Channel Myanmar

Rajkummar Rao

Love Sonia (2018) 7.1
Love Sonia (2018) ( 18+ လို့ခေါင်းစဉ်တပ်ထားတိုင်း အပြာကားလို့မထင်စေချင်ပါဘူးရုပ်ရှင်ကားရဲ့ Age Rating အရဆို Adult Only ဆိုတော့ အရွယ်ရောက်ပြီးသူတိုင်း ကြည့်ရှု့လို့ရပါတယ်ရိုင်းစိုင်းတဲ့ အသုံးအနှုန်းတွေနဲ့ လိင်အသာပေးအခန်းတွေပါတာကြောင့် ကလေးသူငယ်တွေ၊ မိသားစုနဲ့ကြည့်ရှု့ဖို့ အဆင်မပြေပါဘူး)========================================ဟောဒီလောကမှာ အကျိုးအမြတ်နဲ့ အရှုံးဟာ ဆန့်ကျင်ဘက်ဆိုပေမယ့် အမြဲတမ်းပူးတွဲရှိနေတတ်ပါတယ်ဒီတော့ အမြတ်ရဖို့ဆိုရင် အရင်းအနှီးရှိရပါတယ်၊ ရင်နှီးနိုင်လျှက်ရှုံးရသည်က တကဏ္ဌပါမရင်းနှီးနိုင်ရင်တော့ အကျိုးမြတ်မရနိုင်တာ လုံးဝအသေချာပါပဲဒီတော့ ရင်းနှီးဖို့ဘာလိုလာမလဲဆို ပိုင်ဆိုင်မှုလိုလာပါမယ်ပိုင်ဆိုင်မှုမရှိရင် အရင်းအနှီးဟာ အကြွေးဘက်ကို ဦးတည်သွားတတ်လေတယ်ဒီခေတ်မှာ မရင်းနှီးနိုင်လို့ ရှုံးနေကြတာအများကြီးမရင်းနှီးနိုင်လို့ အကြွေးတင်နေကြတာအများကြီးပါအသိပညာချို့တဲ့ပြီး ဆင်းရဲချွတ်ခြုံကျနေတဲ့ မိသားစုတွေမှာ အရင်းအနှီးဆိုတာ ဘာဖြစ်လေမလဲ ...၉၀ ရာခိုင်းနှုန်းကတော့ သူတို့သားသမီးပါပဲသားသမီးကို ကိုယ့်ပိုင်ဆိုင်မှု တစ်ခုလို့ယူဆပြီး အဲ့ဒီအပေါ်မှာ ရင်းနှီးလိုက်ကြပေမယ့် အကျိုးအမြတ်မရမယ့်အပြင် ဆုံးရှုံးသွားတာ ဒုနဲ့ဒေးပါတောရွာတွေမှာဆို ပညာသင်ရမယ့် အရွယ်ရောက်နေပေမယ့် လယ်ထဲဆင်းနေရတာ၊ မအေနဲ့ဈေးအတူရောင်းနေရတာတွေကိုယ့်အောက်က အငယ်ကိုထိန်းကျောင်းနေရတာတွေ မနည်းလှပါဘူးနောက်ဆုံး အဆင်မပြေမှုတွေများလာတဲ့အခါ ထွက်ပေါက်တစ်ခုက ဒီသားသမီးကို ရရာအလုပ်ခိုင်းတော့တာပါပဲ ...အခုဇာတ်ကားလေးကလည်း ...
movie

Love Sonia (2018)

