Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ren Tianye
5.7
Coyote’s Bloodbath / Blue Wolf’s Bloody Lore (2024)
CM ကနေ ဒီတစ်ခါတင်ဆက်ပေးမှာကတော့ တရုတ်တော်လှန်ရေး ဇာတ်ကားပဲဖြစ်ပါတယ် ၁၉၄၄ ခုနစ် ဟယ်နန်ပြည်နယ်လုံးဝပျက်စီးသွားခဲ့တဲ့ ဂျပန်စစ်တပ်ရဲ့ အမှတ်၁ စစ်ဆင်ရေးကို အမှတ်၈ ကြည်းတပ်က ဘယ်လိုတိုက်ထုတ်ခဲ့လဲဆိုတာကို အဓိကထားရိုက်ကူးထားတာပဲဖြစ်ပါတယ်ကျော်ထန်ရဲ့ သစ္စာဖောက်မှုကြောင့် ဟယ်နန်ပြည်နယ်တစ်ခုလုံး ဖက်ဆစ်နွံထဲနစ်သွားတဲ့အချိန်မှာ ခေါင်းဆောင်မှူး ချန်ထျန်းဖန့်နဲ့ လက်ထောက်လူလန်တို့ဦးစီးပြီး စစ်နည်းဗျူဟာတွေကို ရွှေ့ပြောင်းကာ ဂျပန်စစ်တပ်ကို တိုက်ထုတ်ခဲ့ပါတယ် အဲ့ထဲကမှ ချင်ဖုန်းခေါင်းေဆာင်တဲ့ ဝံပုလွေကွန်မန်ဒိုတပ်ဖွဲ့ကတော့ နာမည်ကြီးပဲဖြစ်ပါတယ်ချင်ဖုန်းဦးဆောင်ပြီး ဂျပန်စစ်တပ်ရဲ့ လက်နက်တိုက်ကို ဖောက်ခွဲခဲ့ပြီး ပင်မတပ်ရင်းအတွက် အချိန်ပိုရအောင်ဖန်တီးပေးခဲ့ပေမယ့် ရှင်းအန်းမြို့ကိုရောက်တဲ့အချိန်မှာတော့ ကျော်ထန်ရဲ့ လှည့်ကွက်ထဲကို ကျရောက်သွားခဲ့ပါတော့တယ် ဝံပုလွေကွန်မန်ဒိုတပ်ဖွဲ့ရဲ့ တိုင်းပြည်အတွက် ပြတ်သားတဲ့စိတ်ဓာတ်နဲ့ တိုက်ပွဲဝင်ခဲ့တာကြောင့် နောက်ဆုံးမှာ ရန်သူတွေကို အနိုင်ရသွားခဲ့ပါတော့တယ် စစ်ကားကြိုက်တဲ့ပရိတ်သတ်တွေအတွက် တင်ဆက်ပေးတာမို့လို့ လက်လွတ်မခံဘဲ ကြည့်ရှုလိုက်ပါနော် Filesize : 1.37 GB / 770 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , War Runtime : 1h 19 min Subtitle : Myanmar Subtitle ( ...
