Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Raphaël Personnaz
6.3
Special Forces (2011)
ဒီ Special Forces ဇာတ်ကားကတော့ ရုပ်မြင်သံကြားမှာ ကိုယ့်တွေ့မှတ်တမ်းတွေရိုက်ကူးလေ့ရှိတဲ့ ဒါရိုက်တာ စတီဖင်ရိုင်ဘိုဂျက် က စီစဉ်ရိုက်ကူးထားတဲ့ စိတ်ကူးယဉ် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒါရိုက်တာက ဒီဇာတ်ကားကို ရိုက်ဖြစ်ပုံက သူ့ငယ်စဥ်ကတည်းက ဝါသနာ ဖြစ်တဲ့ ရုပ်ရှင်ရိုက်ကူးမှုတွေလုပ်ရင်းနဲ့ တချို့ဇာတ်ကားတွေ ရိုက်ကူးမှုတွေမှာ ကာကွယ်ရေးဌာနနှင့် ဆက်ဆံလာရပြီး စစ်တပ်အပေါ် ယခင်က စဉ်းစားပုံတွေပြောင်းလာပြီး စစ်သားတွေရဲ့ စုပေါင်းအလုပ်လုပ်ပုံတွေကို စိတ်ဝင်စားလာတာကြောင့် စစ်သားတွေရဲ့ သက်စွန့်ဆံဖျားကြိုးစားကြရပုံကို တင်ပြဖို့ ဒီဇာတ်ကားကို ရိုက်ကူးခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ဇာတ်လမ်း ကတော့ ပြင်သစ်နိုင်ငံသူဖြစ်တဲ့ သတင်းသမား အယ်လ်ဆာခါဆာနိုဗာဟာ အာဖဂန်နစ်စတန်က ငယ်ငယ်ကတည်းကရောင်းစားခံလိုက်ရပြီး တာလီဘန်တွေရဲ့ ဖိနှိပ်အကြမ်းဖက်မှုတွေ ခံရတဲ့ မိန်းကလေးမိုင်နာ ရဲ့ အခြေအနေကို လိုက်လံသတင်းယူရင်း တာလီဘန်တွေရဲ့ ဖမ်းဆီးမှုကို ခံရပါတယ်။ ဒီလိုအခြေအနေမှာ တာလီဘန်တွေက ဓားစာခံတွေရဲ့ အသက်ကို ခြိမ်းခြောက်တာတွေလုပ်လာတာကြောင့် ပြင်သစ်ကာကွယ်ရေးဝန်ကြီးဌာနက အထူးတပ်ဖွဲ့ကို စေလွှတ်ပြီး ပြင်သစ်သူသတင်းသမားကို ...
movie
Special Forces (2011)
6.4
The French Minister (2013)
IMDb - 6.4/10ဇာတ်လမ်းအညွှန်းဒီပြင်သစ်ဇာတ်လမ်းလေးမှာ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနကနေ့ဒဓူဝလုပ်ငန်းစဉ်တွေ၊ သံတမန်ရေးရာအကြောင်းတွေကိုရိုက်ကူးထားတာဖြစ်ပါတယ်။သံတမန်ရေးရာမှာ နိုင်ငံခြားရေးဝန်ကြီးတစ်ယောက်ရဲ့ စကားလုံးတစ်လုံးဟာနိုင်ငံတကာပဋိပက္ခတွေကို ပြေလည်စေနိုင်သလိုဒီစကားလုံးတစ်လုံးမှားလိုက်တာနဲ့ စစ်မီးမွှေးနိုင်လောက်တဲ့အထိ အရေးကြီးပါတယ်။ဒီတော့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး အဲလက်ဇန်းဒါး တာယာ့ဒ်ဒီကသူပြောမယ့်စကားတွေ မိန့်ခွန်းတွေ ရေးသားဖို့ အာ့သူးဗလာဗိုက်ခ်ဆိုတဲ့လူငယ်လေးကို တာဝန်ခန့်အပ်လိုက်တယ်။ငြိမ်းချမ်းရေးကို လိုလားပြီး ကိုယ့်ကိုကိုယ်အထင်ကြီးတတ်၊စကားမာမာပြောတတ်၊ သံတမန်ရေးကိစ္စတွေနဲ့ခေါင်းရှုပ်လာရတဲ့အခါပေါက်ကွဲတတ်တဲ့ ဝန်ကြီး အဲလက်ဇန်းဒါးလို အထက်အရာရှိအတွက်သံခင်းတမန်ခင်းမှာအရေးကြီးတဲ့မိန့်ခွန်းတွေကိုအာ့သူးတစ်ယောက် ဘယ်လိုကြိုးစားရေးရလဲ၊ နိုင်ငံခြားရေးဝန်ကြီးရုံးမှာအာ့သူးနဲ့ အဖွဲ့ဝင်တွေ ဘယ်လိုကြိုးစားကြရလဲဆိုတဲ့အကြောင်းတွေကို ပါဝင်ပါတယ်။ဒီလိုအဖွဲ့ဝင်တွေရဲ့ကြိုးစားမှုတွေကြောင့်အပါအဝင်ဝန်ကြီး အဲလက်ဇန်းဒါးဟာ နိုင်ငံတကာပြဿနာတွေ၊စစ်ဖြစ်ပွါးလာနိုင်တဲ့အရေးအခင်းတွေမှာ သံတမန်ရေးအရဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတဲ့အကြောင်းတွေကိုလည်း ကြည့်ရှုကြရမှာဖြစ်ပါတယ်။Quai d'Orsay ဆိုတဲ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနအကြောင်းရေးသားထားတဲ့စာအုပ်ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။UKရဲ့ BAFTA award winner တစ်ယောက်ဖြစ်ပြီးနိုင်ငံရေးအကြောင်းဇာတ်လမ်းတွေ ရိုက်ကူးတဲ့နေရာမှာနာမည်ကြီးဒါရိုက်တာဖြစ်တဲ့ Bertrand Tavernier က ရိုက်ကူးထားဖြစ်ပြီးဒီဇာတ်လမ်းဟာ nominee အများကြီးဝင်ထားပြီးaward တွေလည်း ရရှိထားပါတယ်။နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဘယ်လိုအလုပ်လုပ်ကြလဲဆိုတဲ့အကြောင်းနဲ့ သံတမန်ရေးရာအကြောင်းတွေကိုစိတ်ဝင်စားတယ်ဆိုရင်တော့ ဒီဇာတ်လမ်းလေးဟာကြည့်သင့်တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ File size… 2.2 GB / 957.8 MB Quality… BluRay 1080p ...
movie
The French Minister (2013)
2013
6.5
Nicky Larson and the Cupid’s Perfume (2018)
Nicky Larson and the Cupid's Perfume (2018)IMDb 6.5 Crime/Comedyတော်ရုံတန်ရုံ ဟာသကားဆို ပြုံးရုံပဲပြုံးတတ်တဲ့ ကျွန်တော်တောင် တော်တော်ရယ်မိတဲ့ကားပါဗျာ။ ပြင်သစ်ကားတွေ ကောင်းရင် ရှယ်ကောင်းတယ်ဆိုတာ ဒီကားကလည်း ထပ်ပြီးသက်သေပြတယ်လို့ကိုဆိုရမယ့်ကားဗျ။ဇာတ်လမ်းအမျိုးအစားက မှုခင်းအက်ရှင်ဟာသကားဆိုပေမဲ့ ဟာသက ဟာသသက်သပ်၊ အက်ရှင် အက်ရှင်သက်သက်ဖြစ်နေတာရယ်။ ပြောချင်တာကဗျာ ဟာသတွေ ပါလို့ဆိုပြီး အက်ရှင်တွေက ပေါ့မသွားဘူး၊ အက်ရှင်တွေ ပါလို့လည်း ဟာသတွေရဲ့ရသ လည်း ပျက်မသွားဘူး။တစ်ကားလုံး ဟာသလာပြီဆို ရှယ်ခွီ၊ အက်ရှင်လာပြီဆို ရင်ဖိုလိုက်နဲ့ ခွီလိုက် ဖိုလိုက်နဲ့ကို ကြည့်ရမှာ။ တကယ်ဗျာ အက်ရှင် ဇာတ်ကွက်တွေကလည်း 2018 ကလို့မထင်ရအောင် ဇာတ်ကွက်၊ ရိုက်ကွက်ကောင်းသလို၊ ဟာသတွေကလည်း ရိုးမနေဘူးဗျာ။ဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ် ကြေးစာလက်ဖြောင့်သမားသာသာအလုပ်လုပ်နေတဲ့ နစ်ကီဆီကို မစ်ရှင်တစ်ခုလာအပ်ရာကနေ စတယ်ဆိုပါတော့။ နစ်ကီကို လာအပ်တဲ့ မစ်ရှင်ကဘာလဲ၊ အဲဒီမစ်ရှင်ကြောင့် ဘယ်လိုတွေဖြစ်ကြမှာလဲ၊ နစ်ကီကရော ဘယ်လိုဇာတ်ကောင်မျိုးလဲဆိုတာကို ဇာတ်ကားစလာတဲ့အခန်းတည်းက ...
