Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Rajit Kapoor
6.2
Project Papa (2018)
Project Papa (2018) IMDb - 6.2/10သားဖနှစ်ယောက်ကြားက ချိုမြိန်တဲ့ ချစ်ခြင်းတရားနဲ့ ဂရုစိုက်မှုတွေကို တငြိမ့်ငြိမ့်ခံစားစေရမဲ့ ဝေဖန်ရေးဆရာတွေဆီက ချီးကျူးမှုတွေ ဆုတွေအများကြီးရခဲ့တဲ့ မိသားစုရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။အနီးမှာရှိတဲ့မိသားစုကို အချိန်မပေးနိုင်ဘဲ အလုပ်ထဲမှာပဲ စိတ်ကိုနှစ်မြှုပ်ထားနေတဲ့ စိတ်ဖိစီးမှုတွေနဲ့ အမျိုးသမီးတစ်ယောက်။သူ ရုတ်တရက်တွေးသိလိုက်ရတာ အဖေဖြစ်သူမှာ အယ်လ်ဇိုင်းမားရောဂါခံစားနေရတဲ့ အရိပ်အယောင်တွေ။ဒီမှာပဲ အလုပ်တွေကို ပစ်ချထားခဲ့ပြီး အဖေဖြစ်သူရဲ့ကျန်းမာရေးကို ဂရုစိုက်ဖို့ကြိုးစားပါတော့တယ်။မေတ္တာတရားဆိုတာမျိုးက အသွားအပြန်ရှိမှဆိုတာမျိုး တစ်လမ်းသွားပဲဆိုတာမျိုးတွေတွေးနေဖို့မလိုပါဘူး။အချိန်တွေက တရွေ့ရွေ့နဲ့ ကုန်ဆုံးနေတာ။ ဘယ်လောက်ထိကြာရှည်မလဲဆိုတာ ကျွန်တော်တို့တွေမသိဘူး။ ဒီတော့ အနီးအနားက ချစ်ခင်ရတဲ့ မိသားစုတွေ မိတ်ဆွေတွေရယ်နဲ့ မေတ္တာတရားရယ်၊ ပျော်ရွှင်မှုတွေရယ်နဲ့ကုန်ဆုံးဖို့ ကြိုးစားကြရအောင်လားဗျာ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Vဖြစ်ပါတယ်) File size…1.3GB / 539MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 37m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V
movie
Project Papa (2018)
2018
9.3
Mission Majnu(2023)
Mission Majnu (2023) Action, Drama, History IMDb 9.3/10 (5.7K)အခုတစ်ခါတင်ဆက်ပေးမယ့် ဘောလီဝုဒ်ကားလေးမှာတော့ မင်းသားချောလေး ဆဒ်ဒါသ်မလိုသရားနဲ့ အားလုံးရဲ့အသည်းစွဲမင်းသမီးချောလေး ရက်ရှမီကားမန်ဒါနားက အဓိကပါဝင်သရုပ်ဆောင်ပေးထားပြီး Netflix မှ Streaming လုပ်လာတဲ့ ကားလေးပဲဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်ပွဲကာလအတွင်း အမေရိကန်ဟာ ဂျပန်ကို အဏုမြူဗုံးကြဲချလိုက်ပြီးနောက် စစ်ပွဲကာလကြီး ပြီးဆုံးသွားခဲ့ပါတယ်။ သို့ပေမယ့် အဲ့ဒီရဲ့နောက်ဆက်တွဲအကျိုးဆက်အဖြစ် ကမ္ဘာပေါ်မှာ သူ့ထက်ငါအပြိုင် နျူးကလီးယားဗုံးတီထွင်ဖို့ လုပ်လာကြပါတယ်။ဒီထဲမှာမှ အရှေ့တောင်အာရှတိုက်အတွင်း အိန္ဒိယနိုင်ငံဟာ ၁၉၇၄ခုနှစ် မေလ ၁၈ရက်နေ့ မနက်ပိုင်းမှာ နျူးကလီးယားဗုံးကို အောင်မြင်စွာ စမ်းသပ်ဖောက်ခွဲနိုင်ခဲ့ပါတယ်။ ဒါကို ရန်လိုနေတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ပါကစ္စတန်နိုင်ငံဟာလည်း အလားတူ နျူးကလီးယားဗုံးမျိုးကို တီထွင်ဖို့ ကြိုးစားနေခဲ့ပါတယ်။တစ်ဖက်မှာ အိန္ဒိယနိုင်ငံဟာ တရားမဝင် စမ်းသပ်မှုပြုလုပ်ခဲ့တဲ့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေကို ဝိုင်းဝန်းရှုတ်ချခိုင်းနေခဲ့တဲ့ ပါကစ္စတန်နိုင်ငံဟာ တစ်ဖက်မှာလည်း ကမ္ဘာကြီးမသိအောင် နျူးကလီးယားအစိတ်အပိုင်းတွေကိုမှောင်ခိုတင်သွင်းနေပါတော့တယ်။ဒါကို ရိပ်မိလာတဲ့ အိန္ဒိယဟာလည်း ပါကစ္စတန်နိုင်ငံထဲ သူလျှိုတွေလွှတ်ပြီး ဒီအစိတ်အပိုင်းတွေကို ဖျက်ဆီးရပါတော့မယ်။ကဲ ဆက်လက်ပြီး ဒီစစ်ဆင်ရေးကိုတော့ ဇာတ်ကားထဲမှာပဲ ရှုစားကြတော့နော်...။ File size…1.69GB / 847MB Quality…1080p NF ...
