Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Randy Lee
6.6
How to Rob a Bank (2024)
How to Rob a Bank (2024) IMDb - 6.6/10၁၉၉၀နှောင်းပိုင်းခုနစ် ဆီအာတယ်မှာဖြစ်ပွားခဲ့တဲ့ ဘဏ်ဓားပြတိုက်မှုဖြစ်ရပ်မှန်တွေကို အခြေခံတဲ့ မှုခင်းမှတ်တမ်းရုပ်သံကို Netflixကနေ ထုတ်လွှင့်ခဲ့ပါတယ်။အက်ဖ်ဘီအိုင်ရဲ့ နံပါတ်တစ်အလိုရှိဆုံး ဘဏ်ဓားပြကြီး ဟောလိ၀ုဒ်။ သူ့ကိုဟောလိ၀ုဒ်လို့ နာမည်ပြောင်ပေးထားရတာက ဟောလိ၀ုဒ်ရုပ်ရှင်တွေထဲမှာလို ရုပ်ပြောင်းရုပ်လွဲ ပိုင်နိုင်လွန်းလို့။Point Break (1991)ရုပ်ရှင်ထဲက ဇာတ်ကောင် Bohdiက သူ့ကိုဒီဘဏ်ဓားပြမှုတွေ လုပ်နိုင်စေဖို့ လှုံ့ဆော်ခဲ့တာလို့ဆိုပါတယ်။ဟောလိ၀ုဒ်ရဲ့ နာမည်အရင်းက စကော့စကားလော့ခ်။ အစပိုင်းမှာ ဆရာဝန်တစ်ယောက်ဖြစ်ချင်ခဲ့ပေမဲ့ ဓာတုဗေဒဓာတ်ခွဲခန်းမှာ သူ့ကို ဉာဏ်အလင်းပွင့်စေခဲ့တာက Breaking Badထဲက ဆရာကြီးဝေါ်တာဝှိုက်လိုမျိုး သန့်စင်လှတဲ့ crystal methတွေ ဖန်တီးစေတတ်ခဲ့တာပါပဲ။ကျောင်းနားရက်တွေမှာ ကျောင်းဓာတ်ခွဲခန်းထဲခိုးဝင်ပြီး မူးယစ်ဆေးချက်တာကို ပရော်ဖက်ဆာတွေမိသွားချိန်မှာ အပြီးတိုင်ကျောင်းနားလိုက်ရပါတယ်။ ဒီမှာပဲ စကော့ချက်တဲ့ မူးယစ်ဆေးတွေက ပြည်နယ်ထဲမှာတော့ အကောင်းဆုံးဆိုပြီး နာမည်ကြီးပေမဲ့ ဆေးဖြန့်တဲ့လူအသတ်ခံလိုက်ရချိန်မှာတော့ စကော့ရဲ့မူးယစ်ဆေးချက်လုပ်တာ တစ်ခန်းရပ်ခဲ့ပါတယ်။ဒီမှာပဲ အားနေတဲ့ချိန် ရုပ်ရှင်တွေကြည့်ရင်း ဘဏ်ဓားပြဖို့စိတ်ကူးပေါ်လာရာကစလို့ FBIရဲ့ နံပါတစ်အလိုအရှိဆုံး ဘဏ်ဓားပြကြီးတစ်ယောက် ဖြစ်လာခဲ့ပါတော့တယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ V & Alexတို့ပဲဖြစ်ပါတယ်) File size… 1.47GB / 587MB Quality…WEB ...
