Channel Myanmar

Rajendran

Oh My Ghost (2022) 6.0
Oh My Ghost (2022) Oh My Ghost (2022) IMDb 6.1အခုတင်ဆက်ပေးမှာကတော့ ပုရိသတို့အသည်းစွဲ မင်းသမီးSunny Leone ရဲ့ အမိုက်စားသရုပ်ဆောင်မှုတွေပါဝင်တဲ့ သရဲကားပဲဖြစ်ပါတယ် ဂျန်ဂျမား vibe လိုမျိုးပြန်ရမဲ့ဒီကားက ဇောက်ထိုးခြောက်မဲ့အခန်းတွေရောအတည့်ခန်းတွေပါပါမှာမို့ Horror စစ်စစ်မှကြိုက်ပါတယ်ဆိုသူများအတွက် ရှယ်ဖြစ်နေမှာပါလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီတုန်းက... ရက်စက်ကြမ်းကြုတ်တဲ့အရှင်မတစ်ပါးရှိတယ် သူမခံတပ်မြို့ဆီဘယ်ယောကျာ်းသားမှမကပ်ရဲလောက်အောင်ကြမ်းတဲ့သူပေါ့ ဒါပေမဲ့အဲဒီခေတ်မှာ သူမကအရှင်လတ်လတ်မြေမြှုပ်ခံခဲ့ရပြီး သူမရဲ့ကျိန်စာနဲ့အတူ ဝိဉာဉ်ကလည်းမကျွတ်လွတ်ဘဲ သွေးကြွေးဆပ်ဖို့ ယနေ့ခေတ်ထိတိုင်အောင်ရှိနေလေတယ်မျက်မှောက်ခေတ်မှာတော့...ဘုရင်မသွေးကြွေးဆပ်ရမဲ့လူကလူပြန်ဝင်စားလာခဲ့ပါတယ် သူကတော့ ဇာတ်လမ်းတွေရေးပြီး ပရိုဂျူဆာလိုက်ရှာနေတဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ဖြစ်နေတာပါ ဒီလိုနဲ့ နှစ်ပေါင်းထောင်ချီကရန်ငြှိုးတွေ အကြေဆပ်ရမဲ့အချိန်ရောက်လာပြီး ဘုရင်မဝိဉာဉ်နိုးထလာခဲ့ချိန်မှာတော့....ဘာတွေဆက်ဖြစ်သွားမလဲဆိုတာ အခုပဲအပြေးဒေါင်းကြည့်လိုက်ပါရှင်File size…2.35GB / 1.04GB Quality…1080p WEBDL / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Bpl~Yunni~Khin Khin
movie

Oh My Ghost (2022)

2022
Naanum Rowdydhaan (2015) 7.2
Naanum Rowdydhaan (2015) Naanum Rowdy Dhaan (2015) IMDb 7.2 နာမည်ကြီးတောင်ပိုင်းမင်းသားဗီဂျေးစည်သူပတီ နဲ့မင်းသမီးချောလေး Nayanthara ပါဝင်သရုပ်ဆောင်ထားပြီး အချစ်စစ်နဲ့သာဆို အရာရာကျော်‌ဖြတ်နိုင်ကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်း... ကာဒမ်ဘရီ (Nayanthara) ရဲ့အဖေကရဲတစ်ယောက်ပါ မပတ်သက်သင့်တဲ့ လူမိုက်ကိုသွားရန်စမိရာက ဇနီးဖြစ်သူပါဆုံးရှုံးလိုက်ရပြီး သမီးဖြစ်သူ ကာဒမ်ဘရီကပါ နားမကြားဘဝရောက်သွားခဲ့ပါတယ် ဒီကလဲ့စားသွေးကြွေးကိုပြန်ဆပ်မယ်ဆိုပြီး အိမ်ကထွက်သွားတဲ့ဖခင် ရက်အတော်ကြာထိပြန်ရောက်မလာလို့ ကာဒမ်ဘရီတစ်ယောက်ရှာဖွေခန်းဖွင့်တော့ အမှတ်မထင် ဗရုတ်ကောင်ပန်ဒီနဲ့‌သွားဆုံမိပါလေရော မြင်မြင်ချင်းသဘောကျသွားတဲ့ ပန်ဒီက ဒီသနားစရာကောင်မလေးရဲ့ဖခင်ဖြစ်သူကို လိုက်ရှာပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဒါပေမယ့် ထင်မှတ်မထားတဲ့ ကိစ္စကတော့ သူ့အဖေက သေဆုံးသွားပြီဆိုတာပါပဲ ဒီလိုနဲ့ သူတို့နှစ်ယောက်ပေါင်းပြီး ဒီကလဲ့စားချေမယ့်ခရီးလမ်းကြောင်းကိုဘယ်လိုရှေ့ဆက်သွားမလဲ ပန်ဒီကရောသူလိုချင်နေတဲ့အချစ်ကိုရနိုင်မလားဆိုတာတော့ ဆက်လက်ကြည့်ရှူလိုက်ကြပါရှင် File size…2.87GB / 1.33GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Yunni
movie

