Channel Myanmar

Reihan Heidari

The Wind Will Carry Us (1999) 7.4
The Wind Will Carry Us (1999) The Wind Will Carry Us (1999)~ IMDb - 7.4/10, Rotten Tomatoes - 97% ~Abbas က ဝတ္တုတွေထက် ကဗျာတွေက ခံစားချက်အပေါ် သက်ရောက်မှုပိုများတယ်လို့ ယုံတဲ့လူမျိုးပဲ။ The Wind Will Carry Us ဆိုတဲ့ နာမည်ရော ဒီကားထဲက ကဗျာစာသားတွေကိုရော သူက ကဗျာတစ်ပုဒ်ကနေ ယူသုံးထားတယ်။ Poetic Cinema ဟာ ဇာတ်ကြောင်းပြောရုံသက်သက်ရုပ်ရှင်တွေထက် ခေတ်ရဲ့တိုက်စားမှုကို ခံနိုင်မယ်လို့ သူက ယုံခဲ့တယ်။ သူ့အိမ်က စာကြည့်ခန်းထဲမှာဆိုလည်း ဝတ္တုစာအုပ်တွေဟာ အသစ်ကျပ်ချွတ်လိုကိုဖြစ်နေတယ်တဲ့။ ဝတ္တုတွေကို သူတစ်ခါလောက်ပဲဖတ်ပြီး ဂျောင်ထိုးထားတာမလို့လို့ပြောတယ်။ သူ့ကဗျာစာအုပ်တွေဆို သူထပ်ခါထပ်ခါ ဖတ်လွန်းလို့ ထောင့်ဘက်တွေဆို ပြုတ်ထွက်နေပြီတဲ့။"ကဗျာက ကိုယ့်ဆီကနေ အမြဲထွက်ပြေးနေတယ်။ ဖမ်းဆုပ်ဖို့ ခက်တယ်။ ဖတ်လိုက်တိုင်း ကိုယ့်စိတ်အခြေအနေကိုမူတည်ပြီး ဖမ်းဆုပ်မိတဲ့အရာက တူမှာမဟုတ်ဘူး။ ...
movie

The Wind Will Carry Us (1999)

1999