Channel Myanmar

Ranvir Shorey

Jism (2003) 5.3
Jism (2003) Jism (2003) "ညှို့ယူဖမ်းစားတတ်သော" IMDb - 5.3/10စူးရှတဲ့အကြည့်တွေနဲ့ မင်းသားကြီး ဂျွန်အဘရာဟမ်၊ Dhoom 2(2006)ထဲမှာပါခဲ့တဲ့ ညှို့အားပြင်းပြင်းနဲ့မင်းသမီးချော ဘီပါရှာဘာဆူးတို့နှစ်ယောက် ပတ်ညှို့နေကြတဲ့ ဒရာမာရုပ်ရှင်ဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ကဘီးရ်က လမ်းပျောက်နေတဲ့ ရှေ့နေတစ်ယောက်။ ဘာပြဿနာရယ်လို့ မယ်မယ်ရရမရှိဘဲ ပြဿနာတက်နေတဲ့ဘဲ။ တစ်ရက် ဘားတစ်ခုမှာ အချောလေးတွေ့လို့ တစ်ညတာပျော်ရွှင်မှုအတွက်ဝင်လုံးရင်း စွဲလန်းသွားခဲ့မိသူ။ သူသွားပြီး ပတ်သက်စွဲလန်းမိတာက အသိုင်းကြီးအဝိုင်းကြီးက သူဌေးတစ်ယောက်ရဲ့ဇနီးသည်။ ဘယ်လောက်ပဲစိတ်ထိန်းထိန်း စွဲလန်းသွားမိသူလေးဆီကိုပဲသွားချင်စိတ်က ထိန်းချုပ်မရ။ အမျိုးသမီးလေးဆီမှာက သူမသိရသေးတဲ့ အရှုပ်ထုပ်တွေနဲ့။ဒီမှာပဲ ပြဿနာရယ်မယ်မယ်ရရမရှိဘဲ ပြဿနာတက်နေသူ မောင်ကဘီးရ်တစ်ယောက် ပြဿနာတောထဲကို တိုးဝင်သွားပါတော့တယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…1.88GB / 865MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Jism (2003)

2003
Angrezi Medium (2020) 7.6
Angrezi Medium (2020) Angrezi Medium (2020)IMDb Rating (7.2/1)ဘောလိဝုဒ်ဖန်တွေအတွက် သဘာဝမင်းသားကြီး Irrfan Khan ရဲ့  Angrezi Medium (2020) ရုပ်ရှင်ကို တင်ဆက်လိုက်ပါတယ်။Hindi Medium (2017) နဲ့ဆက်စပ်မှုတော့မရှိပေမယ့် Theme တူပါတယ်။မိသားစု ဒရာမာ ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့်မိသားစုတွေနဲ့အတူ ရယ်ရယ်မောမောနဲ့ ခံစားလိုက်ကြပါဦးဇာတ်လမ်းကတော့အိန္ဒိယမုန့်အချိုဆိုင်ပိုင်ရှင် လူလတ်တန်းစားတစ်ယောက်ဖြစ်တဲ့ ချမ်ပက်ဟာသမီးတစ်ယောက်နဲ့ မုဆိုးဖိုးတစ်ယောက်ဖြစ်ပါတယ်ငယ်စဉ်ကတည်းက မိခင်ဖြစ်သူဆုံးပါးသွားတဲ့အတွက် သူ့သမီးကို အဖေလိုရော အမေလိုပါ လိုလေသည့်မရှိရအောင် ပြုစုပျိုးထောင်ပေးခဲ့ပါတယ်ဒါပေမဲ့ သူ့သမီးဖြစ်သူ တာရူးဆီမှာတော့ ငယ်ငယ်ကတည်းက နိုင်ငံခြားသွားချင်တဲ့အိပ်မက်တစ်ခုရှိပါတယ်ဒီလိုနဲ သူ့သမီးအရွယ်ရောက်လာတဲ့အခါ အထက်တန်းကျောင်းပြီးတော့လန်ဒန်မှာ တက္ကသိုလ်ဆက်တက်ချင်တဲ့ အိပ်မက်ကိုလူလတ်တန်းစားချမ်ပက်တစ်ယောက် ဘယ်လိုကြိုးစားအကောင်အထည်ဖေါ်ပေးမလဲဆိုတာ......။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Zaw Htoo မှ တင်ဆက်ထားပါတယ်။) File size….(2 GB )/(1 GB) Quality….BluRay 1080p / 720p Format…mp4 Duration….02:25:23 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Zaw Htoo
movie

Angrezi Medium (2020)

