Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Rebecca Dalton
5.8
From Italy with Amore (2022)
Romanceကားကြည့်ချင်သူတွေအတွက်လာပါပြီ။ IMDb 5.8/10ရထားပြီး ပေါ့ပေါ့ပါးပါးကြည့်ရမယ့် romance, comedyဇာတ်ကားလေးပါ။ဇာတ်လမ်းအညွှန်းကတော့ အေရီရယ်ဟာ သူမရဲ့ဘဝကို သူစိတ်ကူးထားသလိုပြည့်စုံတဲ့သူတစ်ယောက်နဲ့ အတူတူကုန်ဆုံးချင်နေတာပါ။ တစ်ရက်မှာတော့ စားသောက်ဆိုင်တစ်ဆိုင်မှာ နေ့လည်စာစားနေတုန်း သူမစိတ်ကူးထားတဲ့အတိုင်းအားလုံးတူပြီး ပြည့်စုံနေတဲ့သူတစ်ယောက်ကို မတော်တဆတွေ့လိုက်ရပါတယ်။အဲဒီမှာ သူမလဲတစ်ခါတည်းကြွေသွားပြီး ဇာတ်လမ်းစဖို့ကြိုးစားတာပေါ့။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ စကားပြောနေတုန်းဟိုဖက်ကအလုပ်ကိစ္စကြောင့်ပြန်သွားပါတယ်။ အဲဒီနေ့ကစပြီး ဒီဆိုင်မှာပဲပြန်တွေ့မလားဆိုပြီး အေရီရယ်ကနေ့တိုင်းကိုသွားစောင့်နေပါတော့တယ်။ အဲဒီလိုနဲ့ နေ့တိုင်းသွားစောင့်ရာကနေ စားသောက်ဆိုင်ပိုင်ရှင်ဒန်နီရယ်နဲ့ တဖြည်းဖြည်းသံယောဇဉ်တွယ်သွားကာ ဘာတွေဖြစ်သွားမလဲ? သူမစောင့်နေတဲ့သူနဲ့ရောဘယ်တော့မှပြန်တွေ့မလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး။ File size…(1.8 GB)/(930 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:24:00 Genre... Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Maestro
movie
From Italy with Amore (2022)
6.2
Falling Like Snowflakes (2024)
ဒီတစ်ခေါက် Channel Myanmar ကနေတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ နှင်းပွင့်တွေကြားထဲက ချိုမြမြအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။တီဂန်ဟာ နှင်းပွင့်လေးတွေကို အနီးကပ်ဓာတ်ပုံရိုက်လေ့ရှိတဲ့ဓာတ်ပုံဆရာမတစ်ယောက်ဖြစ်ပြီး သူ့ဓာတ်ပုံတွေကို ပြခန်းတစ်ခုမှာပြသထားပါတယ်။ နှင်းပွင့်အမျိုးအစားပေါင်း 35 မျိုးရှိပေမဲ့ တီဂန်ရဲ့ နှင်းပွင့်ဓာတ်ပုံကော်လက်ရှင်ထဲမှာတော့ 34 မျိုးပဲရှိနေပါသေးတယ်။ နောက်ဆုံး ကျန်နေတဲ့ နှင်းပွင့်အမျိုးအစားဟာအနား ၁၂ ဖက်ပါတဲ့ စတယ်လာဒန်ဒရိုက် နှင်းပွင့်ဖြစ်ပြီး လုံးဝကိုတိကျတဲ့ ရာသီဥတုမျိုးမှာပဲတွေ့ရနိုင်တာကြောင့် အရမ်းကိုရှားပါးတဲ့ နှင်းပွင့်မျိုးပါတဲ့။တစ်နေ့မှာ အနုပညာလက်ရာတွေကို