movie
How to Rob a Bank (2024)
2024
War (2007)
ဂတုံးမင်းသားဂျေဆင်နဲ့ ဂျက်လီတို့ အပြိုင်ကြဲထားတဲ့ အက်ရှင်ဇာတ်ကြမ်းကား အဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်ဂျေဆင်ကတော့ ထုံးစံအတိုင်း အထာများတဲ့ဘဲပုံစံနဲ့ မြင်ရမှာဖြစ်သလို ဂျက်လီကိုတော့ သွေးအေးအေးနဲ့ တည်ငြိမ်ပြီး မိုက်တဲ့ ကာရိုက်တာ အဖြစ်ရှုစားရမှာပါF.B.I အေးဂျင့် John နဲ့ သူငယ်ချင်းလည်းဖြစ် ပါတနာလည်းဖြစ်တဲ့ အေးဂျင့် Tom Lone တို့က ယုံတမ်းစကားအရ Rogue (နတ်ဆိုး)လို့ နာမည်ကြီးတဲ့ လက်မရွံ့ လူသတ်သမားတစ်ယောက်ကို သုတ်သင်လိုက်နိုင်ပေမယ့်....နောက်နေ့ကျ Tom အပါအဝင် ဇနီးနဲ့ သမီးလေးကိုပါ အမည်မသိလူတစ်ယောက်က Rogue အတွက် လက်စားချေသလို လုပ်ကြံသွားတယ်နောက်သုံးနှစ်ကြာမှာ ယခင် ရာကူဇာ လက်အောက်ခံ နတ်ဆိုးက မသေပဲ ပြန်ပေါ်လာခဲ့ပြီး တရုတ်မြေအောက်ဂိုဏ်းအတွက် ပြောင်းလဲလုပ်ကိုင်နေကာ တရုတ်ဂိုဏ်းနဲ့ ရာကူဇာတို့ကို တစ်လှည့်စီ အကွက်ရွှေ့နေတယ်သူငယ်ချင်းအတွက် လက်စားချေမယ်လို့ တွေးထားတဲ့ John တစ်ယောက် နတ်ဆိုးကို လက်စားချေခွင့်ရနိုင်မှာလား အရာရာတကွက်ကြိုမြင်နေတဲ့ နတ်ဆိုးကပဲ ...
movie
War (2007)
6.4
Night at the Museum (2006)
Night At The Museum (2006) ~ IMDb Rating - 6.4/10 ~စားပွဲထိုးလေးတွေ ဆူညံပြေးလွှားနေတဲ့ လက်ဖက်ရည်ဆိုင်လေးတစ်ခုမှာ လယ်ရီ ဒဲလ်လေ နဲ့ ကျွန်တော်ဆုံတယ်။ ကိုယ်စီပြောစကားတွေနဲ့ အသက်ဝင်နေတဲ့ ပတ်ဝန်းကျင်လေးမှာ နံရံကပ်တီဗွီပေါ်က သူတို့ရဲ့ အမူအယာတွေ၊ စကားသံတွေ၊ လှုပ်ရှားသက်ဝင်မှုတွေကို အရမ်းအာရုံစိုက်ပြီး ကြည့်ခဲ့ရတယ်ပေါ့ဗျာ။ ဘာသာပြန်စာတန်းကလည်း သူစိတ်ပါတဲ့နေရာမှ ထ ထ ပေါ်လာတာဆိုတော့ ဟိုတစ်စ ဒီတစ်စ ပါပဲ။IMDb 6.4 ရယ်၊ Rotten Tomato 44% ရရှိထားပါတယ်။ ဟာသမင်းသားကြီး Ben Stiller က အဓိကသရုပ်ဆောင်ထားပါတယ်။ Box Office မှာ ၅၇၄.၅ သန်းပြန်လည်ရရှိပြီး ၂၀၀၆ ခုနှစ်ရဲ့ ဝင်ငွေအကောင်းဆုံး ဇာတ်ကားဖြစ်လာခဲ့ပါတယ်။ဒီဇာတ်ကားလေးကတော့ မိသားစု အပျော်ကြည့်လေးပေါ့။ အလုပ်လက်မဲ့တစ်ေယာက်၊ တီထွင်သူလိုလိုနဲ့ အိမ်ထောင်ကွဲ၊ သားတစ်ယောက်ကို ...