2020
Tiger 3 (2023) 7.0
Tiger 3 (2023) Tiger 3 (2023) "စလူးဘိုင်ရဲ့ တိုက်ဂါး၃" ============================ အကြည်ဆုံး AMZ WEB DL ဗားရှင်းကိုသာ တင်ဆက်ထားပါတယ်IMDb - 7.6/10နာမည်ကျော် ခန်းသုံးခန်းထဲက ဆယ်လ်မန်ခန်းရဲ့ တိုက်ဂါးရုပ်ရှင်တွေထဲက နောက်ဆုံးထွက်ရှိထားတဲ့ သုံးကားမြောက် ရုပ်ရှင်ကြီးကိုတင်ဆက်ပေးပါရစေ။ အကြည်ထွက်ဖို့ မျှော်လင့်ခဲ့တာအတော်ကြာပေမဲ့ ဒီနေ့မှာတော့ တကယ်အကြည်ထွက်လာပြီး စလူးဘိုင်ရဲ့တိုက်ဂါး၃ဟာ BOမှာဆိုရင်လဲ ကုဋေ၁၀၀ကျော်ထိ မြတ်ထားနေပါပြီ....အရင်ဆုံးဒီရုပ်ရှင်ကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာကိုကြည့်ရအောင်။မာနတ်ရှ် ရှာမာတဲ့။ ရှာရွတ်ခန်းရဲ့ Fan(2016) ရာနီးရဲ့ Hichki(2018)လိုရုပ်ရှင်တွေကို ရိုက်ကူးတင်ဆက်ခဲ့တဲ့ ဒါရိုက်တာကြီး။ အဓိကသရုပ်ဆောင်တွေအနေနဲ့ကတော့ အားလုံးသိကြတဲ့အတိုင်း မဆုံနိုင်လို့ ဝေးခဲ့ကြတဲ့ ကျန်ရစ်ကြီး ဆယ်လ်မန်ခန်းနဲ့ ကတ်သ်ရီးနားတို့ပဲပေါ့။ ကျွန်တော်တို့ရဲ့ ကင်းခန်းကြီးနဲ့ ရိုမန်းတစ်မင်းသားကြီး အင်မရန်းဟာရှ်မီလည်း ပါဝင်ထားပါသေးတယ်။တိုက်ဂါးနဲ့ ဇိုရာဆိုတာ စပြီးဆုံကတည်းက ယဉ်သကိုဆိုသလို အတိုက်အခိုက်လေးတွေနဲ့ဆိုတာ ကြည့်ရှုခဲ့ကြပြီးသားပေါ့။ နှစ်ယောက်လုံးက တာဝန်ကိုယ်စီတွေနဲ့ ထမ်းဆောင်နေကြချိန် မထင်မှတ်ထားတဲ့အရာတစ်ခုကို ချစ်သူနှစ်ဦးထဲက တစ်ဦး တွေ့ရှိလိုက်ရတဲ့အချိန်မှာတော့။ဆယ်လ်မန်ခန်းရဲ့ ရှေ့မှာထွက်ခဲ့တဲ့ရုပ်ရှင်ဇာတ်လမ်းကို အဆိပ်အနေနဲ့ခံစားခဲ့ကြရတယ်ဆိုရင် ဒီရုပ်ရှင်ဇာတ်လမ်းလေးက ဖြေဆေးအနေနဲ့ရော ကျွန်တော်တို့ချစ်တဲ့ ဆယ်လ်မန်းခန်းရဲ့ကြိုးစားအားထုတ်မှုတွေရောကို မြင်တွေ့ခံစားရမှာဖြစ်ကြောင်းပြောရင်း ခံစားကြည့်ရှုကြပါဦး။ (အညွှန်းကို‌တော့ ဝါရင့်ဘာသာပြန်ကြီး Vမှ ရေးသားပေးထားပြီး ...
movie

Tiger 3 (2023)

