Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Randy Thomas
6.0
Everything Puppies (2024)
ပြီးခဲ့တဲ့မေလ ၁၈ ရက်ကထွက်ရှိထားတဲ့ Everything Puppiesရုပ်ရှင်ဟာ Drama အမျိုးအစားဖြစ်ပြီး ချစ်စရာခွေးပေါက်လေးတွေနဲ့အတူ ပေါ့ပေါ့ပါးပါးကြည့်ရှု့ရမယ့်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။တစ်စိုက်မတ်မတ်လုပ်ဆောင်တတ်တဲ့ စွန့်ဦးတီထွင်သူတစ်ဦးဖြစ်တဲ့စကားလတ်ဟာ ခွေးတွေကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့ ခွေးအရုပ်တွေ၊ ခွေးအစာတွေအစရှိသဖြင့် ခွေးတွေနဲ့ပတ်သက်တဲ့အရာအားလုံးကို တီထွင်ဖန်တီးလေ့ရှိပါတယ်။တစ်ရက်မှာတော့ စကားလတ်ဖန်တီးလိုက်တဲ့ခွေးစာမုန့်တစ်မျိုးကို ခွေးတွေကအရမ်းကြိုက်လွန်းတာကြောင့် ဆိုင်တွေမှာတင်သွင်းရောင်းချဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ ကုန်ပစ္စည်းအသစ်ကို ဆိုင်တွေကလက်မခံရဲကြတာကြောင့် စကားလတ်တစ်ယောက်အခက်တွေ့နေစဉ်မှာပဲ ခွေးပစ္စည်းအရောင်းဆိုင်တစ်ခုရဲ့အထွေထွေမန်နေဂျာဖြစ်တဲ့အဲလက်စ်နဲ့တွေ့ဆုံခဲ့ပါတယ်။အဲလက်စ်က စကားလတ်ရဲ့ကုန်ပစ္စည်းသစ်ကို အခွင့်အရေးပေးခဲ့သလို တစ်ဖက်မှာလည်း စကားလတ်ကိုချစ်မိသွားခဲ့ပါတယ်။ စကားလတ်ရဲ့တည်ထောင်ခါစလုပ်ငန်းငယ်လေးကို အဲလက်စ်က အများကြီးကူညီပေးခဲ့ပေမယ့် နာမည်ကျော်ခွေးစာမုန့်တံဆိပ်တစ်ခုကလိုက်လံနှောင့်ယှက်မှုတွေကြောင့် စကားလတ်ရဲ့လုပ်ငန်းမှာထိခိုက်နစ်နာမှုတွေရှိလာသလို အဲလက်စ်အပေါ်မှာလည်းအထင်လွဲမှားမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။ စကားလတ်ရဲ့တီထွင်ဖန်တီးမှုတွေက အောင်မြင်သွားမှာလား။အဲလက်စ်နဲ့ရောပြန်အဆင်ပြေသွားမှာလားဆိုတာကိုတော့ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.57GB / 785MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
Everything Puppies (2024)
6.5
Vicious Fun (2020)
Vicious Fun (2020) ==============IMDb Rating - 6.5/10, Rotten Tomato 88%Rating ကောင်းတွေရထားတဲ့ လူသတ် Horror ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ရုပ်ရှင်သုံးသပ်ရေးနဲ့ horrorမဂ္ဂဇင်းရေးသူ ဂျိုးဟာ အပေါင်းသင်းမရှိ လူသိပ်မသိတဲ့ သာမန် လူငယ် Nerd လေး တစ်ယောက်ပါ ။ တစ်နေ့သူ ကောင်မလေးရှာချင်တာကြောင့် ဘားတစ်ခုသွား အရက် သောက်ရင်းကနေ မှောက်သွားပါတယ်။ ပြန်နိုးလာတဲ့အချိန်မှာ သူရောက် သွားတာကတော့ အမေရိကရဲ့ အကြမ်းဆုံးကွင်းဆက်လူသတ်သမား ၅ ယောက်စုပြီး အစည်းအဝေးလုပ်နေတဲ့ စကားဝိုင်းကိုပါ ။ သူလည်းအဲ့ဒီကနေ လွတ်မြောက်နိုင်ဖို့ သူ့ရေးဖူးတဲ့ Horror ဇာတ်လမ်းတွေထဲက လူသတ်ဇာတ်ကောင်အဖြစ် အယုံသွင်းရင်း လိုက်လျောညီထွေနေလိုက်ရပါတယ် ။ဒါပေမယ့် တကယ့်လူသတ်သမားတွေနဲ့ရင်ဆိုင်တွေ့နေရတဲ့ ဂျိုးတစ်ယောက် အချိန်အကြာလာတာနဲ့ အလွဲတွေလုပ်မိကာ ဟန်မဆောင်နိုင်တော့ဘဲ အလိမ်တွေ ပေါ်ကုန်ပါတယ်။ အဲ့ဒီကနေ ဂျိုးတစ်ယောက် အသက်ရှင်လွတ်မြောက်သွားနိုင်ပါ့မလား ဆိုတာကိုတော့ အရမ်းကြမ်းတဲ့ ဟာသတွေ စကားလုံးအသုံးနှုန်းတွေနဲ့ စိတ်လှုပ်ရှားဖို့ ကောင်းစွာ ရိုက်ပြထားတာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size ...