2018
Stree (2018) 8.3
Stree (2018)  "ဇာတ်လမ်းအကျဉ်း" "အိုဆတ္ထရီ(မိန်းကလေး) မနက်ဖြန်မှ လာခဲ့ပါ " တဲ့။ မြို့ထဲက အိမ်တိုင်း အိမ်အပြင်မှာ ရေးထားတဲ့ စာ။ ပွဲတော်ရက်ဆိုရင် သရဲမလေး ယောက်ျားရှာထွက်တယ်။ တမြို့လုံးမှာ ရှိရှိသမျှ ယောက်ျားလေးတွေ အားလုံး သတိ! ဒီလို အယူသည်းတာတွေကို မယုံတဲ့သူ တစ်ယောက်ရှိတယ်။ ဗစ်ကီတဲ့။ ဗစ်ကီဟာ အပ်ချုပ်သမား တစ်ယောက်ပါ။ တနေ့မှာတော့ သူ ပွဲတော်ရက်အတွင်း မိန်းမလှလေးတစ်ယောက်နဲ့ ဆုံခဲ့ရပါတယ်။ မြင်မြင်ချင်း ချစ်မိသွားသလို မိန်းကလေးကလည်း လက်ရဲဇက်ရဲနိုင်လှပါတယ်။ သရဲ မယုံတဲ့ ဗစ်ကီဟာ.... နာမည်လည်း သိခွင့်မရှိတဲ့ မိန်းကလေးကို... တမ်းတမ်းစွဲ ဖြစ်သွားခဲ့ပါတယ်။ ပွဲတော် ဒုတိယညမှာ မိန်းမလှလေးဟာ ဗစ်ကီကို တောထဲ ခေါ်ပြီး တနေရာရာမှာ ထိုင်စကားပြောစဉ်မှာတော့.... မိန်းမလှလေးဟာ မျက်စိရှေ့တင် ပျောက်သွားခဲ့ပါတယ်။ အဲ့ဒီအချိန် ဗစ်ကီကို လိုက်ရှာနေတဲ့ သူငယ်ချင်း နှစ်ယောက်လည်း ကံဆိုးခဲ့ရပါတယ်။ သရဲမလေးနဲ့... ဗစ်ကီတို့ .... ဘယ်လို ဆက်နွယ်နေကြမလဲ? ဗစ်ကီ ချစ်မိနေတဲ့ မိန်းမလှလေးက သရဲမလေးလား? ဘာဖြစ်လို့ အောက်လမ်းပစ္စည်းတွေ ရှာခိုင်းတာလဲ? ဆတ္ထရီ သရဲမကို ဘယ်လို ဖြေရှင်ကြမလဲ? စသဖြင့် စိတ်ဝင်စားဖွယ် ဇာတ်လမ်းလေးကို ကြည့်ရှုရမှာပါ။ ------------------------------------------------ Comedy, Horror ကားဖြစ်နေတာမို့ ရယ်စရာတွေ ကြောက်စရာတွေနဲ့ ပြည့်နှက်နေမှာပါ။ IMDb Rating - 8.2 ...
movie

Stree (2018)

2018
Newton (2017) 8.1
Newton (2017)  IMDb 8.1 ရထား တဲ့ Bollywood ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်အေးကား ဆိုပေမယ့် India နိုင်ငံရဲ့ ဒီမိုကရေစီ အကူးအပြောင်းမှာ ရတက် မအေးရပုံကို ရိုက်ကူးပြသသွားတဲ့ ဇာတ်ကားပါ။ Award 2 ခု ရရှိထားပြီး 2018 အတွက် Oscar စကာတင် ဇာတ်ကားဖြစ်ခဲ့ရတဲ့ Bollywood ကားပါ။ပထမဦးစွာ ပြောချင်တာက ဒီကားက ကျွန်တော်တို့ကြိုက်တဲ့ ပုံစံ မရှိပါဘူး ။ နိုင်ငံရေး နဲ့ နှီးနွယ်တာမို့ ကျွန်တော်တို့ မျှော်လင့်ရတဲ့ ဇာတ်သိမ်းနဲ့ Type မျိုး လုံးဝမရှိပါဘူး။ ဒီကားရဲ့ အဓိက က နိုင်ငံသားကောင်း ပီသခြင်း / ၀န်ထမ်းကောင်း ပီသခြင်းနဲ့ ဒီမိုကရေစီ ကို လှစ်ဟ ပြသရုံသာ ဖြစ်ပါတယ်။ အတွေးသက်သက်နဲ့ တွေးပြီးမှ သဘာဝကျ တဲ့ ဇာတ်ကား ကောင်း ...
movie

Newton (2017)