movie
Coyote’s Bloodbath / Blue Wolf’s Bloody Lore (2024)
5.8
Do the World Darts 6 (2007)
The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက ၆ကားမြောက်ဖြစ်ပါတယ် အရှေ့က ကားတွေအားလုံးကိုတင်ဆက်ပြီးဖြစ်ပါတယ်၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါဒီကားကတော့ ထျန်းရှပို့ဆောင်ရေးလုပ်ငန်းရဲ့ ခေါင်းဆောင်ကြီးဝမ်ကျောက်ရှင်းရဲ့ တစ်ကိုယ်တော်ဇာတ်လမ်းပါ။ ဝမ်ကျောက်ရှင်းမှာ ငယ်ငယ်ကတည်းကရင်းနီးခဲ့တဲ့ မိတ်ဆွေဟောင်းတစ်ယောက်ရှိခဲ့တယ်။ မိတ်ဆွေဟောင်းလို့ဆိုပေမယ့် ခံယူချက်ချင်းမတူတာကြောင့် သူတို့ကမတည့်ပါဘူး။ဒါပေမယ့် မိတ်ဆွေဟောင်းဟာ ရောဂါအပြင်းအထန်နဲ့ သေလုဆဲဆဲဖြစ်နေချိန်မှာ သူ့ရဲ့အရေးကြီးတဲ့ပစ္စည်းတစ်ခုကို ဇာတိမြေရှန်းရှီးကိုပို့ပေးဖို့အပ်ခဲ့တယ်။ ဒါပေမယ့် ဘာပစ္စည်းမှန်းမသိတဲ့အတွက် ဝမ်ကျောက်ရှင်းကလက်မခံခဲ့ပါဘူး။အကြောင်းရှိလို့ ဝမ်ကျောက်ရှင်းကရှန်းရှီကိုပြန်တဲ့အချိန်မှာ သူ့နောက်ကိုကလေးလေးတစ်ယောက်ကလိုက်နေတာကိုသိလိုက်ရတယ်။ ဒီကလေးလေးက သူ့မိတ်ဆွေဟောင်းရဲ့ တစ်ဦးတည်းသော အမွေဆက်ခံမယ့်သားဖြစ်နေတာကိုသိသွားပြီးတဲ့နောက်မှာ ဇာတိမမြေရှန်းရှီးကိုခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီကလေးကိုလက်ခံလိုက်တဲ့အချိန်ကစပြီးတော့ လမ်းမှာအတားအဆီးတွေ အန္တရာယ်တွေအမျိုးမျိုးနဲ့ကြုံကြပါတော့တယ်။ ဒီကလေးလေးတစ်ယောက်ကိုဘာကြောင့် လူတွေအများကြီးကလိုက်ဖမ်းနေတာလဲ...... အသက်(၅၀)ကျော်အဖိုးကြီးနဲ့ အသက်(၁၀)နှစ်ကျော်ကလေးတစ်ယောက်ဟာ ခရီးစဉ်တစ်လျှောက်ဘယ်လိုဖြတ်သန်းကြမလဲဆိုတာ....... အဖိုးကြီးရဲ့ငါ့မအိုသေးဆိုပြီးတော့ အစွမ်းတွေပြသွားတဲ့ဇာတ်ကြောင်းပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Do the World Darts 6 (2007)
5.8
Blood on the Nameless River ( 2023 )
ကိုရီးယားအမေရိကန်စစ်ပွဲကိုအခြေခံထားတဲ့ သွေးနဲ့ရေးတဲ့စစ်ပွဲဇာတ်လမ်းတစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ပါတယ်။ ရန်သူအမေရိကန်စစ်တပ်တွေကိုတားဆီးနိုင်ဖို့အတွက်ဆိုရင် သူတို့ရဲ့ရိက္ခာအထောက်အပံ့တွေကိုဖြတ်ပစ်လိုက်တာဟာ ခြေထောက်နှစ်ချောင်းကိုဖြတ်ပစ်သလိုပဲထိရောက်ပါလိမ့်မယ်။အဲဒါကြောင့် တုချွမ်းတို့တပ်စုဟာရိက္ခာဖြည့်တဲ့ထောက်ပို့စခန်းတစ်ခုကိုဝင်စီးကြပါတယ်။ အဲဒီထောက်ပို့စခန်းကိုဝင်စီးလိုက်တဲ့အချိန်မှာ မထင်မှတ်ပဲ ရန်သူရဲ့စစ်ကြောင်းကိုသိလိုက်ရပါတယ်။ တရုတ်ပင်မစခန်းကြီးကို