movie
Night at the Museum (2006)
2006
6
Night at the Museum: Battle of the Smithsonian (2009)
Night At The Museum: Battle of The Smithsonian (2009) ~ IMDb Rating - 6/10 ~သဘာဝသမိုင်းပြတိုက် ညစောင့်လေး လယ်ရီဟာ သူ့ရည်မှန်းချက်အစစ်ဖြစ်တဲ့ သူတီထွင်ထားတဲ့ အိမ်သုံးပစ္စည်းလေးတွေကို ရောင်းချရင်း လူသုံးကုန်ပစ္စည်းကုမ္ပဏီတစ်ခုအဖြစ် ကြီးကျယ်အောင်မြင်သွားပါပြီ။ ပြတိုက်ေဟာင်းလေးကိုစွန့်ခွာလို့ CEO ကြီး လယ်ရီ ဒဲလ်လေ အဖြစ်နဲ့ပေါ့၊ လောကလမ်းပေါ်မှာ လျှောက်လှမ်းနေလေရဲ့။မိသားစုဖြစ်ခဲ့ဖူးတဲ့ အသိုက်အမြုံလေးဆီကို အလည်တစ်ခေါက် ရောက်လာချိန်မှာ သူသိခဲ့ဖူးတဲ့ ကမ္ဘာလေးကပြိုပျက်၊ အားလုံးက တကွဲစီဝေးရမယ့် အခြေအနေကို ရုတ်တရက်တွေ့လိုက်ရတဲ့ လယ်ရီလေးဟာ ရင်ကွဲပက်လက်။ လူကြိုက်မများတော့တဲ့ ပြတိုက်ထဲက ပစ္စည်းတွေကို ခေတ်မီ သုံးဖက်မြင်စက်ပစ္စည်းနဲ့ အစားထိုးမယ့် အစီအစဉ်တွေကြောင့် သမားရိုးကျအရုပ်လေးတွေက ပြည်ထောင်စုမော်ကွန်းတိုက်ရဲ့ မြေအောက်ခန်းထဲမှာ စွန့်ပစ်ခံရတော့မယ့်အချိန်ပါပဲ။ စကားနာထိုးတဲ့သူတွေရယ်၊ မျက်နှာကိုမကြည့်ချင်လို့ အကြည့်လွှဲတဲ့သူရယ်၊ သူ့ရဲ့ စွန့်ခွာထွက်ပြေးမှုကို စိတ်နာကြတဲ့ မိတ်ဆွေတွေကို လယ်ရီက ...
movie
Night at the Museum: Battle of the Smithsonian (2009)
2009
6.2
Night at the Museum: Secret of the Tomb (2014)
Night at the Museum: Secret of the Tomb (2014) IMDb - 6.2/10_____Rotten - 47% ၂၀၀၆ ကတည်းက စတင်အောင်မြင်ခဲ့တဲ့ အမေရိကန်ဟာသဇာတ်လမ်းရဲ့ တတိယမြောက် ဇာတ်လမ်းတွဲဖြစ်သလို နောက်ဆုံးဇာတ်လမ်းလည်းဖြစ်တဲ့ ဇာတ်ကားသစ်အကြောင်း ပြောပြချင်ပါတယ်။၁၉၃၈ တုန်းက ရှေးဟောင်းသုတေသနပညာရှင်အဖွဲ့ဟာ အဖိုးတန်ရှေးဟောင်းပစ္စည်းတစ်ခုကိုရှာဖွေဖို့ အီဂျစ်ဂူသင်္ချိုင်းတစ်ခုကို တူးဖော်ပါတယ်။ ဂူသင်္ချိုင်းထဲကိုကောင်လေးတစ်ယောက် ပြုတ်ကျရာကနေ သူ့ဖခင်နဲ့ အခြားရှေးဟောင်းသုတေသန ပညာရှင်တွေကို လမ်းကြောင်းရှာပေးနိုင်ခဲ့ပြီး ဖာရိုဘုရင်ရဲ့ ကမ္ပည်းထိုးထားတဲ့ရွှေချပ်ပြားကိုရှာတွေ့ခဲ့ပါတယ်။ အဲဒီနောက်တော့ ရွှေကမ္ပည်းပြားကို နှစ်ပေါင်းများစွာထိန်းသိမ်းထားပါတယ်။ယနေ့ခေတ် နယူးယောက်မြို့က သဘာဝသမိုင်းပြတိုက်ကြီးမှာ အခမ်းအနားကြီးတစ်ခုလုပ်နေပြီး ဒေါက်တာမက်ပီး တက်ရောက်လာတာကို ပြတိုက်လုံခြုံရေးဖြစ်တဲ့ လာရီဒါလေကတွေ့ပါတယ်။ Night at the Museum အရင်ဇာတ်ကားတွေအတိုင်းပဲ ပြတိုက်က အရုပ်တွေ အသက်ဝင်ပြီး သူတို့အသက်ရှင်စဉ်ကနေခဲ့တဲ့ ပုံစံအတိုင်းနေရင်း ပြတိုက်ထဲမှာ ဖြစ်ချင်တိုင်းဖြစ်နေပါတယ်။ အီဂျစ်ဂူသင်္ချိုင်းထဲက ရွှေကမ္ပည်းပြားက နယူးယောက်သဘာဝသမိုင်းပြတိုက်ထဲမှာ ထိန်းသိမ်းထားတာဖြစ်ပြီး အဲဒီပစ္စည်း ...
movie
Night at the Museum: Secret of the Tomb (2014)
2014