Channel Myanmar

Raymond Wong Ho-yin

The Lion Roars ( 2002 ) 6
The Lion Roars ( 2002 ) Cecilia Cheung ၊ Louis Koo နဲ့ Fang Bingbing တို့ရဲ့ 2002 ခုနှစ်မှာထွက်ရှိခဲ့တဲ့ဟောင်ကောင် အချစ်ဟာသဇာတ်ကားလေးပြန်တင်ပေးလိုက်ပါတယ်။ စုန့်ခေတ်ကိုအခြေခံထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ အစ်ကိုကြီးနဲ့နှစ်ယောက်ထဲကြီးပြင်းလာတဲ့ လျိုယွဲ့အော်က ကြမ်းတမ်းတဲ့အကျင့်စရိုက်ရှိတဲ့အတွက်ကြောင့် ကြင်ဖက်ရှာတဲ့နေရာမှာမအောင်မြင်နိုင်ဖြစ်နေခဲ့တယ်။တစ်နေ့မှာ နူးညံ့တဲ့စာပေသမားကဗျာဆရာတစ်ယောက်နဲ့တွေ့တော့ ချစ်မိသွားခဲ့တယ်။ နန်းတွင်းကဂုဏ်ပြုပွဲတစ်ညမှာ ဘုရင်ကြီးကသူတို့နှစ်ယောက်ကို လက်ဆက်ပေးလိုက်တဲ့အခါ အကျင့်စရိုက်ဆန့်ကျင်ဘက်ရှိတဲ့သူနှစ်ယောက်ဟာ အကြင်လင်မယားတွေဖြစ်သွားကြတယ်။ သူတို့ရဲ့အိမ်ထောင်ရေးဟာအဆင်ပြေပါ့မလား...... အဲဒီအချိန်မှာပဲ ယုန်မိစ္ဆာယောင်ဆောင်တဲ့ မင်းသမီးတစ်ယောက်က ကဗျာဆရာလေးကို အပိုင်ကြံချင်လာတော့ သူတို့ရဲ့ ၃ပွင့်ဆိုင်အချစ်ဇာတ်လမ်းဟာ ဘယ်လိုဖြစ်လာမလဲ..... Filesize : 1.7 GB / 1.05 GB Quality : WEB-DL 1080p , 720p Format : mkv Genres : Comedy , Romance Runtime : 1h 40 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

The Lion Roars ( 2002 )

Election (2005) 7.1
Election (2005) Election (2005) ~ IMDb - 7.1/10, RT - 87%, Meta - 73% ~အာရှရုပ်ရှင်ဖန်တွေ အကောင်းဆုံးဟောင်ကောင်ဂန်းကားကို ရွေးကြတဲ့အခါ Election တွေကို ကြည့်ဖူးတဲ့လူအများစုကတော့ Johnnie To ရဲ့ Election နဲ့ Triad Election ကို ရွေးကြတာများပါတယ်။ Election နှစ်ကားက ဂန်းကားပေမဲ့ အားနေပစ်လိုက် ထိုးလိုက်လုပ်နေတဲ့ ဂန်းကားမဟုတ်သလို စကားပဲများနေတဲ့ ဂန်းကားလည်းမဟုတ်ပြန်ဘူး။ အဲဒီနှစ်ခုကြားက မဇ္စျိမပဋိပဋာကျတဲ့ ဂန်းကားလို့ဆိုရမယ်။ ဒီနှစ်ကားလုံးက ဂန်းကားပေမဲ့ အနုပညာရည်အရလည်း မနုံနဲ့ဘူး။ ၂၀၀၅ ကိန်းရုပ်ရှင်ပွဲတော်မှာ ပထမကားကိုပြခဲ့ပြီး ၂၀၀၆ ကိန်းရုပ်ရှင်ပွဲတော်မှာ ဒုတိယကားကိုပြခဲ့တဲ့အပြင် ဟောင်ကောင်အကယ်ဒမီဆုပေးပွဲတွေမှာရော ဝေဖန်ရေးသမားတွေပေးတဲ့ ဆုပေးပွဲတွေမှာ Best Picture ဆုတွေ Best Director ဆုတွေ Best Screenplay ဆုတွေ ရထားတဲ့ရုပ်ရှင်တွေဆိုလည်း ...
movie

