Channel Myanmar

Reece Shearsmith

See How They Run (2022) 6.6
See How They Run (2022) ဒီရုပ်ရှင်ကတော့ လူသတ်သမားကိုဖော်ရတဲ့ ပဟေဠိအမျိုးအစားပါပဲ။ ဒါပေမဲ့ ဟာသနဲ့ရောစပ်ထားတာမို့ တစ်မျိုးဆန်းပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ထုံးစံအတိုင်းပါပဲ အဆောက်အဦတစ်ခုထဲမှာ လူတွေ စုနေတဲ့အချိန် လူတစ်ယောက်အသတ်ခံရမယ်၊ သံသယဖြစ်စရာလူတွေရှိမယ်၊ ဝါရင့်စုံထောက်တစ်ယောက်ပါမယ်၊ နောက်ဆုံးမှာမထင်ရဆုံးတစ်ယောက်က တရားခံဖြစ်နေမယ် ဒါမျိုးပေါ့။ဒီရုပ်ရှင်ထဲမှာတော့ အဓိကနေရာကလန်ဒန်က ပြဇာတ်ရုံကြီးတစ်ခုပါပဲ။ အဲဒီမှာ အက်ဂ်သာခရစ္စတင်းရဲ့ ကြွက်ထောင်ချောက်ဆိုတဲ့ ပြဇာတ်ကိုကပြနေပါတယ်။ လူသတ်ပဟေဠိပြဇာတ်အမျိုးအစားဖြစ်ပြီး အရမ်းအောင်မြင်နေတာကြောင့် အခါ ၁၀၀ လောက် ပြန်ကပြနေရပါတယ်။အဲဒီပြဇာတ်ရုံကိုပဲ ဒီပြဇာတ်ကို ရုပ်ရှင်ရိုက်ချင်လို့ ရောက်လာတဲ့ အမေရိကန် ဒါရိုက်တာနဲ့ပရိုဂျူဆာတစ်ယောက်ရောက်လာပါတယ်။ အဲဒီမှာ ပြဇာတ် စာရေးဆရာမ၊ ဇာတ်ညွှန်းဆရာ၊ မင်းသား စသည်ဖြင့် လူမျိုးစုံလည်းရှိနေတဲ့အချိန်မှာ အဲဒီအထဲက လူတစ်ယောက် အသတ်ခံလိုက်ရပါတယ်။ အဲဒီအမှုကိုတော့ စုံထောက်ကြီး စတော့ပတ်နဲ့ ရဲမေ ကော့တာ တို့က လာပြီးစုံစမ်းကြတဲ့အခါ ဘာတလွဲတွေဖြစ် ဘာအတည်ပေါက်တွေဖြစ်ကြမလဲဆိုတာ ဆက်ကြည့်ရမှာပါပဲ...ဗြိတိန်လေသံနဲ့ ဗြိတိန်ဟာသတွေပါတော့ တမျိုးလည်းခံစားလို့ကောင်းမှာပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mr.Anderson ပါ။ )File Size__(GB) ...
movie

See How They Run (2022)

Venom: Let There Be Carnage (2021) 6.3
Venom: Let There Be Carnage (2021) Venom: Let There Be Carnage (2021)==========================IMDb Rating - 6.3/10Venom 2 WebDL video quality, sound quality ကောင်းကောင်းနဲ့ Digital Released ထွက်လာပြီမို့ . update လုပ်ပြီးတင်ဆက်ပေးလိုက်ပါပြီ။Venom ဒုတိယကားမှာလည်း အက်ဒီ နဲ့ ဗယ်နွန်က မတည့်အတူနေပါပဲ။ ငြင်းလိုက်ခုန်လို့ ရန်ဖြစ်လိုက်နဲ့ လူဆိုးတွေနဲ့ ချနေဆဲပါပဲ။ကလိတပ်ဆိုတဲ့ စိတ္တဇလူသတ်သမားဆီကို အနီရောင် ကပ်ပါးကောင် ကာနေ့ဂျ် ရောက်သွားပြီ ထောင်ကနေ လွတ်မြောက်သွားပါတယ်။ကလိတပ်က သူ့ရဲ့ချစ်သူကိုပါ ထောင်ထဲက ကယ်ထုတ်ပြီး အက်ဒီ နဲ့ဗယ်နွန်ကို ကလဲ့စားချေဖို့ လိုက်လာတဲ့အခါ.....အဆက်အစပ်ရှိချင်ရင်တော့ CM မှာတင်ပေးထားတဲ့ Venom 1 ကိုကြည့်လို့ရပါတယ်။ နောက်ပြီးတော့ Venom-2 ရဲ့ အဆုံးမှာစပိုက်ဒါမန်း နဲ့ ဆက်စပ်မယ့် တစ်ခန်းပါသေးတာမို့ သေချာလေး ရှာကြည့်လိုက်ပါဦးနော်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ...
movie

Venom: Let There Be Carnage (2021)

