Channel Myanmar

Ren Zihao、He Yuchen、Li Zixiong、Li Jiaxin、Xu Jun

The Golden Book of Tricks ( 2024 ) 5.7
The Golden Book of Tricks ( 2024 ) ပြည်သူတွေရဲ့ယုံကြည်ကိုးကွယ်မှုကို အသုံးချပြီးတော့ အမြတ်ထုတ်စီးပွားရှာကြတဲ့ မသမာသူတွေကို ပြန်ပြီးဆန့်ကျင်နှိမ်နင်းတဲ့အကြောင်းလေးဖြစ်ပါတယ်။တစ်ဖက်ပိတ် ယုံကြည်ကိုးကွယ်စိတ်ဟာဘယ်လောက် ကြောက်စရာကောင်းလဲဆိုတော့ ခရိုင်တစ်ခုလုံးကိုဒုက္ခပေးနိုင်တဲ့အထိပါပဲ။ ခရိုင်လေးမှာ ထူးဆန်းတဲ့ဖြစ်ရပ်တွေဆက်တိုက်ဖြစ်နေခဲ့တယ်။ အဲဒါကမကောင်းဆိုးဝါးဓာတ်ရှိတဲ့ ပစ္စည်းတစ်ခုကြောင့်ပါဆိုပြီး အသိဉာဏ်နည်းတဲ့ပြည်သူတွေကိုအယုံသွင်းတယ်။အဲဒီလိုအယုံသွင်းပြီးတော့ တဖြည်းဖြည်းနဲ့ မိန်းမပျိုလေးတွေကို သူတော်စင်မအဖြစ်ပူဇော်ခိုင်းတဲ့အထိပါဖြစ်လာခဲ့တယ်။ အိမ်ကရှေးဟောင်းအမွေအနှစ်ပစ္စည်းတွေကိုပါ ဂိုဏ်းကိုပူဇော်လာဖို့တောင်းဆိုလာတဲ့ခါ...... ဒီမသမာတဲ့ဂိုဏ်းကိုရပ်တန့်လို့ရနိုင်ပါဦးမလား...... ပြည်သူတွေကနေစပြီး ခရိုင်မှူးအရာရှိမင်းအထိပါ ချုပ်ကိုင်ထားတဲ့ မသမာဂိုဏ်းကိုဘယ်လိုများတွန်းလှန်ကြမလဲဆိုတာ အားပေးကြည့်ရှုလိုက်ပါဦးနော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Action Runtime : 1h 34 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

The Golden Book of Tricks ( 2024 )