Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Remy O'Brien
6.2
How I Learned to Fly (2023)
IMDb 6.2 / RT 63% ရရှိထားတဲ့ဒရာမာရုပ်ရှင်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်လေးကိုကြည့်မိရင်း "အစ်ကိုကြီးတော့ အဖအရာ"တဲ့စကားလေးကိုတောင် သတိရသွားပါတယ်။ ဒန်နီရယ် နဲ့ အီလိုင်ဆိုတဲ့ အာဖရီကန်-အမေရိကန် ဆယ်ကျော်သက်ညီအစ်ကိုနှစ်ယောက်ဟာ မိဘနှစ်ယောက်ရဲ့ရုတ်တရက်စွန့်ပစ်မှုကို ခံလိုက်ကြရပါတယ်။ အစ်ကိုဖြစ်သူ ဒန်နီရယ်ဟာ အီလိုင်ကို ဖခင်တစ်ယောက်နေရာကနေ အမြဲဂရုစိုက်စောင့်ရှောက်ပေးလာခဲ့သူပါ။ အီလိုင်က ငယ်ဘ၀က မိသားစုထရော်မာတွေကြောင့် စကားက မပြောသလောက်ကို နည်းတဲ့သူတစ်ဦးပါ။ဒီလိုနဲ့ မိဘနှစ်ပါးမရှိတော့တဲ့နောက် ညီအစ်ကိုနှစ်ယောက်ဟာ အချင်းချင်းဖေးမကူညီရင်း ခက်ခဲကြမ်းတမ်းတဲ့လောကဓံကြီးကို အံတုရင်ဆိုင်ပြီး ဆက်လက်ရှင်သန်နိုင်ကြဖို့ကြိုးစားကြပါတော့တယ်။ ဒီရုပ်ရှင်လေးက တော်တော်လေးကိုနွေးထွေးတဲ့ရုပ်ရှင်လေးပါ။ ညီအစ်ကိုနှစ်ယောက်အကြားက ချစ်ခြင်းမေတ္တာသံယောဇဉ်ကို လှလှပပပုံဖော်ထားတဲ့အပြင် ဘ၀မှာ အမြဲရှောင်ပြေးနေရတဲ့ ပြောမပြနိုင်လောက်အောင် နာကျင်ခဲ့ရတဲ့ ဒဏ်ရာတွေရှိခဲ့ရင်တောင်မှ တချိန်မှာဒါတွေကို ရင်ဆိုင်လက်ခံလိုက်ပြီး ရှေ့ဆက်အသက်ရှင်ဖို့အတွက် ခွန်အားမွေးကြရမယ့်အကြောင်းကို ပြသသွားပါတယ်။ တစ်ကားလုံးမှာ ဂျက်ဇ်တေးသီချင်းတွေနဲ့ ဆိတ်ငြိမ်တဲ့ဇာတ်၀င်ခန်းတွေနဲ့အတူ လှလှပပရိုက်ကူးပုံဖော်ထားတာမလို့ ခံစားကြည့်ရှုလိုက်ကြပါဦး။ File size…(1.7 GB)/(850 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:44:00 Genre...Drama Subtitle….Myanmar Subtitle ...
movie
How I Learned to Fly (2023)
5.7
End of the World ( 2018 )
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကစပြီးတော့ Auroras ဥတ္တရအလင်းတန်းတွေကို ဝင်ရိုးစွန်းဒေသတွေတင်မှာမကဘူး ဥရောပအလယ်ပိုင်း အမေရိကန်နိုင်ငံအလယ်ပိုင်းဒေသနဲ့ ဩစတေးလျတိုက်နဲ့ နယူးဇီလန်တို့မှာပါမြင်ရလာတဲ့ Trendလေးအမီ (၂၀၁၈)ကထွက်ထားတဲ့ဒီကားလေးကိုတင်ပေးလိုက်ပါတယ်။ဒီ Auroras တွေဟာ နေပေါ်မှာဖြစ်ပေါ်တဲ့ အလွန်ပြင်းထန်တဲ့မုန်တိုင်းကြောင့်ဖြစ်လာတာဖြစ်တယ်။ ယခု (၂၀၂၄)ခုနှစ်ဟာ နှစ်(၂၀)အတွင်း အပြင်းထန်ဆုံး နေမုန်တိုင်း ကမ္ဘာကိုရိုက်ခတ်တာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ နေမုန်တိုင်းပေါက်ကွဲမှုကြောင့် ဖြစ်လာတဲ့ Corona Mass Ejection (CME)ရဲ့အားဟာအရမ်းပြင်းတဲ့အခါ ကမ္ဘာလေထုကိုပါသက်ရောက်သွားပြီး ရာသီဥတုတွေဖောက်ပြန်ကာ သဘာဝကပ်ဘေးတွေကျရောက်လာတဲ့အကြောင်းကိုရိုက်ထားတာပဲဖြစ်ပါတယ်။သိပ္ပံပညာရှင်အမေနဲ့ စစ်တပ်ထွက်အဖေတို့ဟာ သားနဲ့သမီးကို သဘာဝကပ်ဘေးကနေအစွမ်းကုန်ကြိုးစားပြီး သူရဲကောင်းဆန်ဆန်ကာကွယ်သွားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ Low Budget ကားဖြစ်လို့Effectတွေသိပ်မကောင်းလှပေမယ့် solar flares တွေ solar storms တွေအကြောင်း ဗဟုသုတတွေရပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Adventure , Science Fiction Runtime : 1h 28 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by ...
movie
End of the World ( 2018 )