Channel Myanmar

Reiley McClendon

Time Trap (2017) 6.2
Time Trap (2017)  ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၁၇ ခုနှစ်ထွက် science fiction အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်။ Director နဲ့ producer ဆုနှစ်ခုရရှိထားပြီ ဇကာတင်ဆုတစ်ခုရရှိထားပါတယ်။ဇာတ်လမ်းအကြောင်းကတော့ ဇာတ်ကားနာမည်အတိုင်းပါပဲ...အချိန်ကာလတစ်ခုထဲမှာပိတ်မိသွားတာပါ။ ဇာတ်ကားစစချင်းမှာပဲ ပရော်ဖက်ဆာဟော်ပါဆိုသူက ပျောက်ဆုံးနေတဲ့ဟစ်ပီမျိုးနွယ်စုတွေကိုလိုက်ရှာဖို့ လှိုဏ်ဂူတစ်ခုထဲကိုဝင်ဖို့အကြောင်းဖန်လာပါတယ်။ထိုဟစ်ပီလူမျိုးများက နုပျိုခြင်းရေတံခွန်ကိုလိုက်ရှာရင်း‌ပျောက်ဆုံးသွားကြတာပါ။ ပရော်ဖက်ဆာဟော်ပါကပြန်မရောက်လာတဲ့အခါမှာ သူ့ရဲ့ကျောင်းသားတွေဖြစ်တဲ့ တေလာနဲ့ဂျက်ကီကပရော်ဖက်ဆာဟော်ပါနောက်ကိုလိုက်ဖို့ပြင်ကြပါတယ်။သူတို့နဲ့အတူ ကယ်ရာ၊ဗီးစ် နဲ့ ဖာဘီတို့သုံးယောက်ကိုလည်းခေါ်သွားပါတယ်။ ပရော်ဖက်ဆာဂော်ပါဝင်သွားတဲ့ လှိုဏ်ဂူကိုရောက်တဲ့အခါမှာ ဖာဘီကိုအပြင်မှာစောင့်ခိုင်းခဲ့ရင်း သူတို့လေးယောက်လည်းလှိုဏ်ဂူထဲကိုလိုက်ဝင်သွားပါတယ်။ လှိုဏ်ဂူက အောက်ခြေကိုကြိုးနဲ့ဆင်းရပါတယ်။ လှိုဏ်ဂူထဲမှာအော်ဟစ်သံလိုမျိုးကြားလို့ ပြန်တက်ဖို့လုပ်တဲ့အခါမှာ ကြိုးတွေအကုန်လုံးကပြတ်ကျကုန်ကျပါတယ်။အဲဒါကိုသူတို့က အပေါ်မှာကျန်နေခဲ့တဲ့ ဖာဘီသူတို့ကိုစနောက်တယ်ထင်ပြီး ပါလာခဲ့တဲ့ရေဒီယိုနဲ့ဖာဘီကိုဆက်သွယ်ဖို့ကြိုးစားတဲ့အခါမှာ ဖာဘီရဲ့အသံမဟုတ်ပဲ အခြားလူတစ်ယောက်ရဲ့ အသံနဲ့ "ကယ်ပါ" ဆိုပြီးပေါ်ထွက်လာပါတော့တယ်.... ဘာဖြစ်လို့ကြိုးတွေကပြတ်သွားရတာလဲ၊ ဖာဘီကရောဘယ်ရောက်သွားလဲ၊ အချိန်စီးဆင်းမှုထဲပိတ်မိသွားဆိုတာကရောဘယ်လိုလဲ၊ ဘယ်လိုစွန့်စားခန်းတွေကြုံတွေ့ရမလဲဆိုတာ ဆက်လက်ခံစားကြည့်ကြပါခင်ဗျာ.... File size…(1.4 GB)/(760 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:27:00 Genre... Action, Adventure, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by AKM
movie

Time Trap (2017)

