Channel Myanmar

Rebecca Robles

Old Flame (2022) 5.5
Old Flame (2022)  ဒီဇာတ်ကားက ပုံမှန်ကြည့်နေကြ ဇာတ်ကားတွေလိုမဟုတ်ပဲနဲ့တစ်မူထူးခြားနေတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ဘယ်လိုထူးခြားတာလဲဆိုရင် ဇာတ်ကားတစ်ကားလုံးမှာသရုပ်ဆောင်တွေ အများကြီးမပါဝင်ပဲ နှစ်ယောက်ပဲပါဝင်တဲ့အပြင်ဇာတ်ဝင်ခန်းတွေအများကြီးမပါပဲ သုံးခန်းပဲ ပါဝင်တာဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ကယ်လ်ဗင်ဆိုတဲ့ လူတစ်ယောက်ကကျောင်းသားဟောင်းပြန်လည်တွေ့ဆုံပွဲလုပ်ဖို့အတွက် ပြင်ဆင်စရာရှိတာတွေကိုပြင်ဆင်နေတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာ ရေချယ်လာနာဆိုတဲ့သူ့ရဲ့ကျောင်းတုန်းကရည်းစားဟောင်းနဲ့တွေ့ခဲ့ပါတော့တယ်။ဒီလိုနဲ့ သူတို့လဲရှေးဟောင်းနှောင်းဖြစ် စကားတွေပြောဖြစ်ကြပါတော့တယ်။ဒီဇာတ်ဝင်ခန်းအထိကတော့ ဘာမှထူးထူးခြားခြားမရှိသေးပါဘူး။ဒါပေမယ့် ဒုတိယဇာတ်ဝင်ခန်းမှာ ရေချယ်နဲ့ကယ်လ်ဗင်တို့ကဘားတစ်ခုဆီရောက်သွားခဲ့ပြီး စကားပြောဖြစ်ခဲ့ကြပါတယ်။ အဲ့ဒီမှာ ရေချယ်ရဲ့စကားတွေက တောင်ရောက်မြောက်ရောက်တွေ ဖြစ်ပြီး တဖြည်းဖြည်းနဲ့ မူမမှန်ဖြစ်လာတာကို ကယ်ဗင်တစ်ယောက်သတိထားမိလာပါတော့တယ်။ အမှန်တော့ကယ်ဗင်က ရေချယ်ကိုကျောင်းမှာတုန်းက မုဒိမ်းကျင့်ခဲ့တယ်လို့ ရေချယ်ကထင်နေတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် မလို့လဲသူတို့တွေလမ်းခွဲဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ဒီလိုနဲ့သူတို့လဲအဲ့ဒီအကြောင်းကို အချေအတင်ပြောဖြစ်ခဲ့ကြပြီး ဇာတ်ဝင်ခန်း သုံးကိုရောက်တဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို စိတ်ဝင်စားစရာကောင်းစွာနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…1.52GB / 575MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 31m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Old Flame (2022)