Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Rajeev Khandelwal
8.9
Bloody Daddy (2023)
Bloody Daddy (2023) ******************************** IMDb-8/10Kabir Singh, Fraziတို့နဲ့ နာမည်ကျော်တဲ့ မင်းသားချောရှာဟစ်ဒ်ကပူးရ်ရဲ့ လတ်တလောထွက်ရှိထားတဲ့ ဇာတ်ကားသစ်လေးပါ။ Frazi ထဲမှာ သတင်းစာတိုက်ဟောင်းက စက်တစ်လုံးနဲ့ ငွေစက္ကူတုတွေ ထုတ်ပြီးမွှေသွားတဲ့ မင်းသားရှာဟစ်ဒ်ကပူးက ဒီထဲမှာလည်း ဆူမေးရ်အဖြစ် ကိုကင်းတအိတ်နဲ့ ပတ်မွှေဦးမှာပါ။ကိုဗစ်ကာလအခြေခံထားတဲ့ ဇာတ်လမ်းကောင်းလေးတွေထဲကမှ အခုတင်ဆက်ပေးမဲ့ အက်ရှင်ကားကလည်း ကိုဗစ်ကာလအတွင်းမှာ ဇာတ်အိမ်တည်ထားပါတယ်။ဇာတ်လမ်းအကျဉ်းဆူမေးရ် က မူးယစ်ထိန်းချုပ်ရေးဌာနက ဝန်ထမ်းတယောက်၊ မိန်းမနဲ့ကွဲနေပြီး သားဖြစ်သူနဲ့အတူတူ နေနေပေမဲ့ သားနဲ့ကလည်း သိပ်မတည့်။ အလုပ်တူဘော်ဒါတယောက်နဲ့ မူးယစ်ဂိုဏ်းတခုက ကိုကင်းတွေသယ်လာတဲ့ကားကို ဖြတ်ခုတ်လိုက်တာ ဂိုဏ်းခေါင်းဆောင်က သူ့သားကို ပြန်ပေးဆွဲပြီး သူယူသွားတဲ့ ကိုကင်းအိတ်နဲ့ ပြန်လဲခိုင်းပါတယ်။သူ့ကို အဂတိတိုက်ဖျက်ရေးဌာနက အရာရှိအာဒီတီကလည်း မသင်္ကာတာနဲ့ နောက်ကနေလိုက်စုံစမ်းနေတယ်။အတူလုပ်ခဲ့တဲ့ ဘော်ဒါကလည်း သစ္စာဖောက်သွားတော့ အဲလိုတွေကြားထဲကနေ မင်းသားဆူမေးရ်တယောက် သားဖြစ်သူကို ကယ်တင်နိုင်မှာလား သူ့ကိုပဲ ရဲတွေက ဖမ်းသွားမလားဆိုတာ ကြည့်ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ chiclon3,Sai,Thaik San,Bpl,Yunni တို့ပဲဖြစ်ပါတယ်) File size…2.21GB / 940MB Quality…1080p WEBDL / 720p Format…mp4 Duration….2h 1mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by chiclon3~Sai~Thaik San~Bpl~ Yunni
movie
Bloody Daddy (2023)
2023
7.3
Salaam Venky (2022)
Salaam Venky (2022) Drama IMDb 7.3/10 (1.2K)အခုတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးမှာတော့ မင်းသမီးကြီးကာဂျိုးက Lead Role နေရာကနေ သရုပ်ဆောင်ပေးထားပြီး Court Martial (2020) မင်းသား Rajeev Khandelwal (ရာဂျစ်ခန်ဒေးဝါး)လည်း ပါဝင်သလို မင်းသားကြီး အမီရ်ခန်းကလည်း cameo အနေနဲ့ ပါဝင်အားဖြည့်ပေးထားပါတယ်။မိခင်မေတ္တာနဲ့ သားသမီးကြား ချစ်ခြင်းမေတ္တာကို ဖော်ကြူးထားတဲ့ ကားလေးဆိုလည်း မမှားနိုင်လောက်ပါဘူး။အမေဆိုတာ သားသမီးတွေ မတောင်းဘဲပေးတဲ့လူစားမျိုး... အမေဆိုတာ ကိုယ်သာအငတ်ခံလိုက်မယ် သားသမီးဝမ်းဝအောင်ကျွေးတဲ့လူစားမျိုး... အမေဆိုတာ သားသမီးနဲ့ပတ်သက်လာရင် မြင့်မိုရ်တောင်မက ကြီးမားတဲ့မေတ္တာတွေနဲ့ ရင်ဝယ်ပိုက်ထားမယ့်လူစားမျိုး... အမေဆိုတာ သားသမီးနှုတ်ကပြောမထွက်တဲ့စကားတွေကို အလိုလိုသိနားလည်တဲ့လူစားမျိုးပါ...