2017
Queen (2013) 8.3
Queen (2013) IMDB....8.3 ဒီဇာတ်​ကား​လေးက​တော့ ၂၀၁၃တုန်းကထွက်​ခဲ့တဲ့ အိန္ဒိယဇာတ်​ကား​တစ်ကားဖြစ်ပါတယ်.... ဒီဇာတ်​ကားမှာ ရာနီဆိုတဲ့ ​ကောင်​မ​လေးက အ​နေထိုင်​သိမ်​​မွေ့ပြီး ယဉ်​​ကျေးတဲ့​ကောင်​မ​လေးပါ.. သူမ မှာချစ်​သူလဲဖြစ်​သလို အိမ်​ကလဲသ​ဘောတူတဲ့ ဗီ​ဂျေဆိုတဲ့​ကောင်​​လေးနဲ့ လက်​ထပ်​ပွဲအတွက်​ အရမ်းကိုရင်​ခုန်​စိတ်​လှုပ်​ရှား​နေပါတယ်... ဒါပေမဲ့ချစ်​သူက လက်​ထပ်​ပွဲကို ငြင်းဆန်​လိုက်​တဲ့အခါ ရာနီအတွက်​ အရမ်းကိုစိတ်​ထိခိုက်​တုန်​လှုပ်​သွားခဲ့ပါတယ်​.... သူမတိုးဝှေ့ခဲ့တဲ့ပခုံးကျယ်တစ်ခုက အနားမှာမရှိတော့အရာရာဟာ အဓိပ္ပါယ်မဲ့သွားတယ် ပန်းတွေလည်းရနံမဲ့ကုန်တယ် မိဘတွေရဲ့နှစ်သိမ့်မှု ဆွေမျိုးအသိုင်းအ၀န်း သူငယ်ချင်းမိတ်ဆွေကြားမှာ မွန်းကြတ်နေတယ်....ဖြစ်နိုင်ရင် အငွေပျံပျောက်လွင့်သွားချင်တဲ့အချိန် ...ဒါပေမဲ့ ဟန်းနီးမွန်းအတွက် သွားဖို့စီစဉ်ထားတဲ့ပဲရစ်မြို့လေးရှိတယ်...ဒီတော့ အားလုံးနဲ့ဝေးရာလည်းဖြစ် သွားဖို့စီစဉ်ထားတဲ့ပဲရစ်မြို့ကို ချစ်သူမပါဘဲ တစ်ယောက်ထဲထွက်လာတယ်.... မိန်းကလေးပဲဖြစ်ဖြစ် ယောက်ျားလေးပဲဖြစ်ဖြစ် တစ်ဘ၀လုံးပုံအောပြီး ချစ်ခဲ့ ပြီးလက်ထပ်ဖို့ လက်တစ်ကမ်းအလိုမှ ပျက်စီးသွားရရင် တော်ရုံခံနိုင်ရည်မရှိကြပါဘူး...အထူးသဖြင့် မိန်းကလေးအဖို့ ပိုခံစားရပါတယ်..ဒီလိုပြောလို့ ဖိုမဝါဒီဆန်တယ်လို့မပြောလိုက်ပါနဲ့.... ကဲ ရာနီဆိုတဲ့ကောင်မလေးတစ်ယောက် ပဲရစ်မြို့မှာ အသိမိတ်ဆွေလည်း မရှိ ဘာသာစကားလည်းမကျွမ်းကျင် ဓလေ့စရိုက်တွေလည်းကွဲပြားဆိုတေ့ သူမအတွက် ဒုက္ခတွေအတော်ရောက်ပါတယ်.... ဒီကားလေးကအမျိုးသမီးတွေ အတွက်အထူးပညာပေးကားလေးမို့ ခံစားကြည့်လိုက်ပါဦး... ဘာသာပြန်သူနဲ့အညွှန်းရေးသူကတော့ မ Mie Mieပါ File ...
movie

Queen (2013)