movie
Mission Majnu(2023)
2023
Code Name: Tiranga (2022)
Code Name: Tiranga ( 2022 )အခုတစ်ခေါက်မှာတော့ မင်းသမီးချောလေး ပရီနီသီးချိုပရာရဲ့ စပိုင်အက်ရှင် ရုံတင်ကားသစ်တစ်ကားကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်... စပိုင်တစ်ယောက်ရဲ့တာဝန်က ဘာလဲ စပိုင်တစ်ယောက်ဟာသူ့ရဲ့ တာဝန်နဲ့ပက်သက်လာရင် ဘယ်လောက်ထိကြောက်ဖို့ကောင်းပြီး အရေးပါလဲဆိုတာကို အက်ရှင်ဇာတ်ဝင်ခန်းအလန်းတွေနဲ့ချပြထားပြီး plot twistတွေနဲ့ ကြည့်ရတာမအီစေသွားမယ့် ဇာတ်လမ်းတပုဒ်ပဲဖြစ်ပါတယ်ဇာတ်လမ်းကိုတော့ ဒေါက်တာမစ်ဇာဆိုတဲ့ လူတစ်ဦးနဲ့စတင်ထားပြီး မစ်ဇာကတော့ ကုလသမ္မဂရဲ့တာဝန်တခုကြောင့် တူရကီကနေ အာဖဂန်နစ္စတန်ကိုရောက်ရှိလာသူပဲဖြစ်ပါတယ်....သူ့တာဝန်ကိုထမ်းဆောင်ရင်း သူ့ဘဝရဲ့မထင်မှတ်ထားတဲ့ အလှည့်ပြောင်းကိုကြုံတွေ့လိုက်ရပါတယ်... အဲ့တာကတော့သူနဲ့အမှတ်မထင်ဆုံတွေ့ပြီး ရင်းနှီးခဲ့ရတဲ့မိန်းမပျိုလေးဖြစ်ပြီး အဲ့ဒီမိန်းမပျိုကို သဘောကျမိရာကနေ ကံကြမ္မာအပြောင်းလဲကြီးတခုကြုံတွေ့ရပြီး မထင်မှတ်ထားတဲ့ ဇာတ်လမ်းအလှည့်အပြောင်းတွေနဲ့ သည်းထိတ်ရင်ဖို စိတ်လှုပ်ရှားဖွယ်ရုပ်ရှင်တကားကိုတင်ဆက်သွားမှာပဲဖြစ်ပါတယ် File size…1.34GB / 630MB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ OeliuJ ~Yunni
movie
Code Name: Tiranga (2022)
2022
6.2
Maja Ma (2022)
Maja Ma 2022 6.4/10 IMDb ဒီတစ်ခါပရိတ်သတ်ကြီးကို မိသားစုဒရမ်မာ ဇာတ်ကားကောင်းလေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ ဒီနေ့ခေတ်မှာ LGBT တွေဟာလူမှုပတ်ဝန်းကျင်မှာ လူနည်းစုသာထောက်ခံသူရှိတဲ့ အသိုင်းအဝိုင်းတစ်ခုဆိုတာ လူတိုင်းသိပြီးဖြစ်မှာပါ...လူပတ်ဝန်းကျင်မှာ သူတို့ရင်ဆိုင်နေရတဲ့အခက်အခဲတွေ မိမိနေချင်သလိုလွတ်လပ်စွာနေလို့မရတဲ့ဘဝမှာ ချိုးနှိမ်ထားရတဲ့စိတ်ဆန္ဒတွေ မိသားစုအတွက်သူတို့ရဲ့တကယ့်စွန့်လွှတ်အနစ်နာခံမှုတွေကို ပေါ်လွင်အောင်ရိုက်ကူးထားတဲ့ မိသားစုဒရမ်မာဇာတ်ကားကောင်းလေးတစ်ခုပါဇာတ်လမ်းအမြည်းလေးကတော့ ပါလာဗီဟာသူမရဲ့အတိတ်ကအမှန်တရားကို ဖုံးကွယ်ထားတဲ့ မိသားစုကိုတုန်နေအောင်ချစ်တဲ့အိမ်ထောင်ရှင်မတစ်ယောက်ပါ သူ့ရဲ့သားတေဂျာက USမှာအလုပ်လုပ်နေပြီး ချမ်းသာကြွယ်ဝတဲ့မိသားစုက အီရှာဆိုတဲ့မိန်းကလေးနဲ့ချစ်မိသွားတဲ့အခါ အီရှာရဲ့မိဘတွေက တေဂျာရဲ့မိသားစုနဲ့တွေ့ဖို့အကြောင်းဖန်လာပါတော့တယ် ဒါပေမယ့်ပါလာဗီ့ရဲ့အကြောင်းတွေကောလဟာသပြန့်နှံ့သွားတဲ့အခါ သူတို့ဘယ်လိုအခက်အခဲတွေကိုရင်ဆိုင်ကြရမလဲ.... ဘဝအလှည့်အပြောင်းတွေဘယ်လိုဘယ်ပုံတွေ့ကြုံရမလဲဆိုတာ ရသမျိုးစုံဖန်တီးရိုက်ကူးထားလို့ လိုက်ပါခံစားကြည့်ရှုပေးကြပါဦး File size…1.936B / 955MB Quality…1080p / 720p Format…mp4 Duration…. Subtitle….Mynamr Subtitle (Hard Sub) Encoder….YK Translated by Thet Ko & BpL & Lwin Htoo & Kevin