2023
4K HEVC
Ek Tha Tiger (2012) 5.6
Ek Tha Tiger (2012) Ek Tha Tiger (2012) (သို့) တစ်ချိန်က တိုက်ဂါးမင်းသားကြီးဆယ်လ်မန်ခန်းနဲ့ မင်းသမီးချော ကတ်ထရီနာကေ့ဖ်တို့ရဲ့ ၂၀၁၂ခုနစ်ထွက် အက်ရှင်ကားဟောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ မကြာသေးခင်ကထွက်ရှိထားတဲ့ မင်းသားကြီးရှာရွတ်ခန်းရဲ့ ပထန်ထဲမှာလည်း ပါဝင်ခဲ့တဲ့ဇာတ်ကောင် လျှို့ဝှက်အေးဂျင့် တိုက်ဂါးရဲ့ဇာတ်လမ်း။သုံးကားမြောက်လည်း ထွက်ရှိလာတော့မှာဖြစ်တဲ့အတွက် ပြန်နွှေးကြတာပေါ့။အိန္ဒိယရဲ့ RAWပါလာပြီဆိုလျှင်ဖြင့် ပါကစ္စတန်လည်းပါရသည်မှာ ဓမ္မတာပါပဲ။ ဒီထဲမှာတော့ အိန္ဒိယရဲ့ RAWနဲ့ ပါကစ္စတန်ရဲ့ ISIတို့ လျှို့ဝှက်ထောက်လှမ်းရေးအေဂျင်စီနှစ်ခုကြားကတိုက်ပွဲ။ မင်းသားကြီးဆယ်လ်မန်ခန်းကတော့ RAWအေးဂျင့်တစ်ယောက်ပေါ့။နိုင်ငံကို သစ္စာဖောက်တဲ့အေးဂျင့်တွေ ရန်သူစပိုင်တွေကိုအမြစ်ဖြတ်သုတ်သင်တတ်တဲ့ အထူးစပိုင်တစ်ယောက်။တစ်နေ့သူ့အထက်အရာရှိရဲ့ စေလွှတ်မှုနဲ့အတူ နိုင်ငံတစ်ခုမှာ စာသင်ကြားနေတဲ့ အိန္ဒိယအစိုးရဝန်ထမ်းဟောင်း ပရော်ဖက်ဆာတစ်ယောက်ကို စောင့်ကြည့်ဖို့တာဝန်ပေးအပ်ခံရပါတယ်။ ပရော်ဖက်ဆာထံ ချဉ်းကပ်ဖို့ကြိုးစားရင်း ပရော်ဖက်ဆာရဲ့အိမ်မှာ အချိန်ပိုင်းစောင့်ရှောက်ပေးနေတဲ့ မင်းသမီးကတ်ထရီနာကေ့ဖ်နဲ့ တွေ့ဆုံပါတော့တယ်။အထူးအေးဂျင့်တစ်ယောက်က စာသင်ကြားနေတဲ့ ပရော်ဖက်ဆာတစ်ယောက်ကို ဘာလို့စောင့်ကြည့်နေရတာလဲ။ ပရော်ဖက်ဆာအိမ်မှာ အချိန်ပိုင်းစောင့်ရှောက်နေတဲ့ မင်းသမီးနဲ့ရော ဘယ်လိုပတ်သက်မှုတွေရှိလာမှာလဲဆိုတာ ကြည့်ရမယ့် ကားဟောင်းထဲက အက်ရှင်ကားကောင်းလေးကို ပြန်လည်ကြည့်ရှုခံစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Dee~Yunni~Zweတို့ပဲဖြစ်ပါတယ်) File size…(5.9 GB)/(1.7 GB) Quality….BluRay Remux 1080p /720p Format…mp4 Duration….02:13:00 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by ...
movie

Ek Tha Tiger (2012)

2012
1080p Untouched
Fashion (2008) 6.9
Fashion (2008) Fashion (2008) "အိပ်မက်များဆီသို့..." IMDb - 6.9/10ဘောလိ၀ုဒ်ရဲ့ ဘုရင်မတွေထဲက နှစ်ပါးဖြစ်တဲ့ ပရီရန်ကာနဲ့ ကန်ဂနားတို့ အပြိုင်ကြဲထားကြတဲ့ဇာတ်ကားဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ၂၀၀၈ခုနှစ်ဆိုတဲ့ ခေတ်ကာလတစ်ခုမှာ ရူပီး သန်းတစ်ရာ့ရှစ်ဆယ် အကုန်ကျခံရိုက်ကူးထားပြီး သန်းခြောက်ရာကျော် ပြန်လည်ရရှိခဲ့တဲ့အပြင် အဓိကဇာတ်ကောင်နေရာမှာဆို မင်းသားတွေကိုပဲ နှစ်သက်လက်ခံကြတဲ့ခေတ်တစ်ခုမှာ မင်းသမီးတွေအနေနဲ့ အဓိကဇာတ်ကောင်နေရာကနေတင်ဆက်ထားပြီး လူကြိုက်များအောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကားတကားလည်းဖြစ်ပါတယ်။ အဲဒါအပြင်ကို နိုင်ငံတကာအိန္ဒိယရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာလည်း ဒီရုပ်ရှင်နဲ့ပဲ ပရီရန်ကာရော ကန်ဂနားပါ ထူးချွန်ဆုတွေအသီးသီး သိမ်းပိုက်နိုင်ခဲ့ပါတယ်။မြို့သေးသေးလေးက အိပ်မက်အကြီးကြီးနဲ့ ကောင်မလေးတစ်ယောက်။ ကမ္ဘာကျော်မော်ဒယ်လ်တစ်ယောက်ဖြစ်ချင်တဲ့ အိပ်မက်နဲ့အတူ မွမ်ဘိုင်းမြို့တော်ကြီးကိုရောက်လာပါတော့တယ်။ အပြိုင်အဆိုင် အတိုက်အခိုက်တွေများလှတဲ့ မော်ဒယ်လ်လောကကြီးထဲမှာ အိပ်မက်အကြီးကြီးအတွက် ပေးဆပ်မှုအကြီးကြီးရှိတတ်တယ်ဆိုတာ သိသွားပြီးချိန်မှာတော့ သူဖြစ်ချင်တဲ့အိပ်မက်အတိုင်း အကောင်အထည်ဖော်နိုင်မှာလား၊ ပတ်ဝန်းကျင်နဲ့လိုက် အရောင်တွေပြောင်းသွားပြီး ဘ၀ပဲပျက်သွားမလားဆိုတာ ဖက်ရှင်ဒီဇိုင်းဆန်းတွေနဲ့အတူ ကမ္ဘာကျော်မော်ဒယ်လ်ဖြစ်ချင်တဲ့ မင်းသမီးတွေရဲ့အလှကို ငေးမောခံစားကြပါဦးစို့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…3GB / 1.5GB Quality…BluRay 1080p /720p Format…mp4 Duration….2h 47m Subtitle….Myanmar Subtitle (Hard ...
movie

