်တော့ ကိုယ့်ယဉ်ကျေးမှုနဲ့ မဆီမဆိုင် ခရစ္စမတ်ကိုပဲ ရွေးမိလိမ့်မယ်။ ခရစ္စမတ်ဟာ ကာတွန်းတွေ ရုပ်ရှင်တွေနဲ့ ကြီးပြင်းလာရတဲ့ ကျွန်တော်တို့အတွက် တိုက်ရိုက်မသက်ဆိုင်တောင် ချာလီနဲ့ချောကလက်စက်ရုံထဲက ချောကလက်တစ်ချောင်းကို လူ၇ယောက်ကိုဖဲ့ကျွေးခဲ့တဲ့ နွေးထွေးမှုလို၊ It's a Wonderful Life ထဲက ကူညီရိုင်းပင်းခြင်းရဲ့ နွေးထွေးမှုလို၊ Home Alone ထဲကလို ဒစ္စနေးခရစ္စမတ်ကာတွန်းတွေထဲကလို၊ Klaus ထဲကလို၊ How the Grinch Stole Christmas ထဲကလို ခရစ္စမတ်မှာတော့ အရာအားလုံးအဆင်ပြေသွားမယ့် ယုံကြည်ခြင်းတွေလို... နွေးထွေးမှုတွေကူးစက်ခြင်းနဲ့ သက်ဆိုင်နေတဲ့ ကာလတစ်ခုပေါ့။ တစ်ဆင့်ခံစားမှုနဲ့တောင် ကျွန်တော်တို့အတွက် ခရစ္စမတ်က ဒီလောက်နွေးထွေးနေရင် သူတို့အတွက် ...
movie

The Holdovers (2023)

2023
Sound of Metal (2020) 7.8
Sound of Metal (2020) Sound of Metal(2020)********************************** IMDb Rating- 7.8/10 Rotten Tomatoes- 97%ဇာတ်လမ်းအကျဉ်းဟီရိုအင်းဆေးသမားဖြစ်ခဲ့တဲ့ Punk-Metalတီးဝိုင်းတစ်ခုရဲ့ ဒရမ်သမား ရူဘင်စတုန်းအတွက်တော့ ဒီအလုပ်က တော်တော်လေးကောင်းတဲ့အစားထိုးမှုတစ်ခုပါ။ ဒီလိုနဲ့ ဆေးလိပ်၊မူးယစ်ဆေးတွေဖြတ်လိုက်ပြီး လေးနှစ်ကြာသွားတယ်။ ဒီအလုပ်ကိုလည်း သူ့ရည်းစား(လူ)နဲ့ ပျော်ပျော်ကြီး ဆက်လုပ်ရင်းပေါ့။ဒါပေမယ့် သူ့အကြားအာရုံ ချို့ယွင်းလာတာကို တဖြည်းဖြည်းသတိထားမိလာတယ်။ ဆရာဝန်ဆီသွားပြကြည့်တော့ ရက်အနည်းငယ်အတွင်းမှာပဲ သူ့အကြားအာရုံ ၇၀%ကနေ ၈၀%အထိ ဆုံးရှုံးနေတာကို သိလိုက်ရတယ်။ ဆရာဝန်က အသံကျယ်ကျယ်ကြီးတွေကို ရှောင်ဖို့ပြောပေမယ့် Music Industry ထဲကလူဖြစ်နေတဲ့အပြင် Metal Bandတစ်ခုက ဒရမ်သမားလည်းဖြစ်နေတာကြောင့် ဘာမှ မတတ်နိုင်လိုက်ဘူး။ စိတ်ဖိစီးမှုတွေကြောင့် ရူဘင်က မသောက်တာလေးနှစ်ရှိပြီဖြစ်တဲ့ ဆေးလိပ်ကိုပါ ပြန်သောက်နေလို့ လူက စိတ်ပူလာတယ်။ ဒါကို ကုဖို့ အနည်းဆုံး ဒေါ်လာလေးသောင်းလိုတာကြောင့် မကုတော့ဘဲ လူက ရူဘင်ကို (နားမကြားတဲ့လူတွေအတွက်)ပြန်လည်ထူထောင်ရေးစခန်းဆီ ပို့တယ်။ရူဘင်တစ်ယောက် အဲ့စခန်းမှာ“နားမကြားသူဖြစ်ရခြင်း”အကြောင်းသင်ယူသွားပြီး ဘဝအသစ်စဖို့ ပြင်မှာလား မပြင်ဘူးလား ဆိုတာကိုတော့………============================“Much like heavy metal music, Sound of Metal isn't trying to give us ...
movie

Sound of Metal (2020)