Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Raymond Cruz
6.2
Alien Resurrection (1997)
Alien ဆိုတာ ၈၀ပြည့်နှစ်ကျော် ၉၀ဖွားတွေအတွက်တော့ စွဲလန်းခဲ့ရတဲ့ ဂြိုလ်သားကားတွေပါပဲ.....အဲဒီခေတ်အခါတုန်းကတော့ တော်တော်လေးကို လူကြိုက်များခဲ့ပြီး အခုထိလည်းအောင်မြင်နေတုန်းပါ အားလုံးပေါင်း ၆ကားထွက်ရှိထားပြီး ၇ကားမြောက်ကတော့ အခုထိကြည်လင်ပြတ်သားတဲ့ Version မထွက်သေးတာကြောင့် အရင်ထွက်ပြီးသး ၆ကားကို ကြည်လင်ပြတ်သားပြီး စာတန်းထိုးမှန်မှန်နဲ့ ပြန်လည်ပြင်ဆင် တင်ဆက်ပေးလိုက်ပါတယ်.....ထွက်ရှိပြီးသားကားတွေကတော့......(1) Alien (1979) (2) Aliens (1986) (3) Alien³ (1992) (4) Alien: Resurrection (1997) (5) Prometheus (2012) (6) Alien: Covenant (2017) (7) Alien: Romulus (2024) - အကြည်မထွက်ရှိသေး..... Timeline အရကြည့်မယ်ဆိုရင်တော့.....(1) Prometheus (2012) - 2093 (2) Alien: Covenant (2017) - 2104 (3) Alien (1979) - 2122 (4) Alien: Romulus (2024) - 2142 [အကြည်မထွက်သေး] (5) ...
movie
Alien Resurrection (1997)
1997
7.9
Bound by Honor (aka) Blood In, Blood Out (1993)
ဒီရုပ်ရှင်ကတော့ ၁၉၉၃ ခုနှစ်ကထွက်ခဲ့တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ရုပ်ရှင်အမျိုးအစားက Crime/Thriller ဆိုပေမယ့်လည်း Drama ပါရောနေတဲ့ရုပ်ရှင်တစ်ကားဖြစ်ပြီး Runtime ကလည်း ၃ နာရီတောင်ကြာတာမလို့ အတော်လေးကိုကြည့်ရတာအရသာရှိမယ့် ရုပ်ရှင် ဖြစ်ပါတယ်။ မက္ကစီကိုဂိုဏ်းတွေအကြောင်းစိတ်ဝင်စားတဲ့လူတွေ မက္ကစီကိုပုံစံ အင်္ဂလိပ်လိုစကားပြောတာတွေကိုကြိုက်နှစ်သက်သူတွေအဖို့ကြည့်သင့်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ အတော်လေးကိုစွဲမက်ဖွယ်ကောင်းပြီးအတော်လေးလည်းကြည့်လို့ကောင်းတဲ့ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။ဇာတ်ညွှန်း:မစ်ကလို ပါကိုနဲ့ ခရုဇ်ဇီတိုတို့သုံးယောက်ဟာ ညီအကိုဝမ်းကွဲတွေဖြစ်သလိုအရမ်းလည်းချစ်ကြတဲ့ လူသုံးယောက်ဖြစ်ပါတယ်။ ခရုဇ်ဇီတိုက ပါရမီပါတဲ့ပန်းချီဆရာတစ်ယောက်ဖြစ်ပြီး ပါကိုကတော့အကြမ်းပတမ်းလမ်းဘေးဂိုဏ်းကလူတစ်ယောက်ဖြစ်ပါတယ်။ မစ်ကလိုကတော့သုံးယောက်ထဲမှာအငယ်ဆုံးနဲ့ ဘာမှမသိသေးတဲ့လူတစ်ယောက်ဖြစ်ပြီး သူဟာ အမေရိကန်မှာဖွားတဲ့လူဖြူမက္ကစီကိုဖြစ်နေပါတယ်။ ဒါပေမယ့်ဘဝဆိုတာဘယ်လိုမှထင်မထားသလိုဖြစ်တတ်တယ်ဆိုတာ အကုန်သိကြမယ်ထင်ပါတယ်။ခရုဇ်ဇီတိုဟာဆေးစွဲပြီးအမှားကြီးတစ်ခုကိုကျူးလွန်မိတယ်။ သူ့ရဲ့ပါရမီပန်းချီပညာကလည်းဆေးနောက်ကိုပါသွားတယ်။ သူလုပ်ခဲ့တဲ့အမှားကအရိပ်မည်းကြီးလိုနောက်ကနေထပ်ကြပ်မကွာလိုက်နေပါတော့တယ်။ပါကိုကတော့ လမ်းဘေးမှာပေတေနေတဲ့ကောင်လေးကနေပြီး မူးယစ်ရဲအရာရှိတစ်ယောက်ဖြစ်သွားခဲ့ပါတယ်။မစ်ကလိုကတော့ကံဆိုးစွာနဲ့ ထောင်ထဲရောက်သွားခဲ့ပါတယ်။ ကံကြမ္မာဇာတ်ဆရာကသူတို့သုံးယောက်ကိုမထင်မှတ်ထားလောက်အောင်ကြိုးဆွဲခဲ့ပါတယ်။မစ်ကလိုတစ်ယောက်ထောင်ထဲရောက်ပြီး ထောင်ထဲမှာ ဂိုဏ်းတွေနဲ့တွေ့ခဲ့ပြီးအရှုပ်တော်ပုံထဲရောက်သွားခဲ့ပါတယ်။ အတော်လေးကိုဆွဲမက်ဖွယ်ကောင်းတဲ့ရုပ်ရှပ်ရှင်မလို့လက်လွှတ်မခံသင့်တာတော့အမှန်ပါပဲ။ File size…(4.8 GB)/(2.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….03:00:00 Genre... Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by LuciferMaximoff
movie
Bound by Honor (aka) Blood In, Blood Out (1993)
Cleveland Abduction (2015)
ဒီဇာတ်ကားကိုတော့ 2002 ခုနှစ်ကနေ 2004 ခုနှစ်အတွင်း ကလိဗ်လန်းမှာ ဖြစ်သွားခဲ့တဲ့ မိန်းကလေးသုံးယောက်ပျောက်ဆုံးမှုအကြောင်းကို အခြေတည်ပြီး ရိုက်ကူးထားတာပါ။ဆင်ဂယ်မားသားတစ်ယောက်ဖြစ်သူ မီရှဲ နိုက်ခ်ဟာ ကလေးအုပ်ထိန်းပိုင်ခွင့်အတွက် တရားရုံးကိုသွားတဲ့လမ်းမှာ သူငယ်ချင်းအမ်မလီရဲ့အဖေဖြစ်သူ အေရီရယ် ကက်စထရိုက လမ်းကြုံလိုက်ပို့ပေးမယ်ဆိုပြီး ကလိဗ်လန်းနေအိမ်ဆီကို ပြန်ပေးဆွဲခေါ်သွားတာခံလိုက်ရပါတယ်။နေအိမ်မြေအောက်အမှောင်ခန်းထဲမှာ သံကြိုးနဲ့ချည်ထားခံရပြီး ရိုက်ခံရလိုက် လိင်ပိုင်းဆိုင်ရာ စော်ကားခံရလိုက်နဲ့နေရင်း နှစ်နှစ်အတွင်းမှာ ကိုယ်ဝန်ရှိလာလို့ ပျက်ကျအောင်လည်းအရိုက်ခံခဲ့ရပါသေးတယ်။ ကက်စထရိုဟာ နှစ်နှစ်အတွင်း နောက်ထပ် မိန်းကလေးနှစ်ယောက်ကိုလည်း ပြန်ပေးဆွဲလာခဲ့ပြီး မိသားစုတစ်ခုလိုဖြစ်အောင် ဖန်တီးခဲ့ပါတယ်။ဒီလိုဆိုးရွားလှတဲ့ ငရဲခန်းကိုဖြတ်ကျော်ရင်း နှစ်ပေါင်း ၁၁ နှစ်အကြာမှ ကောင်မလေးသုံးယောက်လုံးပြန်လွတ်လာခဲ့ပုံကို ခံစားကြည့်ရှုလိုက်ကြပါဦး။ရုပ်ရှင်ထဲမှာ အေရီရယ် ကက်စထရိုအဖြစ် သရုပ်ဆောင်တဲ့ Raymond Cruz ရဲ့ဇာတ်ရုပ်ဟာ အပြင်က အေရီရယ် ကက်စထရိုနဲ့ တူလွန်းတာကြောင့် တကယ်ပြန်ပေးဆွဲခံခဲ့ရတဲ့ မီရှဲ နိုက်ခ်ဆိုရင် Raymond Cruz နဲ့တွေ့ဖို့တောင် တွန့်ဆုတ်ခဲ့ပါသေးတယ်လို့ဆိုပါတယ်။အမြင်မသင့်တော်တဲ့ပြကွက်တွေနဲ့ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေပါဝင်တာမလို့ (၁၈) နှစ်အောက် လူငယ်တွေ ...