movie
Maja Ma (2022)
2022
7.3
Attack (2022)
အခုတစ်ခါထွက်ရှိလာတဲ့ ကားလေးကလည်း စိတ်ဝင်စားဖို့ကောင်းတဲ့ စူပါစစ်သားကားလေးပဲဖြစ်ပါတယ်အာဂျွန်ဟာ သိပ်တော်တဲ့ စစ်တပ်အရာရှိတစ်ယောက်ဖြစ်ပြီး မတော်တဆမှုတစ်ခုမှာ ထိခိုက်မိသွားလို့ ခန္ဓာကိုယ်အကြောသေသွားခဲ့တယ်...နိုင်ငံတွင်းမှာ အကြမ်းဖက်ဖြစ်စဉ်တွေ များလာတော့ ဖြေရှင်းဖို့က ပတ်ဝန်းကျင်နိုင်ငံတွေပါဝင်ပတ်သက်နေတာကို သံသယအဆင့်နဲ့ပဲသိထားတော့ ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးလို့လည်းမရ စစ်ဖြစ်လို့လည်းမရနဲ့ အကြပ်ရိုက်နေခဲ့ပါတယ်...ဒါကိုဖြေရှင်းဖို့အတွက် အိန္ဒိယစစ်တပ်ကနေ စူပါစစ်သားတွေကို ဖန်တီးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်... ဒီဖြစ်စဉ်မှာ အစမ်းသပ်ခံလူသားက အကောင်းပကတိအတိုင်း မဟုတ်ဘဲ လေဖြတ်အကြောသေနေတဲ့ ပုံစံမျိုးမှာရှိနေမှ အဲ့ဒီလူသားဟာ ဒီစမ်းသပ်ခြင်းမှာ ပုံမှန်ထက်ထူးကဲတဲ့ အစွမ်းခွန်အားမျိုးကို ရရှိမှာဖြစ်ပါတယ်..ဒီလိုနဲ့ နိုင်ငံ့အကျိုးသယ်ပိုးဖို့ အာဂျွန်ကို စမ်းသပ်လိုက်တဲ့အခါမှာတော့.....။ File size…2.8GB / 1.9GB / 950MB Quality…4k ZEE5 WEB DL SDR HEVC / 1080p WEB DL AAC5.1CH / 720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor , Myo Myo , Yunni
movie
Attack (2022)
2022
4K HEVC Web-DL
7.5
Guzaarish(2010)
Guzaarish (2010) **********************ဒိဇာတ်ကားလေးကတော့ IMdb rating 7.5အထိ ရရှိထားပြီးရီတစ်ရောင်ရှန်၊ အက်ရှဝါးရယားရွိုင်နဲ့ အဒိစ်တယာရွိုင်တို့ပါဝင်သရုပ်ဆောင်ထားတဲ့ Romance / Dramaအမျိုးအစားဘောလိဝုဒ် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း------------------------------------အီသန်ဟာ ကမ္ဘာ့အတော်ဆုံး မျက်လှည့်ပညာရှင်တစ်ဦးဖြစ်ပြီးမျက်လှည့်ပြပွဲတစ်ခုတွင် အပြင်းအထန် ထိခိုက်ဒဏ်ရာရကာခြေလက်နှစ်ဖက်စလုံး အကြောသေသွားခဲ့ပါတယ်။သူအကြောသေပြီး ၁၄နှစ်အကြာမှာရောဂါအခြေအနေတွေဟာ တဖြည်းတဖြည်းထပ်မံဆိုးဝါးလာတာကြောင့် သူ့ရဲ့ငယ်သူငယ်ချင်းဖြစ်တဲ့ရှေ့နေဒေ့(ဗ်)ယာနီ ဒတ္တာကို အကူအညီတစ်ခုတောင်းပါတယ်။အီသန်တောင်းတဲ့ အကူအညီကတော့ တခြားမဟုတ်ပါဘူး။သူ့အတွက် ယူသနေးရှားဆိုတဲ့ ညှင်သာစွာ ဇီဝိန်ခြွေခွင့်ရဖို့တရားရုံးမှာ အသနားခံစာ တင်ခိုင်းတာပါ။ဘာသာပြန်သူကတော့ Thaik Sanပဲ ဖြစ်ပါတယ်။ File size…2.04GB / 1.21GB Quality…1080o HEVC 5.1CH / 720p Format…Mp4 Duration….2h 6mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thaik San
movie
Guzaarish(2010)
2010
HEVC 1080p 5.1
5.4
The Gandhi Murder (2019)