Naanum Rowdydhaan (2015)

2015
Massu Engira Maasilamani (2015) 5.9
Massu Engira Maasilamani (2015) Masss (2015)==============အခုမိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ Horror ဆိုပေမယ့် အရမ်းကြောက်စရာကောင်းနေတာမျိုးမဟုတ်ပဲ တစ်ကားလုံးကို ဆက်ကြည့်နေချင်အောင်၊ စိတ်၀င်စားစရာကောင်းအောင် ဆွဲခေါ်သွားတဲ့ အက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားမှာ မင်းသား Suriya က နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားပြီးတော့ ဇာတ်ကောင်နှစ်ယောက်လုံးက လူအတူတူပဲလို့ကိုမထင်ရအောင် သရုပ်ဆောင်ပီပြင်လွန်းနေတာပါ။ဇာတ်လမ်းအကျဉ်းကတော့ ငယ်ကတည်းက မိဘမဲ့ဖြစ်ခဲ့တဲ့ မားစ်ဟာ သူ့သူငယ်ချင်း ဂျက် နဲ့အတူ ကြီးပြင်းလာခဲ့ပြီး ဓားပြတိုက်လုယက်မှုတွေ လုပ်ရင်းနေခဲ့ပါတယ်။ တစ်ရက်မှာ ငွေတွေဓားပြတိုက်ပြီးပြန်လာတုန်း ကားတိုက်မှုတစ်ခုနဲ့ကြုံခဲ့ရပါတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ အသက်မသေခဲ့ပဲ ပြန်သတိရလာတဲ့အခါမှာ သူဟာ သရဲတွေကိုပါ မြင်နိုင်လာခဲ့ပါတယ်။အစပိုင်းမှာတော့ သရဲတွေနဲ့ပူးပေါင်းပြီး စီးပွားရှာ ကြီးပွားလာခဲ့ပေမယ့် ရှက်တီ ဆိုတဲ့ သရဲပေါ်လာတဲ့အခါမှာ သူ့ဘ၀ အလှည့်အပြောင်း‌ဖြစ်သွားခဲ့ပါတယ်။ မားစ် ဟာ တဖြေးဖြေးနဲ့ သူ့ဘ၀အဖြစ်မှန်တွေကို သိလာရပြီးတဲ့အချိန်မှာ ဘယ်လိုတွေဆက်ပြီး ရှေ့ဆက်သွားမလဲဆိုတာကို စိတ်၀င်တစား ကြည့်ရှူရမှာဖြစ်ပါတယ်။ File size…3.8GB  / 1.8GB Quality…1080p WEBDL / 720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko
movie

Massu Engira Maasilamani (2015)