Fashion (2008)

2023
Mumbaikar(2023) 4.9
Mumbaikar(2023) Mumbaikar (2023)နာမည်ကျော် တမီးလ်မင်းသားကြီး ဗီဂျေးစည်သူပတီရယ် လက်ပြတ်မင်းသားရယ်လို့ နာမည်ကြီးတဲ့ ဗီကရန့်မက်ဆီတို့က တောသားမြို့တက်မွမ်ဘိုင်းသားတွေအဖြစ် အပြိုင်ချဲထားကြတဲ့ကားပါ သွားကျွတ်ကျန်ခဲ့တဲ့ဗန်ပိုင်းယားစီးရီးထဲက သားတက်‌လေးနဲ့ မင်းသမီးချောလေးတန်ညာမာနီကတ်တလာ နဲ့ မျက်နှာတည်မျက်နှာထားနဲ့ သရုပ်ဆောင်ပီပြင်လှတဲ့ ဆန်ဂျေးမစ်ရှရာတို့ အဓိကသရုပ်ဆောင်ထားတဲ့ တမီးလ်ရုပ်ရှင်remake ဟင်ဒီစကားပြောရုပ်ရှင်ကားပါ။ဇာတ်လမ်းအကျဉ်း ရဲအရာရှိဖြစ်ချင်ပေမဲ့ ချစ်ရသူက အလုပ်ရှိမှ စဉ်းစားပေးမယ်ဆိုတဲ့အတွက် အလုပ်လျောက်နေရသူတစ်ဦး၊ သူငယ်ချင်းအကပ်နဲ့ လူမိုက်ဂိုဏ်းထဲဝင်ဖို့ လုပ်တဲ့ဂန်းစတားဖြစ်ချင်သူ မန်နူး၊ မိသားစုတွေပျော်ဖို့အတွက် မွမ်ဘိုင်းမှာအလုပ်လာလျောက်ပေမဲ့ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို သွားလေရာကံဆိုးနေသူ ကောင်လေးတယောက်၊ လူမိုက်ဂိုဏ်းမှာ ကားဒရိုင်ဘာဝင်လုပ်နေရတဲ့ဦးလေးကြီးတစ်ဦး၊ ဂန်းစတားကြီးဖြစ်ချင်သူမန်နူးတစ်ယောက် ကလေးပြန်ပေးဆွဲဖို့ လုပ်ရာက လူဆိုးဂိုဏ်းခေါင်းဆောင်ကြီးတစ်ဦးရဲ့သားကိုမှ မှားပြီး ပြန်ပေးဆွဲမိရာကစ သူတို့လေးယောက် ကံကြမ္မာတွေ ဘယ်လိုဆက်နွယ်သွားမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမှာပဲ ဖြစ်ပါတယ်(အညွှန်းရေးသားသူကတော့ Chiclon3~BpL ဖြစ်ပြီး ဘာသာပြန်တွေကတော့ Chiclon3~BpL~Thaik~Yunni နဲ့ YH တို့ပဲဖြစ်ပါတယ်) File size…2.2GB / 1GB Quality…1080p  WEB DL /720p Format…mp4 Duration….2h 3mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Chiclon3~BpL~Thaik~Yunni ~ YH
movie

Mumbaikar(2023)

2023
Singh Is Kinng (2008) 5.7
Singh Is Kinng (2008) Singh is King (2008) *************************** မင်းသားကြီး အက်ရှေးကုမားရ်နဲ့ မင်းသမီး ကတ်ထရီနာကတ်ဖ်တို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ အချစ်ဟာသအက်ရှင် ဇာတ်မြူးရုပ်ရှင်ကားကြီးကို BluRay Quality နဲ့ ပြန်လည်တင်ဆက်လိုက်ပါတယ်။ဇာတ်လမ်းအကျဉ်း..ဟက်ပီးဟာ ဘာလုပ်လုပ် တလွဲချည်းပဲ လုပ်တတ်ပြီး ရွာရဲ့ အော်ကြောလန်တစ်ယောက် ဖြစ်ပါတယ်။ဟက်ပီးရဲ့သူငယ်ချင်း လပ်ကီးကတော့ ဩစတေးလျမှာ ဂိုဏ်းစတားတစ်ယောက်ဖြစ်နေပါတယ်။ တစ်နေ့တော့ ဟက်ပီးရဲ့သူငယ်ချင်းတွေဟာ ဟက်ပီးကို ရွာကနေထွက်သွားစေချင်တာကြောင့် လပ်ကီးအဖေနေမကောင်းကြောင်း လပ်ကီးကို သွားပြန်ခေါ်သင့်ကြောင်းပြောပြီး ဟက်ပီးကို ရွာထဲကထုတ်ဖို့အစီစဉ်ဆွဲကြပါတယ်။ဟက်ပီးတစ်ယောက် လပ်ကီးကို ရွာပြန်ခေါ်လာနိုင်မှာလား ... ဘယ်လိုအလွဲတွေနဲ့ ဆက်လက်ကြုံတွေ့ရမလဲ .... ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါ။(ဘာသာပြန်သူကတော့ Intelligenceဖြစ်ပြီး ဘာသာပြန်လိုအပ်ချက်များကို ဖြည့်စွက်ပြင်ဆင်ထားတာကတော့ Thaik Sanပဲ ဖြစ်ပါတယ်။) File size…(2.6 GB)/(1.2 GB) Quality….BluRay 1080p / 720p Format…mp4 Duration….02:10:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Intelligence & Thaik San
movie

