Channel Myanmar

Rémy Girard

Seven Days (2010) 7 Days (Aka) Les 7 jours du talion 6.5
Seven Days (2010) 7 Days (Aka) Les 7 jours du talion 7 Days (2010) Les 7 jours du talionIMDb Rating (6.5) / Rotten Tomatoes (86%)ဒီတခါတင်ဆက်မဲ့ကားလေးက ဇကာတင်ဆု ၉ဆုထိရခဲ့တဲ့ Horror, Thriller အမျိုးအစား ပြင်သစ်စကားပြော ကနေဒီယန် ရုပ်ရှင်ကားလေးတစ်ကားပါ...ဇာတ်ကား နာမည်ကလည်း ၇ရက်တာပါတဲ့......ဒေါက်တာ ဘရူနိုဟာမယ်ဆိုတာ မိန်းမရယ် သိပ်ချစ်ရတဲ့သမီးလေးရယ်နဲ့ သာယာတဲ့ဘဝလေးတခုပိုင်ဆိုင်ထားတဲ့သူပါ......တနေ့ သူ့သမီးလေး အသက် ၉ နှစ် ပြည့်မွေးနေ့လုပ်ဖို့ ၂ပတ်အလိုမှာ သူ့သမီးလေး မွေးနေ့ပွဲဖိတ်စာဝေချင်လို့ သူ့ကိုအဖော်ခေါ်တော့ ခွဲခန်းထဲကအခုမှထွက်လာတဲ့ သူလည်း ပင်ပန်းနေတာကြောင့် မလိုက်နိုင်လို့ သူ့မိန်းမကို ပြောပေမဲ့ သူ့မိန်းကလည်း ဆရာဝန်ဆိုတော့ ရတဲ့အချိန် နှစ်ကိုယ်တူနေချင်တာကြောင့် သူလည်း မလိုက်သွားခဲ့ပါဘူး......အဲဒီလိုနဲ့ ညနေ ကျောင်းလွှတ်ချိန်ရောက်တော့ သူ့သမီးလေးရဲ့ သူငယ်ချင်းက သူ့သမီးလေး ကျောင်းမလာလို့ဆိုပြီး အိမ်စာတွေယူလာပေးတဲ့အချိန်ကျမှ သူ့သမီးလေး မုဒိန်းကျင့်အသတ်ခံလိုက်ရတယ်ဆိုတာ စုံစမ်းရင်းသိသွားခဲ့ရပါတယ်.......အဲဒီကနေမှတဆင့် လူသတ်သမားကိုလည်း ...
movie

Seven Days (2010) 7 Days (Aka) Les 7 jours du talion

Don't Watch
Blades of Glory (2007)
Blades of Glory (2007)  2007 ခုနှစ်ကထွက်ရှိထားတဲ့ Blades of Glory ဆိုတဲ့ comedy ကားလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်ရေခဲပြင်စကိတ်စီးအားကစားသမားနှစ်ယောက်ဖြစ်တဲ့ ချက်ဇ်နဲ့မက်အယ်လ်ရွိုင်းတို့ဟာ ပြိုင်ဘက်တွေဖြစ်တဲ့အလျောက်လုံးဝမတည့်ကြပါဘူး တစ်ရက်မှာ သူတို့နှစ်ယောက်ဟာဆုပေးပွဲမှာ ရွှေတံဆိပ်ဆုကိုပူးတွဲရရှိတာကြောင့် ဆုလက်ခံနေစဥ်မှာရန်ဖြစ်ခဲ့ကြပါတယ် အဲ့ဒါကြောင့်မလို့အဖွဲ့ချုပ်ကသူတို့ကိုပြိုင်ပွဲဝင်ခွင့်ရာသက်ပန်ပိတ်လိုက်ပါတယ်ဒီလိုနဲ့သုံးနှစ်ကြာအပြီးမှာ သူတို့ဟာ သူတို့ပြိုင်နေကြမဟုတ်တဲ့ နှစ်ယောက်တွဲစကိတ်စီးပြိုင်ပွဲကိုယှဥ်ပြိုင်ဖို့အသင်းဖော်တွေဖြစ်လာတဲ့အခါ "မတည့်အတူနေ"သူတို့နှစ်ယောက် ဘယ်လိုတွေရှေ့ဆက်ရမလဲ နှစ်ယောက်တွဲပြိုင်ပွဲမှာရော သူတို့အကောင်းဆုံးလုပ်နိုင်ပါ့မလား နောက်ဆုံးမှာတည့်သွားကြမလား ရွှေတံဆိပ်ဆုကိုထပ်မံရရှိဖို့အတွက်ဘယ်လိုတွေကြိုးစားသွားရမလဲ ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရမလဲဆိုတာကို ဟာသနှောပြီးရိုက်ကူးထားတာဖြစ်ပါတယ် File size…(1.9 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane 
movie