2015
F3: Fun and Frustration (2022) 5.1
F3: Fun and Frustration (2022) ဒီတခေါက်တော့အသစ်ထွက်ရှိလာတဲ့ တေလဂူလ်ကားလေးတခုတင်ဆက်ပေးချင်ပါတယ်... ဇာတ်ကားရဲ့ Main Cast ကတော့ ဝါရင့်သရုပ်ဆောင်ကြီးဗန်တညကတ်ချ် ဖြစ်ပြီး မင်းသမီးကတော့ Bahuballi နဲ့ KGF Chapter 1ထဲမှာပါတဲ့မင်းသမီးပါပဲ။ ဇာတ်လမ်းအကျဉ်း ============လောကမှာငွေက ဒုတိယဘုရားသခင်မဟုတ်လား ကိုယ်သာ သန်းချီ ချမ်းသာတဲ့ မိန်းမ ဒါမှမဟုတ် ယောက်ျားတစ်ယောက်ကို လက်ထက်ခွင့်ရမယ်ဆို ကိုယ်လဲသန်းကြွယ်သူဌေးဖြစ်နိုင်တာပဲမဟုတ်လား။ ဒီတော့ သန်းကြွာ်သူဌေးဟန်ဆောင်ပြီး တကယ်ချမ်းသာတဲ့သူတစ်ယောက်ကိုပိုင်းလုံးလုပ်ဖို့ကြံရွယ်ထားတဲ့ ယောင်္ကျားလေးအဖွဲ့နဲ့ မိန်းကလေးအဖွဲ့တို့အပြိုင်ဂျင်းထည့်ကြတဲ့အခါ။ တချိန်ထဲမှာပဲ သူတို့ထဲကတစ်ယောင်က တကယ့်သန်းကြွယ်သူဌေးကြီးရဲ့ ပျောက်ဆုံးနေတဲ့ရင်သွေးဖြစ်တယ်လို့ ကြားလိုက်ရတဲ့အခါ ဘာတွေဆက်ဖြစ်မှာလဲတော့ထုံးစံအတိုင်း ရုပ်ရှင်မှာပဲလိုက်ပါစီးမျောခံစားပေးပါ။ တောင်ပိုင်း ဟာသကားအစစ်ဖြစ်တာနဲ့အညီ သဘာဝကျကျ ကြည့်ချင်သူတွေနဲ့တော့ သိပ်အဆင်ပြေမှာမဟုတ်ပဲ ပေါ့ပေါ့ပါးပါးဟာသအနေနဲကြည့်မှ အဆင်ပြေပါမယ်လို့ ပြောချင်ပါတယ်။  File size…3GB/ 1.5GB Quality…1080p WEB DL AAC5.1Ch / 720p Format…mp4 Duration….2h 28mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung ~ OeliuJ ~ Yunni
movie

F3: Fun and Frustration (2022)

