Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Raphael Acloque
7.1
Allied (2016)
Allied (2016)IMDb Rating (7.1) / Rotten Tomatoes (60%)မင်းသား Brad Pitt နဲ့ ပြင်သစ်မင်းသမီး Marion Cotillard တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်က ဒုတိယကမ္ဘာစစ်အတွင်းကာလ လျှို့ဝှက်စပိုင်အခြေပြု ဒရမ်မာဇာတ်ကားကြီးဖြစ်ပါတယ်။ ပြင်သစ်မင်းသမီး Marion Cotillard ကို ထိပ်တန်းရုပ်ရှင်တော်တော်များများမှာ မြင်နေကျဆိုပေမယ့် ဒီရုပ်ရှင်မှာတော့ သူမရဲ့သွင်ပြင်လက္ခဏာတွေ လုံးဝကိုပေါ်လွင်ထင်ရှင်းနေခဲ့ပြီး မျက်လုံးအရွေ့ မျက်တောင်အခတ်လေးမှာတောင် ခဏခဏပြန်ကြည့်ချင်လောက်အောင် အထာကျကျ သရုပ်ဆောင်သွားခဲ့ပါတယ်... မင်းသားကလဲ ဘရတ်ပစ်ဆိုတော့ ပြောစရာမလိုတော့ပါဘူး... သူတို့နှစ်ယောက်စလုံးရဲ့လှုပ်ရှားမှုတိုင်း စကားလုံးတွေတိုင်းအသက်ဝင်နေပြီး ကြည့်ရှုသူကိုယ်တိုင်မျောပါသွားရမယ့်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ အဝတ်အစားဒီဇိုင်းတွေ ဆက်တင်တွေလဲ ခမ်းနားလှပပြီး အော်စကာဆုပေးပွဲမှာလဲ ဇကာတင်ဝင်ခဲ့ပါသေးတယ်။ဇာတ်လမ်းလေးကလဲ အတော်ကိုစိတ်ဝင်စားစရာပါပဲ ဒါပေမယ့် ဇာတ်လမ်းကိုမသိဘဲ ဒီတိုင်းထိုင်ကြည့်လိုက်တာက ပိုအရသာရှိမှာမလို့ သိပ်မရေးပြတော့ပါဘူး။ ဒုတိယကမ္ဘာစစ်ကာလ ဂျာမန်နဲ့ အင်္ဂလန်တို့ရဲ့ တစ်ဖက်ကိုတစ်ဖက် သူလျှိုထားလုပ်ကြံကြဖို့စီစဉ်ကြတာတွေ သူလျှိုတွေရဲ့ပိရိသေသပ်မှုတွေ စစ်အတွင်းကာလအနိဌာရုံတွေ ယုံကြည်ဖို့ခက်ခဲတဲ့မစ်ရှင်တွေနဲ့ တော်တော်ကိုမှ ကောင်းမွန်သေသပ်အဆင့်မြင့်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ File size…(3.5 GB)/ (1.3 GB ) / (860 MB) Quality….BluRay 4K ...