movie
Vicious Fun (2020)
2020
6.8
Feeling Butterflies (2022)
Feeling Butterflies (2022)အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ်က မြို့လေးတစ်မြို့မှာ အမ်မလီမယ်ရီပိုဆာ ဆိုတဲ့ အမျိုးသမီးငယ်လေးတစ်ဦးက သူမရဲ့သူငယ်ချင်းနဲ့အတူ လိပ်ပြာလေးတွေကိုမွေး၊ ပြီးရင် မွေးနေ့ပွဲတို့ မင်္ဂလာဆောင်တို့လို ပွဲတွေမှာ လိပ်ပြာလေးတွေကိုလွှတ်ပေးရတဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို လုပ်တယ်။ အတိတ်အချစ်ရေးကံဆိုးခဲ့သူတစ်ယောက်ဖြစ်လို့ ထပ်ပြီးရင်ခုန်ဖို့မလွယ်ကူတော့တဲ့ သူမဘ၀ဟာ မွေးနေ့ပါတီတစ်ခုမှာ လိပ်ပြာလွှတ်ပေးဖို့ စပြီးတာဝန်ယူရာကနေ single dad လူချောလေး ဂဲရက်နဲ့တွေ့ပြီးနောက်မှာ ပြောင်းလဲသွားခဲ့တယ်။အကြောင်းဖန်ချင်တော့ နာမည်ကြီးမော်ဒယ်တစ်ယောက်ရဲ့မင်္ဂလာပွဲအတွက် လိပ်ပြာအကောင်ရေ ၅၀၀ လွှတ်ဖို့အတွက် ဂဲရက်တို့သားအဖက ဝင်ရောက်ကူညီပေးလာတဲ့အခါမှာတော့ ကြည်နူးစရာအချစ်ဇာတ်လမ်းလေး စတင်လာနိုင်ပါ့မလားဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ နောက်ပြီး သဘာဝတရားကြီးနဲ့ အင်းဆက်နွယ်မျိုး လိပ်ပြာတွေရဲ့ဆက်စပ်နေပုံတွေ၊ လိပ်ပြာလေးတွေကို ဂရုတစိုက်စောင့်ကြည့်မွေးမြူရပုံတွေ၊ အရောင်အသွေးစုံလင်တဲ့လိပ်ပြာအမျိုးအစားလေးတွေကို မျက်စိပသာဒဖြစ်စွာနဲ့ ကြည့်ရှုရမှာဖြစ်လို့ အချစ်ကားအေးအေးလေးတွေကို နှစ်သက်ကြတဲ့ပရိသတ်များ လက်မလွှတ်သင့်တဲ့ကားလေးဖြစ်ကြောင်း ညွှန်းဆိုပါရစေ။( အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Yadi ဖြစ်ပါတယ်)Genre.....Comedy, Drama, Romance Quality….WEB-DL 1080p and 720p File size…1.3GB and 650MB Format…mp4 Duration….1h 23min Subtitle….Myanmar Subtitle (Hardsub) Translator ..... Thwal Yadi Encoder .....August
movie
Feeling Butterflies (2022)
2022