The Gandhi Murder (2019)====================IMDb Rating - 5.4/10၂၀၁၉ ခုနစ်ထွက် Historical/ Political ဇာတ်ကာဒချစ်သူတွေအတွက် A Must Watch ဇာတ်ကားတစ်ကားဖြစ်ပါတယ်....ကိုယ်နှုတ်နှလုံးသုံးပါးစလုံး ထပ်တူကျနေရင် ဒါဟာပျော်ရွှင်မှုပဲ အားနည်းတဲ့သူတွေဟာ ခွင့်မလွှတ်နိုင်ကြဘူး ခွင့်လွှတ်ခြင်းဆိုတာသန်မာတဲ့လူတွေပဲ ပိုင်ဆိုင်တဲ့အရည်အချင်းတစ်ခုဖြစ်တယ်လို့ မဟတ္တမဂန်ဒီက မိန့်ဆိုခဲ့ဖူးပါတယ်။အကြမ်းမဖက်ရေးလမ်းစဉ်သမား မေတ္တာရှင်ကြီး မဟတ္တမဟာ ၁၉၄၈ ခုနစ် ဇန်နဝါရီလ ၃၀ ရက်နေ့ နယူးဒေလီမှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။ ဒီဇာတ်ကားဟာ ဂန္ဒီရဲ့အမြင်ကိုရိုက်ကူးထားတာမဟုတ်ပဲ လက်တွေ့ဘဝမှာရှိခဲ့တဲ့ ရဲအရာရှိသုံးယောက်ရဲ့အမြင်ကို ဝိရောဓိဆန်ဆန် မှီငြမ်းရိုက်ကူးထားတာဖြစ်ကြောင်း သတိချပ်စေချင်ပါတယ်။ အခြေတည်ထားတာက ဂန္ဒီလုပ်ကြံမခံရမီ အိန္ဒိနိုင်ငံ ပူပူနွေးနွေး လွတ်လပ်ရေးရပြီးကာစ ကာလမှာဖြစ်ပါတယ်...ပြည်တွင်းစစ်ဖြစ်လာတော့မှာ ကျိန်းသေသလောက်ဖြစ်နေပြီး အမျိုးဘာသာဂိုဏ်းကွဲ အစွန်းရောက်တွေကြောင့် နိုင်ငံဟာချောက်ထဲကျလုကျခင်အခြေအနေဖြစ်နေပါတယ်....ပါကစ္စတန်က ငွေကြေးထောက်ပံ့ဖို့ ကို ပယ်ချခံရတဲ့ကိစ္စအတွက် ဂန္ဒီဟာ အစာငတ်ခံဆန္ဒပြခဲ့တာကြောင့် ဟိန္ဒူပါတီဝင်တွေကမကျေမနပ်ဖြစ်ပြီး လုပ်ကြံဖို့ကြံစည်နေကြပါတယ်....အဲဒါကို ဘုံဘေရဲတပ်ဖွဲ့ဝင် ဒီစီပီဂျင်မီနဲ့ ဒီအိုင်ဂျီရေနာတို့က ကြိုတင်သတင်းရထားခဲ့ပေမယ့် သူတို့ရဲ့ ...
movie
The Gandhi Murder (2019)
2019
7.9
Nail Polish(2021)
Nail Polish(2021)IMDb...7.9ဗီးရ်ဆင်းက အရင်တုန်းက ကရှ်မီးရ်မှာ သူလျှို တစ်ယောက် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးအလုပ် ထွက်လိုက်ပါတယ်။ သူက ကလေးတွေကို အားကစားသင်ကြားပေးပြီး ကလေးတွေကလည်း သူ့ကို အရမ်းချစ်ကြပါတယ်။နေ့စဉ်ကလေးတွေနဲ့ပဲအချိန်ကုန်ရင်းသူ့ဘဝကို ပျော်ပျော်ပါးပါးကြီးဖြတ်သန်းနေတယ်...ဒီလိုပဲနေပေမဲ့ သူ့ဘဝကြီးရဲ့ကံဆိုးမိုးမှောင်က ရောက်ရှိလာပါတော့တယ်...ကလေးနှစ်ယောက် မီးရှို့သတ်ခံထားရပြီးဒီကိစ္စရဲ့တရားခံက ဗီးရ်ဆင်းဖြစ်တယ်ဆိုပြီး တရားစွဲခံရပါတော့တယ်...အိမ်ပိုင်ရှင်ကလည်း သူကိုယ်တိုင်ြဖစ်နေတဲ့အပြင်အခြေအနေ ရှုထောင့်စုံက သူဟာတရားခံလို့ညွှန်ပြနေတဲ့အတွက် ဗီးရ်ဆင်းတစ်ယောက်ဒုက္ခအကြီးအကျယ်ရောက်နေပါတယ်....သူကိုယ်တိုင်လည်းကလေးတွေသေဆုံးမှုအတွက် အံအားသင့်ပြီး သွေးပျက်နေတယ်..တရားခံကဘယ်သူလဲ..တရားသူကြီးတွေနဲ့ရဲအဖွဲ့ကရော စစ်မှန်တဲ့တရားခံကိုဖော်ထုတ်နိုင်ပါ့မလား...India မှုခင်းကားအလန်းကြည့်ချင်တဲ့သူတွေအတွက်တော့ လက်မလွှတ်သင့်ပါဘူး ဘာသာပြန်သူကတော့ Thaik San ဖြစ်ပါတယ်။ File Size : (1.08GB) and (432MB) Quality : WEB-DL720p Format…mp4 Duration…01:30:00 Genre : Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Phyo Pyae
movie
Nail Polish(2021)