movie
Allied (2016)
2016
4K HEVC
The Bubble (2022)
The Bubble (2022) စိတ်အပန်းပြေ ရယ်နေရတဲ့ ဟာသကားလည်းကြည့်ချင် ရုပ်ရှင်ထုတ်လုပ်ရေးလောကရဲ့ အခြေအနေကို ရှယ်သရော်ထားတဲ့ ကားတစ်ကားကြည့်ချင်တယ်ဆိုရင်တော့ ဒီရုပ်ရှင်က သင့်အတွက်ပါပဲ။ ရယ်ရတယ်ဆိုရာမှာ တစ်ချို့အခန်းတွေက ရုပ်ရှင်နဲ့ပတ်သက်တဲ့ ဗဟုသတနည်းနည်းရှိမှ ရယ်ရမှာဖြစ်ပြီး တစ်ချို့အခန်းတွေကတော့ တမင်ကလိထိုင်ထိုးနေတဲ့ ဟာသကားတွေလို ရယ်ရပါတယ်။ အကုန်နားလည်ရင်တော့ ခွက်ထိုးခွက်လန် ရယ်နေရမယ့်ကားပါပဲ။ Rating တော့ နည်းပါတယ်။ ဒါပေမဲ့ ခင်ဗျားကို တော်တော်အူမြူးစေမှာကတော့ အမှန်ပါပဲ။ မယုံရင် ဂူးဂဲမှာ ဝေဖန်ရေးသမားပေးတာမဟုတ်တဲ့ User Reviewတွ ဖတ်ကြည့်လို့ရပါတယ်။ရုပ်ရှင်ထဲပါ၀င်သူတွေကတော့ Professor X ခေါ် James McAvoy, Mandalorian တစ်ဖြစ်လဲ Pedro Pascal, Nebula တစ်ဖြစ်လဲ Karen Gillan, Dr. Strange ခေါ် သခွားသီး၊ X-Files စီးရီးတွေထဲက အေးဂျင့် Muldor တစ်ဖြစ်လဲ David Duchovny ...
movie
The Bubble (2022)
2022
4.8
The 355 (2022)
The 355 (2022)ဒီတစ်ခါတော့ "The 355" ဆိုတဲ့ အလန်းစားဆိုက်ဘာအက်ရှင်ဇာတ်ကားလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ် အင်တာနက်တွေ ဆိုက်ဘာနည်းပညာတွေ တိုးတက်လာတဲ့ခေတ်မှာ တီထွင်မှုတွေကလည်း အပြိုင်အဆိုင်ကို ပေါ်ပေါက်လာခဲ့ပါတယ် ကိုလံဘီယာ ဘိုဂိုဒါမှာ ကမ္ဘာကြီးရဲ့ ဘယ်အရာကိုမဆို ထိန်းချုပ်နိုင်တဲ့ ဒရိုက်ဗ်တစ်ခုကို တီထွင်နိုင်ခဲ့ပါတယ် အဲဒီဒရိုက်ဗ်ကို ကိုလံဘီယာအေးဂျင့် လူဝစ်က ရရှိသွားပြီးတော့ စီအိုင်အေကို ဒေါ်လာသုံးသန်းနဲ့ အပေးအယူလုပ်ဖို့ ကမ်းလှမ်းလာတဲ့အခါမှာတော့ အဲဒီတာဝန်ကို ထမ်းဆောင်ဖို့ စီအိုင်အေ အေးဂျင် မေ့စ်နဲ့ သူ့ချစ်သူ နစ်ခ်တို့နှစ်ယောက် ပဲရစ်ကိုရောက်လာကြပါတော့တယ် အပေးအယူလုပ်တဲ့နေရာမှာ ဂျာမန်အေးဂျင့် မယ်ရီက ပိုက်ဆံထည့်ထားတဲ့ အိတ်ကို ကြားထဲကနေ ဖြတ်ယူသွားပါတော့တယ် မေ့စ်က မယ်ရီနောက်လိုက်နေတုန်း နစ်ခ်က ပစ်သတ်ခံလိုက်ရပါတယ် စီအိုင်အေကို ပြန်ရောက်တော့မှ မေ့စ်တစ်ယောက် နစ်ခ်အသတ်ခံလိုက်ရမှန်း သိသွားပါတော့တယ် မေ့စ်ရဲ့ အထက်လူကြီး မတ်ခ်က မေ့စ်ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ဒရိုက်ဗ်ကို ပြန်ရအောင်ယူခိုင်းတဲ့အခါမှာတော့ မေ့စ်တစ်ယောက်ဘယ်လိုတွေလုပ်မလဲ- စီအိုင်အေ အေးဂျင့် မေ့စ် - ဂျာမန်အေးဂျင့် မယ်ရီ - ကွန်ပျူတာကျွမ်းကျင်သူ ခါဒီဂျာ - ကိုလံဘီယာစိတ်ရောဂါကုဆရာဝန် ဂရေစီယယ်လာသူတို့တွေ တတိယကမ္ဘာစစ်ကြီး မဖြစ်အောင် ဘယ်လိုတွေကာကွယ်ကြမလဲဆိုတာ ...