အမေရိကန်တွေရဲ့အမြှောက်တပ်ကြီးရောက်မသွားအောင် တုချွမ်းတို့တပ်စုဟာအစွမ်းကုန်ကြိုးစားရဖို့တာဝန်ဖြစ်လာပါတယ်။ရန်သူနဲ့အင်အားမမျှတဲ့အတွက် သူတို့တပ်စုလေးဟာ ဘယ်လိုနည်းဗျူဟာတွေသုံးပြီး အမေရိကန်တွေကိုတားမလဲဆိုတာ စိတ်ဝင်စားဖို့အရမ်းကောင်းပါတယ်။ ပီပြင်တဲ့ဆက်တင်နဲ့သရုပ်ဆောင်ချက်တွေကြောင့် စစ်ကားကြိုက်တတ်တဲ့သူတွေရဲ့ ကျေနပ်စရာကောင်းတဲ့ကားလေးတစ်ကားဖြစ်မှာသေချာပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , War Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Blood on the Nameless River ( 2023 )
5.9
Coyote’s Deadly Action ( 2023 )
CM ကနေဒီတစ်ခါတင်ဆက်ပေးချင်တဲ့ရုပ်ရှင်လေးကတော့ တရုတ်ပြည်မကြီးမှာ တချိန်တခါက ဖြစ်ပွားခဲ့တဲ့ဂျပန်စစ်အကြောင်းကိုအခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ပုဒ်ကို တင်ဆက်ပေးပါရစေ။ဇာတ်လမ်းကတော့ (၁၉၄၃) ခုနှစ်ဂျပန်နဲ့တရုတ်စစ်ဖြစ်နေတာကို ဇာတ်အိမ်တည်ထားပြီးတော့လက်နက်ထုတ်ရမှာအရေးပါအရာရောက်တဲ့ အဖြိုက်နက်သတ္တုတစ်မျိုးကကွန်မြူနစ်ပါတီအဖွဲ့ဝင် ဝမ်ဟွာဦးဆောင် ဖွက်ထားပြီးချန်းလန်ကွန်မန်ဒိုတပ်ဖွဲ့ကနေလိုက်လံကာကွယ်ပေးနေတာပေါ့။ဂျပန်ဘက်ကလည်းအဲ့အဖြိုက်နက်ဖွက်ထားတဲ့နေရာကို သိရဖို့အတွက်ဝမ်ဟွာကိုဖမ်းဆီးကာ မေးမြန်းဖော်ထုတ်ခဲ့ပေမဲ့ ဘာအဖြေမှမရခဲ့ပဲဝမ်ဟွာကတော့ အသက်စတေးသွားခဲ့ရပါတယ်။ ဒီလိုနဲ့ဝမ်ဟွာဖွဲ့စည်းထားတဲ့ တပ်ဖွဲ့သစ် (၄) တည်နေရာနဲ့အဆက်သွယ်လုပ်ဖို့ရန်အတွက် ချန်းလန်ကွန်မန်ဒိုအဖွဲ့နဲ့ အိုးယန်ပင်း, လုယန်တို့က ပူးပေါင်းရှာဖွေကြတဲ့အခါမှာတော့ဘယ်လိုတွေဆက်ဖြစ်လာကြမလဲ။ရူပ်ထွေးလှတဲ့ နိုင်ငံရေးအခြေအနေကြားမှာ ဘယ်လိုတွေပတ်သက်ဆက်နွယ်နေကြမလဲ။ သူတို့ရှာနေတဲ့ အဖြိုက်နက်တည်နေရာကိုကော ရှာတွေ့ကြမှာလား။အစရှိတဲ့ စိတ်လှုပ်ရှားစရာ ဇာတ်လမ်းကွက်တွေနဲ့ မေးခွန်းတွေကိုဒီဇာတ်လမ်းလေးထဲမှာ ကြည့်ရှုရမှာပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , War Runtime : 1h 32 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie
Coyote’s Deadly Action ( 2023 )
6.4
Battlefield: Fall of The World ( 2022 )
CM ကနေမှ ဒီတစ်ခါမှာတော့ တင်ဆက်နေကျ ပုံစံမျိုးမဟုတ်တဲ့ သိပ္ပံရုပ်ရှင်အမျိုးအစား ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင် လူသားတွေအတွက်တော့ အိမ်မက်ဆိုးတစ်ခုလို နည်းပညာမြင့်မားလာတဲ့ တခြားဂြိုလ်တစ်ခုက ဂြိုလ်သားတွေဟာ ကမ္ဘာကြီးကို ကျူးကျော်ဝင်ရောက်ပြီး လူသားတွေကို အမြစ်ပြတ်ချေမှုန်းပစ်ဖို