Channel Myanmar

Ray Charles

The Greatest Night in Pop (2024) 8.0
The Greatest Night in Pop (2024)  နတ်ဖလစ်ကနေ ထုတ်လွင့်တင်ဆက်ပေးလိုက်တဲ့ ပေါ့ပ်ဂီတရဲ့ ဂန္တဝင်ညတစ်ညအကြောင်းပေါ့ဗျာ။ အခု တင်ဆက်ပေးချင်တဲ့ မှတ်တမ်းရုပ်ရှင်ကတော့ "We are the world"သီချင်း ဖန်တီးခဲ့တုန်းကအချိန်ကို ရှင်သန်နေသေးတဲ့ အဆိုကျော်ကြီးတွေ ပရိုဂျူဆာတွေ ကင်မရာမန်းတွေ မီးအလင်းအမှောင်ဆရာတွေကနေ ပြန်ပြောင်းပြောပြထားတာတွေပါ။အားလုံးသိကြတဲ့အတိုင်းပဲ ဒီသီချင်းကို ဖန်တီးရေးဖွဲ့ခဲ့တာက မိုက်ကယ်ဂျက်ဆင်နဲ့ လိုင်ယွန်နယ်ရစ်ချီ။စစချင်း စူပါစတားတွေ လေးစားရတဲ့ ပရိုဂျူဆာ ကန်ကရေဂန်စီစဉ်ခဲ့တာက စတီဗီနဲ့ လိုင်ယွန်နယ်တို့ရေးကြဖို့။ စတီဗီကို ဆက်သွယ်လို့မရတဲ့အဆုံးမှာ မိုက်ကယ်နဲ့ လိုင်ယွန်နယ်တို့ အတူတူရေးဖွဲ့ဖြစ်ခဲ့ကြတယ်။ မိုက်ကယ်က ဒီသီချင်းကို ပါဝင်ရေးဖွဲ့ခဲ့ပေမဲ့ ဝင်ဆိုဖို့ ရုပ်သံဗီဒီယိုထဲမှာပါဝင်ဖို့ ဆန္ဒမရှိခဲ့ပါဘူး။မင်းရဲ့ ဂီတသက်တမ်းတလျောက်မှာ နောင်တအကြီးအကျယ်ရလိမ့်မယ်ဆိုတဲ့ ပရိုဂျူဆာရဲ့တိုက်တွန်းမှုနဲ့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအချိန်ခါက လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ အဆိုကျော်ကြီးတွေကို အာဖရိကက ငတ်မွတ်ခေါင်းပါးမှုတွေ ဖြေလျော့ဖို့ အသက်ပေါင်းများစွာကို ကယ်တင်ဖို့ သူတို့တွေဘယ်လိုခက်ခက်ခဲခဲနဲ့ စုစည်းပြီး ဒီသီချင်းဖြစ်မြောက်ဖို့ ကြိုးစားခဲ့ရပုံတွေကို ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်) File ...
movie

The Greatest Night in Pop (2024)

Spy Hard (1996) 5.4
Spy Hard (1996) Spy Hard (1996)ဒါလေးက Naked Gun မင်းသားကြီး Leslie Nielsen ပါဝင်ထားတဲ့စပိုင်ဇာတ်လမ်း အက်ရှင်ဟာသဇာတ်ကားလေးပါ ..007 ဟာသဗားရှင်းဆိုလည်း မမှားပါဘူး ..နာမည်ပေးထားတဲ့ Spy Hard ဆိုတာကလဲ ဘရုစ်ဝီလီရဲ့ နာမည်ကြီး Die Hard ကို အခွက်ပြောင်ထားတာပါ။အထဲမှာလဲ နာမည်ကြီးအက်ရှင်ဇာတ်ကားတချို့ကို အခွက်ပြောင်ထားပါသေးတယ်။ဇာတ်လမ်းကတော့...ကမ္ဘာကြီးကိုဖျက်ဆီးမယ့်ဂြိုလ်တုလွှတ်တင်ဖို့ကြံရွယ်နေတဲ့ လူဆိုးဗိုလ်ချုပ်ကြီးကိုတားဆီးဖို့အတွက်အထူးအေးဂျင့် Dick Steele (နာမည်ကအဆန်း) တစ်ယောက် အစွမ်းကုန်ကြိုးစားရင်းအလွဲလွဲအချော်ချော်ဖြစ်ပေါ်တာတွေကို ခွီရအောင်တင်ဆက်ထားတာပဲဖြစ်ပါတယ်။  File size…(1.4 GB) / (800 MB) / (400 MB) Quality…WEB-DL 1080p / 720p / 480p Format…mp4 Duration….01:21:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Nay Lin Thar
movie

Spy Hard (1996)