Singh Is Kinng (2008)

420 IPC (2021) 6.6
420 IPC (2021) 420 IPC၂၀၂၁ ခုနှစ်ရဲ့ တောင်ပိုင်းမှုခင်းစုံထောက်ရုပ်ရှင်ဇာတ်ကားကြည့်ချင်တယ်ဆိုရင်တော့ဒီကားလေးကလည်း ကြည့်ရမယ့်စာရင်းထဲမှာ ပါတဲ့ကာကောင်းလေးတစ်ကားပဲဗျာ။ဆိုဒ်ပြည့်ဂိုဒ်ပြည့်မင်းသားချောတွေရဲ့ ချခန်းဖိုက်ခန်းတွေချည်း ကြည့်ရတာငြီးလာတဲ့အခါဦးနှောက်ကိုအလုပ်လုပ်ခိုင်းရမယ့်မှုခင်းဇာတ်ကားကောင်းလေးပေါ့ဗျာ။ ဇာတ်လမ်းလေးကဘယ်လောက်တောင် ရိုးရိုးရှင်းရှင်းလေးနဲ့ ရှုပ်ထွေးလဲဆိုရင် ဘာသီချင်းမှကိုမပါတဲ့အထိပဲဗျာ။သိတယ်မလား အိန္ဒိယကားတွေ သီချင်းတစ်ပုဒ်မှမပါတာ တကယ်မဟာအံ့ဖွယ်ဖြစ်ရပ်ကြီးဗျ။တောင်ပိုင်းကားက မပါတာဆိုတော့ ပို‌တောင်ထူးဆန်းနေတာ‌ပေါ့‌ဗျာ။ပါဝင်တဲ့သရုပ်ဆောင်တွေက နာမည်ကြီးတွေပဲဆိုတော့ ဇာတ်ကားဘယ်လောက်ကောင်းလဲဆိုတာညွှန်းနေဖို့တောင် သိပ်လိုမယ်မထင်ပါဘူး။ ဇာတ်လမ်းအကျဉ်းလေးကတော့ ကစ်ဝမ်နီဆိုတဲ့အသက် ၄၀ ကျော်အရွယ် စာရင်းကိုင်ကြီးတစ်ယောက် အကြွေးပေါင်းစုံ လည်မျိုမှာတစ်နေတာကနေစတယ်ပေါ့ဗျာ။ အိမ်ကို အရစ်ကျနဲ့ဝယ်ထားတာ မဆပ်နိုင်တာတွေ၊ကျောင်းစရိတ် စားစရိတ် ဗာဟိရစားရိတ်တွေ ပိုပို ပိပိလာတဲ့အခါ ပိုပြီးမျက်ကလူးဆန်ပြာဖြစ်နေတဲ့အချိန် သူအလုပ်လုပ်တဲ့ကုမ္ပဏီကသူဋ္ဌေးရဲ့ငွေ ၁၅ သန်းဟာ ချက်လတ်မှတ်ကနေ ခိုးခံရခါနီးဖြစ်သွားတဲ့အခါကစ်ဝမ်နီကို တရားရုံးမှာ အမှုရင်ဆိုင်ခိုင်းပါတော့တယ်။ဒီတော့ ကစ်ဝမ်နီဟာ အကြွေးတွေကိုဆပ်နိုင်ဖို့ ၁၅ သိန်းကနေ ခိုးပြီးအမှုကနေလွတ်အောင်ရှောင်သွားနိုင်မှာလား၊ တကယ်မခိုးခဲ့ဘဲစွပ်စွဲခံရတာလား၊ တကယ်ခိုးခဲ့တာကနေ သက်သေခိုင်လုံပြီးထောင်လုံးလုံးကျသွားမှာလား အဓိကဇာတ်ဆောင် ရှေ့နေ့လေးဘာဘဲဘယ်လိုကြမ်းမှာလဲလည်း ကြည့်ရမယ့်ကားကောင်းလေးတစ်ကားဖြစ်တာမို့ စီးမြောခံစားပေးကြပါဦးခင်ဗျာ။  File size…286MB / 956MB / 524MB Quality…720p HEVC ...
movie

