Channel Myanmar

Ram Awana

Shivrayancha Chhava (2024) 7
Shivrayancha Chhava (2024) Shivrayancha Chhava (2024)"ဧကရာဇ်ဆမ်ဘာဂျီ" =======================================ရုံတင်စဉ်က ဒုတိယဝင်ငွေအကောင်းဆုံး မာရသီစကားပြောရုပ်ရှင်ဖြစ်ခဲ့တဲ့ ဒီသမိုင်းနောက်ခံရုပ်ရှင်ကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ဟာဆိုရင် မာရသာအင်ပါယာကို တည်ထောင်ခဲ့တဲ့ မင်းကြီးရှီဗာဂျီရဲ့အကြီးဆုံးသား မင်းကြီး ဆမ်ဘာဂျီရဲ့ဘဝကိုပုံဖော်ပြထားတာပဲဖြစ်ပါတယ်။မင်းကြီးရှီဗာဂျီ နတ်ရွာစံသွားတဲ့အတွက် မာရသာအင်ပါယာပြိုကွဲပြီလို့ထင်နေတဲ့ မိုဂူလ်ဧကရာဇ် အာရန်ဇက်ဟာ ဘူဟန်ပူရ်မြို့ကို အိန္ဒိယတောင်ပိုင်းရဲ့ မြို့တော်အဖြစ်ပြောင်းလဲဖို့ သူ့ရဲ့တပ်မှူး ဗဟာဒူးရ်ကို တာဝန်ပေးခဲ့ပါတယ်။ရက်စက်ကြမ်းကြုတ်တဲ့ တပ်မှူးဗဟာဒူးရ်ဟာ ဘူဟန်ပူရ်မြို့ကို မတရားသဖြင့်အုပ်ချုပ်နေတဲ့အတွက် အသက်ငယ်ရွယ်ပေမဲ့ ပညာဉာဏ်ပြည့်ဝတဲ့ မင်းကြီးဆမ်ဘာဂျီက ဗဟာဒူးရ်လက်ထဲကနေ ဘူဟန်ပူရ်မြို့ကို ကယ်တင်ဖို့ကြိုးစားပုံကို ဒီရုပ်ရှင်ထဲမှာ အဓိကမြင်တွေ့ရမှာ...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 3.17GB / 1.44GB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team 
movie

Shivrayancha Chhava (2024)

2024
Mission Kashmir (2000) 6.6
Mission Kashmir (2000) IMDb Rating (6.6)ပထမဦးဆုံးအနေနဲ့ ပြောချင်တာက လောကမှာ ဘယ်လူမျိုး ဘယ်ဘာသာရယ်က အကြမ်းဖက်ဘာသာ အစွန်းရောက်လူမျိုးရယ်လို့မရှိပါဘူး..လူက နှစ်မျိုးပဲရှိပါတယ်..အဲ့ဒါကတော့ လူကောင်းနဲ့လူဆိုးပါ.. ဒီဇာတ်ကားလေးမှာ ဘာသာရေးအစွန်းရောက်အယူဝါဒတချို့ပါနေလို့ ဇာတ်ကားကြည့်ရင်း ဗဟုသုတယူရမယ့်အစား အစွန်းရောက်ဝါဒများ စိတ်ထဲမကိန်းအောင်စေဖို့ တိုက်တွန်းလိုက်ပါတယ်...အစွန်းရောက်ဝါဒီတွေရဲ့ ထုံးစံအတိုင်း ရင်ထဲမှာ အမုန်းတရားတွေစွဲကျန်နေတဲ့ တက်သစ်စလူငယ်လေးတွေကို သိမ်းသွင်း...ကိုယ်ကျိုးအတွက်ပဲ ကြည့်ပြီး ဘာသာရေးအမည်ခံ အမုန်းတရားတွေဖြန့်...လုပ်ဇာတ်တွေဖန်တီးပြီး ဆော်သြနေကြတဲ့ လူတွေလက်ထဲရောက်သွားခဲ့ရတဲ့ လူငယ်လေးတွေအကြောင်းကိုလည်း ဒီဇာတ်ကားမှာ မြင်တွေ့ရမှာဖြစ်ပါတယ်...အဓိကဦးတည်ချင်တာကတော့ မပြီးဆုံးနိုင်တဲ့ အိန္ဒိယ-ပါကစ္စတန်အမွှေဇာတ်ထုပ်ပေါ့...ဒီကားမှာ ဘောလီးဝုဒ်မင်းသားချောလေး ရီသစ်ရိုရှန်းနဲ့ မင်းသားကြီး ဆန်ဂျေးဒသ်တို့ပါဝင်သရုပ်ဆောင်ထားတယ်...မစ်ရှင်ကက်ရှမီးဆိုတဲ့ ကားနာမည်အတိုင်းပဲ ဟင်ဒူ-မွတ်စလင် အမြဲအဓိကရုဏ်းဖြစ်နေတတ်တဲ့ ကက်ရှမီးဒေသကို ဖျက်ဆီးပြီး အမုန်းတရားတွေဖြန့်ကျက်ဖို့ စစ်သွေးကြွအုပ်စုက လျှို့ဝှက်ကြံစည်နေကြတယ်ဒါကိုမှ ရဲအရာရှိက စုံစမ်းဖေါ်ထုတ်မယ့်ဇာတ်လမ်း....ဒါပေမဲ့ အဲ့ဒီစစ်သွေးကြွအုပ်စုထဲကို မတော်တဆရောက်သွားခဲ့ရတာက ရဲအရာရှိရဲ့မွေးစားသား...နောက်ခံအမုန်းတရားဇာတ်အိမ်နဲ့ သူတို့နှစ်ယောက်ကို ထိပ်တိုက်ပေးတွေ့တဲ့အခါ....ဆက်ဖြစ်လာမယ့်ဇာတ်အရှိန်ကိုတော့ တစိမ့်စိမ့်ကြည့်ရှုပေးကြပါလို့ ညွှန်းဆိုလိုက်ပါတယ်။ File size…(4.2 GB)/(1.4 GB) Quality….WEB-DL 1080p/720p Format…mp4 Duration….02:31:oo Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated ...
movie

Mission Kashmir (2000)