Shangri-La Suite (2016) 5.1
Shangri-La Suite (2016) Kill the King (0r) Shangri-La Suite (2016) =============================ဂျက်ဘလူးဘလဒ်ဟာ ကံဆိုးတဲ့ဂေါက်ဘဲတစ်ပွေပဲ။ မိခင်ဟာ မီးတွင်း ထဲမှာပဲဆုံးပါးခဲ့တယ်။ အဲဒီအတွက်သူ့ကို ခွင့်မလွှတ်နိုင်တဲ့အဖေနဲ့ ကြီး ပြင်းခဲ့ရတယ်။ ငယ်စဉ်တောင်ကျေးထဲက ဖခင်ရဲ့အငြိုးကြီးစွာနဲ့ရိုက်နှက် မှုကိုခံရင်း အရွယ်ရောက်ခဲ့ပေါ့။ ရော့အင်ရိုးလောကရဲ့ဘုရင်တစ်ပါးလို့ တင်စားကြတဲ့ အဲလ်ဗစ်ပရတ်စလေ(Elvis Presley) ဟာသူ့ဘဝရဲ့ကိုး ကွယ်ရာဖြစ်ခဲ့တယ်။ အထီးကျန်ညတွေကို အဲလ်ဗစ်သီချင်းတွေနားထောင် ရင်းကျော်ဖြတ်ခဲ့ရ။ နောက်ပိုင်းအရွယ်ရောက်လာတော့ ဆေးစွဲပြီး ဆေး ဖြတ်ခန်းကိုပို့ခံခဲ့ရတယ်။ အဲလ်ဗစ်ကိုလည်း ခင်ဗျားတော့ လိုင်းကြောင် နေပြီဘာညာရေရွတ်လို့ပေါ့။ အဆိုပါ ဆေးဖြတ်ခန်းမှာပဲ သူဟာ ကယ်ရင် ဘဒ် ဆိုတဲ့ မိန်းမချော လေးနဲ့တွေ့ဆုံချစ်ကျွမ်းဝင်ခဲ့တယ်။ နောက်တော့ နှစ် ယောက်သား အတူတူထွက်ပြေးပြီး အဲလ်ဗစ်ပရတ်စလေကို လုပ်ကြံသတ် ဖြတ်ဖို့ခရီးနှင်ခဲ့ကြတယ်။ ဇာတ်လမ်းကတော့ဒါပါပဲ။၁၉၇၄ နွေရာသီ၊ ကိုယ်စီကိုယ်စီအိပ်မက်တွေနဲ့ ချစ်သူနှစ်ယောက်၊ ဂေါက် ဘဲရဲ့ဘဝရည်မှန်းချက်ကရှင်းရှင်းလေး အဲလ်ဗစ်ကိုသတ်မယ်။ ဒီဇာတ်လမ်းမှာ ကောင်မလေးအကြောင်းလည်းနည်းနည်းထည့်ပြောရလိမ့်မယ်။ သူနေထိုင်တဲ့ လူ့အဖွဲ့စည်းကို စိတ်ကုန်နေတဲ့အမျိုးသမီးငယ်တစ်ယောက်။ ကောင်းကောင်း မွန်မွန်ကြီးပြင်းခဲ့ပေမယ့် မိသားစုနဲ့အစေးမကပ်သူ။ ကဗျာတွေရေးတယ်။ သူများတွေမတွေးမိတာတွေတွေးပြီး ငေးချင်ငေးမယ်။ ရှင်သန်ခြင်းအပေါ်မှာ တုံဏိဘာဝေဖြစ်နေသူ။ ဂျက်နဲ့တွေ့တော့ ဂျက်ရဲ့စောက်ဂရုမစိုက်တဲ့ အထာတွေ၊ ကမူးရှူးထိုးပုံစံတွေ၊ ထီမထင်တဲ့ပြောပေါက်တွေဟာ သူမကိုကိုင်လှုပ်လိုက်သလို ဖြစ်သွားတယ်။ အဲဒီမှာ ...
movie

Shangri-La Suite (2016)

2016
Pearl Harbor (2001) 6.2
Pearl Harbor (2001) Pearl Harbor 2001 ==================== ၁၉၄၁ ခုနှစ်က အမေရိကန်နိုင်ငံ၊ပုလဲဆိပ်ကမ်းကိုဂျပန်တွေလာရောက်တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်မှန်အပေါ်မူတည်ပြီးရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ဆိုပေမယ့်အဓိကဇာတ်ကောင်တွေကတော့စိတ်ကူးယဥ်သာဖြစ်ပြီးအချစ်ဇာတ်လမ်းအပိုင်းပါထည့် သွင်းထားတာဖြစ်ပါတယ်။ ရေ့ဖ်နဲ့ဒန်နီဟာ ငယ်စဥ်ကတည်းကအချစ်ဆုံးသူငယ်ချင်းတွေဖြစ်ပြီး အမေရိကန်လေတပ်ပိုင်းလော့တွေလည်းဖြစ်ကြပါတယ်။ ရေ့ဖ်ဟာ အက်ဗလင်း ဆိုတဲ့ စစ်သူနာပြုနဲ့ချစ်ကြိုက်ပြီးနောက် ဥရောပမှာဖြစ်ပွားနေတဲ့ဒုတိယကမ္ဘာစစ်အတွက် ဗြိတိန်ဘက်မှဝင်တိုက်ပေးဖို့အခွင့်အရေးကိုရရှိသောအခါလက်လွှတ်မခံနိုင်၍ ချစ်သူအက်ဗလင်းကိုနှုတ်ဆက်ကာ အင်္ဂလန်သို့ထွက်သွားပါတော့တယ်။ ရေ့ဖ်တစ်ယောက် အင်္ဂလန်မှာဂျာမန်တွေကိုတိုက်ခိုက်နေချိန်မှာ အင်အားနည်းနေတဲ့ပုလဲဆိပ်ကမ်းကို ထင်မှတ်မထားတဲ့အန္တရာယ်ကြီးကျရောက်လာပါတော့တယ်။ ဒီဇာတ်လမ်းကိုရိုက်ကူးခဲ့တဲ့ဒါရိုက်တာဟာ Transformers ဇာတ်လမ်းတွေနဲ့နာမည်ကြီးခဲ့တဲ့ Michael Bay ဖြစ်တာမို့သူ့ရဲ့အက်ရှင်ပေါက်ကွဲမှုလက်ရာတွေကိုဇာတ်လမ်းတစ်လျှောက် အားရပါးရမြင်တွေ့ရမှာပါ။ အက်ရှင်ကားကြမ်းကြမ်းကြိုက်သူတွေ၊ စစ်ဇာတ်လမ်းကြိုက်သူတွေ၊ ဒါရိုက်တာ Michael Bay ရဲ့လက်ရာတွေကြိုက်သူတွေအဖို့တော့ ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ Translated by : Pyi T Nyein Encoded by : YK Quality : 1080p blueray and 720p
movie