2021
4K HEVC Web-DL
In the Earth (2021) 5.2
In the Earth (2021)  In The Earth (2021) ============== Rotten Tomatoes Ciritic Rating - 79%High Riseတို့ Free Fireတို့ Rebecca ( 2021)တို့ရဲ့ ဒါရိုက်တာ Ben Wheatleyကရိုက်ထားတဲ့ကား။ Rotten Ratingနဲ့ Metacritic Rating အရတော့ အလယ်အလတ်အဆင့်ကားလို့ဆိုလို့ရတယ်။ လန်ပျံနေအောင် ကောင်းမနေဘူး။ သို့ပေမဲ့ ကြည့်ပျော်တယ်။ပြဿနာက Genres, Horrorလို့အမည်ခံထားပေမဲ့ Thrillerအဆင့်လောက်ပဲရှိမယ်။ Mysteryဘက်လည်း တော်တော်သွားတယ်။ Horrorကားအလန်းတစ်ကားဖြစ်တော့မလိုနဲ့ အလယ်လောက်ပြုတ်ကျသွားတဲ့ ဒီရုပ်ရှင်ရဲ့ အဓိကအားနည်းချက်ကတော့ လူနားမလည်အောင် အဆန်းကြီးဖြစ်အောင်လုပ်ချင်ဇောကြီးပြီး ဟိတ်ဟန်များသွားတာကြောင့်လို့ပဲ ယူဆလို့ရတယ်။ "Plot"ဇာတ်လမ်းအစအဆုံးကို သစ်တောတစ်ခုမှာ ဇာတ်အိမ်တည်ထားတယ်။ သစ်တောထဲမှာ ဘာမှန်းမသိတဲ့အရာကြီးတစ်ခုရှိနေတယ်။ အဲဒီဘာမှန်းမသိတဲ့အရာကြီးနဲ့ ဆက်သွယ်ဖို့ သိပ္ပံပညာရှင်တစ်ယောက်က ကြိုးစားခဲ့တယ်။ သိပ္ပံပညာလိုလို မှော်လိုလို ဟို‌လိုလိုဒီလိုလို နည်းတွေနဲ့ပေါ့ ။ သူ့နည်းတွေကို သူလည်း ဘာမှန်းတော့သေချာတော့သိပုံမရဘူး။ ဒီလိုနဲ့ သစ်တောကြီးက သူ့ကို ပြန်ထွက်လို့မရအောင် လုပ်ထားသလိုလို သူကပဲမထွက်ချင်သလိုလိုနဲ့ ဘာမှန်းမသိရဘဲ ပြင်ပကလူတွေနဲ့ အဆက်အသွယ် ပြတ်သွားတယ်။ ဘာမှန်းမသိပျောက်သွားတဲ့ သူ့ကိုရှာဖို့ ဘာမှန်းမသိဘဲရောက်လာတဲ့ လူတစ်ယောက်က ဘာမှန်းသေချာမသိဘဲပါလာတဲ့ တောထိန်းတစ်ယောက်နဲ့အတူ ...
movie

In the Earth (2021)

High-Rise (2015) 5.6
High-Rise (2015) High-Rise (2015)IMDb - 5.6/10_____Rotten - 60%    "စကြဝဠာနဲ့ လူတွေရဲ့ ရူးသွပ်မှုသာ အဆုံးမဲ့ဖြစ်တယ်။ အရှေ့ကတစ်ခုကတော့ ကျွန်တော် မသေချာဘူး" လို့ ၂၀ ရာစုရဲ့ အကြီးကျယ်ဆုံး သိပ္ပံပညာရှင်လို့ သမုဒ်ခံထားရတဲ့ Albert Einstein ကပြောခဲ့ပါတယ်။ လောဘကြောင့် ဒေါသကြောင့့်မောဟကြောင့် လူတွေ ရူးသွပ်နေကြပါတယ်။ Thor ဇာတ်ကားတွေထဲမှာ Loki အဖြစ်တွေ့ရတဲ့ Tom Hiddleton ကို High Rise (2015) မှာတော့ သူ့ရဲ့ရူးသွပ်မှုကို ရိုးရိုးရှင်းရှင်းလေး ခံယူလိုက်တဲ့ Dr. Laing အဖြစ်တွေ့ရမှာပါ။ Tom ရဲ့ သရုပ်ဆောင်စွမ်းရည်ကို ဒီဇာတ်ကားမှာ ထင်ထင်ရှားရှားတွေ့နိုင်မှာပါ။ ဆိုးဆိုးရွားရွား ရူးသွပ်သူတွေကြားမှာ ပုံမှန်ရူးသွပ်သူက ဆိုးရွားသူတစ်ယောက်ဖြစ်နေတတ်တာကို Dracula:Untold မင်းသား Luke Evans က Richard Wilder နေရာကနေသရုပ်ဆောင်ပြသွားပါတယ်။ Free will ဆိုတဲ့ လွတ်လပ်တဲ့ စိတ်ထားမှာ သန့်ရှင်းမှု တရားမျှတမှု ကောင်းမှု မကောင်းမှုတွေ ဆိုတာရှိဖို့မလိုပါဘူးဆိုတာ ဒီဇာတ်ကားမှာ ခပ်ကြမ်းကြမ်းလေးပြပေးထားပါတယ်။ လွတ်လပ်တဲ့ စိတ်ထားရှိသူတွေကို အာဏာရှင်တစ်ယောက်က မအုပ်ချုပ်နိုင်ဘူးဆိုတာရောပေါ့။ ဇာတ်လမ်းအကျဉ်းကတော့ ဦးနှောက်ခွဲစိတ်ဆရာဝန် Laing တစ်ယောက် ...
movie

High-Rise (2015)

2015