5.5
Bypass Road (2019)
(Unicode)ဘောလီဝုဒ်ဖန်ကြီးအတွက် အသစ်ထွက်ရှိထားတဲ့ Mystery, Thriller ကားကောင်းတစ်ကားကိုကျွန်တော်များ Channelmyanmar မှ တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျIMDb 5.6/10 အထိရရှိထားပါတယ်ဇာတ်လမ်းလေးကတော့ ...ဖက်ရှိုးမန်နေဂျာတစ်ယောက်ဖြစ်တဲ့ ဗစ်ကရမ်ကပူးလ်ဟာဆိုးရွားတဲ့ကားတိုက်မှုတစ်ခုဖြစ်သွားပါတယ်ထိုညမှာပဲ သူ့ဖက်ရှင်ရှိုးတွေက ဖက်ရှင်မော်ဒယ်တစ်ဦးဖြစ်သူ ဆာရာကလည်း သူ့ကိုယ်သူသတ်သေသွားပါတယ်တဲ့ဒါပေမဲ့ ရဲတပ်ဖွဲ့နဲ့ ဆာရာ့မိဘတွေကတော့ သူ့သမီးသတ်သေတာမဟုတ်ဘဲ အသတ်ခံရတာပါလို့ထွက်ဆိုထားပါတယ်ပြီးတော့ ဗစ်ကရမ်နဲ့ ဆာရာကလည်း ဇာတ်လမ်းမရှင်းရှင်းတွေထွက်ထားဖူးတာကြောင့် ဗစ်ကရမ်ကရော တကယ်ပဲ မတော်တဆဖြစ်ခဲ့တာလားလုပ်ကြံခံရတာလား ဆာရာကရော သူ့ကိုယ်သူသတ်သေခဲ့တာလားတစ်ယောက်ယောက်က သတ်ခဲ့တာလား ဒီကိစ္စတွေရဲ့နောက်ကွယ်မှာ ဘယ်သူရှိနေမလဲ ...ဒါတွေကိုတော့ ဆက်လက်ကြည့်ရှု့ပြီး အဖြေထုတ်လိုက်ပါတော့ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်….(Zawgyi)ဘောလီဝုဒ်ဖန်ကြီးအတွက် အသစ်ထွက်ရှိထားတဲ့ Mystery, Thriller ကားကောင်းတစ်ကားကိုကျွန်တော်များ Channelmyanmar မှ တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျIMDb 5.6/10 အထိရရှိထားပါတယ်ဇာတ်လမ်းလေးကတော့ ...ဖက်ရှိုးမန်နေဂျာတစ်ယောက်ဖြစ်တဲ့ ဗစ်ကရမ်ကပူးလ်ဟာဆိုးရွားတဲ့ကားတိုက်မှုတစ်ခုဖြစ်သွားပါတယ်ထိုညမှာပဲ သူ့ဖက်ရှင်ရှိုးတွေက ဖက်ရှင်မော်ဒယ်တစ်ဦးဖြစ်သူ ဆာရာကလည်း သူ့ကိုယ်သူသတ်သေသွားပါတယ်တဲ့ဒါပေမဲ့ ရဲတပ်ဖွဲ့နဲ့ ဆာရာ့မိဘတွေကတော့ သူ့သမီးသတ်သေတာမဟုတ်ဘဲ အသတ်ခံရတာပါလို့ထွက်ဆိုထားပါတယ်ပြီးတော့ ဗစ်ကရမ်နဲ့ ...
movie
Bypass Road (2019)
2019
9.1
IMDb Rating - 9/10 Google Users - 98% Quality - Web-HD (For Screening Version)ရုံတင်ဆဲ ခိုးထွက်လာခဲ့ပြီး စာတန်းဖိုင်လေး မပါခဲ့တာခုတော့ မနေ့ကမှထွက်လာတဲ့ စာဖိုင်အမှန်လေး ရရချင်း အမြန်ဆုံး တင်ဆက်ပေးလိုက်ပါတယ်။2019 နှစ်စပိုင်းမှာ စစချင်း ဆောက်နဲ့ထွင်းဆိုသလိုအောင်ပွဲခံနေတဲ့ ဘောလိဝုဒ်နာမည်ကြီးရုပ်ရှင်ကား တစ်ကားပါပဲ။သူ့အောင်မြင်မှုတွေက အံ့မခန်းပါပဲ။------------------------------------------------------- "ဇာတ်လမ်းအကျဉ်း"" အိန္ဒိယ နိုင်ငံ အဓွန့်ရှည် တည်မြဲပါစေအိန္ဒိယ နိုင်ငံ အဓွန့်ရှည် တည်မြဲပါစေ "အသံတွေဟာ အရောင်မဲ့လည်း ခွန်အားပါလွန်းသည် ။ အထူးတပ်ဖွဲ့မို့လည်း ဗျုဟာ ကျွမ်းလှသည်။ သတ္တိရေးရာမှာ မကြောင်သလို ဉာဏ မှာလည်း မညံ့။ယောကျ်ား ဘာသား ဟူ၍ တဇွတ်ထိုးထိုးစစ်မဆင်။ စစ်ချီအား အလုံးအရင်း မသုံး။သို့သော် တိုးတက်သော နည်းပညာအပေါ် စနစ်ကျကျ အသုံးချသည်။တိုက်လည်းတိုက်ရဲသလိုသေလည်း သေရဲ သော တပ်ဖွဲ့ဖြစ်သည်။ဤ အထူး တပ်ဖွဲ့ ...
