Channel Myanmar

Raj Tarun

Purushothamudu (2024) 7.3
Purushothamudu (2024) Purushothamudu (2024)စီအီးအိုလောင်းရဲ့ ချစ်ခရီးစဉ်IMDb-8.1/10ရာချစ်ရမ်ဆိုတဲ့ အင်္ဂလန်ပြန်ပညာတတ်လူငယ်တစ်ယောက်က မျိုးဆက်အဆက်ဆက် လက်ဆောင့်ပြောင်းတာဝန်ခံခဲ့ကြတဲ့ စီအီးအိုနေရာကိုလွှဲပြောင်းရယူရတော့မယ်သူဋ္ဌေးကြီးများ ရပ်ဝန်းထုံးစံအတိုင်း ဦးလေးဖြစ်သူနဲ့ မိသားစုက ဒီမိသားစုစီးပွားရေးကို ထိခိုက်နစ်နာအောင်လုပ်လို့ သူ့အဖေလက်ထက်မှာ ထိပ်တိုက်တွေ့ခဲ့ရပြီးသလို သူ့လက်ထက်မှာလည်း သူပြန်လာတည်းက ပြန်ပေါ်လာတဲ့ပြဿနာအရိပ်အယောင်တွေ ။ဒီလို ရှုပ်ထွေးပွေလီတဲ့ စီးပွားရေးလောကကြီးထဲ မဝင်ခင် ကျေးလက်ခရီးစဉ်ထွက်လာရာက သိပ်ချော သိပ်ထက်မြတ်တဲ့ အမ်မူလူနဲ့ တွေ့ဆုံလာခဲ့ကြတယ်။အမ်မူလူဆိုတာ ဘွဲ့ရပညာတတ်ပေမဲ့ ရွာပြန်လာပြီး ရွာမှာပဲ ကူညီအားပေးရင်း ကြိုးစားနေတဲ့သူလေးပေါ့...။ဒီလိုလူနှစ်ယောက်ဆုံတွေ့မှုနဲ့ သူတို့ပတ်ဝန်းကျင်က ပြဿနာတွေအတွက် ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာကို အချစ် ၊ အက်ရှင် ၊ ဟာသ ရသစုံတဲ့ဇာတ်ကားထဲမှာ ရှုစားကြည့်ပါဦးအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ် File size…2.6GB / 1.25GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Purushothamudu (2024)

Naa Saami Ranga (2024) 5.6
Naa Saami Ranga (2024) Naa Saami Ranga (2024) "ရွာလူမိုက်"တေလဂူး အက်ရှင်/ဒရာမာ ဇာတ်ကားကြမ်းကြမ်းလေး တင်ပေးလိုက်ပါတယ် ၂၀၁၉ က မလေယာလမ် ရုပ်ရှင် Porinju Mariam Jose ကို ပြန်ပြီးရိုက်ထားတာ ဖြစ်ပါတယ် ၂၀၂၄ ရဲ့ ဝင်ငွေအကောင်းဆုံး ၇ ကားမြောက်အိန္ဒိယရုပ်ရှင် ဖြစ်ခဲ့ပြီး တတိယ ဝင်ငွေအများဆုံး တေလဂူးကား ဖြစ်ပါတယ်ဇာလ်လမ်းအကျဥ်းကတော့ ၁၉၆၃ ရွာတစ်ရွာမှာ ကစ်ရှ်တေယာ ဆိုတဲ့ မိဘမဲ့ကောင်လေးကို အန်ဂျီရဲ့ အမေက မွေးစားခဲ့ပြီး သူတို့နှစ်ယောက် ညီအစ်ကိုရင်းပမာ အတူတူကြီးပြင်းခဲ့ပါတယ်တစ်နေ့ သူတို့အမေ ဆုံးတော့ အလောင်းမချသေးခင် အကြွေးနဲ့အိမ်လာသိမ်းတဲ့ ကြွေးရှင်ရဲ့ ရန်ကနေ "ပက်ဒေယာ" ဆိုတဲ့ ကျေးရွာခေါင်းဆောင်က ကယ်တင်ပေးခဲ့တဲ့နေ့ကစပြီး ကစ်ရှ်တေယာ တစ်ယောက် ရွာသူကြီးကို ကျေးဇူးရှင်တစ်ယောက်လို သဘောထားခဲ့ပါတယ်ငယ်စဥ်ကလေးဘဝကတည်းက ချစ်ခဲ့ရတဲ့ ကောင်မလေးကိုလည်း အကြောင်းကြောင်းကြောင့် လက်မထပ်နိုင်သေးပဲ သူကြီးခိုင်းတာမှန်သမျှ ပြဿနာအဝဝကို လူယုံတစ်ယောက်လို ဖြေရှင်းပေးနေရပါတယ် ဒီလို ကစ်ရှ်တေယာကို အရေးပေးခြင်းအပေါ် သူကြီးရဲ့သားအရင်းတွေက မနာလိုကြပါဘူးတစ်နေ့တော့ သူချစ်ခင်တွယ်တာတဲ့ ...
movie