Pearl Harbor (2001)

2001
Tell Me How I Die (2016) 5.0
Tell Me How I Die (2016) ဆေးဝါးအသစ်ထွင်ရင် ကြွက်ဖြူလေးတွေနဲ့စမ်းသပ်တယ် နောက်ယုန်တွေ နောက်မှ လူတွေပေါ့ ဒီဇာတ်ကားမှာလဲ ဆေးဝါးတစ်ခုဖော်စပ်တာကနေစပါတယ် သူတို့ဖော်စပ်တဲ့ဆေးက လူသားတွေပျော်ရွှင်စရာမှတ်ဥာဏ်တွေကိုပြန် သတိရချင်တိုင်း သတိရစေမယ့်ဆေးပါ သူတို့အယူအဆက လူတွေက ပျော်စရာမှတ်ဥာဏ်တွေပြန်တွေးတဲ့အခါ စိတ်က နုသွားတတ်တယ် စိတ်ပျိုတော့ ကိုယ်နုဆိုသလိုသက်တမ်းကို ပိုရှည်စေပါတယ်တဲ့ သို့သော်လဲ ဒီဆေးကိုစမ်းသပ်ဆဲကာလာဖြစ်နေပြီ အပေါ်ကပြောခဲ့သလို လူတွေနဲ့စမ်းသပ်တာမှာ အနည်းငယ်ကြန့်ကြာမှုလေးတွေဖြစ်ပေါ်နေပါတယ် ဒါပေမယ့်လဲ ဒေါက်တာ ဂျယ်ရန်တို့အဖွဲ့ ဆက်လက်လုပ်ဆောင်နေပါတယ် စမ်းသပ်ခံမယ့်သူတွေကို ကြေးကြီးပေးပြီး စမ်းသပ်ခံဖို့ဆွဲဆောင်နေပါတယ် အန်နာကကျောင်းတက်ဖို့ပိုက်ဆံရှာနေသူဖြစ်ပြီး သူမအနေနဲ့ အရင်အလုပ်ရှင်ကိုလဲပြန်မတောင်းပန်ချင်တဲ့အခါ သူ့သူငယ်ချင်းပြတဲ့ အဆိုပါ စမ်းသပ်ခံ လုပ်အားပေးကိုလုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ် သူ့လိုပဲ ကျောင်းသားတွေ လူရွယ်တွေလာရောက်အစမ်းသပ်ခံတာကိုတွေ့ခဲ့ပါတယ် စမ်းသပ်ခံပြီးနောက်မှာတော့ သူတို့ကိုထိုးပေးခဲ့တဲ့ဆေးက ဘေးထွက်ဆိုးကျိုးတွေရှီလာပါတယ် အချိန်ရဲ့ ကမောက်ကမဖြစ်စဉ်တွေကိုခံစားရပြီး အတိတ် လက်ရှိနဲ့ အနာဂတ်တွေကို ရောထွေးလာတာကိုခံစားရပါတယ် အန်နာဆို သေမယ့်လူတွေကိုကြိုမြင်လာတာပါ ဒီတော့ ဘယ်သူတွေက ဘယ်လိုသေမယ်ဆိုတာသိနေတဲ့ အန်နာတစ်ယောက် စမ်းသပ်တဲ့ နေရာကနေလွတ်ဖို့ကြိုးစားပါတော့တယ် အဲ့အချိန်မှာပဲ သူမြင်တဲ့သေတဲ့ အမြင်တွေဟာ တစ်စုံတစ်ယောက်ကလိုက်သတ်နေတာကိုသိလာတဲ့အချိန်မှာတော့... စိတ်ဝင်စားစရာအပြည့်နဲ့ Tell Me How I Dieက ကြည့်ရကျိုးနပ်စေမှာပါ
movie

Tell Me How I Die (2016)

2016