Channel Myanmar

Raphaël Quenard

My Sole Desire aka  À mon seul désir (2023) 6.1
My Sole Desire aka À mon seul désir (2023) “My Sole Desire” လို့ခေါ်တဲ့ ပြင်သစ်ဒရာမာ ဇာတ်လမ်း‌လေးကို ရိုက်ကူးပေးထားတဲ့ ဒါရိုက်တာကတော့ Lucie Borleteau ပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းထဲမှာဆိုရင် Marcia လို့ခေါ်တဲ့ ၂၀ကျော် မိန်းကလေးတစ်ယောက်ဟာ စိတ်ဝင်စားမှုကြောင့် အဖော်အချွတ်ကလပ်တခုဖြစ်တဲ့ Le Royaume ခေါ် The Kingdom လို့ခေါ်တဲ့ ကလပ်ထဲကို ဝင်သွားရင်းနဲ့ စိတ်ဝင်စားမှုကနေ စပြီးတော့ သူတကယ်စိတ်ပါတဲ့ ပုံစံ လွပ်လပ်မှုနဲ့ ခံစားမှုကို ရှာတွေ့သွားပါတော့တယ်။Marcia ဟာ အပြင်လူဖြစ်ပေမယ့် တနေ့မှာ အကမယ်တွေ ကင်မရာတွေ ကိုတွေ့ပြီးတော့ စိတ်ပါသွားတာနဲ့ ဝင်ခွင့်ပြိုင်မယ်ဆိုပြီးတော့ လုပ်တဲ့အခါမှာ အဲဒီလောကထဲကို မထင်မှတ်ပဲ ရောက်လာပါတော့တယ်။ ဒီအဖော်အချွတ်မယ်လောကထဲကို ရောက်လာတဲ့ အချိန်ကစပြီးတော့ သူ့ရဲ့ စိတ်ဆန္ဒတွေ အကြောက်တရားတွေ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ရှုံ့ချမှုတွေ ကို ခံရပါတော့တယ်။ဒီဇာတ်လမ်းထဲမှာဆိုရင် ကိုယ်ကြိုက်တာကိုယ်လုပ်ဆိုတဲ့ပုံစံမျိုးကို သွားထားပါတယ်။ မိန်းကလေး အပေါင်းအသင်းတွေကြားထဲက နားလည်ရခက်တဲ့ ပြဿနာတွေ၊သူ့ကိုသူလက်ခံနိုင်ဖို့ ဘယ်လိုလုပ်ခဲ့ရလဲဆိုတဲ့ အကြောင်းပါ။ Marcia ရဲ့ဇာတ်လမ်း၊ သူတကယ်ဖြစ်ချင်တာဖြစ်ဖို့အတွက် ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲခြင်းကို ဘယ်လို ကျော်ဖြတ်ခဲ့ရသလဲ ဆိုတာက ...
movie

My Sole Desire aka À mon seul désir (2023)

All Your Faces (2023) 7.0
All Your Faces (2023) ပြန်လည်ထူထောင်ရေးဆိုင်ရာ တရားမျှတမှုအစီအစဉ်များကို ပြစ်မှုကျူးလွန်သူများနှင့် သားကောင်များအကြား ဆွေးနွေးမှုများအတွက် ပညာရှင်များနှင့် စေတနာ့ဝန်ထမ်းများက ပံ့ပိုးပေးတဲ့လုံခြုံသောနေရာတစ်ခု ပေးခဲ့တယ်ပါဝင်သူများထဲမှာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရသူ Chloé , Grégoire၊ Nawelle နှင့် Sabine၊ ဖောက်ထွင်းမှုနှင့် လုယက်မှု သားကောင်များ၊ Nassim၊ Issa နှင့် Thomas တို့က အကြမ်းဖက် လုယက်မှုများဖြင့် ပြစ်ဒဏ်ချမှတ်ခံရသော ပြစ်မှုကျူးလွန်သူများဖြစ်ကြတယ်သူတို့တွေ့ဆုံဆွေးနွေးတဲ့အခါ...( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ )File size_(700MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:50:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W
movie

All Your Faces (2023)