movie
Uri: The Surgical Strike (2019)
2019
7.8
Raazi (2018) Blu-Ray [1080p 5.1 CH x264]
Raazi (2018) [1080p 5.1 CH x264] IMDb - 7.8/10_____Rotten - 100% 2018 ထဲမှာ RT 100 အပြည့်ထိရထားတဲ့ ဘောလီဝုဒ်ကားဆိုလို့ Padman(2018)တကားပဲလားမသိဘူး ရှိသေးတယ်ဒီအချိန်မှာ ဒုတိယမြောက် RT 100% အပြည့်ရတဲ့ နောက်တစ်ကားနဲ့ ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးပါရစေRaazi ဒီကားမထွက်ခင်ကတည်းက ဒါရိုက်တာက Talvar(2015)ကိုရိုက်ထားတဲ့ Meghna Gulzar ဆိုတော့ အရမ်းကိုစိတ်ဝင်စားခဲ့တာအလီယာကိုကြိုက်တာကလည်း တကြောင်းကြောင့်ဒီကားလေးကို ဒီမှာရုံတင်မလားလို့ မျှော်လင့်ခဲ့ရပေမယ့်လည်း ========================= ဇာတ်လမ်းလေးကတော့ 1971 ခုနှစ် အန္ဒိယ-ပါကစ္စတန်စစ်ပွဲကာလမှာ အိန္ဒိယကို အဖက်ဖက်ကကူညီပေးခဲ့တဲ့ သူလျို၊ စုံထောက်များစွာရှိခဲ့ပါတယ်အဲဒီထဲမှာ ပါကစ္စတန်ကို သတင်းပေးတဲ့ပုံစံံနဲ့ အိန္ဒိယရဲ့သူလျို ဟေဒါယက်ခန်းလည်း အပါအဝင်ပါ ဟေဒါယသ်ကဘယ်လောက်ထိ အရည်ချင်းရှိလဲဆိုရင် ပါကစ္စတန်တပ်မတော်ကဗိုလ်ကြီး ဆိုင်ယစ်(ဒ်)နဲ့ပါ မိတ်ဆွေတွေဖြစ်နေတဲ့အထိပါသူ့ကျန်းမာရေးကြောင့် နောက်ဆုံးသူမစွမ်းဆောင်နိုင်တော့တဲ့တာဝန်တစ်ခုကို သူ့သမီးဖြစ်သူ ဆဲ(ဟ်)မသ်ကို ပေးအပ်ခဲ့ပါတယ်။ဒါပေမဲ့ ဖခင်တစ်ယောက်အနေနဲ့ သမီးကိုဒီအလုပ်ခိုင်းလို့ဖြစ်ပါ့မလားဆိုပြီး ဒွိဟဖြစ်နေပြန်ပါတယ်"တိုင်းပြည်ထက်အရေးကြီးတာ ဘာမှမရှိဘူး ကိုယ်ကိုယ်တိုင်လည်း ...
movie
Raazi (2018) Blu-Ray [1080p 5.1 CH x264]
2018
7.8
Raazi (2018)
Raazi (2018) IMDb - 7.8/10_____Rotten - 100% 2018 ထဲမှာ RT 100 အပြည့်ထိရထားတဲ့ ဘောလီဝုဒ်ကားဆိုလို့ Padman(2018)တကားပဲလားမသိဘူး ရှိသေးတယ်ဒီအချိန်မှာ ဒုတိယမြောက် RT 100% အပြည့်ရတဲ့ နောက်တစ်ကားနဲ့ ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးပါရစေRaazi ဒီကားမထွက်ခင်ကတည်းက ဒါရိုက်တာက Talvar(2015)ကိုရိုက်ထားတဲ့ Meghna Gulzar ဆိုတော့ အရမ်းကိုစိတ်ဝင်စားခဲ့တာအလီယာကိုကြိုက်တာကလည်း တကြောင်းကြောင့်ဒီကားလေးကို ဒီမှာရုံတင်မလားလို့ မျှော်လင့်ခဲ့ရပေမယ့်လည်း ========================= ဇာတ်လမ်းလေးကတော့ 1971 ခုနှစ် အန္ဒိယ-ပါကစ္စတန်စစ်ပွဲကာလမှာ အိန္ဒိယကို အဖက်ဖက်ကကူညီပေးခဲ့တဲ့ သူလျို၊ စုံထောက်များစွာရှိခဲ့ပါတယ်အဲဒီထဲမှာ ပါကစ္စတန်ကို သတင်းပေးတဲ့ပုံစံံနဲ့ အိန္ဒိယရဲ့သူလျို ဟေဒါယက်ခန်းလည်း အပါအဝင်ပါ ဟေဒါယသ်ကဘယ်လောက်ထိ အရည်ချင်းရှိလဲဆိုရင် ပါကစ္စတန်တပ်မတော်ကဗိုလ်ကြီး ဆိုင်ယစ်(ဒ်)နဲ့ပါ မိတ်ဆွေတွေဖြစ်နေတဲ့အထိပါသူ့ကျန်းမာရေးကြောင့် နောက်ဆုံးသူမစွမ်းဆောင်နိုင်တော့တဲ့တာဝန်တစ်ခုကို သူ့သမီးဖြစ်သူ ဆဲ(ဟ်)မသ်ကို ပေးအပ်ခဲ့ပါတယ်။ဒါပေမဲ့ ဖခင်တစ်ယောက်အနေနဲ့ သမီးကိုဒီအလုပ်ခိုင်းလို့ဖြစ်ပါ့မလားဆိုပြီး ဒွိဟဖြစ်နေပြန်ပါတယ်"တိုင်းပြည်ထက်အရေးကြီးတာ ဘာမှမရှိဘူး ကိုယ်ကိုယ်တိုင်လည်း မပါဘူး "အသက် ၂၀ ကျော်အရွယ်မိန်းကလေးတစ်ယောက်က ...