420 IPC (2021)

2021
Lakshya (2004) 7.9
Lakshya (2004) Lakshya (2004)===================================မြန်မာစာတန်းထိုးမြန်မာပြည်ပရိတ်သတ်တွေကြား လက်ပွားမင်းသားရယ်လို့ လူသိများလှတဲ့ ဘောလိ၀ုဒ်မင်းသား Hrithik Roshan နဲ့ Amitabh Bachchan , မင်းသမီးချော Preity Zinta တို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြတဲ့ ဒီဇာတ်ကားဟာ War-Drama ဇာတ်ကားအမျိုးအစားဖြစ်ပြီး ၊ ပြသချိန် ၃နာရီကျော် ကြာမြင့်ပါတယ်။ ဇာတ်ကားရဲ့နာမည် Lakshya ဆိုတာ မြန်မာလို "ရည်ရွယ်ချက် ၊ ရည်မှန်းချက်"လို့ အဓိပ္ပာယ်ရပြီး တိုင်းပြည်အနာဂါတ်အတွက် အရေးပါလှတဲ့ လူငယ်တွေရဲ့အခန်းကဏ္ဍကို လူငယ်တစ်ယောက်အကြောင်းနဲ့ ဥပမာထား တင်ပြထားတာပါ။ကာရန်ရှာဂဲလ်ဆိုတဲ့ လူငယ်တစ်ယောက်ဟာ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ရဲ့သားဖြစ်ပြီး မိဘက လိုလေသေးမရှိ ဖြည့်ဆည်းပေးထားတဲ့အတွက် ဘ၀ကို ပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းနေသူ ဖြစ်ပါတယ်။ ကျောင်းပြီးသွားရင် သူ့ချစ်သူရိုမီလာအပါအဝင် သူနဲ့ပေါင်းသင်းနေတဲ့ သူငယ်ချင်းတွေကပါ သူတို့ဘ၀တွေအတွက် ဘာလုပ်ကြမယ် ၊ ညာလုပ်ကြမယ်ဆိုပြီး ရည်မှန်းချက်ကိုယ်စီရှိကြပေမယ့် သူ့မှာတော့ ဘာရည်မှန်းချက်မှ မရှိပါဘူး။ဒီအချိန်မှာပဲ ရည်းစားဖြစ်သူနဲ့ သူတို့ဘ၀ရှေ့ရေးအတွက် တိုင်ပင်ရင်း လူဆိုတာဘ၀မှာရည်မှန်းချက် ရှိသင့်တဲ့အကြောင်းပြောလာလို့ ကာရန်လည်း သူ့သူငယ်ချင်းတစ်ယောက်နဲ့အတူ အိန္ဒိယစစ်တပ်ထဲကို ဝင်ဖို့ ပြင်ဆင်ပါတော့တယ်။ ကံဆိုးချင်တော့ ဝင်ခွင့်လျှောက်လွှာတွေတင်အပြီး လူအရွေးခံရပြီဆိုတော့မှ သူ့သူငယ်ချင်းက အမေရိကားကိုသွားမှာမို့ တပ်ထဲကို မဝင်ဖြစ်တော့ဘူးဆိုတာကို ဖွင့်ပြောလာပါတယ်။ မိဘတွေအရိပ်အောက်မှာတုန်းက ဘာကိုမှ လက်ကြောတင်းအောင်မလုပ်ဖူးတဲ့ သကောင့်သား ...
movie

Lakshya (2004)