movie
Nicky Larson and the Cupid’s Perfume (2018)
2018
6.6
Anna Karenina (2012)
Anna Karenina (2012)================IMDb Rating - 6.6/10အချစ်မှာ "ဘာလို့လဲ" ဆိုတာ မရှိဘူးတဲ့.....တစ်ဦးက ဂုဏ်သိက္ခာ တစ်ဦးက ချစ်မေတ္တာ တစ်ဦးက ရမ္မက်ကွဲပြားတဲ့ ကိုယ်စီအလေးထားမှုတွေနဲ့ လူသုံးယောက်ရဲ့ အရှုပ်တော်ပုံလို့ပဲ တင်စားလိုက်ပါရစေ။အထူးသဖြင့် အန်နာ ကရီနီနာဆိုတဲ့ သားတစ်ယောက်မိခင် အိမ်ထောင်ရှင် အမျိုးသမီးတစ်ယောက်ရဲ့ ရင်နင့်ဖွယ် ဇာတ်လမ်းလေး တစ်ပုဒ်ပေါ့။အဖြစ်အပျက်တွေ အားလုံးရဲ့ မြစ်ဖျားခံရာကတော့ အစ်ကိုဖြစ်သူရဲ့ အိမ်ထောင်ရေး အခြေအနေ အဆင်မပြေမှုအတွက် ဖြောင်းဖျဖို့ သွားခဲ့ရာ မော်စကိုမြို့လေးပါပဲ.....ဗရွန်စကီဆိုတဲ့ ချောမောခန့်ညားတဲ့ အသက်ငယ်ငယ် မြို့စားတစ်ယောက်နဲ့ သူဆုံဆည်းခဲ့ပုံကလည်း ရထားလေးပေါ်မှာ အမှုမဲ့အမှတ်မဲ့ပါပဲ.....သို့ပေမဲ့ အမှတ်တမဲ့မှ အမှတ်တရတွေ ဖြစ်ခဲ့ကြသည်ပေါ့ မပြတ်နိုင်တဲ့ သံယောဇဉ်တွေကြောင့် ရပ်တန့်ဖို့ ကြိုးစားချိန်မှာ အရမ်း နောက်ကျသွားခဲ့ပြီ.....ပြင်ဆင်ဖို့ နောက်ကျခဲ့ခြင်းကြောင့် ရေပြင်လို တည်ငြိမ်အေးချမ်းနေတဲ့ အိမ်ထောင်တစ်ခုဟာ ဘောင်ဘင်ရိုက်ခတ်ခဲ့ရပါပြီ ....နာမည်ကြီး ရုရှား စာရေးဆရာကြီး Leo Tolstoy ရဲ့ ၀တ္ထုကို အခြေခံရိုက်ကူးထားတဲ့ masterpiece ဇာတ်လမ်းကောင်းပါဇာတ်လမ်းတစ်လျှောက်လုံးမှာ Cinematography , music တွေကလည်း အံ၀င်ဂွင်ကျတယ်ဒါရိုက်တာကြီးကလည်း နယ်နယ်ရရမဟုတ်ပါဘူး Pride & Prejudice, Atonement စတဲ့ masterpiece ...