Blades of Glory (2007)

Incendies (2010) 8.3
Incendies (2010) Unnamed Middle East Countryတစ်ခုမှာဖြစ်တဲ့ ဘာသာရေးပြည်တွင်းစစ်ပွဲတစ်ခုရဲ့ရိုက်ခတ်မှုကြောင့် နာဝယ်မာဝန်ဆိုတဲ့အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ ကြုံခဲ့ရတဲ့ ဒုက္ခဆင်းရဲတွေအကြောင်းကို ဇာတ်အိမ်တည်ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ် စစ်ပွဲဆိုတာက လူတွေအပေါ် အသက်ဆုံးရှုံးစေတာထက်ပိုပြီး ပြင်းထန်နာကျင်စရာကောင်းတဲ့ ခါးသီးမှုဒုက္ခတွေပေးနိုင်ကြောင်းကို ဒီကားထဲမှာ ရှင်းရှင်းလင်းလင်းမြင်တွေ့ရမှာပါ။ ဇာတ်လမ်းအစမှာ နာဝယ်မာဝန်က သူမရဲ့သားသမီးတွေဖြစ်တဲ့ ဂျန်းမာဝန်နဲ့ဆီမွန်မာဝန် အမွှာနှစ်ယောက်လက်ထဲကို သူမရဲ့သေတမ်းစာကနေတစ်ဆင့် စာနှစ်စောင်ထားရှိခဲ့တယ်။ တစ်စောင်က စစ်ပွဲမှာသေဆုံးသွားပြီလို့ အမွှာနှစ်ယောက်သိထားတဲ့ သူတို့ရဲ့အဖေက သက်ရှိထင်ရှားရှိနေတာကိုသိရပြီး အဖေကိုလိုက်ရှာပြီး ပို့ပေးရမယ့်စာဖြစ်နေတယ်။ နောက်တစ်စောင်ကတော့ တစ်ခါမှမသိခဲ့ဖူးတဲ့ သူတို့ရဲ့ သွေးသားရင်းအစ်ကိုတစ်ယောက်ကို လိုက်ရှာပြီးပို့ပေးရမယ့်စာပေါ့။ ဒီလိုနဲ့ အမွှာနှစ်ယောက်က သူတို့အမေရဲ့အတိတ်ကိုတူးဖော်ရင်း တဖြည်းဖြည်းနဲ့သိလာခဲ့ရတာတွေက ဘာတွေဖြစ်မလဲဆိုတာကို ဇာတ်ကားထဲမှာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဇာတ်ကားကြည့်ပြီးရင် စိတ်ထဲမှာလေးနေမှာတော့ သေချာပါတယ်။ ဇာတ်ကားထဲက နာဝယ်မာဝန်က လူတစ်ယောက်ဆီမှာ ကြုံရနိုင်တဲ့ဒုက္ခကိုမှ အပြင်းထန်ဆုံးlimitအထိရရှိသွားတဲ့ သူတစ်ဦးမို့လို့ ဇာတ်ကားကြည့်ပြီးရင် စိတ်ထဲတော်တော်လေးနေပါလိမ့်မယ်။ ခါးသီးမှုတွေနဲ့ကျင့်သားမရဖူးသေးတဲ့သူဆိုရင် ကြည့်မိရင် စိတ်ဒဏ်ရာရသွားနိုင်တဲ့ကားမို့လို့ ကြိုချင့်ချိန်ပြီးမှကြည့်ဖို့ ကြိုမှာချင်ပါတယ်နော်။File size…(2 GB)/(1 ...
movie

Incendies (2010)