movie
The 355 (2022)
6.6
Burnt (2015)
စားသောက်ဆိုင် ကျမ်းတော်ကြီး"' လူတွေ အပြင်မှာ ရောင်းတဲ့ ၅ ဒေါ်လာတန် ကို ဘာလို့ ငါတို့ဆိုင်မှာ ဒေါ်လာ ၅၀၀ ပေးပြီး လာစားကြလဲသိလား '''''' လက်မလောက်လေး အသားတုံးလေး ၂ခု ပန်းကန်ထဲထည့်ထားတာကို ဘာလို့ စျေး၅သောင်း ၆ သောင်းပေးစားနေကြတာလဲ'''ဋီး ဋချီး သံတွေ မိုးပျံ ၊ ပန်းကန်တွေ ဇွန်းတွေ ရိုက်ခွဲကောက်ပေါက်သံတွေ ဆူညံနေ အပူနဲ့ အလုပ်လုပ်နေရတဲ့ကြားထဲ မီးပူတာတစ်မျိုးနားပူ တာတစ်မျိုး နဲ့ စိတ်မထိန်းနိုင်ရင် မျက်ခွက်ဆုတ် ပျက်သတ်သွားမယ့် စားဖိုဆောင်............ဒီရုပ်ရှင်က IMDb Rating ၊ 6.6 Rotten Tomatoes 29% ၊ Metacritic score 42 ၊ CinemaScore B- တို့ရရှိထားပါတယ်။ ဝေဖန်မှု တွေ အဆိုးအကောင်းရောနှောရရှိထားတဲ့ ရုပ်ရှင် တစ်ခုလဲဖြစ်ပါတယ်။ R Rating Movie အမျိုးအစား ဖြစ်လို့ ၁၇ နှစ်အောင်တွေ အုပ်ထိန်းသူတွေ နဲ့ ကြည့်ဖို့ပြောချင်ပါတယ်။ ...
movie
Burnt (2015)
2015
7.1
The Danish Girl (2015)
The Danish Girl (2015)IMDb - 7.1/10_____Rotten - 67%Won 1 Oscar, 31 wins & 79 nominations. ဒီဇာတ်လမ်းဟာ ၁၉၂၆ မှာ ဒိန်းမတ်နိုင်ငံက ပန်းချီဆရာလင်မယားရဲ့ အကြောင်းကို ရိုက်ယူထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်လို့ ဆိုပါတယ်။ ပန်းချီဆိုတာ အရောင်တွေ သုံးပြီး ကင်းဗတ်စပေါ် ရေးတယ် ဆိုတာလောက်ပဲ သိတဲ့ ကျနော့်အတွက်တော့ သူတို့ဆွဲတဲ့ ပန်းချီ အမျိုးအစားအယူအဆတွေ ဘာလဲဆိုတာတော့ မသိပါဘူး။ ယောက်ျားဖြစ်သူ Einar က ရှုခင်းပုံဆွဲပြီး သူ့အမျိုးသမီး Gerda က ပုံတူရေးဆွဲတယ်လို့ပဲ ဆိုပါတော့။ တရက်မှ Gerda ဟာ ပုံတူရေးဆွဲရာမှာ မော်ဒယ်လ်ထိုင်ဖို့ အမျိုးသမီးရောက်မလာလို့ သူ့ယောကျာ်း Einar ကိုပဲ အမျိုးသမီးလို ဆင်ပေးပြီး မော်ဒယ်လ်ထိုင်ခိုင်းခဲ့တယ်။ အမှတ်မထင်ပဲ အဲ့ပန်းချီကားဟာလည်း ...
movie
The Danish Girl (2015)
2015