movie
Cleveland Abduction (2015)
6.0
The Substitute (1996)
IMDb Rating (6.0)Sniper ရုပ်ရှင်ဇာတ်ကားတွေကိုကြည့်ဖူးမယ်ဆိုရင် အဲ့ဒီထဲက ထီမထင်တဲ့မျက်နှာပေးနဲ့ လက်ဖြောင့်တပ်ကြပ်ကြီး ဘက်ကတ်အဖြစ်ပါဝင်ခဲ့တဲ့ မင်းသားကြီး Tom Berenger ကို မှတ်မှတ်ရရရှိကြမှာပါ...ဒီဇာတ်လမ်းကလဲ သူ့ရဲ့အက်ရှင်ဇာတ်လမ်းနောက်တစ်ပုဒ်ပါပဲ။ဇာတ်လမ်းကတော့.... ဗီယက်နမ်စစ်ပြန်ကြီးတို့အဖွဲ့က အမေရိကန်အစိုးရရဲ့ ရုပ်သေးရုပ်လေးအဖြစ်နဲ့ အမည်မဲ့ စစ်ဆင်ရေးတွေမှာ တရားမဝင် စစ်တိုက်ပေးနေရပါတယ်။ သူတို့စစ်ဆင်ရေးဆိုတာက အောင်မြင်ရင်လည်း လူမသိ၊ တိုက်ပွဲကျတဲ့စစ်သားက အမည်မဲ့၊ သတင်းစာထဲပါသွားရင် ပိုင်ရှင်မဲ့ ကြေးစားစစ်တပ်၊ ဒီလိုလည်ပတ်ကြရတာပါ။ကျူးဘားကမ်းတက်စစ်ဆင်ရေးတစ်ခုမှာ စစ်သားကြီးတို့အဖွဲ့ အထိနာပြီး သုံးယောက်ကို သေမင်းလက် ဝကွက်အပ်လိုက်ရတယ်။ အဲဒါတောင် ပိုင်ရှင်မဲ့စီးနင်းမှုအဖြစ် အမေရိကန်အစိုးရက ခေါင်းရှောင်လိုက်ချိန်မှာ စစ်ပြန်ကြီးတို့ အံကြိတ် တောက်ခေါက်ရုံမှတစ်ပါး အခြားမရှိတော့ပါဘူး။ပိုင်ရှင်တကယ်မဲ့သွားတဲ့ စစ်ပြန်ကြီးတို့အဖွဲ့ 109 110 တွေဖြစ်ကုန်ချိန်မှာ အဖွဲ့ခေါင်းဆောင် ရှေးလ် က သူ့ချစ်သူဆီ ပြန်လာခဲ့တယ်။ သူ့ချစ်သူ ကျောင်းဆရာမက ကျောင်းသားဆိုးတွေ လက်ချက်နဲ့ ခြေတောက်ကျိုးနေပါရော့လား။သူ့ချစ်သူနေရာမှာ အစားထိုးသမိုင်းဆရာအဖြစ် ဝင်လာတဲ့ စစ်ပြန်ကြီး ရှေးလ်၊ ကျောင်းသားဆိုးတွေကို ...
movie
The Substitute (1996)
6.9
Clear and Present Danger (1994)
Clear and Present Danger (1994)~ IMDb - 6.9/10, Rotten Tomatoes - 81% ~ဒီဇာတ်ကားက Jack Ryan ရုပ်ရှင်တွဲတွေရဲ့တတိယကားဖြစ်ပြီး အက်ရှင်ခန်းတွေလည်း ပိုကြမ်းလာပါတယ်။ ဒုတိယကားဖြစ်တဲ့ Patriot Games က မင်းသားကြီး Harrison Ford ပဲ ဂျက်ရိုင်ယန်အဖြစ် ပါဝင်ထားသလို မင်းသားကြီး Willem Dafoe ကလည်း အရေးပါတဲ့နေရာက ပါဝင်ထားပါတယ်။ဒီဇာတ်လမ်းက အမေရိကန်နဲ့ ကိုလံဘီယာ မူးယစ်ရာဇာတွေကြား ပဋိပက္ခတွေကို ဇာတ်လမ်းဆင်ထားတာပါ။ အမေရိကန်သမ္မတရဲ့ နိုင်ငံရေးမိတ်ဖက်တစ်ဦးကို မူးယစ်ရာဇာကြီး အက်စကိုဘေတိုက သတ်ဖြတ်လိုက်တဲ့အတွက် အမေရိကန်အစိုးရဘက်က နိုင်ငံတော်လုံခြုံရေးကို ထိပါးမှုဆိုတဲ့ ခေါင်းစဉ်နဲ့ အဲဒီမူးယစ်ရာဇာနဲ့ ဂိုဏ်းကို ချေမှုန်းဖို့ လုပ်ဆောင်ပါတော့တယ်။ဒါပေမဲ့ ဒီဂိုဏ်းကိုချေမှုန်းဖို့က တိုင်းတပါးမှာ လျှို့ဝှက်စစ်ဆင်ရေးအဖြစ်နဲ့ပဲ ဆောင်ရွက်လို့ရတာကြောင့် အစိုးရအနေနဲ့ သူတို့ဘက်ကို ပြန်အမှုမပတ်အောင် ကြေးသားစစ်သားတွေကို ...
movie
Clear and Present Danger (1994)
1994
Medellin (2023)
Medellin (2023)ဟာသအက်ရှင်ကား ကောင်းကောင်းကြိုက်သူတွေအတွက် ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အဓိကမင်းသားတွေအဖြစ် Taxi 5 ရုပ်ရှင်ထဲမှ မင်းသား Frank Gastambide နဲ့ 2 lone in Paris ဟာသရုပ်ရှင်ကားထဲမှ မင်းသား Ramzy Bedia တို့မှ တွဲဖက်မိမိနဲ့ သရုပ်ဆောင်ထားပါတယ်။ Mike Tyson လည်း ပါဝင် အားဖြည့်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရီဒါဟာ ပြင်သစ်မှာ လက်ဝှေ့အားကစားရုံဖွင့်ထားတဲ့လူတစ်ယောက်ပါ။ သူ့ညီဖြစ်သူ ဘရာဟင်းကတော့ နာမည်ကြီးမင်းသားအတိုင်း ဝတ်စားပြင်ဆင်တတ်တဲ့ Influencer တစ်ယောက်ပါ။ ဘရာဟင်းလည်း ကိုလမ်ဘီယာနိုင်ငံ မက်ဒလင်းမြို့ကို သွားလည်ရင်းနဲ့ မူးယစ်ဂိုဏ်းတစ်ခုရဲ့ ပြန်ပေးဆွဲတာကို ခံလိုက်ရပါတယ်။ အဲဒါကို သိသွားတဲ့ ရီဒါလည်း သူ့ညီကို ဒီအတိုင်းပစ်မထားနိုင်တာကြောင့် ဘရာဟင်းကို ကယ်ဖို့ ကိုလမ်ဘီယာကို လိုက်ဖို့ လုပ်ပါတော့တယ်။ ဒီလိုနဲ့ ရီဒါရယ် စတန်ရယ် ရှာဖိခ်ဆိုတဲ့ လူပုလေးတို့ ဘရာဟင်းကို ကယ်ဖို့လာရင် မက်ဒလင်းမြို့မှာ စွန့်စားခန်းထွက်ပါတော့တယ်......အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard ...