2013
Trapped(2017) 7.6
Trapped(2017)     ဒီကားလေးက IMDb 7.7​တောင်ရထားတဲ့ကားလေးဖြစ်ပါတယ်။ တစ်ခြားပုံမှန် အိန္ဒိယကားတွေကနေခွဲထွက်ရိုက်ကူးထားတဲ့ကားမျိုးလေးဖြစ်ပါတယ်။ ရှောယား ဆိုတဲ့ ကောင်လေးက ရုံးတစ်ရုံးမှာအလုပ်လုပ်နေတဲ့ နိုရီးဆိုတဲ့ ကောင်မလေးကို ကြိတ်ကြိုက်နေပါတယ်။ဒီလိုနဲ့ သူ့အချစ်ကို ဖွင့်ပြောတဲ့ အချိန်ကျမှာ နိုရီးကို မိဘတွေက သူတို့သဘောကျတဲ့ သူတွေနဲ့ လက်ထပ်ပေးတော့မယ်ဆိုတာ သိလိုက်ရပါတယ်။ဒါပေမဲ့ ရှောယားက သူ့ကို လက်ထပ်ဖို့ပဲ နိုရီးကိုပြောတာပေါ့။ အဲ့မှာနိုရီးကလည်းလက်ခံလိုက်တာပေါ့ ဒီတော့ သူတို့ လက်ထပ်ပြီးနေဖို့ အခန်းကို ရှောယားက ရှာရတော့တာပေါ့။အဲ့မှာပဲ အဆောင်ကိုတောင် သူငယ်ချင်းတွေနဲ့ စုနေရတဲ့ ရုံးဝန်ထမ်းလေးရှောယားတစ်ယောက် ဒုက္ခရောက်တော့တာပေါ့။ ဒီလိုနဲ့ ရှာရင်း နဲ့ ပွဲစားလူလိမ်တစ်ယောက်က လူနေခွင့်ပါမစ်တောင် မရသေးတဲ့ တိုက်ခန်းတစ်ခုကို ထိုးပေးပြီး ဂျင်းထဲ့တော့တာပေါ့။ ဒီလိုနဲ့ အခန်းတွေ ဘာတွေ သွားကြည့်ကျတဲ့ အခါမှာပဲ ရှောယားတစ်ယောက် အဲ့ အခန်းထဲမှာပဲ သော့ပိတ်မိနေပါတော့တယ်။ အစားအစာ မရှိ ရေမရှိ လျှပ်စစ်မီးတောင်မရှိတဲ့ အခန်းထဲကနေ ရှောယားတစ်ယောက် လွတ်မြောက်အောင် ဘယ်လို လုပ်မလဲ ... လွတ်ကော ...
movie

Trapped(2017)

2017
Kai Po Che ( 2013 ) 7.6
Kai Po Che ( 2013 ) ဒီကားလေးကတော့ IMDB 7.7 /10 ရရှိထားပြီး သဘာဝဆန်ဆန် ပြကွက်တို့နဲ့ အသိသညာ တစ်ခုကို ရင်ဘတ်ထဲစွဲညှိစေခဲ့တဲ့ ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်း  အီရှန်၊ ဂိုဗင်၊ အိုမီ တို့ဟာ ညီအစ်ကိုလိုခင်မင်ကြတဲ့ သူငယ်ချင်းတွေပေါ့။ အီရှန်ကတော့ တဇွတ်ထိုးလုပ်တတ်ပြီး ခရစ်ကတ်ကစားနည်းကို ကြိုက်နှစ်သက်သူဖြစ်ပါတယ်။ ဒီလိုနဲ့ သူတို့သုံးယောက်ဟာ ဘုရားကျောင်းအနီးမှာ အားကစားပစ္စည်းရောင်းဖို့ စီစဉ်ခဲ့ကြပါတယ်။ တကယ်တမ်း သူတို့အိပ်မက်ကတော့ မော်လ်မှာ အားကစားဆိုင်ကြီးဖွင့်ချင်ကြတာပါ။ ဒါပေမဲ့ မတတ်နိုင်သေးတဲ့ အစမှာတော့ အိုမီဦးလေးဆီက ပိုက်ဆံနဲ့ပဲ ဆိုင်ငယ်လေးကို အစပျိုးခဲ့တယ်။ ခရစ်ကတ်ကို ရူးသွပ်လွန်းသူ အီရှန်ကတော့ နည်းပြအဖြစ်လည်း ခရစ်ကတ်ကစားသူ ကလေးတွေကို လမ်းညွှန်ပြပေးခဲ့တယ်။တစ်နေ့မှာတော့ အရမ်းတော်တဲ့ ကလေးတစ်ယောက်ကို အီရှန် တွေ့ခဲ့တယ်။ သူ့နာမည်က အလီ။ အဲဒီနောက်မှာတော့ အီရှန်ဟာ အလီကို ခရစ်ကတ်ချန်ပီယံ ဖြစ်အောင် မြေတောင်မြှောက်ပေးချင်ခဲ့တယ်။ အီရှန်ရဲ့ဆန္ဒတွေကို အိုမီနဲ့ ဂိုဗင်တို့ကလည်း ငွေကြေးအရ ကူညီပေးခဲ့ကြတယ်။ ...
movie

Kai Po Che ( 2013 )