2022
Pei Mama (2021) 5.4
Pei Mama (2021) ကောလိကူးမား (Yogi Babu) မိသားစုတွေက ငွေအတွက်ဆိုရင် ဘာမဆိုလုပ်မယ့် မိသားစုတွေပါ။ လုပ်ငန်းရှင်သူဌေးကြီးတစ်ယောက်က သူရောင်းချမယ့်အိမ်မှာ သရဲတွေသောင်းကျန်းနေတဲ့အတွက် နှင်ပေးနိုင်မယ့်လူရှာနေတဲ့ အချိန်မှာလဲ လွယ်လွယ်နဲ့ငွေရမယ့်အလုပ်ထင်တဲ့အတွက် အတင်းဝင်လုံးပြီး သရဲနှင်တဲ့မိသားစုဟန်ဆောင် အလုပ်ကိုလက်ခံခဲ့ပါတယ်။သူတို့တွေ ပတ်တူမာလိုင်ဘန်ဂလိုဆိုတဲ့ လူသူမနီးတဲ့နေရာက အိမ်ထဲကိုဝင်မိတဲ့အချိန်ကျမှပဲ သူတို့အထင်မှားခဲ့ပြီဆိုတာကိုသိရပါတော့တယ်။ အိမ်အတွင်းက တစ်ကောင်တည်းမဟုတ်ပဲ မိသားစုလိုက်ရှိနေတဲ့ သရဲတွေဟာ သူတို့ကိုချုပ်နှောင်ထားခဲ့ပြီးတော့ ဘာကြောင့် သူတို့တွေ အခုလိုဘဝရောက်ရတယ်ဆိုတဲ့အကြောင်းတွေကို ပြသ အကူအညီတောင်းခံလာခဲ့ပြီး သူတို့ကို ဒီဘဝရောက်အောင်အကောက်ကြံယုတ်မာခဲ့သူတွေကို လက်တုန့်ပြန်ဖို့ ကြိုးစားကြပါတော့တယ်။ဒီတောနယ်အစွန်အဖျားက အိမ်တစ်လုံးကို ဘာကြောင့် ဒီလူတွေ အသည်းအသန်လိုချင်နေကြတာလဲ။ ဘာကြောင့် ဒီမိသားစုကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ရုံတင်မကပဲ တစ္ဆေဘဝထိလိုက်ဒုက္ခပေးနေကြတာလဲ။ ငွေရဖို့ ဘာမဆိုလုပ်မယ့် ကောလိကူးမားတို့ မိသားစုလဲ အမြင်မှန်ရပြီးပြောင်းလဲသွားဖို့ဖြစ်လာမလားစတာတွေကို ဘာဘူးကြီး ဇာတ်ကားတွေရဲ့ထုံးစံအတိုင်းတစ်ကားလုံးပါးစပ်မစေ့တမ်း နေရမယ့် ခွီနေရမယ့်ဟာသတွေအပြည့်နဲ့ ရှုစားကြရမှာဖြစ်ပါတယ်။ File size…(1.9 GB) / (1 GB) Quality….WEB-DL HEVC 1080p / 720p Format…mkv/mp4 Duration….01:51:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias & San Thu Aung
movie

Pei Mama (2021)

HEVC 1080p
Chalo(2018) 6.3
Chalo(2018)       Chalo (2018) -------------2018ခုနှစ်မှာ ထွက်ခဲ့တဲ့ ဒီရုပ်ရှင်လေးကImdb 6.3 / 10 User 1.1kနဲ့ အတော်လေးratingမြင့်ပြီး မင်းသမီး Rashmika ပါနေတာကြောင့််တင်ဆက်ပေးလိုက်ပါတယ်....ဇာတ်လမ်းအကျဉ်းဒီဇာတ်ကားလေးကတော့ ရွာနှစ်ခြမ်းကွဲ‌နေတဲ့ တေလဂူဘက်နဲ့ တမီလ်ဘက်က ပဋိပက္ခလေးတွေကိုဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ကားလေး ဖြစ်ပါတယ်ဟရီဆိုတဲ့ ရန်ဖြစ်ရတာကို ဝါသနာပါနေတဲ့သူကိုမှ စည်းကျော်ရင် သတ်မယ်ဆိုပြီးအမြဲရန်ဖြစ်‌‌နေတဲ့ ရွာကိုကောလိပ်တက်ဖို့ မိဘတွေက ပို့လိုက်ပါတယ်ဟရီတစ်ယောက် ရန်မဖြစ်ပဲ ကောလိပ်မှာ ဖူးစာရှင်လေးနဲ့ဆုံသွားခဲ့ပေမယ့်တစ်ယောက်ကတမီလ် တစ်ယောက်တေလဂူဖြစ်နေတော့ ပေါင်းဖက်ဖို့က ရွာနှစ်ခြမ်းပြန်ပေါင်းမှ ဖြစ်နိုင်မှာကိုသိသွားတဲ့အခါဒီရွာနှစ်ခြမ်းက ဘယ်လိုအကြောင်းကြောင့် သွေးကွဲသွားရတာလဲဟရီတစ်ယောက် သူရဲ့အချစ်အတွက် နှစ်ပေါင်းများစွာ မတည့်ခဲ့တဲ့ဒီနှစ်ရွာကို ဘယ်လိုပြန်ပေါင်းမလဲ‌ဆိုတာကိုဆက်လက်ကြည့်ရှုပေးပါဦးရှင်...  File size…2.2Gb / 1.1GB / 643MB Quality…1080p HD RIP 5.1Ch / 720p / 480p Format…Mp4 Duration….2h 25mins Subtitle….Myanmar Subtitle ( Hard Sub) Encoder….YK Translated by Ida
movie

