Channel Myanmar

Rayve Tay

[18+] Siew Lup (2016)
[18+] Siew Lup (2016) အခုတ်အဖြတ် သွေးထွက်သံယို လန့်ဖြန့်သွေးတက် ချစ်ခင်မြတ်နိုး ရိုမန့်ဒရမ်မာ စင်ကာပူဇာတ်ကားလေးတစ်ကားကိုတင်ဆက်လိုက်ပါတယ်။မီယာဟာ တစ်ချိန်ကပြည့်တန်ဆာဘဝနဲ့အသက်မွေးခဲ့ပြီး အခုချိန်မှာတော့ ကွမ် ဆိုတဲ့အသားကင်ဆိုင်ရှင်တစ်ယောက်ရဲ့ဇနီးအဖြစ် ဘဝကိုဖြတ်သန်းနေပါတယ်။ ကွမ်ဟာ တစ်ချိန်က သူ့ကိုဘဝဆိုးထဲက ဆွဲထုတ်ကယ်တင်ခဲ့သူဖြစ်တဲ့အတွက် ကွမ်ကိုမလှန်ရဲသလို တောင့်တောင့်ဖြောင့်ဖြောင့်သူ့ဇနီးကို စိတ်မချနိုင်ပဲ လူတကာနဲ့သမုတ်ရိုက်နှက်တတ်တဲ့ ကွမ် ကြောင့်လည်း မီယာစိတ်ဆင်းရဲနေရပါတယ်။တကယ်တမ်း အနီးကပ်ရန်သူ၊သူ့ဇနီးကို အသေရရအရှင်ရရ လိုချင်နေတဲ့သူကတော့ သူ့အရင်းနှီးဆုံးမိတ်ဆွေ ဂေါင် ဆိုတာတော့ ကွမ်မသိခဲ့ပါဘူး။a ဒီလိုနဲ့ မီယာဘဝကို ကယ်တင်ရှင်အဖြစ် သုဘရာဇာချောချောလေးဖြစ်တဲ့ ဝူ ဆိုတဲ့လူငယ်လေး သူ့ဘဝထဲကိုဝင်ရောက်လာချိန်မှာတော့ မီယာဟာ လင်ငယ်အားကိုးနဲ့ တစ်ချိန်ကကျေးဇူးရှင် လင်ကြီးကိုသတ်ဖို့အကြံဆိုးကြီးကိုကြံပါတော့တယ်။ဝူတစ်ယောက် တကယ်ပဲသူ့ရဲ့ကြံရာပါအဖြစ်ခံမလား၊ သူ့ကိုအမြဲတမ်းကြံစည်နေတဲ့ အနီးကပ်ရန်သူ ဂေါင်ကရော ဘယ်နေရာကနေ ပါဝင်လာမလဲ။ ပိုပြီးအရေးကြီးတဲ့အချက်ကတော့ ဘယ်သူဟင်းအိုးထဲရောက်မလဲဆိုတာပါပဲ။သူတို့အတွက် အလောင်းဖျောက်ဖို့အလွယ်ဆုံးနည်းက အလောင်းကို ခုတ်ထစ်ကင်ပြီးတော့ ရောင်းမယ့်အသားတွေထဲထည့်လိုက်တဲ့နည်းဖြစ်နေလို့ပါ။အဖော်အချွတ်ဇာတ်ဝင်ခန်းတွေနဲ့ကြမ်းတမ်းတဲ့ ခုတ်ထစ်သတ်ဖြတ်ခန်းတွေအများကြီးပါဝင်တဲ့အတွက် ၁၈ နှစ်အထက်ဇာတ်ကားဖြစ်ပါတယ်။ ငယ်ငယ်တုန်းက လူသားပေါက်စီကားတို့ခေါက်ဆွဲကားတို့ကို တဖန်ပြန်သတိရစေမယ့် လူသားအခေါက်ကင်ကားလေးကို ရှုစားလိုက်ကြပါဦး။(Dark Side Production မှ တင်ဆက်သည်။)Dark Side ...
movie

[18+] Siew Lup (2016)

Zombiepura (2018) 5.0
Zombiepura (2018)  ဇွန်ဘီကားကို ပေါ့ပေါ့ပါးပါးကြည့်ချင်တယ်ဆိုရင် ရွေးချယ်သင့်တဲ့ကားအမျိုးအစားပါပဲ။ ဘာပြီးရင်ဘာဖြစ်မလဲဆိုပြီး တစ်ဆက်တည်းကြည့်ဖြစ်သွားမယ့်ကားမျိုးပါ...။ စစ်တပ်စခန်းတစ်ခုမှာ ဇွန်ဘီဗိုင်းရပ်စပြန့်လာတယ် အမြဲရေသာခိုတတ်တဲ့စစ်သား၊ စည်းကမ်းကြီးတဲ့အထက်အရာရှိ၊ စစ်ကန်တင်းကကောင်မလေး စတဲ့ အဓိကဇာတ်ဆောင်တွေက ဇွန်ဘီကပ်ဘေးကနေလွတ်မြောက်အောင် ကြိုးစားကြတယ်။ ဗီလိန်လည်းပါပါတယ်...ကြုံလာတဲ့အခက်အခဲတစ်ခုကိုကျော်ဖြတ်ဖို့ ကြိုးစားရမှာ တစ်ဦးတည်းတစ်ကိုယ်ကောင်းဆန်ဆန်ကျော်ဖြတ်နိုင်ဖို့ ကြိုးစားခြင်းထက်စာရင် စုပေါင်းကြိုးစားခြင်းကပဲအမြဲတမ်းအောင်နိုင်သွားတယ်ဆိုတဲ့ messageကို ရစေပါတယ် ။setting, acting, zombie make up အကုန်အဆင်ပြေပါတယ်။ genreကတော့ comedyနဲ့horrorပေါင်းထားတာပါ။ အနောက်တိုင်းဇွန်ဘီကားတွေနဲ့ယှဥ်ရင်တော့ ပေါ့သလိုဖြစ်ပေမယ့် စင်္ကာပူculture, တရုတ်cultureနဲ့မစိမ်းတဲ့သူတွေ ဒါမှမဟုတ် သူတို့တွေရဲ့cultureတွေ ဘာသာစကားလေယူလေသိမ်းတွေကို သိချင်တဲ့သူတွေအတွက် အပျင်းလည်းပြေ cultureဗဟုသုတလည်းရတဲ့ ကားမျိုးပါပဲ။ ဒီကားမှာ အများဆုံးကြားဖြစ်မှာကတော့ "Even your mother can do better than you." ပါပဲ ဟုတ်ပါတယ်..Uncle Rogerရဲ့လေယူလေသိမ်းနဲ့ပါပဲ။ ဒီကားကို Singaporean Director Jacen Tan ရိုက်ကူးထားပါတယ်..။File size…(1.87GB)  / (`948MB) ...
movie

Zombiepura (2018)