Talaash (2012) 7.2
Talaash (2012) ၀ိညာဉ် ရှိတာ ယုံနိုင်မလားဆိုတဲ့ မေးခွန်းမျိုးအမေးခံရဖူးလား မိတ်ဆွေ ???? သိပ္ပံပညာ ထွန်းကားနေတဲ့ခေတ်မှာ ပရလောက ကိုလက်မခံလည်းမရဘူးဆိုတာကို ဒီဇာတ်ကားလေးက ပြောပြနေမှာပါ။ IMDB 7.3/10 ရရှိထားတဲ့အတွက် အတော်အတန်အောင်မြင်ထားတဲ့ ဇာတ်ကားလေးလို့ ဆိုနိုင်ပါသေးသည်။ (ဇာတ်လမ်းအကျဉ်း) ညတစ်ညမှာပေါ့ ။ ရုပ်ရှင်မင်းသား အမန်ကပူးဟာ အက်စီးဒင့်ဖြစ်ပွားခဲ့ပြီး သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။ ဖြစ်ပွားတဲ့နေရာကလည်း လူခြေတိတ် နေပြီး လမ်းကလည်း အရှင်းသားဖြစ်နေပါတယ်။ ဒီအဖြစ်ဟာ သမရိုးကျတော့မဖြစ်နိုင်ဘူးဆိုတာကို အင်စပက်တာ Surjan ကသုံးသပ်လိုက်ပါတယ်။ Surjan ဟာ ထူးချွန်တဲ့ ရဲမှူးတစ်ဦးဖြစ်ပြီး လက်အောက်ငယ်သားတွေရဲ့ လေးစားမှုကို အပြည့်အ၀ရရှိထားသူပါ။ ထို့နောက် အမန်ကပူးသေဆုံးမှုကိုဖော်ထုတ်ရန် Surjan ကြိုးပမ်းခဲ့တယ်။ တစ်ဖက်မှာလည်း ရှရှီ ဆိုတဲ့ပြည့်တန်ဆာခေါင်း ဟာလည်း အမန်ကပူးသေဆုံးမှုကို ကြားရှိပြီးနောက် သူရဲ့အိမ်ကနေ ထွက်ပြေးရှောင်ပြေးဖို့ ကြိုးပမ်းခဲ့ပါတယ်။ ရှရှီမှာ ခြေတစ်ဖက်မသန်တဲ့ တပည့်လေးတစ်ယောက်ရှိပါတယ်။ သူ့နာမည်က တာမြူး။ ရှရှီဟာ သူရဲ့အသုံးအဆောင်တွေကိုထုပ်ပိုးရင်း နေရာရှောင်ခဲ့ပါတယ်။သူ သုံးနေတဲ့ဆင်းကဒ်ကိုလည်း အသစ်ပြောင်းသုံးခဲ့ပါသေးတယ်။ ထိုအချိန်မှာတော့ လွင့်ပစ်လိုက်တဲ့ ဆင်းကဒ်ကို တာမြူးအသုံးပြုလေသော်အခါ ။ ဘာတွေဆက်ဖြစ်မှာလဲ။ ဘာတွေကွင်းဆက်ပေါ်လာမလဲ ဆိုတာကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရမှာပါ။ အင်စပက်တာ Surjan အကြောင်းထပ်ပြောရရင် သူဟာ မိသားစုရေးရာ စိတ်ထိခိုက်မှူ ရှိထားခဲ့သူပါ။ သူရဲ့သား ကရန်ဟာ ရေနစ်သွားခဲ့တာကြောင့် သူကိုယ်သူ့အပြစ်ရှိသလို မှတ်ယူထားသူပါ။ ဒါပေမဲ့ သူ့သားဝိညာဉ် ရှိနေတာကိုတော့ မယုံသူတစ်ဦးပါ။ သူ့မိန်းမကတော့ သူ့ဝိညာဉ်နဲ့ဆက်သွယ်ပြောဆိုလိုသူပါ။ တစ်နေ့မှာတော့ သူတို့အိမ်နီးချင်းတစ်ယောက်ဟာ သူတို့ရဲ့သား ကရန် ၀ိညာဉ်နဲ့တွေ့ဆုံသည်ဟု သတင်းကြားမိလေသည်။ ထိုအခါမှာ သူ့သားဝိညာဉ်နှင့်ဆက်သွယ်လိုသော Surjan မိန်းမ / အယုံအကြည်မရှိသော Surjan / သူတို့နှစ်ဦးကြား ပြဿနာတွေကလည်း Surjan အတွက် စိတ်ဖိစီးမှုများစေခဲ့ပါတယ်။ Surjan ဟာ အမန်ကပူးရဲ့ ...
movie

Talaash (2012)