Chalo(2018)

Dikkiloona (2021) 7.2
Dikkiloona (2021) Dikkiloona(2021) ---------------------- (1080pခဏနေ ရပါမယ်)Mendala ကားထဲက မင်းသားကြီးYogi Babu ပါဝင်သရုပ်ဆောင်ထားတဲ့Tamil Comedy ဇာတ်ကားသစ် ထွက်ရှိလာပါပြီခင်ဗျားမှာ Time Machine နဲ့ အချိန်ခရီးသွားဖို့အခွင့်အရေးရလာရင်ဘာလုပ်ကြမှာလဲအတိတ်ကိုရော အနာဂတ်ကိုပါ အချိန်ခရီးသွားလို့ရရင်ဘယ်အပိုင်းအခြားကို သွားဖြစ်ကြမလဲမီတာရုံးမှာ အလုပ်လုပ်တဲ့ မီးသမားလေး မာနီကတော့ဘဝမှာ ဖြစ်ခဲ့တဲ့ အန္တရာယ်အရှိဆုံးမတော်တဆမှုကြီး​ကို တားဆီးဖို့ အတိတ်ကို ပြန်သွားခဲ့ပါတယ်ဟော်ကီကစားသမားတစ်ယောက် သိပ်ဖြစ်ချင်ခဲ့တဲ့ မာနီဟာလက်တွေ့မှာ မီးသမားပဲဖြစ်နေရတယ်ယောက္ခမအိမ်မှာလည်း သူနေရတာ အဆင်မပြေသလိုသူ့မိဘအိမ်ပြန်တော့လည်း ယောက္ခမနဲ့ချွေးမမတည့်ကြလို့စိတ်ဆင်းရဲမှုများစွာနဲ့ ဖြတ်သန်းနေရတဲ့ လက်ရှိဘဝကနေအတိတ်ကို ပြန်သွားပြီး ပြင်ဖို့ဆုံးဖြတ်ခဲ့တဲ့အရာက ဘာဖြစ်မလဲ??????Fiction Comedy ဇာတ်ကားဖြစ်လို့ တစ်ကားလုံးဒိုင်ယာလော့ အလန်းစားတွေနဲ့ ရယ်နေရမှာပါအဲ့ဒါကြောင့် မရယ်ရမှာ စိတ်မပူပါနဲ့Yogi Babu တစ်ယောက်ရော ဒီကားထဲမှာဘယ်လို Character နဲ့ ပါဝင်သွားဦးမလဲဆိုတာ ကြည့်ရှုပေးကြပါဦးအညွှန်းကိုတော့ Amelia မှ ရေးသားထားပြီးဘာသာပြန်သူများကတော့ Amelia နဲ့ Jerrica တို့ပဲဖြစ်ပါတယ် File size…1.38GB/ 2.19Gb Quality…720p / 1080p ...
movie

Dikkiloona (2021)