movie
Anna Karenina (2012)
2012
6.5
The White Crow (2018)
White Crow ကျီးဖြူတဲ့ ဇာတ်လမ်းနာမည်ကတော့ ဆန်းနေပါတယ်။ ရုရှားလို belaya vorona လို့ခေါ်တဲ့ ကျီးဖြူဆိုတာ သမားရိုးကျမဟုတ်သော အံ့မခန်းလောက်သော သူမတူသော လူထူးဆန်း တစိမ်းတစ်ယောက်ကို ရည်ညွှန်းပါသတဲ့။ ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ရူုဒေါ့ဖ် နျူးရိယက်ဗ် လို့ခေါ်တဲ့ ရုရှားဘဲလေးကချေသည် ကောင်လေး တစ်ယောက်အကြောင်းပါ။ ရူဒေါ့ဖ် ဟာ သူ့ခေတ်သူ့အခါတုန်းက အကောင်းဆုံး အမျိုးသားဘဲလေးကချေသည်တွေထဲက တစ်ယောက်အဖြစ် ကမ္ဘာက အသိအမှတ်ပြုခံခဲ့ရသူလည်းဖြစ်ပါတယ်။ မိခင်ဖြစ်သူဟာ ဆိုဗီယက် နိုင်ငံရေးဆရာဖြစ်သူ လင်ယောက်ျားဆီကိုအသွား ရူဒေါ့ဖ် ကို ဆိုက်ဘေးရီးယားနယ်စပ်က ရထားတစ်စင်းပေါ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး မွေးချင်းမောင်နှမ လေးယောက်အနက် တစ်ဦးတည်းသော သားထွေးဖြစ်ပါတယ်။ ရူဒေါ့ဖ်ရဲ့ မိသားစုဟာ ဆင်းရဲငတ်ပြတ်တဲ့ ဘဝပေးအခြေအနေတွေကြောင့် သူ့အစ်မတွေနဲ့အတူ အခြားမိသားစုတွေဆီမှာ ကပ်နေရင်း ကြီးပြင်းခဲ့ရတာပါ။ ဆင်းရဲနုံချာလွန်းလို့ ကျောင်းမှာလည်း အမြဲအနိုင်ကျင့်ခံရရှာတဲ့ အထီးကျန်ကောင်လေး ရူဒေါ့ဖ်မှာ ပျော်စရာလေးတစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ သံစဉ်တွေကြားမှာ ကခုန်ရခြင်းပါပဲ။ ဒီလိုနဲ့ အကပါရမီထူးချွန်တဲ့ ရူဒေါ့ဖ်လေးဟာ အရွယ်အရောက်လာတာနဲ့အမျှ အကပညာရပ်ကို လေ့လာလိုက်စားရင်း ဆိုဗီယက်အကသင်တန်းကျောင်းတွေကို တက်ရောက်ပြီး ရုရှားတစ်ခွင်မှာ အောင်မြင်စပြုလာပါတယ်။ အဲဒီနောက် သူက ပဲရစ်ကိုသွားရောက်ပြီး သူ့ရဲ့ အကနယ်မြေသစ်တွေကို ရှာဖွေတဲ့အခါမှာတော့ ဆိုဗီယက်အစိုးရရဲ့ “ယဉ်ကျေးမှု အနုပညာဆိုင်ရာ ထိန်းချုပ်မှု ...
movie
The White Crow (2018)
2018
6.9
White Fang (2018)
စာရေးဆရာ Jack Landon ရေးသားခဲ့တဲ့ White Fang စာအုပ်ကို Animation အနေနဲ့ပြန်လည် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်IMDB အနေနဲ့ကတော့ 6.9 အထိရရှိထားတဲ့ ဇာတ်ကားဖြစ်ပါတယ်သစ္စာစောင့်သိပြီး ကျေးဇူးတရားကို နားလည်တဲ့ ခွေးဝံပုလွေတစ်ကောင်အကြောင်းကို ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ တင်ဆက်ထားခြင်းပဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ White Fang ဆိုတဲ့ ခွေးဝံပုလွေလေးဟာ မိခင်ဖြစ်သူနဲ့နေထိုင်ရင်း ဒုက္ခတွေတွေ့ကြုံခဲ့ရာမှ မိခင်ရဲ့သခင်ဟောင်းဖြစ်သူဆီ ပြန်သွားခဲ့ကြပါတယ်အရွယ်ရောက်ပြီးကြီးပြင်းလာတဲ့ White Fang ဟာ သခင်ရဲ့ငွေကြေးအခက်အခဲကြောင့် မသမာသူတွေလက်ထဲ ရောင်းစားခံရပါတယ်White Fang ဟာ မသမာသူတွေရဲ့ ခွေးတိုက်ပွဲမှာ ဝင်ရောက်တိုက်ခိုက်ခိုင်းခံရပြီး ပိုက်ဆံတွေရှာပေးခဲ့ရပါတယ်အဲ့ဒီနောက်မှာတော့ ယူအက်စ်အရာရှိ ဝှင်းမ်ဒွန်စကော့နဲ့ တွေ့ဆုံခဲ့ပြီး ဘဝသစ်တစ်ခုရရှိခဲ့ပါတယ်White Fang ကိုပြန်လည်ရယူဖို့ ကြိုးစားနေတဲ့ မသမာသူတွေဟာလည်း အရာရှိနှင့်ရန်ငြိုးရှိထားသူတွေဖြစ်ပါတယ်အရာရှိကြီးနဲ့ White Fang ဟာ ဒီအခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲသူတို့နှစ်ဦးရဲ့ ကံကြမ္မာတွေဟာလည်း ဘယ်လိုမျိုးတွေကြုံတွေ့ရမလဲဆိုတာကို စိတ်ဝင်တစားနဲ့ဆက်လက် ကြည့်ရှူ့ရမှာပဲ ဖြစ်ပါတယ်(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ...
movie
White Fang (2018)
2018