ဝယ်ယူစုဆောင်းလေ့ရှိတဲ့သူဌေးကြီးတစ်ယောက်က ကျန်နေတဲ့ နှင်းပွင့်ဓာတ်ပုံကိုပါရရင်တီဂန်ရဲ့ ဓာတ်ပုံကော်လက်ရှင်တစ်ခုလုံးကိုလေလံဆွဲ ဝယ်ယူမယ်ဆိုပြီးပြောလာပါတယ်။ အဲဒါနဲ့တီဂန်လည်း မိုးလေဝသပိုင်းကျွမ်းကျင်တဲ့ သူ့ရဲ့ငယ်ချစ်ဦး နိုအာနဲ့အတူ နှင်းမုန်တိုင်းကြားထဲနှင်းပွင့်ရှာဖို့ ခရီးစတင်ပါတော့တယ်။သူတို့တွေ နှင်းပွင့်လေးကိုရှာတွေ့သွားကြမှာလား တီဂန်နဲ့ နိုအာတို့ငယ်ချစ်ဦးနှစ်ယောက်ရော ပေါင်းဖက်နိုင်သွားကြမှာလားဆိုတာကတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ဇာတ်လမ်းအသွားအလာ ပေါ့ပေါ့ပါးပါးနဲ့ နှင်းပွင့်လေးတွေအကြောင်းပါသိရဦးမှာဆိုတော့ Christmas ကာလရောက်ရင်လည်းတစ်ခါလောက်ကြည့်သင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…2.44GB / 1.01GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 24m Genre ….. Romance Subtitle….Myanmar ...
movie
Falling Like Snowflakes (2024)
5.6
Dream Wedding (2023)
Dream Wedding (2023) ==================ဇာတ်လမ်းကတော့ ရည်းစားမရှိဘဲ ဒေါ်လာ ၁ သိန်းတန် မင်္ဂလာပွဲကြီး ကံထူးသွားတဲ့အပျိုကြီး မမ အကြောင်းပါ။ မင်္ဂလာခန်းဝင်ပစ္စည်းတွေ ရောင်းတဲ့ အရောင်းပွဲတော်ကို ကိတ်နဲ့မီဂန်တို့ ညီအစ်မနှစ်ယောက် ရောက်လာကြပါတယ်။ နှစ်ပတ်နေရင် မင်္ဂလာဆောင်တော့မယ့် ညီမ ဖြစ်သူ မီဂန်အတွက်ဝယ်ဖို့ ခြမ်းဖို့ ရောက်လာကြတာပါ။ ကိတ်ကတော့ ညီမကို အဖော်လိုက်ပေးတဲ့ အပျိုကြီးမမပါ။ အရောင်းပွဲတော်မှာ မင်္ဂလာ ဆောင်ဖက်ရှင်ရှိုးပွဲအပြင် မင်္ဂလာဆောင်မယ့် စုံတွဲတွေကို ဒေါ်လာ (၁) သိန်းတန် အိပ်မက်၊ မင်္ဂလာပွဲကြီးမဲဖောက်ပေးမယ့် အစီအစဉ်လည်း ရှိနေပါတယ်။အဲဒီမှာပဲ လက်သွက်ခြေသွက် မီဂန်က စိတ်မြန်လက်မြန်နဲ့ ကံစမ်းမဲထဲမှာ ကိတ်ရဲ့နာမည်ကို ထည့်လိုက်ပါတော့တယ်။ ထောင်ချီတဲ့ လူတွေထဲမှာ ကံထူးနိုင်ချေ မရှိဘူးဆိုပြီး ထည့်လိုက်ပေမဲ့ ကံကောင်းတာလား ကံဆိုး တာလား ပြောလို့ မရအောင်ကိုကံထူးရှင်ကြီး ဖြစ်သွားပါတော့တယ်။ အဲဒီနောက်မှာတော့ ဒေါ်လာ ၁ သိန်းတန် မင်္ဂလာပွဲကြီးရဲ့ ခံစားခွင့်တွေကို ခံစားနိုင်ဖို့ ကိတ်နဲ့ မီဂန်တို့ ဘယ်လိုတွေ ကြံဖန်ကြမလဲဆိုတာတော့ . . .(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Roman Nox ...