2021
Nota (2018) 6.4
Nota (2018) NOTA (2018) Reviewဝန်ကြီးချုပ်ကြီး ဗာစူဒေ့ဟာ ပြည်သူလူထုက အားပေးထောက်ခံတဲ့ ပါတီခေါင်းဆောင်တစ်ယောက်ပါ။တစ်နေ့မှာ သူ့ရဲ့ အဂတိလိုက်စားမှုများပေါ်လာခဲ့ပြီး တရားစွဲဆိုခံခဲ့ရပါတယ်။ လက်ရှိရာထူးကနေနှုတ်ထွက်မှဖြစ်တော့မယ့် အခြေအနေမှာ ဗာစူဒေ့ဟာ သားဖြစ်သူ ဗာရွန်ကို သူ့ရဲ့ ဝန်ကြီးချုပ်နေရာမှာ ယာယီခန့်အပ်ဖို့ အစီစဉ်ရေးဆွဲခဲ့ပါတယ်။သူ့အဖေရဲ့အမှုကိစ္စတွေပြီးတဲ့ထိ ယာယီဝန်ကြီးချုပ်အနေနဲ့ နေပေးရမယ့် ဗာရွန်ဟာ ဗီဒီယိုဂိမ်းဒီဇိုင်းရေးဆွဲသူတစ်ယောက်ပါ။မိမိဝါသနာနဲ့ ဝင်ရမယ့် ရာထူးနေရာ ကိုက်ညီမှုမရှိတဲ့အပြင် နိုင်ငံရေးအသိပညာလုံးဝမရှိတဲ့ ဗာရွန်တစ်ယောက် သူ့အဖေပြန်လာမယ့်အချိန်ထိ ဝန်ကြီးချုပ်ရာထူးကို ဘယ်လိုဆက်ထိန်းသွားမှာလဲ?စီစဉ်ထားတဲ့အတိုင်းကိစ္စတွေက မဖြစ်မြောက်လာတဲ့အခါ ဗာရွန်တစ်ယောက် နိုင်ငံရေးကိစ္စတွေမှာ ဟန်ပြမဟုတ်ဘဲ ကိုယ်တိုင် ပါဝင်လာခဲ့ရပါတော့တယ်။နိုင်ငံရေးကမရိုးရှင်းတဲ့အပြင် ဖုံးကွယ်ထားတဲ့အမှန်တရားတွေကို ဗာရွန်သိရှိလာတဲ့အချိန်မှာတော့ .....ဘာဆက်ဖြစ်မလဲသိချင်ရင် ဇာတ်လမ်းလေးကို ကိုယ်တိုင်ဆက်လက်ခံစားကြည့်လိုက်ပါ။ဖြစ်လေ့ဖြစ်ထရှိတဲ့ နိုင်ငံရေးအခြေအနေတွေကို တိတိကျကျရိုက်ကူးပြထားတာကတော့ ဒီကားရဲ့ အဓိကအားသာချက်ပါပဲ။ဒါကြောင့် လှည့်ကွက်ပေါင်းများစွာနဲ့ ဇာတ်အိမ်တည်ထားတဲ့ အက်ရှင်ကားတွေကို သဘောကျတဲ့ကြည့်ရှုသူတွေအတွက် ဒီကားလေးကို ကြည့်ရှုခံစားကြဖို့ အကြံပြုပေးလိုက်ပါတယ်နော်။  Translate and Review by Shwe Poe EainEncoded By : YKQuality :1080p WEB-HD ...
movie

Nota (2018)