Gold Brick (2023) 6.2
Gold Brick (2023)  Money Heist လို Plot twist တွေနဲ့ သူခိုးဇာတ်လမ်းကြိုက်တဲ့ပရိသတ်တွေအတွက် အလွမ်းပြေ ပြင်သစ် သူခိုးရုပ်ရှင်လေးတစ်ကားလာပါပြီ။ဆွယ်ဗျားဆိုတဲ့ လူငယ်လေးတွယောက်ဟာ ရှားထရက်မြို့ သာမာန် လူလတ်တန်းစားမိဘနှစ်ဦးကနေ မွေးဖွားကြီးပြင်းလာသူပါ။ သူ့မှာ စကန်နီးရားလို့ခေါ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ သူတို့နေတဲ့မြို့မှာ ဘိုးရစ်နှင့်သားများလို့ ခေါ်တဲ့ ရေမွှေးထုတ်ပိုးဖြန့်ချီရေးကုမ္ပဏီတစ်ခုက တစ်မြို့လုံးရဲ့ အလုပ်အခွင့်အလမ်းတွေကိုအုပ်စိုးထားပြီး ဘယ်လောက်ပင်ပညာတတ်ဖြစ် ​ေနပါစေ အဆုံးသတ်မှာတော့ ဒီစက်ရုံမှာပဲအလုပ်ဝင်ကြရပါတယ်။ဆွယ်ဗျားနဲ့ စကန်နီးရားတို့ဟာ အဲ့လိုမဖြစ်အောင် ကြိုးစားနေထိုင်ခဲ့​ေပမယ့် အဆုံးမှာတော့အများနည်းတူ ဘိုးရစ်စက်ရုံမှာပဲ အလုပ်ဝင်ခံရပါတယ်။ သူတို့အလုပ်ဝင်ပြီးမကြာခင်မှာပဲ ဖခင်ဖြစ်သူဘိုးရစ် သေဆုံးသွားခဲ့ပြီး ဘိုးရစ်ဂျူနီယာက ကုမ္ပဏီကိုအမွေဆက်ခံခဲ့ပါတယ်။ တစ်ရက်မှာတော့ ဆွယ်ဗျားတစ်ယောက် အလုပ်ကနေ အပိုဝင်ငွေရမယ့် နည်းလမ်းတစ်ခုကိုရှာတွေ့သွားတဲ့နောက် သာမာန် စက်ရုံအလုပ်သမားဘဝကနေ သူဌေးတစ်ယောက်ဖြစ်ဖို့ ဘယ်လိုနည်းတွေ၊ အခကါအခဲတွေကို ရုန်းကန်ကြိုးစားကြမလဲဆိုတာ ရုပ်ရှင်ထဲမှာ ဆက်လက်စောင့်ကြည့်လိုက်ကြပါဦးပြင်သစ်စကားပြောရုပ်ရဗင်ဖြစ်တဲအတွက် Money Heist လို ခပ်ဆင်ဆင် Vibe မျိုးရမှာဖြစ်ပေမယ့် ဇာတ်လမ်းက Twisty ...
movie

Gold Brick (2023)