2004
Lootcase(2020) 8.0
Lootcase(2020) Lootcase(2020)ဇာတ်လမ်းအကျဉ်း.....အခြေခံလူတန်းစား တစ်ယောက်ဖြစ်သူ  နန်ဒန်းကူးမားတစ်ယောက်ရဲ့လက်ထဲကို တစ်နေ့မှာ မမျှော်လင့်ဘဲ သန်း၁၀၀တန်အိတ်ကြီးတစ်လုံးသူ့လက်ထဲကိုရောက်လာခဲ့တယ်..ဒီလူက မလည်ရှုတ် ကို့ရို့ကားယားလူ....သန်း(၁၀၀)ကြီးလက်ထဲရောက်လာတော့လောဘက မသတ်နိုင်ရှာဘူး.....အိမ်မှာသိမ်းထားမယ်....ပြီးရင် အိမ်က စက်သေနတ်ပစ်သလို ပွစိပွစိ လုပ်တဲ့မိန်းမကိုပါးစပ်လေးတွေထုတ်သုံးဖြည့်ဆည်းပေးရင် မိန်းမနိုင်ဆေးခပ်တည်တည်ဖော်မယ်ပေါ့....မိန်းမဘက်ကလည်း အပ်တိုတစ်ချောင်းတဲမယူတတ်တဲ့အမျိုးဆိုတော့ သူ့မိန်းမကိုပေးမသိဘဲအိမ်မှာဉထားမဲ့အစီအစဉ်ပေါ့..နန်ဒန်းကူးမားက လောဘရမ္မက်တွေကြောင့် သာမတွေးမိတာ...နောက်ကွယ်မှာ ဘယ်လိုအရှုတ်အထွေးတွေရှိနေတယ်ဆိုတာ သူမသိဘူး...ကိုင်း ဒီသန်း(၁၀၀)ရဲ့နောက်ကွယ်ကပိုင်ဆိုင်သူတွေက ဘယ်သူတွေလဲ...တခြား ဒီပိုက်ဆံကိုလုပ်ဖို့ လုပ်နေတဲ့အဖွဲ့အစည်းတွေက ဘယ််လောင်တောင်များလဲ...ငပွေးတွေကြားမှာ ဘယ်ငပွေးပိုဆရာကျနေမလဲဆိုတာကိုတော့...ခံစားကြည့်ကြပါဉီး...ဒီကားက IMDb...8.0ရထားသလို ဇာတ်လမ်းလည်းကောင်းသလို နင်းကန်ပြီးလည်း ရယ်ရပါတယ်...အတင်းကြီးကလိထိုးရယ်ခိုင်းတဲ့အကွက်တွေမဟုတ်ဘဲ အလွဲတွေအချော်တွေနဲ့ သရုပ်ဆောင်ကောင်းများစွာနဲ့ရိုက်ကူးထားတာမို့ လက်မလွှတ်သင့်ပါကြောင်း...File Size : (1.02 GB) and (377MB) Quality : WEB-DL  720p Format…mp4 Duration…02:12:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Zwe Zan Aung Encoded by Phyo Pyae
movie

Lootcase(2020)

Kadakh(2020) 6.8
Kadakh(2020) Kadakh(2020)ဒီIndia ဇာတ်ကားကတော့ IMDB rating 6.8ရရှိထားတဲ့ ဇာတ်ကားလေးဖြစ်ပြီးComedy,Drama,Thrillerအမျိုးအစားဖြစ်ပါတယ်။ ဆူနီးလ်တို့ဇနီးမောင်နှံနှစ်ယောက်က ဒေဝါလီအကြိုပွဲညပါတီလုပ်ဖို့အတွက်သူငယ်ချင်းတွေကိုဖိတ်ထားပါတယ်။ ဆူနီးလ်တစ်ယောက်တည်းအိမ်မှာရှိနေတုန်းမဖိတ်ခေါ်ထားတဲ့ဧည့်သည်တစ်ယောက်ရောက်လာပါတယ်။အဲဒီလူကတစ်ခြားသူမဟုတ်ပါဘူး။ ဆူနီးနဲ့ဖောက်ပြန်ဇာတ်လမ်းခင်းနေတဲ့ချာယာရဲ့ယောကျာ်းပဲဖစ်ပါတယ် ...အဲဒီလူကမေးခွန်းတစ်ချို့မေးပြီးဆူနီးလ်နဲ့အငြင်းပွားကြတယ်...ဒီလိုအငြင်းပွားရုံနဲ့မပြီးကြပါဘူး...ပြဿနာအကြီးကြီးတက်စေမယ့် ကိစ္စတစ်ခုကို မမျှော်လင့်ဘဲ လုပ်မိသွားကြတယ်..အဲ့ဒီနောက်မှာတော့ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့....ဇာတ်လမ်းအညွှန်းနဲဲ့ ဘာသာပြန်သူကတော့ Thaik San ဖြစ်ပါတယ်။ File Size : (900 MB) and (339 MB) Quality : WEB-DL 720p Format…mp4 Duration…01:30:00 Genre : Comedy , Drama,Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Phyo Pyae
movie

Kadakh(2020)