movie
Medellin (2023)
2023
7.0
Under Siege(1992)
Under Siege(1992)******************မင်းသားကြီး Steven Seagal ရဲ့ အက်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။ကေဆီရိုင်းဘတ်က မစ်ဆူရီဆိုတဲ့ စစ်သင်္ဘောဟောင်းပေါ်က ခေါင်းဆောင်စားဖိုမှူးဖြစ်ပါတယ်။ တစ်နေ့မှာ သင်္ဘောကပ္ပတိန်ကြီးရဲ့ စပရိုက် မွေးနေ့ပွဲအတွက်ဆိုပြီး တီးဝိုင်းအဖွဲ့တစ်ဖွဲ့ရယ်မိန်းမချောလေးတစ်ဦးရယ် ရောက်လာကြပါတယ်။ဒါပေမဲ့ အဲဒီတီးဝိုင်းအဖွဲ့ရဲ့အကြံအစည်က သင်္ဘောသားတွေ ထင်ထားသလိုမဟုတ်တဲ့အခါသူတို့သင်္ဘောတစ်စီးလုံး ပြန်ပေးဆွဲခံလိုက်ရပါတော့တယ်။အဲဒါကို စားဖိုမှူးလို့ပဲသိထားကြတဲ့ ရေတပ် ဆီးလ်အထူးတပ်ဖွဲ့ဝင်ဟောင်းရိုင်းဘတ်က ဘယ်လိုပြန်ကယ်ဆယ်မလဲဆိုတာ… File Size :(3.85GB) (1.05GB) and (504 MB) Quality : Blu-Ray 1080P5.1CH,720p Format…mp4 Duration…01:43:00 Genre : Action , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae
movie
Under Siege(1992)
7.0
Out for Justice(1991)
Out for Justice(1991)*******************90s kid တို့ရဲ့ အသည်းကျော် Steven Segal ရဲ့ အက်ရှင်ကားကြမ်းကြမ်းကြီး တင်ဆက်ပေးလိုက်ပါတယ်..၂၀ ရာစုတလျှောက် ဘရွတ်ကလင်မြို့မှာ ဂိုဏ်းစတားတွေကိုယ့်နယ်နမိတ်နဲ့ကိုယ် ကြီးစိုးကျင်လည်ကြတဲ့အချိန်ပေါ့ဂျီနိုဆိုတဲ့ကောင်လေးဟာ သူ့အဖေကိုသိပ်အားကျတဲ့သူ...တစ်ရက်မှာ သူ့အဖေဟာ စတိုးတစ်ခုထဲက သူခိုးတစ်ယောက်ကို အပြင်ဆွဲခေါ် ထိုးကျိတ်ပြီး သူ့မျက်စိရှေ့တင်ပဲ သူတို့ကားနောက်ဖုံးထဲ ထည့်ပိတ်ထားလိုက်တယ်...ပြီးတော့ သူ့သားကို ဒီကားနဲ့ပဲ ရုပ်ရှင်ရုံခေါ်သွားပြီး ရုပ်ရှင်ပြသတဲ့.. .ရုပ်ရှင်ပြီးတဲ့အချိန်ကျမှ ဂျီနိုလေးကို ကားသော့ပေးလိုက်ပြီး မင်းလုပ်စရာရှိတာလုပ်လို့ ပြောတယ်...ဂျီနိုကလည်း ကားနောက်ဖုံးဖွင့်ပြီး စကားတွေနဲ့ခြိမ်းခြောက်ပြလိုက်တာ သူခိုးလည်း တချိုးတည်းပြေးပါရောလား...သူက အဲဒီကတည်းက သူ့အဖေလို လူမိုက်ဖြစ်ချင်တာ. ..တကယ်တမ်းကြီးလာတော့ ဒီကောင် ရဲဖြစ်သွားတယ်...လူမိုက်တွေနဲ့ပေါင်းခဲ့တဲ့ ဂျီနိုဟာ ရဲဖြစ်သွားတဲ့အချိန် သူ့ရဲ့သူငယ်ချင်းတစ်ယောက်ကလက်ခံနိုင်စရာမရှိတဲ့ပြစ်မှုကို ကျူးလွန်လိုက်တဲ့အချိန်မှာတော့...File Size : (1.8GB)(580 MB) and (230 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:31:00 Genre : Action , Crime ,Drama Subtitle : Myanmar ...