ကျွန်တော့်လက်ရှိဘဝနဲ့ နောင်ဖြစ်ပေါ်လာမယ့်အနာဂတ်တွေဟာ အမေ့ရဲ့ကျေးဇူးကြောင့်ပါဆိုတဲ့ အေဗရာဟမ်လင်ကွန်းရဲ့စကားလေးကိုတောင် သွားသတိရမိတယ်ဗျာ။အမေ...။မျိုးရိုးဗီဇရောဂါတစ်ခုကြောင့် ဘဝကို လက်မလျှော့တမ်း ရှေ့ဆက်နေရတဲ့ ကောင်လေးတစ်ယောက်ကို ရင်ဝယ်ပိုက်ပြီး ဒီကလေးဟာ ဆယ်ကျော်သက်အရွယ်မှာ အသက်ဆုံးရှုံးသွားနိုင်ခြေရှိပါတယ်ဆိုတဲ့ ဆရာဝန်တွေရဲ့ပြောစကားကိုမမှုဘဲ သူ့သားသမီး အသက်ရှည်ရှည်နေရဖို့ ကိုယ်စွမ်းဉာဏ်စွမ်းနဲ့ အစွမ်းကုန်တွန်းလှန်နေတဲ့ အမေတစ်ယောက်ရဲ့အကြောင်းလေးပေါ့။အမေဟာ ကျွန်တော်တို့အတွက် စံပြဆရာ လက်ဦးဆရာပါပဲဗျာ။အမေ့ရဲ့မေတ္တာများကို ဒီဇာတ်ကားလေးနဲ့ ထပ်တူနားလည်နိုင်ကြပါစေလို့ ညွှန်းဆိုပေးလိုက်ပါတယ်။ File size…1.4GB / 672MB Quality…1080p HD RIP ...
movie
Salaam Venky (2022)
2022
7.0
Court Martial(2020)
Court Martial(2020)အိန္ဒိယတပ်ရင်းတစ်ရင်း စုံစမ်းစစ်ဆေးရေးခုံရုံးတစ်ခုမှာ အရာရှိကြီးပေါင်းများစွာနဲ့ခုံရုံးတင်စစ်ဆေးမှုပြုလုပ်နေတယ်....အကြောင်းက တပ်ရင်းရဲ့ကင်းစခန်းရှေ့မှာဆိုင်ကယ်နဲ့ဖြတ်မောင်းသွားတဲ့ အရာရှိ(၂)ဉီးကို ကင်းသမားက သတိပေးချက်တွေမပြုလုပ်ပဲ ပစ်ချလိုက်လို့ဖြစ်ပါတယ်...အရာရှိတစ်ဉီးပွဲချင်းပြီးဆုံးသွားတဲ့အပြင် တစ်ဉီးကတော့ အသက်လုနိုင်လိုက်လို့ ကံကောင်းထောက်မစွာအသက်ရှင်နိုင်ခဲ့တယ်...ဒီဖြစ်စဉ်က တကယ်တော့ တော်တော်ကြီးကိုဆိုးတဲ့အမှုပါပဲ...မိမိတပ်ဖွဲ့တူခြင်းဖြစ်တဲ့အပြင် သေဆုံးမှုပါဖြစ်လေတော့ ကင်းသမားကို အကြီးအကျယ်စွဲချက်တွေနဲ့ပေါ့...ကင်းသမားကရော ဘာ့ကြောင့်ပစ်ခဲ့တာလဲ...တခြား ဘယ်လို စစ်စည်းကမ်းတွေရှိလဲ....သူနဲ့အပေါင်းပါတွေရှိသေးလား..တကယ့်ဖြစ်စဉ်အမှန်ကရောဘာလဲ...ဒီကားက သီချင်းတွေဘာတွေလုံးဝမပါတဲ့အပြင် ဇာတ်လမ်းစစချင်းကို တော်တော်စိတ်ဝင်စားစရာကောင်းတယ်...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ြကပါ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thaik Sanပဲဖြစ်ပါတယ်....File Size : (900 MB) and (422MB) Quality : WEB-DL 720p Format…mp4 Duration…02:00:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik Sa
movie
Court Martial(2020)