Junkyard Dog (2023) 7.1
Junkyard Dog (2023) Junkyard Dog (2023)ဒီ Comedy, Drama ဇာတ်ကားကတော့ အရမ်းချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်အပေါ် ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံရဲ့တောင်ဘက်က မြို့ငယ်လေးတစ်မြို့မှာ နေထိုင်ကြတဲ့ ဒေါ့နဲ့ မီရာလယ်စ်ဆိုလို့ခေါ်တဲ့ သူငယ်ချင်းနှစ်ယောက်အကြောင်းပေါ့။ငယ်မွေးခြံပေါက်သူငယ်ချင်းနှစ်ယောက်မှာ တစ်ယောက်က တော်ရုံစကားမပြော မှုန်မှုန်ကုပ်ကုပ်လေးနေ ဘာဆိုဘာမှဂရုမစိုက်ဘဲနေတတ်တဲ့ Introvert ဖြစ်ပြီး နောက်တစ်ယောက်ကတော့ အမြဲလိုလို အခြားသူငယ်တွေနဲ့ပျော်ပါးတတ် စကားစမြည်ပြောပြီး ဝေလေဝါးလားနေတတ်သူပေါ့။ နှစ်ယောက်က တောင်နဲ့မြောက်တခြားစီဆိုပေမဲ့ ငယ်ငယ်ကတည်းက အရမ်းကိုချစ်တတ်ကြတဲ့သူငယ်ချင်းဖြစ်ပါတယ်။ ဒီလိုနဲ့ သူငယ်ချင်းနှစ်ယောက်ထဲက Introvert ဖြစ်တဲ့ ဒေါ့ဆိုတဲ့သူက အခြားမြို့ကနေခဏတစ်ဖြုတ်ပြောင်းလာတဲ့ အမျိုးသမီးတစ်ယောက်နဲ့ချစ်ကျွမ်းဝင်ဖို့ဖြစ်လာပါတော့တယ်။ အဲဒီ ဒေါ့ရဲ့ အချစ်ဇာတ်လမ်းက နောက်ဆုံးမှာဘယ်လိုအဆုံးသတ်သွားရမလဲဆိုတာအပြင် အမှန်တကယ်ကိုယ့်ကိုချစ်မြတ်နိုးတဲ့သူတွေကပဲ ကိုယ်မုန်းတာကိုခံပြီး ကိုယ့်ကိုကူညီပေးတတ်တယ်ဆိုတာကိုပါ ရသအပြည့်နဲ့ခံစားရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.85GB, 760MB Quality - 1080p, 720p IMDb Rating - 7.1/10 Format - ...
movie

Junkyard Dog (2023)

2023
Jeanne du Barry (2023) 6.8
Jeanne du Barry (2023)  ဂျန်ဘူဘာယာနေး ဆိုတဲ့ကလေးတစ်ယောက်ဟာ ဘုန်းတော်ကြီးနဲ့စာဖိုဆောင်ကအမျိုးသမီးတို့က တရားမဝင်မွေးဖွားလာတဲ့အတွက်လောကကြီးမှာလူမသိသူမသိသိုသိုသိပသိပ်နေတာခဲ့ရတယ်။ မစ္စတာဒူမူဆိုဆိုတဲ့လူချမ်းသာတစ်ယောက်က ဂျန်ကိုချစ်မြတ်နိုးလို့ စောင့်ရှောက်ပေးထားတယ်။ဂျန်အရွယ်ရောက်လာတော့ စော်ကားပြုမှုခံရတာတွေလွှတ်ကင်းဖို့အတွက်သားအမိနှစ်ယောက်သာ ပဲရစ်မြို့ကြီးထွက်ခွာလာခဲ့တယ်။ ကာလအတန်ကြာနေထိုင်ပြီးနောက်မှာ ဂျန်ဟာ လွတ်လပ်စွာနေထိုင်ရပြီး နေထိုင်စားသောက်နိုင်မယ့်ဘဝ ဖြစ်တဲ့ ပြည့်တန်ဆာအလုပ်ကိုရွေးချယ်လုပ်ကိုင်ခဲ့တယ်။ ဂျန်ရဲ့အလှတရားတွေကြောင့် မှူးမတ်တွေ အရာရှိလူချမ်းသာတွေကြားမှာနာမည်ကြီးလာတယ်။ အမတ်ကြီး ရီရှယ်လူရူ နဲ့ မြို့စား ဘာရီတို့ဟာ ဂျန်ကိုသူတို့ကိုယ်ကျိုးအတွက် အသုံးချဖို့ကြံစည်နေက့တယ်။ ဂျန်ကို ဘုရင်ကြီးနဲ့ပေးတွေ့ပြီး နန်တော်မှာ နေရာတစ်နေရာရအောင်ဖန်တီးပါတော့တယ်။ဘုရင်ကြီးဟာ ဂျန်ကိုမြင်မြင်ချင်းသဘောကျသွားပါတော့တယ်။လမ်းဘေးဘဝ‌ကနေ ချက်ခြင်းနန်းတော်ကိုရောက်သွားတဲ့အခါ သူ့အတွက်အခက်အခဲပေါင်းစုံကြုံလာပါတော့တယ်။ ဘုရင်ကြီးရဲ့အနှစ်သက်ဆုံးဂျန်ကိုတော်ဝင်မိသားစုက အမြင်မကြည့်တဲ့အခါမှာတော့.......  File size…2.23GB / 869MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 53m Genre ….. Biography , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Jeanne du Barry (2023)