movie
Out for Justice(1991)
6.2
10 Tricks (2022) 18+
ကဲ ပရိသတ်ကြီးရေ ဒီတစ်ခါတော့ လှည့်ကွက်ကြီး ၁၀ခုအကြောင်းကို တင်ဆက်ပေးလိုက်ပါပြီ ရုပ်ရှင်လေးကတော့ အဖြူ အမဲ ကားလေးပါပဲ လှည့်ကွက်ကြီး ၁၀ခုဆိုလို့ ပိုက်ဆံလိမ်တာတို့ ဘာတို့တွေအထိ မတွေးလိုက်ကြပါနဲ့ အနီးအနားက ကိစ္စလေးတွေကိုပဲ တွေးလိုက်ကြပါ ယောကျာ်းထုကြီးအတွက် ကတော့ ကြည့်လို့လည်းကောင်းသလို ပညာတွေလည်းတစ်လှေကြီးရနိုင်မဲ့ ကားလေးပါပဲ အဲ အိမ်ထောင်ရှင် မမများအတွက်တော့ ကိုယ့် ယောကျာ်းထက်ခြေလှမ်း တစ်လှမ်းသာနေချင်ရင် ဒီကားလေးကိုကြည့်ပြီးသာ ပညာယူထားရမှာပါ ဟုတ်ကဲ့ ဒီရုပ်ရှင်ရဲ့ အဓိက လှည့်ကွက်ကြီး ၁၀ခုကတော့ ပြည့်တန်ဆာအိမ်မှာ ယောကျာ်းတွေလုပ်လေ့ လုပ်ထရှိတဲ့ အကြောင်းတွေပါပဲ အဲဒါအပြင် အိမ်တိုင်ရာရောက်ဝန်ဆောင်မှုပေးတဲ့ အကြောင်းလေးတွေရယ် အမ်းနိုင်သမျှအမ်းလွန်းတဲ့ မမကြီးတွေရဲ့ နှင်းဆီခိုင်လေးတွေအကြောင်းရယ်ကို သဘာဝကျကျ အဖြစ်ကိုအဖြစ်အတိုင်း ရိုက်ပြထားတဲ့ကားလေးဖြစ်ပါတယ် (ဘာသာပြန်နေရင်းတောင် ငယ်ငယ်က သူငယ်ချင်းကိုသတိရမိသွားတဲ့အထိပါပဲ)အဲဒီတော့ ဇာတ်လမ်းရယ်ဆိုတာတော့ သေချာမရှိဘဲ ဖြစ်တတ်တဲ့သဘောတရားတွေကို ရိုက်ပြထားတာမို့လို့ တစ်ကားတည်းနဲ့ ဇာတ်လမ်းပေါင်း များစွားကို အဝကြီးကြည့်ရှုရမှာပါ ...
movie
10 Tricks (2022) 18+
5.5
Collateral Damage (2022)
မင်းသားကြီးအာနိုးရဲ့ အက်ရှင်ကားဟောင်းတစ်ကားဖြစ်ပါတယ်။အရင်င်ကအက်ရှင်ကားတွေကို လွမ်းနေသူတွေတော့ သဘောကျကြမှာပါ။ မီးသတ်သမားတစ်ယောက်ဖြစ်တဲ့ ဂေါ်ဒီဘရူအာဟာ မိန်းမနဲ့ကလေးကိုတွေ့ဖို့အသွားမှာ ဗုံးပေါက်ကွဲမှုကြောင့် မိန်းမရောကလေးပါ သေဆုံးသွားပါတယ်။ ဗုံးခွဲသူဟာ ကိုလံဘီယာနိုင်ငံက ပြောက်ကျားတပ်သားတစ်ယောက်ဖြစ်ပြီး လွတ်မြောက်သွားကြောင်းသိရတဲ့အခါ နာကျည်းမှုတွေနဲ့အတူ ဂေါ်ဒီဟာ နိုင်ငံကူးပြီးလိုက်ရှာပါတော့တယ်။ဗုံးခွဲသူဟာ ဘာကြောင့်ခွဲရတာလဲ၊အမေရိကန်အစိုးရက ကိုလံဘီယာကိုဘာတွေလုပ်ခဲ့လို့လဲ၊ မိန်းမနဲ့ကလေးအတွက် လက်စားချေလိုစိတ်နဲ့ပဲ ပြောက်ကျားတပ်တွေ အစိုးရစစ်တပ်တွေကြား အန္တရာယ်တွေပြည့်နေတဲ့ကိုလံဘီယာကိုသွားခဲ့တဲ့ဂေါ်ဒီ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုသိရဖို့ ကြည့်ကြည့်လိုက်ကြပါတော့။ File size…(2.52GB)/(1.45GB)/(776.9MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:48:00 Genre...Action / Drama / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...Pyi T nyein
movie
Collateral Damage (2022)
5.6
