Channel Myanmar

Ren Nagase

Drawing Closer (2024) 7.9
Drawing Closer (2024)  "အချစ်ဟာ ကံဆိုးတဲ့လူတစ်ယောက်ရဲ့ကမ္ဘာကြီးထဲကအနက်ရောင်စုတ်ချက်တွေကိုတောင် မျက်စိကျိန်းလောက်အောင်တောက်ပတဲ့အရောင်တွေအဖြစ်ပြောင်းလဲပေးနိုင်ပါတယ်” တဲ့။ ဇွန်လ ၂၇ ရက်ကမှထွက်ရှိထားတဲ့ Drawing Closer ရုပ်ရှင်ဟာRomance ၊ Drama အမျိုးအစားဖြစ်ပါတယ်။အသက်ရှင်ဖို့တစ်နှစ်ပဲ ကျန်တော့တယ်ဆိုတာသိလိုက်ရတဲ့အသက် ၁၇ နှစ်အရွယ်ကောင်လေးအာကီတိုအတွက် ဘဝကရုတ်တရက်အဓိပ္ပါယ်မဲ့သွားပြီး သူအကြိုက်ဆုံးပန်းချီဆွဲတဲ့ဝါသနာကိုတောင် စွန့်လွှတ်ခဲ့ပါတယ်။ အာကီတိုက ကျန်ရှိတဲ့အချိန်တွေမှာ မိသားစုနဲ့တခြားသူတွေအတွက်ဝန်ထုပ်ဝန်ပိုးမဖြစ်အောင်နေသွားပြီးပဲ ဘဝကိုအရှုံးပေးလိုက်တော့မယ်လို့ဆုံးဖြတ်ထားခဲ့ပါတယ်။တစ်ရက်မှာတော့ ဆေးရုံမှာ ခြောက်လသာအသက်ရှင်ရတော့မယ့်သက်တူရွယ်တူကောင်မလေးဟာရူနာနဲ့တွေ့ဆုံခဲ့ပါတယ်။ဘဝမှာနေရမယ့်​အချိန်သိပ်မကျန်တော့တဲ့ ဘဝတူတွေချင်းအတူတူဖြစ်နေတာကြောင့် အာကီတိုက ဟာရူနာမသေခင်မှာဟာရူနာဖြစ်ချင်တာအားလုံးလုပ်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့ အာကီတိုထင်မထားခဲ့တာက ဟာရူနာရဲ့နောက်ဆုံးဆန္ဒတွေကိုလိုက်လံဖြည့်ဆည်းပေးခဲ့တာတွေက သူ့အတွက်ရှေ့ဆက်အသက်ဆက်ရှင်အောင်အတတ်နိုင်ဆုံးကြိုးစားကြည့်ချင်စိတ်ဖြစ်ပေါ်လာစေဖို့ ဘဝရဲ့အဓိပ္ပါယ်ကိုရှာဖွေတွေ့ရှိသွားစေခဲ့တာပဲဖြစ်ပါတယ်။ File size…1.76GB / 717MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 58m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Drawing Closer (2024)

The Midnight Maiden War (2022) 5.9
The Midnight Maiden War (2022) Midnight maiden war (2022)Grammy Winnerလေး Billie Eilishရဲ့သီချင်းကို Soundtrackအနေနဲ့ ပထမဦးဆုံးပွဲဦးထွက် အသုံးပြုခဲ့တဲ့ ရုပ်ရှင်ကားဖြစ်ပါတယ် ။ "Happier Than Ever"သီချင်းကို Ending Themeအနေနဲ့အသုံးပြုထားပါတယ်။ Billieက သူ့သီချင်းပါဝင်ခွင့်ရခဲ့တဲ့အတွက် ပျော်နေခဲ့ပြီး ဂျပန်ဘာသာနဲ့ကျေးဇူးတင်စကားပြောခဲ့တဲ့အပြင် Eyelashesတွေကိုလည်း ဇာတ်ကားကြည့်ဖို့ ဖိတ်ခေါ်ထားပါသေးတယ်။ Kakegurui,Eren The Southpawတို့ရဲ့ မင်းသမီးလေး "Elaiza Ikeda"၊J Idolအဖွဲ့King & Prince ရဲ့ Memberတစ်ဦးဖြစ်တဲ့မင်းသား "Ren Nagase"၊ And Your Bird Can Sing (2018), It Feels So Good (2019)တို့ထဲက မင်းသား "Tasuku Emoto"တို့က ပါဝင်ထားပါတယ်။ ကမ္ဘာကြီးမှာ ရောဂါတွေအရှိန်ကောင်းဆဲကာလ စီးပွားရေးတွေဇောက်ထိုးဆင်း အလုပ်တွေပြုတ်ကြတဲ့ကာလကိုရည်ညွှန်းရိုက်ကူးထားတာမို့ "ကျွန်တော်"နဲ့ "စီနီယာ"ဇာတ်ကောင်တို့ရဲ့အတွေးရှုထောင့်ကို ခံစားမိကြလိမ့်မှာပါ။ ကျွန်တော်(ren nagase)က ဇာတိ တိုကျိုမြို့ကနေ ...
movie

The Midnight Maiden War (2022)