Sentinelle (2023) 5.3
Sentinelle (2023)  ဖရန်စစ် ဆန်တီနယ်လ်ဟာ တစ်ကောင်လုံးပြတောင် အရိပ်မမြင်ဘဲ ပေါ့ပျက်ပျက်လုပ်တတ်တဲ့ ခပ်တုံးတုံး အနုပညာရူး ရူးနေတဲ့ ရဲဌာနခေါင်းဆောင် ကပ္ပတိန်ပါ။ သူ့ရဲ့လက်အောက်မှာတော့ တစ်ကယ်အလုပ်ကြိုးစားပြီး စိတ်နေသဘောထားမှန်ကန်တဲ့ မိုရီဆေး လက်ထောက်ရဲဝန်ထမ်းရှိပါတယ်။ တစ်နေ့မှာတော့ မျိုးရိုးစဉ်ဆက် မတရားသဖြင့် အုပ်ချုပ်လာတဲ့ နိုင်ငံ့သမ္မတကြီးဟာ သွေးစွန်းလက်များဆိုတဲ့ အကြမ်းဖက်အဖွဲ့ဆီကနေ လာမယ့်ရွေးကောက်ပွဲမှာ နုတ်ထွက်ရင်နုတ်ထွက်၊ မထွက်ရင် တစ်မိသားစုလုံး အန္တရာယ်ကျရောက်မယ်လို့ ခြိမ်းခြောက်ခံလိုက်ရပါတယ်။ ခြိမ်းခြောက်ခံရပြီး မကြာခင်မှာပဲ သမ္မတကြီးရဲ့ယောင်္ကျား ပြန်ပေးဆွဲခံလိုက်ရတဲ့အခါမှာ ဒီအကြမ်းဖက်အဖွဲ့ကို စုံးစမ်းစစ်ဆေးဖို့တာဝန်က ဆန်တီနယ်အပေါ်ကျရောက်လာခဲ့ပါတယ်။ ဆန်တီနယ်နဲ့ မိုရီဆေးတို့နစ်ယောက် ဒီအမှုကို ဘယ်လိုဖြေရှင်းကြမလဲ၊ ပြန်ပေးဆွဲခံရတဲ့ သမ္မတကြီးရဲ့ ယောင်္ကျားကိုရော ဘယ်လိုကယ်မလဲ၊ သူတို့ထင်ထားသလောက် ဒီပြန်ပေးဆွဲမှုကြီးက ရိုးရှင်းပါ့မလားဆိုတာက ကြည့်ရင်း ရှယ်ခွီးရမယ့်ဇာတ်ကားလေးပါ File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre...Comedy, Adventure, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

Sentinelle (2023)

Hard Shell, Soft Shell (Fragile) (2021) 6.3
Hard Shell, Soft Shell (Fragile) (2021) Hard Shell, Soft Shell (Fragile) (2021) =========================== IMDb Rating - 6.3/10Az က ကမာကောင်မွေးမြူရေးမှာ အလုပ်လုပ်နေတဲ့ ကောင် လေးတစ်ယောက်။ သူက ကမာကောင်အကြောင်း နားလည်ပြီး ကမာကောင်အခွံခွာတာလည်း အရမ်းကျွမ်းကျင်တယ်။ တစ်နေ့ တော့ သူ့ချစ်သူ ကောင်မလေး Jessကို ကမာကောင်ထဲမှာ လက် စွပ်ထည့်ပြီး လက်ထပ်ခွင့်တောင်းတော့တာပေါ့။ ဒါပေမဲ့ ထင် သလိုမဖြစ်ဘဲ ဆော်ပစ်ခံလိုက်ရပါတယ်။အဲ့အခါ အသည်းကွဲသွားတဲ့ Azကို သူ့သူငယ်ချင်းတွေက ပျော် အောင်ကြိုးစားပေးမယ်ဆိုပြီး ဝင်နှောင့်ယှက်တော့တာပဲ။ ဒီဇာတ်လမ်းက ဆော်ပစ်ခံလိုက်ရတဲ့ Azတစ်ယောက် ​ကွဲနေတဲ့ ဒဏ်ရာကို ပြန်ကျက်ဖို့ကြိုးစားရင်း နောက်ထပ်အချစ်ကို တွေ့ မလား သူ့ကိုပစ်သွားတဲ့ Exကိုပြန်တွဲပြီး နွားဖြစ်ခံမလားဆိုတာကို ဟာသနှောပြီး ပေါ့ပေါ့ပါးပါးကြည့်ရမယ့်  ဇာတ်လမ်းကောင်းလေးပဲ ဖြစ်ပါတယ်....။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.74 GB) / (700 MB) / (400 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr ...
movie

