Channel Myanmar

Ralph Prosper

Eye on Juliet (2017) 6.4
Eye on Juliet (2017) Eye on Juliet ဇာတ်ကားဟာ 2017 မှာ ထွက်ရှိထားတဲ့ Romance/Drama အမျိုးအစား ဖြစ်ပါတယ်။ IMDb 6.4 ရရှိထားပြီးတော့ ပေါ့ပေါ့ပါးပါးနဲ့ကြည့်ရှုရ အဆင်ပြေတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ရီမုထိန်းချုပ်စက်ရုပ်လေးတွေနဲ့ ဆီပိုက်လိုင်း လုံ‌ခြုံရေးပေးရတဲ့ ဂေါ်ဒန်ဟာ အရှေ့အလယ်ပိုင်းမှာရှိတဲ့အမျိုးသမီးတစ်ယောက်နဲ့ တွေ့ဆုံရာမှာ ဘာတွေဆက်ဖြစ်မလဲ။အသဲကွဲနေတဲ့ ဂေါ်ဒန်ဟာ အချစ်ကိုအယုံကြည်ရှိဦးမှာလား၊ သူ့ရဲ့နေ့စဉ်ဘဝကိုဘယ်လိုသက်ရောက်လဲဆိုတာကို မြင်တွေ့ရမှာပါ။ မိုင်ထောင်ချီဝေးနေလည်း ချစ်ရင်ဘာမဆိုဖြစ်နိုင်မလားဆိုတာကိုChannel Myanmar ပရိတ်သတ်ကြီးတို့ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရမှာဖြစ်ပါတယ်။ File size…    1.2 GB /  562 MB Quality… BDRip 1080p / 720p Format… mp4 Duration…. 1h 36m Genre ..... Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by KK
movie

Eye on Juliet (2017)

Ru (2023) 7.2
Ru (2023)  IMDb - 7.2ကနေဒါနိုင်ငံသား ဗီယက်နမ်လူမျိုး စာရေးဆရာမ Kim Thúy ရဲ့ ဆုရစာအုပ် "Ru" ကိုမှီငြိမ်းပြီးရိုက်ကူးထားတဲ့ ရုပ်ရှပ်ပါ။ဒီရုပ်ရှင်ထဲမှာတော့ ဗီယက်နမ်စစ်ပွဲကြောင့် ပင်လယ်ခရီးကို ဖြတ်သန်းပြီး ကနေဒါနိုင်ငံမှာ ဒုက္ခသည်အဖြစ် ခိုလှုံခဲ့ရတဲ့ တင့် (Kim Thúy) တို့မိသားစုရဲ့ခရီးကြမ်းအပြင် ကနေဒါနိုင်ငံမှာ ဘဝသစ်ထူထောင်ပြီး နိုင်ငံအသစ်မှာ လိုက်လျောညီထွေနေရပုံတွေ ဘာသာစကားအသစ်တွေသင်ယူရပုံနဲ့ အတိတ်ကဖြစ်ရပ်တွေကနေ လွတ်မြောက်အောင်ကြိုးစားရပုံကို တင်ဆက်ပေးထားပါတယ်။ဒုက္ခသည်အဖြစ်လက်ခံပေးခဲ့တဲ့ သူတို့ရဲ့ အလှူရှင် (စပွန်ဆာ) မိသားစုရဲ့ နွေးထွေးကြပုံ ကူညီဖေးမကြပုံအပြင် ဗီယက်နမ်စစ်ပွဲပြီးဆုံးတဲ့ကာလမှာ နိုင်ငံရပ်ခြားထွက်ပြေးခဲ့ကြရတဲ့ ဗီယက်နမ်လူမျိုးတွေရဲ့ အခက်အခဲတွေကို ကြည့်ရှုကြရမှာပါ။ File size…(2 GB)/(1 GB) Quality….WEB-DL 1080p / 720p Format…mp4 Duration….02:00:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by TMMT
movie

Ru (2023)