My Dead Dad (2021)
My Dead Dad (2022)ဆုံးပါးသွားပြီဖြစ်သော အဖေ ..... မိဘမေတ္တာကို ဆုံးပါးသွားပြီးမှ သိခွင့်ရတဲ့ သားတစ်ယောက်ရဲ့ဇာတ်လမ်းပါပဲ။မိဘတွေကွာရှင်းပြီးနောက် အဖေဖြစ်သူကို ငယ်ငယ်ထဲကမတွေ့ရတော့တဲ့ လူးကပ်စ်တစ်ယောက် ရုတ်တရက်ဆိုသလို အဖေဖြစ်သူ ဆုံးပါးသွားတဲ့ သတင်းကိုကြားလိုက်ရပါတယ်။ သွားလေသူအဖေက သူ့အတွက် တိုက်ခန်းတွေကို အမွေအဖြစ်ထားခဲ့ရာကနေ အယ်လ်အေကိုသွားဖို့ဖြစ်လာပါတယ်၊စကိတ်စီးတာကို စွန့်လွှတ်ထားတဲ့ လူးကပ်စ် တစ်ယောက် အယ်လ်အေမှာဘာတွေကြုံရမလဲ၊ အဖေဖြစ်သူချန်ခဲ့တဲ့ တိုက်ခန်းတွေကို သူ ဦးစီးနိုင်ပါ့မလား၊ သူ့ဘဝထဲကို ဝင်လာတဲ့ကောင်မလေးနဲ့ရော အဆင်ပြေပါ့မလား၊ နောက်ဆုံး သူ့ရဲ့ အဖေဖြစ်သူအပေါ်မကျေနပ်ချက်တွေ အတွက်ရောအဖြေရှာတွေ့နိုင်မလား စတာတွေကို ဒီကားကြည့်ရင်း အဖြေရှာနိုင်ပါတယ်။၂၀၂၁ ခုနှစ်က ထွက်ရှိထားပြီး HBO Max ကနေ June 1 ရက်နေ့ကမှ ထုတ်လွှင့်သွားတာပါ IMDB rating 60% နဲ့ Rotten Tomatoes 83% ထိရရှိထားပြီးတော့ ဆုပေါင်း ၅ ဆု နဲ့ တစ်ကြိုစာရင်း ၂ ကြိမ် ဝင်ထားတဲ့ မိဘမေတ္တာဘွဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။အညွှန်း နဲ့ ...
movie
My Dead Dad (2021)
2021
6.6
Blue Miracle (2021)
Blue Miracle (2021) ==============IMDB 6.6/10Based on True StoryBisbee's Black & Blue ပြိုင်ပွဲဆိုတာ Super Bowl ပွဲလောက်ကြီးမားတဲ့ ကမ္ဘာ့ငါးဖမ်းပြိုင်ပွဲကြီးပါ ။ Blue Merlin လို့ခေါ်တဲ့ မာလင်ငါးပြာကြီးတွေကို ပင်လယ်ထွက်ပြီး တံငါတွေ အဖွဲ့လိုက် ဒေါ်လာ ၁ သန်းဆုကြေးအဖြစ်ဖမ်းယူ ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲပေါ့။ ဒီပြိုင်ပွဲကို ထပ်မံယှဉ်ပြိုင်ဖို့ စိတ်အားထက်သန်သူဟာ ချန်ပီယံ ၂ ကြိမ်ဆုရဖူးတဲ့ ချန်ပီယံဟောင်း ကပ္ပတိန် ဝိတ်မာလိုပါ ။ ဒါပေမယ့် သူဟာ နာမည်ကြီးထမင်းငတ်ဖြစ်ပြီး ချန်ပီယံ ၂ ကြိမ်ရခဲ့ပေမယ့် အရှုံးတွေနဲ့ဆက် တိုက်ရင်ဆိုင်ပြီး မိသားစုကစွန့်ပစ်သွားတာကြောင့် လှေပေါ်မှာပဲ လေလွင့်နေတဲ့ ဂွစာအဘိုးကြီးပေါ့။ ဒါကြောင့် လာမယ့်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ပြန်သိမ်းပိုက်ပြီး သူ့မိသားစုဆီ ပြန်သွားဖို့ တေးထားပါတယ်။တစ်ဖက်မှာလည်း ကာဆိုဟိုဂါလို့ခေါ်တဲ့ မိဘမဲ့ဂေဟာက အိုမာတို့ဇနီးမောင်နှံဟာ ဘဏ်ကြွေး ဒေါ်လာ ၁ သိန်းကျော်တင်ပြီး ဂေဟာကိုပိတ်သိမ်းပြီး မိဘမဲ့ကလေးတွေ အကုန်လုံး လမ်းပေါ်ရောက်မယ့်အခြေအနေဖြစ်နေပါပြီ။ပြိုင်ပွဲသတင်းကို ကြားမိတဲ့ အိုမာနဲ့ကပ္ပတိန် ...