Sonchiriya(2019) 7.5
Sonchiriya(2019) Sonchiriya (2019) ****************************IMDb.....7.5,,,, Rotten.....70%"မြွေက ကြွက်ကိုမြိုတယ် လင်းတက မြွေကိုပြန်စားတယ် ဒါကို လောဘသဘာဝလို့ ဘုရားမိန့်ဆိုထားတယ်..."*******************************ဘောလီဝုဒ်ကားကောင်းတွေ မျှော်လင့်နေတဲ့ပရိသတ်တွေအတွက် ၂၀၁၉ ထွက်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်အိန္ဒိယမှာ ဝင်ငွေပိုင်းအရ အောင်မြင်မှုမရခဲ့ပေမယ့် အနုပညာပိုင်းမှာတော့ မကျရှုံးဘူးလို့ ရဲရဲကြီးအာမခံနိုင်ပါတယ်ဘာကြောင့်လဲဆိုရင် IMDb 7.5/ 10 နဲ့ Rotten 70% အထိရရှိထားလို့ပါပဲ......ကျွန်တော်တို့ကြည့်နေမြင်နေကျ အိန္ဒိယကားတွေလို မာဆလာကားတွေလို သီချင်းတွေ၊ ကခုန်နေတာတွေမပါဘဲ သရုပ်ဆောင်တွေဆိုလည်း လုံးဝမိတ်ကပ်မပါ သဘာဝကျကျနဲ့ အကောင်းဆုံး ပုံဖေါ်ထားတဲ့ဇာတ်ကားတစ်ကားပါသရုပ်ဆောင်တွေဆိုလည်း သဘာဝမင်းသားကြီးဖြစ်တဲ့ Manoj Bajpai အပါအဝင် နာမည်ကြီးတွေဖြစ်တဲ့ Bhumi Pednekar Sushant Singh Rajput တို့ကပါ အားဖြည့်ပါဝင်ထားပါတယ်ဇာတ်လမ်းကတော့ ဓားပြသူပုန်မာန်ဆင့်အဖွဲ့နဲ့ ရဲအရာရှိ ဂူဂျား ဘဲလ်ခန်ဒီယားတို့ ထိပ်တိုက်တွေ့ကြလေသောအခါ ...ဇာတ်ကိုအများကြီးမပြောထားတာ မထင်မှတ်ထားတဲ့ အလှည့်ပြောင်းတွေပါနေလို့ပါသူပုန်ဓားပြတွေရဲ့ဘဝ သူပုန်ဓားပြတွေကို နှိမ်နင်းနေတဲ့ ရဲအရာရှိရဲ့အခြေနေ လူတွေရဲ့ ကောက်ကြစ်ယုတ်မာမှုတွေကို ကိုယ်တိုင်ပဲကြည့်ရှု့လိုက်ပါတော့...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်..... File Size : (1 GB) Quality : WEB-DL 720p, Format…mp4 Duration…02:23:00 Genre : Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

Sonchiriya(2019)

2019
Manto (2018) 7.4
Manto (2018) Manto (2018)IMDb - 7.4/10_____Rotten - 72%  "သူငယ်ချင်းရာ ဒီလိုခေတ်ကာလကြီးမှာ တခြားအခြေနေတွေပေါ် ဦးတည်ပြီး စာရေးပါလားဘာဖြစ်လို့ ပြည့်တန်ဆာတွေအတွက် တွေးပူနေရတာလဲ""ဘာလဲ အဲ့ဒိပြည်တန့်ဆာတွေက ငါတို့လူ့မှုပတ်ဝန်းကျင်ရဲ့ တစိတ်တဒေသမဟုတ်လို့လားသူတို့ဆီသွားနေကြတဲ့သူတွေက ဘုရားတရားသွားလုပ်တာလားသွားဖို့လာဖို့ကျတော့ လွပ်လွပ်လပ်လပ် သွားလာကြပြီး ရေးဖို့ကြတော့ လွပ်လွပ်လပ်လပ်ရေးခွင့်မရှိဘူးလား"တရားရုံးကို အိမ်ဦးနဲ့ကြမ်းပြင်သွားလာနေရလို့ သူငယ်ချင်းဖြစ်သူ တားသော်လည်း မန်တိုတစ်ယောက် လက်မခံချေမန်တိုဟာ နာမည်ရစာရေးဆရာ တစ်ယောက်ပါအထူးသဖြင့် ပြည်တန်ဆာတွေရဲ့ ဘဝနာမှုတွေ၊ ဒုက္ခတွေကို အသားပေးရေးဖွဲ့လေ့ရှိပြီးမဖွယ်မရာရေးသားမှုဆိုတဲ့ ခေါင်းစဉ်နဲ့ အကြိမ်ကြိမ် အမှုတွေလည်း ရင်ဆိုင်နေရပါတယ်ဒါပေမဲ့ မန်တိုကတော့ သူ့ယုံကြည်ချက်ကို မပြင်ဘဲ ရှေ့ပဲဆက်တိုးခဲ့ပါတယ်မူစ်လင်(မ်)တစ်ယောက် ဖြစ်သော်ငြားလည်း ဘာသာပေါင်းစုံမိတ်ဆွေတွေရှိပြီး နယ်ပယ်အစုံမှာ အောင်မြင် အဆင်ပြေနေသူတစ်ယောက်အိန္ဒိယနိုင်ငံကြီး လွပ်လပ်ရေးမရခင် အဆင်ပြေခဲ့သမျှဟာ လွပ်လပ်ရေးရပြီးနောက် အားလုံးပျက်သုန်းသွားခဲ့ပါတယ်အိန္ဒိယ-ပါကစ္စတန် ၂ နိုင်ငံကွဲထွက်သွားပြီး အစ္စလာမ်ဘာသာဝင်ဖြစ်တဲ့ မန်တို ပါကစ္စတန်ကို ရွှေ့ပြောင်းခဲ့ရပါတယ်ဒီဇာတ်ကားဟာ နာမည်ကျော် စာရေးဆရာ တစ်ယောက်ဖြစ်တဲ့ဆာဒတ် ဟဆန် မန်တိုရဲ့ ...
movie

Manto (2018)

2018