Bones of Crows (2023) 6.4
Bones of Crows (2023) Bones of Corws (2022)(RT 94% , IMDb 6.6 )ကနေဒါ‌‌မြေဟာ လူဖြူတွေမကြီးစိုးခင် ကနေဒါနိုင်ငံရယ်လို့ မဖြစ်လာခင်ကတည်းက ဌာနေတိုင်းရင်းသားတွေက နေထိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဥရောပသားတွေ ရောက်ရှိလာပြီး နောက်မှာတော့ ဥရောပပုံစံ ဖြစ်လာအောင်၊ သူတို့အုပ်ချုပ်မှုအောက်ထဲ ခိုဝင်လာအောင် လူဖြူတွေက မျိုးစုံကြံစည်ခဲ့ကြတာ အများအသိပါ။ ဒါတွေဟာ လွန်ခဲ့တဲ့ နှစ် 200၊ 300လောက်က ဖြစ်ခဲ့တာလို့ ထင်ရင် မှားပါမယ်။ ကနေဒါမှာ ဒီလို လူမျိုးစုတွေအပေါ် ဥပဒေကို အသုံးပြုပြီး နိုင်ထက်စီးနင်းပြုလုပ်ခဲ့မှုတွေဟာ 1990ဝန်းကျင်အထိ ရှိခဲ့ပါတယ်။ Bones of Crowsက‌‌ေတာ့ ဒီနည်းတွေထဲက တစ်ခုအပေါ် အခြေခံလို့ ရိုက်ကူးထားပါတယ်။တိုင်းရင်းသားကလေးငယ်လေးတွေကို မူကြိုကျောင်းနေအရွယ်ကစလို့ မိဘရင်ခွင်ထဲကနေ ဥပဒေအရ ဆွဲခေါ်ပြီး ခရစ်ယာန်ဘုန်းတော်ကြီးတွေ ဦးစီးတဲ့ အဆောင်နေကျောင်းတွေဆီသို့ ပို့ဆောင်ပစ်ခဲ့ကြပါတယ်။ ကျောင်းကိုဦးစီးတဲ့ ဘုန်းကြီး သီလရှင်တွေဟာ ကလေးသူငယ်များကို ရည်ရွယ်ချက်ရှိရှိ အစာအာဟာရ မပြည့်ဝအောင် ကျွေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ထိလက်ရောက်အပြင် ...
movie

Bones of Crows (2023)

2023
Father and Guns (2009)
Father and Guns (2009) Father and Guns (2009) ================== IMDb rating ~ 6.6/10 1 Win and 5 Nominationsရှားရှားပါးပါး ပြင်သစ်စကားပြော ကနေဒီ ဟာသ ဇာတ်ကား ကောင်းလေးပါ။ဂျာ့ခ် နဲ့ မာ့ခ်ဆိုတဲ့ သားအဖ နှစ်ယောက်ရှိပါတယ်။ နှစ်ယောက်လုံး ရဲတွေဖြစ်ပြီး တွေ့တာနဲ့ ရန်ဖြစ်ကြတဲ့ တစောင်းဆေးနဲ့ မျက်ချေးလို သားအဖပါ။ သူတို့လိုက်နေတဲ့ လူဆိုးဂိုဏ်းရဲ့ အကျိုးတော်ဆောင် ရှေ့နေချားစ်မှာလည်း depression ဝင်ပြီး သတ်သေဖို့ လုပ်နေတဲ့ သားတစ်ယောက် ရှိပါတယ်။ချားစ်ရဲ့ မိန်းမက သူတို့သား ဒီလိုဖြစ်ရတာ သားအဖနှစ်ယောက် မတည့်လို့ဆိုပြီး စိတ်ရောဂါကု ဆရာဝန် ဂစ်ဘတ်ဦးဆောင်တဲ့ “သားအဖ ပြန်လည်သင့်မြတ်ရေး” ခရီးစဉ်မှာ လိုက်ပါဖို့ စာရင်းပေး လိုက်ပါတော့တယ်။ လူမိုက်ဂိုဏ်းရဲ့ အကျိုးတော်ဆောင်ရှေ့နေကြီး ဖြစ်ပေမဲ့ မိန်းမစကားဆို မြေဝယ်မကျ နားထောင်ရတဲ့ ချားစ်လည်း အဓွန့်မတက်ရဲဘဲ ခရီးထွက်ဖို့ပြင်ရပါတော့တယ်။လူဆိုးဂိုဏ်းကို လက်ရဖမ်းနိုင်ဖို့အတွက် ချားစ်ရဲ့ ထွက်ဆိုချက်ကို အပူတပြင်းလိုအပ်နေတဲ့ ဂျာ့ခ်တို့ သားအဖလည်း အဲဒီသတင်း ကြား ပြီးတဲ့နောက် “သားအဖ ပြန်လည်သင့်မြတ်ရေး”ခရီးစဉ်မှာ လိုက်ပါပြီး ချားစ်နဲ့ ...
movie