movie
Blue Miracle (2021)
2021
5.5
Wander 2020
အာသာ ဟာ အတိတ်က အဖြစ်ဆိုးကြောင့် စိတ်ဒဏ်ရာရထားတဲ့ လှို့ဝှက်ပူးပေါင်းကြံစည်မှု သီအိုရီသမား တစ်ဖြစ်လဲ အလွတ်စုံထောက်ပါ။ ဝန်ဒါလို့ခေါ်တဲ့ မြို့လေးမှာ ဖြစ်သွားတဲ့ လူသတ်မှုတစ်ခုကို စုံစမ်းပေးဖို့ ငှားရမ်းခံရပြီးနောက်မှာ လိမ်ညာမှုတွေကို ဆက်တိုက်တွေ့လာရပြီး ဒီအမှုက သူ့ရဲ့ သမီးကို သတ်လိုက်တဲ့လူနဲ့ ဆက်စပ်မှုရှိနေတယ်လို့ သံသယဝင်လာပါတယ်။ ဒီလိုနဲ့ အမှန်တရားနဲ့ စိတ်ကူးယဥ်မှုကြားမှာ စိတ်မနှံ့ချင်သလိုဖြစ်နေတဲ့ အာသာတစ်ယောက် အမှုမှန်ပေါ်အောင် ဖော်ထုတ်နိုင်ပါ့မလား? လျှို့ဝှက်ပူးပေါင်းကြံစည်မှုလို့ သူထင်နေတဲ့အမှုဟာ အမှန်လား ထင်ယောင်ထင်မှား ဖြစ်တာလား? Wander 2020 ဟာ ထိတ်လန့်သည်းဖို ပရိတ်သတ်တွေအတွက် ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ် Quality – 1080p, 720p WebRipDuration - 1h 36minSubtitle – Myanmar HardsubFormat – Mp4Genre : ThrillerTranslator – Htet Wai Lwin
movie
Wander 2020
7.7
Training Day(2001)
Training Day(2001) IMDb....7.7,,,,Rotten....77% ကျွန်တော်တို့ရုပ်ရှင်ကားတော်တော်များများကြည့်ကြတယ်..တစ်ချို့ကားတွေကြတော့ သရုပ်ဆောင်ကြောင့်ကို တမင်ကြည့်ကြတာ... သူတို့ပါရင် အဲ့ဒီကားက တနည်းမဟုတ်တစ်နည်းကောင်းကိုကောင်းနေတတ်တာ....ဇာတ်လမ်းညံနေရင်တောင် သူတို့အရှိန်အဝါကြောင့် ကြည့်ကောင်းနေတတ်တာမျိုး....ဇာတ်လမ်းကောင်းနေရင်တော့ ပြောဖွယ်ရာမလိုတော့ပေ...ဒီလို သရုပ်ဆောင်ကြီးတွေထဲမှာ ဒန်ဇယ်ဝါရှင်တန်ဟာ ထိပ်ဆုံးစာရင်းထဲမှာရှိနေမယ်ထင်ပါတယ်....သူပါဝင်သရုပ်ဆောင်ထားတဲ့The Equalizer ,Philadelphia ,Courage Under Fire ,Man on Fire စသည်ဖြင့် နာမည်ကြီးကားများစွာကို သိရှိကြမယ်ထင်ပါတယ်....ဒီ Training Day(2001) ဇာတ်ကားထဲမှာတော့ ဒန်ဇယ်ကြီးက မြင်တွေ့နေကျပုံမျိုးမဟုတ်တဲ့ စရိုက်နဲ့ သရုပ်ဆောင်ထားတယ်...ဒီဇာတ်ရုပ်က ပီပြင်လွန်းလို့ အော်စကာဆုတောင်ရရှိသွားပါတယ်....ဒီဇာတ်ကားဟာ ဆုပေါင်း (၁၆)ဆုရရှိခဲ့သလို အခြားဆုပေါင်း(၂၃)ဆုအတွက်လည်း ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်...ဒန်ဇယ်ကားဆိုတာနဲ့ ဇာတ်ညွှန်းတွေထွေထွေထူးထူးမပြောတော့ဘူး......သူက အကျင့်ပျက်ရဲတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားတယ်...တစ်ခုတော့ သတိပေးပါရစေ...ခင်ဗျားတို့ဇာတ်ကားကြည့်နေတုန်း အနားမှာ ကောက်ပေါက်လို့ရမယ့် ဟာမျိုးတွေ တုတ်တွေမထားပါနဲ့ ..ဘာလို့ဆိုဇာတ်ကားကြည့်နေရင် သူသရုပ်ဆောင်တာပီပြင်လွန်းတော့ နင်းကန်စိတ်တွေတိုပြီး TV ကြီးကို ပစ်ပေါက်မိမယ်စိုးလို့ပါ.... File Size : (950 MB) and (358 MB) Quality : Blu-Ray 720p Format…mp4 Duration…02:02:00 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard ...