အကောင်ထည်ဖော်နေချိန်မှာ ကောင်းရန့် ဦးဆောင်ပြီး လင်ချန် ကျောက်လိကျင်းတို ကနေပြီးတော့ ခုခံရေးတပ်ဖွဲငယ်လေးကို ဖွဲပြီး ကမ္ဘာကြီးကို ဂြိုလ်သားတွေ လက်ထဲကနေ ကယ်တင်ကြတဲ့ အကြောင်းလေးကို ရိုက်ကူးထားတာဖြစ်ပါတယ်ကမ္ဘာကြီးက ဂြိုလ်သားတွေကြောင့် ပျက်စီးလုနီးပါးဖြစ်နေတဲ့အချိန်မှာ ကမ္ဘာကြီးကို ကယ်တင်ဖို ဘယ်လိုကြိုးပမ်းသွားမှာလဲဆိုတာကိုတော့ ဒီသည်းထိတ်ရင်ဖိုစရာ ဇာတ်ကား လေးမှာ ကြည့်ရှုလိုရပါတယ်နော် Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Science-Fiction Runtime : 1h 40 min Subtitle : Myanmar Subtitle ( hardsub ) Translated by CM Team
movie
Battlefield: Fall of The World ( 2022 )
6
Sniper Hero ( 2022 )
ဒီတစ်ခေါက် CM ချစ်ပရိသတ်တွေကိုမိတ်ဆက်ပေးမယ့် Sniper Heroဆိုတဲ့ ကားလေးက တခြားစစ်ကားတွေလို တော်လွန်းတဲ့ အရာရှိကြီးတိုအကြောင်းတို အောင်နိုင်ခဲ့တဲ့ သမိုင်းကြောင်းတိုကို ရိုက်ကူးထားတာမဟုတ်ဘဲ တစ်ယောက်လဲရင် တစ်ယောက်က သူ့အစားဝင်ပြီး ဒီတိုက်ပွဲကို ဒီလက်နက်နဲ့ ဆက်တိုက်သွားတဲ့ မလျှော့သောဇွဲ ရန်သူနဲ့ လက်နက်အားချင်းမယှဉ်နိုင်တောင် ယုံကြည်ချက်ဆိုတဲ့ ကျည်ကို စည်းလုံးမှုဆိုတဲ့ သေနတ်မှာထည့်ပြီး ရန်သူကိုတိုက်ပြသွားတဲ့ကားဖြစ်လို နာမည်ကြီးမင်းသားမင်းသမီးမပါ ရုပ်ချောတဲ့သူတွေမထည့်ထားတာတောင် ဘာသာပြန်ရင်း ကြည့်ရတဲ့အရသာက ရှယ်ပါပဲဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ်ဆိုရင် ၁၉၅၂ ခုနှစ်အစောပိုင်း မြောက်ကိုးရီးယားနယ်မြေမှာ အမေရိကန်နဲ့ တရုတ် တိုစစ်ဖြစ်ပွားခဲ့ပြီး လက်နက်အင်အားမမျှကြပေမယ့် အမေရိကန်စစ်တပ်ရဲ့ တိုက်စစ်ဆင်မှုတွေကို အဖွဲ၈ က အကြိမ်ပေါင်းများစွာခုခံလာနိုင်ခဲ့ရာကနေ တိုက်ပွဲတစ်ခုမှာတော့ အသေအပျောက်များသွားခဲ့ပြီး တပ်သားသစ်စုဆောင်းရာမှာ အဖွဲ၆က ရန်တုန်းဖုန်းဆိုတဲ့ စီချွမ်တပ်သားလေးတစ်ယောက်ဟာ အဖွဲ၆ တစ်ဖွဲလုံး ရန်သူတပ်ရဲ့ ချေမှုန်းခြင်းကို ခံခဲ့ရပြီး သူအရမ်းလေးစားရတဲ့ အဖွဲခေါင်းဆောင်လည်း အသက်ပေးသွားခဲ့ရပြီး နောက်ပိုင်းမှာတော့ စနိုက်ပါအထူးတပ်ဖွဲထဲကို ဝင်ရောက်လာခဲ့ပြီး ကလဲ့စားပြန်ချေဖိုကြိုးစားခဲ့ပါတယ်အဲ့လိုကနေ ရဲဘော်အသစ်တွေနဲ့ဆက်လက်တိုက်ပွဲဝင်ရင်း နောက်ဆုံးမှာ သူဖြစ်ချင်တဲ့ရည်မှန်းချက်လေးပြည့်ဝသွားမှာလား ဆိုတာတွေကိုတော့ ဆက်လက်စောင့်ကြည့်ကြရအောင်Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama Runtime : 1h 30min Subtitle : Myanmar Subtitle ...
movie
Sniper Hero ( 2022 )