movie
Raazi (2018)
2018
7.4
A Gentleman (2017)
ဘောလိဝုဒ်ကားတွေရဲ့ထုံးစံအတိုင်းပရိသတ်မထင်ထားလောက်အောင်လှည့်ကွက်လေးတွေကဆရာကျတတ်ကြပါတယ်။ဇာတ်ကြောင်းဇာတ်အိမ်တည်ဆောက်ပုံကလည်းတောင့်တင်းတယ်ဆိုတာ ဘောလိဝုဒ်ပရိသတ်ကြီးလည်းသိပြီးသားပါ။ဘောလိဝုဒ်ကားအများစုဟာ ဟာသ/ အချစ် / အလွမ်း /ဇာတ်ကြမ်း /လှည့်ကွက် စတဲ့ ရသတွေထောင့်စေ့အောင် တည်ဆောက်ထားလေ့ရှိပါတယ်။ဒီကားလေးရဲ့အညွှန်းကိုမျှဝေရမယ်ဆိုရင်ဖြင့် အိန္ဒိယနိုင်ငံရဲ့လျှို့ဝှက်အေးဂျင့်အဖွဲ့တစ်ခုဖြစ်တဲ့ အဖွဲ့ X အကြောင်းလေးနဲ့ပဲစချင်ပါတယ်အဖွဲ့ X ရဲ့ခေါင်းဆောင် ကာနယ်ဟာဆိုရင်ဖြင့်အာဏာကိုအလွဲသုံးစားလုပ်ပြီး'ရလေလိုလေအိုတစ္ဆေဆိုသလို'ကိုယ်ကျိုးရှာလောဘသားခေါင်းဆောင်တစ်ယောက်ပါအဖွဲ့ X ရဲ့ခေါင်းဆောင်ကတော့ ရှရီဆိုတဲ့အရည်အချင်းရှိအေးဂျင့်ပါသူကတော့ မတရားမှုတွေလုပ်နေတဲ့ခေါင်းဆောင်ရဲ့လက်အောက်ကနေလွတ်မြောက်ခွင့်ရဖို့ခက်ခဲနေတဲ့သူတစ်ယောက်ပါ သူ့သဘောထားကိုသိသွားတဲ့ကာနယ်ကနောက်ဆုံးအနေနဲ့မစ်ရှင်တစ်ခုလုပ်ပေးဖို့တောင်းဆိုလိုက်ပါတယ်ဒါကိုသဘောတူပြီးနောက်ပိုင်းဘာတွေဖြစ်လာမလဲတစ်ဖက်မှာလည်းဒါရိုက်တာပုံဖော်ပြီးရိုက်ပြထားတဲ့ ဂေါ်ရဗ် ဆိုတဲ့ဝန်ထမ်းလေးတစ်ယောက်အကြောင်းလေးလည်းပြောချင်ပါသေးတယ် သူကတော့ ဘဝကိုအရှုပ်အရှင်းကင်းကင်းနဲ့ရိုးသားစွာဖြတ်သန်းချင်တဲ့သူပါကုမ္ပဏီမှာအလုပ်ကြိုးစားတယ်အိမ်ကောင်းကောင်းတစ်လုံးနဲ့နေချင်တယ်သာမန်နေထိုင်မှုလို့ပဲဆိုရမှာပါမင်းသမီးကလည်းနာမည်ရေးပြစရာမလိုလောက်အောင် ဘောလိဝုဒ်ပရိသတ်တွေအကြိုက် ဇာတ်ကြမ်း/ အချစ်/အလွမ်း /ဟာသ ဘက်စုံရတဲ့သမီးတစ်လက်ပါဒီ character တွေစုပေါင်းလိုက်တဲ့ဇာတ်လမ်းအသွားအလာဘယ်လိုပီပြင်လာမလဲဆိုတာတော့ ဇာတ်ကားပြီးခါနီးလေးမှပဲသိရမှာပါဇာတ်အိမ်/ ဇာတ်ကြောင်း/ သရုပ်ဆောင်/ နောက်ခံသီချင်း အပြစ်ပြောရာမရှိအောင်ကောင်းတဲ့ ဇာတ်ကားလေးဖြစ်ပြီးဟာသလေးတွေလည်းပါဝင်ထားလို့ကြိုက်နှစ်သက်ကြမယ်လို့ ယူဆမိပါကြောင်း....... (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Pyae Xeinn Sett ပါ) File Size : (0.99 GB) Quality : WEB-DL 720p Running Time : 2hr ...
movie
A Gentleman (2017)
2017
Begum Jaan (2017)
ဒီတစ်ခါတော့ ဘောလီဝုဒ်ဖန်တွေအတွက် ၂၀၁၇ထွက် အလန်းစား တစ်ကားကို တင်ဆက်ပေးထားပါတယ်။ #ဒီဇာတ်ကားက အက်ရှင်ဇာတ်ကား တစ်ကား မဟုတ်ပါဘူး #ဒီဇာတ်ကားက အနုအရွလေးတွေပါတဲ့ ဒရာမာကား တစ်ကား မဟုတ်ပါဘူး။ #နှစ်ချို့ဝိုင်လို စူးရှရှ ခပ်ပြင်းပြင်းနဲ့ တကယ့် အနှစ်တွေပါတဲ့ ဇာတ်ကားတစ်ကားပါ (ဝိုင်ဘယ်လို အရသာရှိလဲ မသိဘူးနော် :p) ဒီဇာတ်ကားဟာ ၁၉၄၇ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်ရပ်မှန် အဖြစ်အပျက်တစ်ခုကို အခြေခံရိုက်ကူးထားတာပါ။ ၁၉၄၇ ခုနှစ်မှာ အိန္ဒိယကို အုပ်ချူပ်နေတဲ့ ဗြိတိသျှနောက်ဆုံး ဘုရင်ခံဟာ အိန္ဒိယ နိုင်ငံကြီးကို အိန္ဒိယ-ပါကစ္စတန် ဆိုပြီး နှစ်နိုင်ကွဲထွက်သွားအောင် နှစ်ခြမ်းခွဲခဲ့ပါတယ်။ နိုင်ငံ တစ်နိုင်ငံကနေ အစစအရာရာဟာ နှစ်ပိုင်းဖြစ်ပြီး နယ်စပ်မျဉ်း နှစ်ကြောင်းရေးဆွဲကာ သံဆူးကြိုးတွေကာရံခဲ့ပါတယ်။ အရာရာကို နှစ်ခြမ်းခွဲခဲ့ပေမယ့် နယ်စပ်မျဉ်း နှစ်ကြောင်းလုံးပေါ်မှာ တည်ရှိနေတဲ့ အိမ်တစ်ခု ရှိနေပါတယ် အဲ့ဒါကတော့ #ဘေဂွန်ဂျမ်းရဲ့ ဆောင်ကြာမြိုင်ပါပဲ။ #ဘေဂွန်ဂျမ်းဆိုတာ ငယ်ဘဝကတည်းက ဒုက္ခကို မိတ်ဖွဲ့ပြီး ဘဝကို ဒေါင်ကျကျပြားကျကျ ဒူပေဒဏ်ပေခံလာသူ တစ်ယောက်။ #ဘေဂွန်ဂျမ်းဆိုတာ သတို့သမီးဘဝနဲ့ မွေးရပ်မြေက စွန့်ခွာသွားခဲ့ရပေမယ့် ကံကြမ္မာဆိုးကြောင့် ...