French Girl (2024) 5.5
French Girl (2024)  ဂေါ်ဒင်လို့အမည်ရတဲ့ အမျိုးသားဟာ Brooklyn မြို့ကစာသင်ကျောင်းတစ်ကျောင်းမှာ အင်္ဂလိပ်စာပြဆရာတစ်ဦးဖြစ်ပြီးတော့ သူရဲ့ချစ်သူကောင်မလေးကတော့ဆိုဖီလို့ခေါ်တဲ့ စားဖိုမှူးမလေးပေါ့ တစ်ယောက်ကိုတစ်ယောက်ချစ်ချစ်ခင်ခင် ဖြတ်သန်းနေတဲ့သူတို့စုံတွဲကြားထဲ မထင်မှတ်ထားတဲ့အရာလေးတစ်ခုဖြစ်လာခဲ့ပါတယ်…ဆိုဖီဟာ သူရဲ့ဇာတိဖြစ်တဲ့ Quebec မြို့မှာ နာမည်ကြီးစားဖိုမှူးဦးစီးဖွင့်မယ့် Frontenac ဆိုတဲ့ဆိုင်မှာ အကြီးတန်းစားဖိုမှူးနေရာအတွက် ကမ်းလှမ်းခံခဲ့ရတဲ့အတွက် ဇာတိမြို့ကို ပြန်သွားဖို့အကြောင်းဖန်လာခဲ့ပါတယ် ချစ်စိတ်မွှန်နေတဲ့ဂေါ်ဒင်ကတော့ချစ်သူနောက်ကို လိုက်ပါရင်း Quebec မြို့ကို ရောက်သွားတဲ့အခါမှာအကြီးတန်းစားဖိုမှူးရာထူးအား ကမ်းလှမ်းသူဟာ ဆိုဖီရဲ့ရည်းစားဟောင်းရူဘီဖြစ်နေကြောင်း သိသွားတဲ့အခါမှာတော့…….ဂေါ်ဒင် ဘယ်လိုတွေရှေ့ဆက်လုပ်မလဲ?ဆိုဖီနဲ့ရူဘီကရော ဘာကြောင့်လမ်းခွဲခဲ့ရသလဲ?ဆိုဖီရော အလုပ်ကမ်းလှမ်းမှုကို လက်ခံလိုက်မှာလား?ဆိုဖီနဲ့ရူဘီရော ပြန်ဇာတ်ပေါင်းထုပ်သွားမလား?ဆိုတာကိုတော့ ဇာတ်ကားထဲ အဖြေရှာကြည့်ပါဦး…. File size…2.22GB / 936MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 46m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thinn & Aoi
movie

French Girl (2024)

War Witch (2012) 7.0
War Witch (2012) Rt - 94% ~ IMDb - 7.0 အသက် ၁၂ နှစ်အရွယ်ကတည်းကနေပြီး သူပုန်အဖွဲ့ကနေပြန်ပေးဆွဲခံလိုက်ရတဲ့ ကိုမိုနာ ဟာ "ကျားကြီး" သူပုန်အဖွဲ့မှာတပ်သားသစ်အနေနဲ့ အစိုးရစစ်တပ်ကိုတိုက်ခိုက်ဖို့အတွက် လေ့ကျင့်ပေးခံခဲ့ရပါတယ်။ တစ်နေ့မှာ တောထဲကိုစစ်ဆင်ရေးသွားရင်းနဲ့ အစိုးရဘက်က သေသွားတဲ့သူတွေရဲ့ ဝိဉာဉ်တွေကိုမြင်ရတာမလို့ ကိုမိုနာကို သူပုန်ခေါင်းဆောင် "ကျားကြီး" က သူ့ရဲ့ စစ်ပွဲစုန်းမ (War Witch) အဖြစ်သတ်မှတ်ပြီး အလေးထားခဲ့ပါတယ်။ ဒီလိုနဲ့နေရင်းကနေ သူပုန်အဖွဲ့ထဲက မှော်ဆရာဆိုတဲ့ ကောင်လေးနဲ့အတူ သူငယ်ချင်းတွေဖြစ်သွားကြပြီး တစ်နေ့မှာ ကိုမိုနာ လုပ်တဲ့အရာတွေက တစ်ခုခုလွဲချော်သွားခဲ့ရင် ကျားကြီးက သတ်လိမ့်မယ်ဆိုပြီး မှော်ဆရာနဲ့ ကိုမိုနာတို့ နှစ်ယောက် ကျားကြီးသူပုန်အဖွဲ့ထဲကနေထွက်ပြေးခဲ့ကြပြီး လက်ထပ်လိုက်ကြကာ ဇာတ်မြုပ်နေခဲ့တယ်။ဒီလိုနဲ့ ကိုမိုနာနဲ့ မှော်ဆရာတို့ နှစ်ယောက်သား သူပုန်တွေဆီကနေ လွတ်မြောက်ခဲ့ကြပေမဲ့ အမှန်တကယ်လွတ်မြောက်ပါ့မလား၊ စစ်ပွဲစုန်းမဆိုတဲ့ နာမည်အောက်ကရောရုန်းထွက်နိုင်ပြီး သာမာန်မိန်းကလေးတစ်ယောက်ဖြစ်လာနိုင်မလားဆိုတာကို ကြည့်ရှုလိုက်ကြပါဦးဗျ။ Oscar ...
movie

War Witch (2012)