movie
Dream Wedding (2023)
2023
6.1
The Dog Lover’s Guide to Dating (2023)
ဒီဇာတ်ကားလေးဟာ လောလောလတ်လတ်ထွက်ရှိထားတဲ့ Romance and Comedy အမျိုးအစားဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ခွေးလေးတွေချစ်တတ်တဲ့သူတွေအတွက် ခွေးထိန်းရင်းရည်းစားရအောင်လုပ်နည်းတွေပြောပြထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဆိုလည်းမမှားပါဘူး။ ဒီဇာတ်ကားလေးထဲမှာ လူတွေကိုအယုံအကြည်မရှိတော့လို့ခွေးလေးတွေထိန်းကျောင်းရင်းနဲ့ပဲဘဝကိုဖြတ်သန်းသွားချင်တော့တယ်ဆိုတဲ့ ခွေးလေးတွေကိုနည်းပြလုပ်ပေးတဲ့ အဲလက်စ်ဆိုတဲ့ကောင်မလေးနဲ့ နာမည်ကြီးကြော်ငြာထုတ်လုပ်ရေးပိုင်ရှင် ဆိုင်မန်တို့ရဲ့ အချစ်ဇာတ်လမ်းလေးကိုစီးမြောခံစားကြရမှာပါ။ငယ်စဉ်ကတည်းကဖခင်ဖြစ်သူက စွန့်ပစ်သွားတာကိုစိတ်ဒဏ်ရာရနေခဲ့ပြီး အရွယ်ရောက်ချိန်မှာ ရည်းစားထား အိမ်ထောင်ပြုဖို့အယုံအကြည်မရှိတော့တဲ့အဲလက်စ်တစ်ယောက်ဟာ ခွေးလေးတွေနဲ့ပဲအချိန်ကုန်ဆုံးရင်းတစ်နေ့မှာဆိုင်မန်နဲ့ အမှတ်မထင်ဆုံခဲ့ကြရာက ဒီဇာတ်လမ်းလေးဖြစ်ပေါ်လာခဲ့တာပါ။ ဆိုင်မန်ဟာ ကလိုဝီဆိုတဲ့နာမည်ကျော်ဒီဇိုင်နာတစ်ယောက်ရဲ့အချစ်ကိုရဖို့ကလိုဝီရဲ့ခွေးလေးဆိုင်မန်နဲ့ အရင်နီးစပ်ဖို့လိုတာမို့ ဆွေးလေးဆိုင်မန်ကိုယဉ်ပါးအောင်ထိန်းကျောင်းဖို့အဲလက်စ်ဆီကနေအကြံပြုချက်လေးတွေသင်ယူရင်းနောက်ဆုံးမှာ သူ့ကိုယ်သူရှာတွေ့သွားပြီး အချစ်အကြောင်းဘာမှမသိပါဘူးဆိုတဲ့ဆရာမကြီးအဲလက်စ်ရဲ့အချစ်သင်ခန်းစာတွေမှာတဖြည်းဖြည်းနစ်ဝင်သွားကာအချစ်ဆိုတဲ့အရသာကိုခံစားမိသွားပြီး အချစ်နောက်ကို တကောက်ကောက်လိုက်ခဲ့ပုံနဲ့ အချစ်ကိုရောလူတွေကိုရောအယုံအကြည်မရှိပါဘူးဆိုပြီးစကားအကုန်ပြောထားတဲ့ဆရာမကြီးအဲလက်စ်ဟာဆိုင်မန့်ကိုသင်ခန်းစာတွေသင်ပေးရင်းသူကိုယ်တိုင်အချစ်မှာကျရှုံးခဲ့ရပုံကိုတစ်ဝကြီးခံစားကြည့်ရှူရမှာပါ။ File size…(1.7 GB)/(944 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre...Tv Movie, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hein Pyae Sone
movie
The Dog Lover’s Guide to Dating (2023)