Election (2005)

2005
Once Upon a Time in Hong Kong ( 2021 ) 6.1
Once Upon a Time in Hong Kong ( 2021 ) ဒီကားလေးက ဟောင်ကောင်မှာတစ်ချိန်က အစိုးရအပြောင်းအလဲ စနစ်တွေကြားမှာပြည်သူတွေလုံးပါးပါးခံစားခဲ့ရတဲ့ကာလက ဘဝတချို့ကိုဇာတ်ကားအဖြစ်ရိုက်ထားတာပါ...ဒီကားလေးက ကိုလိုနီလက်အောက်ခံကာလမှာ ဟောင်ကောင်ဟာစီးပွားရေးလုပ်ငန်းတစ်ဟုန်ထိုး တိုးတက်နေခဲ့ချိန်ပေါ့... ဒါပေမယ့်ဟောင်ကောင်ရဲ့ စီးပွားရေးက လောင်းကစားနဲ့ ဘိန်းလုပ်ငန်းဖြစ်နေတာပဲ....နောက်ပြီးကလပ်လုပ်ငန်းနဲ့ မိန်းမကိစ္စပါ ပါလာတာပေါ့...လက်သည်ပျောက်တဲ့အလောင်းတွေ၊ လက်သည်မရှိတဲ့ အမှုတွေ၊ အမှုတောင်မဖွင့်လိုက်ရတဲ့ အမှုတွေ၊ အဖက်ဖက်က ဒုက္ခတွေနဲ့ ဆီးကြိုနေတဲ့ဘဝကြီးမှာကိုယ့်ဘာသာ အဆုံးစီရင်တာက နောက်ဆုံးထွက်ပေါက်ဖြစ်လာခဲ့တဲ့ ကာလကိုတကယ့်ဖြစ်ရပ်ထက်နည်းနည်းလေးလျှော့ပီးရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ်ငွေသာလျှင်အမိငွေသာလျှင်အဖဖြစ်လာပြီး ငွေမျက်နှာနဲ့ လူသားချင်းစာနာမှုတွေပျက်ပြားပြီးလုပ်ချင်ရာလုပ် ဖြစ်ချင်ရာဖြစ်နေခဲ့ပါတယ်... ဒါကို မကြည့်နိုင်သူတစ်ဦးကအမှန်တရားကို ဖော်ထုတ်ဖို့မပြောနဲ့ မေးမြန်းတာမျိုးဖြစ်ဖြစ်စုံစမ်းတာမျိုးဖြစ်ဖြစ် လုပ်မိရင်တောင် တစ်ခါတည်းဆုံးမခံရတဲ့ကာလ၊ဘိန်းလို မှောင်ခိုပစ္စည်း အရောင်းအဝယ်လုပ်ရင်တော့ ငွေမျက်နှာကြောင့် ၉ပုံ ၁ ပုံသာဖမ်းပြီး စခန်းကနေ ဝယ်လက်အထိ ခိုးပို့ပေးတဲ့ ကာလ၊အမှန်တရားအတွက် သက်သေလိုက်ပေးမယ်ဆိုရင်တောင် နောက်နေ့ အလောင်းပေါ်သူကပေါ်မိုးလင်း တံခါးလာခေါက်ပြီး ခြေဖြတ်ခံလက်ဖြတ်ခံရတဲ့ကာလမျိုးကိုဘယ်လိုပုံဖေါ်ထားလဲဆိုတာကိုဆက်လက်ခံစားကြည့်လိုက်ကြရအောင် Quality : HDRip 1080pFormat : mp4During : 1h 45minGenres : Action , Crime ...
movie

Once Upon a Time in Hong Kong ( 2021 )