2018
Boomerang(2019) 6.0
Boomerang(2019) Boomerang(2019) IMDb...6.0 ဒီတစ်ခေါက်Channel Myanmar ပရိသတ်ကြီးအတွက် ဇာတ်လမ်းအသစ်လေး တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ကားလေးနာမည်က Boomerang (2019)ပါ။ ဒီ Imdb Rating 6.0/10 ရရှိထားတဲ့ Tamil စကားပြော ကားလေးဟာ အက်ရှင်ဇာတ်လမ်းကောင်းကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက်တော့ အကြိုက်တွေ့စေမှာပါ။ ဇာတ်လမ်းအကျဉ်းလေးကိုလဲ အနည်းငယ် တင်ပြပေးလိုပါတယ်။ မီးလောင်မှုတစ်ခုကြောင့် မျက်နှာတစ်ခုလုံးပျက်စီးသွားရတဲ့ ရှီဗာ... ဒီမျက်နှာနဲ့ လူလုံးပြဖို့တောင်မဖြစ်နိုင်တဲ့အတွက်မျက်နှာအစားထိုးခွဲစိတ်ကုသမှုကိုခံယူခဲ့ရပါတယ်။ ရရှိလာတဲ့မျက်နှာအသစ်က ချောမောလှပတဲ့အပြင် သူမသိသေးတဲ့ အတိတ်တွေလဲရှိခဲ့ပါတယ်။ တစ်နေ့တော့ သူ့ကိုလူမှားပြီး လိုက်လံလုပ်ကြံသတ်ဖြတ်ရာကနေ မျက်နှာပိုင်ရှင်ရဲ့ နောက်ကြောင်းကိုစုံစမ်းဖို့ဖြစ်လာတော့တာပါပဲ။ အဆိုပါ မျက်နှာပိုင်ရှင်က ဘယ်သူလဲ? ဘာကြောင့် သူ့နောက်ကိုလူတွေလိုက်နေတာလဲ? ရှီဗာကရော ဒီမျက်နှာနဲ့ ဘယ်လိုဆက်ပြီးစခန်းသွားမလဲ? ဆိုတာ စိတ်ဝင်တစားဆက်ကြည့်ရှုရမယ့်ကားလေးပါ။စိတ်ဝင်စားစရာ အက်ရှင်ကားကောင်းလေးမို့ မလွတ်တမ်း ကြည့်ရှုအားပေးဖို့ပဲညွှန်းလိုက်ပါတယ်... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May Tharaphi Lwin  နှင့် Aye Mon Kyaw တို့ပဲဖြစ်ပါတယ်...   File Size : (948 MB) and (380 MB) Quality : WEB-DL 720p, Format…mp4 Duration…02:00:00 Genre :  Action, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

Boomerang(2019)

2019
Vivegam (2017) 6.1
Vivegam (2017) အဂျေးကူမား အရေးကြီးသဲလွန်စတစ်ခုရတာနဲ့ သေနတ်နဲ့အပစ်ခံရ လုပ်ကြံဇာတ်ခင်းခြင်းခံရနဲ့ ဇာတ်လမ်းကို အဆုံးထိဆွဲခေါ်သွားမှာဖြစ်ပါတယ်ရင်ဆိုင်နေရတဲ့ရန်သူတွေက ဘယ်ကလဲ ဒီကိစ္စတွေရဲ့လက်မည်းကြီးကဘယ်သူလဲ ဆက်လက်ကြည့်ရှုသွားရမှာဖြစ်ပါတယ်Storylineကတော့ ပုံမှန်ထက်မပိုတဲ့ဇာတ်လို့ပဲ ပြောရမှာပါPlot twistကလည်းသိပ်မထူးဆန်းပါဘူးအိန္ဒိယကားတွေအကြည့်များသူတွေအတွက်ကတော့ ခန့်မှန်းနိုင်မှာပါတမီးလ်ကားဖြစ်တာနဲ့အညီ အက်ရှင်ခန်းတွေကတော့ မင်းသားအသားပေးဖြစ်ပါတယ်သေမင်းကလာခေါ်ချင်တောင် လက်ဖက်ရည်တိုက်ပြီး လိုက်ခဲ့ပါကွာ ပြောရမယ့်အထိကို မင်းသားက ကြမ်းတာပါအေးဂျင့်တွေပြေးလိုက်လွှားလိုက်နဲ့ဖိုက်နေရတဲ့ကြားကမှာ ဇနီးတစ်ယောက်ရဲ့ခင်ပွန်းအပေါ်ဘယ်လိုချစ်လဲဆိုတာလေးတော့ တော်ကီအကောင်းစားတွေနဲ့ရိုထားတာကတော့ သဘောခွေ့စရာလေးပါဘာပဲပြောပြော ကြည့်ပျော်ပြီး စိတ်ချမ်းသာရမယ့်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်လို့......QTY - 720p HDripDuration - 2hr 04minGern - Action/ ThrillerTranslator - Soe Bo BoEncoder - Kyaw Ye Aung
movie

Vivegam (2017)

2017