movie
Training Day(2001)
2001
5.7
The Curse of La Llorona (2019)
လာယိုရို့နာရဲ့ကျိန်စာ ဆိုတဲ့ သရဲကားကို တင်ပေးထားပါတယ်ဒီကားလည်း Conjuring, Anabelle universe မှာ ပါဝင်ပါတယ်။လာယိုရို့နာဆိုတာ မက္ကဆီကိုက သိပ်ကိုချောမောတဲ့ မိန်းမလှလေးပါ။သူ့ခင်ပွန်းရဲ့ဖောက်ပြန်မှုကြောင့် ကလေးနှစ်ယောက်ကို ရေနှစ်သတ်ခဲ့ပြီး ကိုယ်တိုင်လည်း ရေထဲခုန်ဆင်းသွားခဲ့ရတယ်။အဲဒီ အစွဲနဲ့အကုသိုလ်ကြောင့် မိစ္ဆာဝိညာဉ်ဖြစ်လာပြီး သူ့ကလေးတွေအဖြစ်အစားထိုးဖို့ ကလေးတွေရဲ့ အသက်ကို လိုက်နှုတ်ယူနေတာပါ။အင်္ဂလိပ်စာတန်းမထွက်သေးတာကြောင့် ဘာသာပြန်ဖို့ လေးငါးကြောင်း ကျန်နိုင်ပါတယ်။ဒါပေါမယ့် ကြည့်လို့နားလည်မှာပါ။ (Littleneo ဘာသာပြန်သည်) File Size : (800 MB) and (400 MB) Quality : HCHDRip 720p Running Time : 1hr 33min Format : Mp4 Genre : Horror, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.KORSUB.HDRip.x264.AAC2.0-STUTTERSHIT Translated by Littleneo Encoded by THZ
movie
2019
4.0
Crime, Horror, Action ဇာတ်ကားလေးပါ။ပထမကားရဲ့ Theme လိုပါပဲ။ဥပဒေဘောင်အပြင်ကလူတစ်ချို့ မမျှော်လင့်တဲ့သဘာဝလွန်ဖြစ်ရပ်တွေနဲ့ကြုံတွေ့ရတဲ့ဇာတ်လမ်းပါပဲ။ဓားပြမှုနဲ့ထောင်ချခဲ့ဖူးတဲ့ Buck တစ်ယောက် မလိမ္မာနိုင်ပဲ ထောင်ဖောက်ပြေးလာတဲ့လုပ်ဖော်ကိုင်ဖက်ဟောင်း Luther တို့ ဘဏ်ဓားပြတိုက်ဖို့စီစဉ်ကြပါတယ်။သူတို့ချိန်းထားတဲ့နေရာ မရောက်ခင်မှာပထမ From Dusk 'till Dawn ထဲက ဆိုင်လေးကိုLuthar ရောက်ရှိသွားပြီး ဘာတွေဆက်ဖြစ်ကြလဲဆိုတာတော့... File size…(850MB) and (350MB) Quality…BR-Rip 1080p Format…mp4 Duration….01:28:07 Subtitle….Myanmar Subtitle (Hardsub) Translated by d3monEncoded by Naing Aung Latt
movie
From Dusk Till Dawn 2: Texas Blood Money (1999)
1999
7.4
The Rock (1996)
The Rock (1996) IMDb (7.4/10)...Rotten Tomatoes (66%) Unicodeမင်းသားကြီးရှောင်ကွန်နရီ နဲ့ နီကိုလပ်ကေ့ချ် တို့အဓိကပါဝင်ထားတဲ့ ဒီဇာတ်ကားကြီးဟာ Armageddon,Transformers ဇာတ်ကားတွေကို ဖန်တီးသူ ဒါရိုက်တာ Michael Bay ရဲ့ နောက်ထပ်လက်ရာကောင်းဇာတ်ကားတစ်ကားဖြစ်ပါတယ်။တိုင်းပြည်ရဲ့ လျှို့ဝှက်စစ်ဆင်ရေးတိုက်ပွဲတွေမှာ အသက်စွန့်ခဲ့ရပေမယ့် ဘာဂုဏ်ပြုမှတ်တမ်းမှ မရေးထိုးပေးဘဲ ချောင်ထိုးခံလိုက်ရတဲ့ ကျဆုံးစစ်သည်နဲ့ မိသားစုတွေအတွက် ရင်နင့်နေတဲ့ အမေရိကန်ဗိုလ်ချုပ်ဖရန့်ဟမ်းမဲလ်....ဘယ်သူမှဖဖောက်နိုင်တဲ့ထောင်ကို ဖောက်ထွက်ပြေးခဲ့ဖူးတဲ့ နာမည်ကြီးထောင်ဖောက်သမားကြီး ဂျွန်မေဆင်....FBI ဌာနရဲ့ ဓါတုဗေဒ ပညာရှင် ဂွတ်စပိဒ်....ဒီလိုထိပ်တန်းလူသုံးယောက် ကိုယ့်ခံယူချက် ယုံကြည်ချက်အတွက် တိုက်ပွဲဝင် ထိပ်တိုက်တွေ့ဆုံရာဝယ်.............။ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်....မင်းသားကြီးတွေရဲ့ သရုပ်ဆောင်မှုတွေ အသောအထေ့တွေက အသက်ဝင်လွန်းပါတယ်။နီကိုလပ်ကေ့ချ်ကို ငယ်ရွယ်နုပျိုစွာမြင်ရတာကလဲ အတော်ပဲ ကြည့်ပျော်မှာပါ။ (Myo Min Aung မှခံစားတင်ထားပါတယ်။) --------------------------------------------------------------------- Zawgyiမင်းသားကြီးရှောင်ကွန်နရီ နဲ့ နီကိုလပ်ကေ့ခ်ျ တို့အဓိကပါဝင်ထားတဲ့ ဒီဇာတ်ကားကြီးဟာ Armageddon,Transformers ဇာတ်ကားတွေကို ဖန်တီးသူ ဒါရိုက်တာ Michael Bay ရဲ့ နောက်ထပ်လက်ရာကောင်းဇာတ်ကားတစ်ကားဖြစ်ပါတယ်။တိုင်းပြည်ရဲ့ ...
movie
The Rock (1996)
1996