Hard Shell, Soft Shell (Fragile) (2021)

2021
Smoking Causes Coughing (2022) 6.7
Smoking Causes Coughing (2022) Smoking Causes Coughing (2022)~ IMDb - 6.7/10, RT - 91%, Meta - 74% ~ဒီတစ်​ခေါက်​တော့ 2022 ကထွက်ရှိထားတဲ့ Smoking Causes Coughing ဆိုတဲ့ ပြင်သစ် ဟာသ Sci-Fi ကား​လေးနဲ့ ပိတ်ရက်​တွေမှာ ရယ်​မောရင်း အ​ပန်း​ဖြေလိုက်ရ​အောင်။ကမ္ဘာ​​​​မြေကို မိစ္ဆာ​တွေရန်က​နေ ကာကွယ်​ပေး​​နေတဲ့ စူပါဟီးရိုးအဖွဲ့ အဖွဲ့ဖွဲ့စည်းတာ ကြာလာတာနဲ့အမျှ စည်းလုံးမှု​လျော့ဆင်းလာတာ​တွေ​ကြောင့် ​ခေါင်း​ဆောင်က စည်းလုံး​ရေးပို​ကောင်း​အောင် တစ်ပတ်​လောက် အပန်း​ဖြေခရီးပို့လိုက်တဲ့အခါ ခရီးမှာဖြစ်ပျက်တဲ့အရာ​တွေကို ဟာသဆန်ဆန် ရီ​မောရမယ့်ကား​လေးပဲဖြစ်ပါတယ်။ သူတို့အနားယူ​နေတုန်း တဖက်ရန်သူကလည်း ကမ္ဘာဂြိုဟ်ကို ဖျက်ဆီးဖို့ ဆုံးဖြတ်လိုက်တာ​ကြောင့် သူတို့ ကမ္ဘာ​မြေကြီးကို ကယ်တင်နိုင်မလား မကယ်တင်နိုင်ဘူးလား ဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှူရမယ့်ကား​လေးပဲဖြစ်ပါတယ်။ Rating ကောင်းတွေရထားတဲ့အပြင် ကိန်းစ်ရုပ်ရှင်ပွဲတော်မှာလည်း ဝင်ရောက်ပြသထားနိုင်တဲ့ကားဖြစ်လို့ ပေါ့သေးသေးတော့မဟုတ်ပါဘူး။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

Smoking Causes Coughing (2022)