Father and Guns (2009)

Incendies (2011) 8.2
Incendies (2011)   နော်ဝယ်မာဝမ်ဆိုတဲ့အရှေ့အလယ်ပိုင်းသူ က သူမသေဆုံးခင် သေတမ်းစာရေးခဲ့ပါတယ်သူ့သေတမ်းစာကို သူ့အလုပ်ရှင်ရှေ့နေကြီးဆီမှာပဲယုံကြည်စွာအပ်နှံခဲ့ပါတယ် သူမသေဆုံးသွားပြီးတဲ့နောက်မှာတော့ ရှေ့နေကြီးက သူရဲ့ သားသမီးဖြစ်တဲ့ အမွှာမောင်နှမ၂ယောက်ရှေ့မှာပဲဖွင့်ဖတ်ပြခဲ့ပါတယ် သူရေးခဲ့တဲ့သေတမ်းစာကသူများတွေသေတမ်းစာနဲ့မတူ တမူထူးခြား နေပါတယ် ထူးခြားတဲ့တောင်းဆိုချက်တွေထဲမှာမှ သမီးဖြစ်သူဂျန်မာဝမ်အတွက် စာအိတ်တစ်အိတ်ပေးပြီး အဖေဖြစ်သူကိုရှာပြီး အဲ့စာအိတ်လေးပေးပေးဖို့တောင်းဆိုခဲ့သလို သားဖြစ်သူ စီမွန်မာဝမ်ကိုတော့ သူ့ရဲ့နောက်ထပ်အစ်ကိုဖြစ်သူကိုရှာပြီး ပေးဖို့ စာအိတ်တစ်အိတ်ပေးခဲ့ပါတယ် သားအမိ၃ယောက်ထဲနေခဲ့ပြီးမှ အဖေနဲ့နောက်ထပ်အစ်ကိုလုပ်သူကို ရှာရတော့မယ်ဆိုတော့အကုန်လုံးကလက်မခံနိုင်စရာတွေဖြစ်ခဲ့ပါတယ် သို့သော်လဲ သင်္ချာပညာရှင် ဂျန်မာဝမ်ကပုစ္ဆာတစ်ခုကိုအရှင်းဆုံးပုံစံထိ အဖြေရှာတတ်တဲ့သူဖြစ်တာကြောင့်မောင်လုပ်သူတားနေတဲ့ ကြားက သူ့တာဝန်ဖြစ်တဲ့ အဖေဖြစ်သူကိုရှာပြီးစာအိတ်ပေးဖို့ ခရီးစထွက်ပါတော့တယ် အဖေဖြစ်သူကိုရှာဖို့က အမေရဲ့အတိတ်ကို မလွှဲအသေပြန် တူးဖော်ရတော့မှာဖြစ်ပြီး သူ့အမေရဲ့အတိတ်တွေကို သူတို့မောင်နှမတွေ သိလာရတဲ့အခါမှာတော့.. IMDb 8.2/10ရထားတဲ့ ဒီကားလေးက အေးအေးဆေးဆေးဇာတ်လမ်းကိုကြည့်ချင်တဲ့သူတွေ အကြိုက်ဖြစ်မှာပါ ကျွန်တော်ကိုယ်တိုင်ကြည့်ပြီးတဲ့ အခါရင်ထဲစို့နင့်သလိုလို ခံစားရပါတယ် အင်္ဂလိပ် ပြင်သစ်နဲ့ အာရေဗီဘာသာစကားသုံးထားတဲ့ဒီကားလေးက အကောင်းဆုံးနိုင်ငံခြားဘာသာစကားသုံး ဇာတ်ကားအနေနဲ့ အကယ်ဒမီဆန်ကာတင် စာရင်းဝင်ခဲ့ပါတယ်... ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားတာကတော့ CM Translator  Wai Zin ဖြစ်ပြီး Thit San Khant မှ တင်ဆက်ပေးထားပါတယ်  
movie

Incendies (2011)

2010