Naa Saami Ranga (2024)

2024
Stand Up Rahul(2023) 5.1
Stand Up Rahul(2023) Stand Up Rahul (2022) IMDb-5.1/10ချစ်သူတွေကြားမှာ အချစ်ဆိုတာထက်ပိုအရေးကြီးတာတွေရှိတတ်ကြတာပဲလေ။ ဒါကိုနားမလည်နိုင်ဘဲဘာနေနေ မချစ်လို့ဖြစ်တာ၊အဲလိုလုပ်မှာပေါ့ ငါ့ကိုမှမချစ်တော့တာဆိုရင် အဲဒီလိုမျိုး Relationshipတခုဟာ ရေရှည်တည်မြဲနေနိုင်ပေမယ့် ပျော်ရွှင်စရာဆိုတဲ့အရာတော့ တဖြည်းဖြည်းဆိတ်သုန်းလာမှာပဲ။ရာဟူးလ်က ချစ်တတ်ပြီး ချစ်သူကိုအနွံတာခံပေမယ့် အိမ်ထောင်မှုဆိုတာကို မယုံကြည်တဲ့သူ၊အိမ်ထောင်သည်ဘ၀ဆိုတာ သူ့အဖေနဲ့အမေလို ရန်တကျက်ကျက်ဖြစ်ရင်းနဲ့ သူလို ငတိတကောင်ကိုမွေးထုတ်ပေးရုံသက်သက်ကိစ္စတခုလိုတွေးမြင်ထားတာ၊ လမ်းပျောက်နေပြီး မိသားစုတွေမိတ်ဆွေတွေရဲ့ ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလားဆိုတာတွေကိုလည်း နားမဝင်တဲ့သူ၊စင်ပေါ်ကနေ ဟာသတွေပြောရတဲ့အလုပ်ကို ဝါသနာပါတဲ့သူ၊သူ့ချစ်သူကောင်မလေးကကျ ချစ်သူတွေရဲ့နောက်တဆင့်က ပျော်ရွှင်စွာအတူလက်ထပ်နေထိုင် ပေါင်းသင်းသွားကြလေသတည်းဆိုတာမျိုးကို စိတ်ကူးယဉ်တဲ့သူဖြစ်ပေမယ့် ချစ်သူစိတ်ချမ်းသာရင်ပြီးတာပဲ ဆိုတဲ့စိတ်နဲ့ ဒီတိုင်းLiving Togetherပဲနေကြတယ်။သူ့မိဘတွေက ရာဟူးလ်နဲ့လက်မထပ်ဘဲအတူနေမှန်းမသိကြ။သူတို့နှစ်ယောက်နေတဲ့အိမ်ရောက်လာပြီး တခြားတယောက်နဲ့ လက်ထပ်ဖို့စီစဉ်ပေးပါရော။အိမ်ထောင်ရေးကိုမယုံကြည်တဲ့ ရာဟူးလ်တယောက် မင်္ဂလာဆောင်ရတော့မယ့်ချစ်သူကို ချစ်သူအလိုကျ အိမ်ထောင်မှုတခုတည်ဆောက်လိုက်နိုင်မလား၊သူဝါသနာပါတဲ့အလုပ်ကို အောင်မြင်အောင်လုပ်နိုင်မလားဆိုတာကို လူငယ်ဆန်ဆန်ပေါ့ပေါ့ပါးပါးကြည့်ရမယ့် ရိုမန့်စ်ဟာသအချစ်ဇာတ်ကားလေးပါ။ (အညွှန်းကို Yunniမှရေးထားပြီး Yunni,BpL,V,Sai,ThaikSanတို့ဘာသာပြန်ထားပါတယ်) File size…1.7GB / 800MB Quality…1080p HQ HDRIP /720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Yunni,BpL,V,Sai,ThaikSan
movie

Stand Up Rahul(2023)

2023