2022
November (2022) 6.9
November (2022) November (2022) ============= IMDb Rating - 6.9/10၂၀၁၅ နိုဝင်ဘာသောကြာနေ့မှာပြင်သစ်နိုင်ငံ ပါရီမြို့တော် တစ်ဝှမ်းအကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားပြီး လူပေါင်း ရာချီသေဆုံးခဲ့ရပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေဟာ ပြင်သစ်နိုင်ငံအတွက် ဒုတိယကမ္ ဘာစစ်ပြီးတဲ့နောက် အပြင်းထန်ဆုံးတိုက်ခိုက်မှုဖြစ်ခဲ့သလို၊ EU အတွက်လည်း ၂၀၀၄ မှာဖြစ်ပွားခဲ့တဲ့ မက်ဒရစ်ရထား ဗုံးဖောက်ခွဲမှုအပြီး လူသေဆုံးမှုအများဆုံးဖြစ်ခဲ့ပါတယ်။ဒီဇာတ်ကားမှာတော့ အဲ့ဒီဖြစ်ရပ်နောက်ကွယ်က လက်သည် တရားခံတွေကိုစုံစမ်းဖော်ထုတ်ကြတဲ့ ပြင်သစ်အကြမ်းဖက် တိုက်ဖျက်ရေးဌာနရဲ့ ငါးရက်တာကာလ လှုပ်ရှားရုန်းကန်ကြိုး စားမှုတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ရုံတင်ဝင်ငွေကြမ်းသလို ဝေဖန်ရေးဆရာတွေရဲ့မှတ်ချက်ကောင်းတွေကိုလဲရရှိထားပြီး လာမယ့် César Awards အတွက်လည်း ဆန်ကာတင် ခုနှစ်ဆု ထိဝင်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ ဖြစ်ရပ်မှန် မှုခင်းကြိုက်ပရိသတ်တွေအနေနဲ့လက်လွတ်မခံသင့်တဲ့ ဇာတ် ကားတစ်ကားဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.36 GB) / (555 MB) / (313 MB) Quality............Blu-Ray 1080p / 720p / 480P Duration.........1Hr 40Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime, Drama, Thriller Translator.......Alias Encoder..........SWM
movie

November (2022)

2022
Final Cut (a.k.a) Coupez (2022) 6.6
Final Cut (a.k.a) Coupez (2022) Final Cut (a.k.a) Coupez (2022)ဇာတ်လမ်းလေးကတော့ ပေါ့ပေါ့ပါးပါးကြည့်ရမယ့်ဟာသကားလေးပါ။ရာမီဟာ သာမန်အဆင့်ဒါရိုက်တာတစ်ယောက်ပါ။ လူမသိသူမသိဇာတ်ကားလေးတွေကို ဖန်တီးရင်းနဲ့ ဘဝကို အဆင်ပြေသလိုနေထိုင်နေတဲ့သူပေါ့။တစ်နေ့မှာ ရာမီရဲ့ ထုတ်လုပ်သူ မော်ညာ ဟာ ရာမီ ဂျပန်လူမျိုးတစ်ယောက်နဲ့မိတ်ဆက်ပေးတယ်။ အခြားအကြောင်းတော့ မဟုတ်ပါဘူး။ ဂျပန်ဇွန်ဘီးရုပ်ရှင်ကား ရိုက်ဖို့အတွက် ရာမီနဲ့ဆွေးနွေးဖို့ပါ။ဒါပေမယ့် ဒီဇွန်ဘီးရုပ်ရှင်ကားကို တည်းဖြတ်မှုမပါဘဲ နာရီဝက်စာလောက် Live လွှင့်ပြီးရိုက်ပြဖို့ပါ။လူအများကြီးနဲ့ လုပ်ရတဲ့အလုပ်မှာ တည်းဖြတ်မှုမပါဘဲ နာရီဝက်စာလောက် ရိုက်ပြမယ်ဆိုတော့ ရာမီလည်းငြင်းပေမယ့် ထုတ်လုပ်သူက အတင်းရိုက်ခိုင်းတဲ့အတွက် လက်ခံလိုက်ရပါတော့တယ်။သူတို့ပေးတဲ့ ဇွန်ဘီးဇာတ်ညွှန်းကလည်း အဆင်မပြေတဲ့အပြင် တိုက်ရိုက် Live လည်းလွှင့်ပြတဲ့အခါ ရာမီတစ်ယောက် ရုပ်ရှင်ရိုက်ရင်း ဘယ်လိုအခက်အခဲတွေ ရှိမလဲ? သူ ဘယ်လိုဖြေရှင်းမလဲဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်ပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Tin Myo Lwin ပါ။)File Size          : 3.7GB, 1.3GB, 598MB Quality  ...
movie

Final Cut (a.k.a) Coupez (2022)

2022