movie
Begum Jaan (2017)
2017
5.3
Kick (2014)
ဒီကားလေးက bollywood မင်းသား ဆလက်မန်ခမ်း ပါဝင်ထားတဲ့ဇာတ်ကားကောင်းလေးပါ ဇာတ်လမ်းအကျဉ်းမှာတော့ ရိုင်နာဆိုတဲ့ မင်းသမီးဟာ သူမအဖေ၏ စကားအရ လူတစ်ဦးနဲ့သွားရောက်ဖို့အကြောင်းဖန်လာပါတယ် ထိုသူသည်ရဲအရာရှိတစ်ဦးဖြစ်၍ နာမည်ကျော် လူဆိုးဖမ်းအရာရှိတစ်ဦးလည်းဖြစ်သည် ရှိုင်နာ နဲ့ ထိုရဲအရာရှိတွေ့ဆုံပြီး လက်ထပ်ဖို့ ကိစ္စ ဆွေးနွေးရမည်ဖြစ်သော်လည်း အတိတ်ဇာတ်လမ်းကိုသာ ပြောဖြစ်ခဲ့ကြသည် ရိုင်နာ၏ အတိတ်မှာတော့ မေ့မရခဲ့တဲ့ချစ်သူ ရှိခဲ့ကြောင်း ပြောပြခဲ့သည်။ သူ၏ အမည်မှာဒေးဗစ်ဆင်းဂ် ဖြစ်သည်။ သူသည် လူအများအား စနောက်သန်သူဖြစ်၍ ကူညီတတ်သူလည်းဖြစ်သည်။ တစ်နေ့မှာ သူမ၏အဖေနှင့် တွေ့ပြီးအပြန် သူမက အလုပ်လုပ်ရန်တိုက်တွန်းလေသည်။ ထိုအခါ ပျော်စရာဘ၀နှင့် လူတို့အပြုံးသာလိုလားသော သူတစ်ပါးအားအောက်မကျို့သော ဒေးဗစ်ဆင်းဂ် တို့စကားအနည်းငယ်များပြီး ဒေဗစ်ဆင်းဂ်မှာ ရှိုင်နာနှင့် အဆက်အသွယ်မရှိတော့ပေ။ အရာရှိမှာလည်း သူ့ဘ၀တွင်မေ့မရတဲ့ လူတစ်ဦးရှိကြောင်း၊ထိုသူသည် ဒီးဗဲလ်သူခိုးတစ်ဦးဖြစ်၍ ထိုသူသည် ကြိုတင်အသိပေးပြီးမှခိုးယူသူဖြစ်ကြောင်း၊ မျက်နှာဖုံးတစ်ခုအားကာဗာယူ ခိုးသူတစ်ဦးလည်းဖြစ်၍ ထိုသူအားလည်းမမြင်ဖူးကြောင်း မည်သို့ပင်ဆိုစေ ထိုသူအား ဖမ်းမိရန်မိမိမှာ တာဂန်အပြည့်ရှိကြောင်း ရိုင်နာအားပြောပြခဲ့လေသည်။ သူတို့နှစ်ဦး အိမ်ပြန်လမ်းလျှောက်ခရီး တွင် လူတစ်ဦးက သူသိလိုသော လိပ်စာအား ရှိုင်နာအား လာမေးရာ ထိုသူသည် ဒေးဗစ်ဆင်းဂ် ဖြစ်သော်လည်း ရှိုင်နာအား မသိသလို တကယ်ပင် အတိတ်ပင်မေ့နေသလော ဟန်ဆောင် နေသလော ရှိုင်နာ၏ အိမ်တွင် နေ၍ မည်သို့အကွက်ရွေ့ မည်သို့ ခိုးယူခြင်းလုပ်မည်ကိုလည်းကောင်း ရဲအရာရှိအားပင် ပခုံးဖက်၍ မိမိဒီးဗဲလ် အမည်ဝှက်ဖြင့် သူခိုးတစ်ဦးမှန်းမသိအောင် ပိပိရိရိနေတတ်ခဲ့သည် ထို့နောက် ဒေးဗစ်ဆင်းဂ် ခေါ် ဒီးဗဲလ် ...
movie
Kick (2014)