Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Raihaanun
6.1
Layangan Putus: The Movie (2023)
layangan putus (2023) (IMDb 6.1/10)ဒီတစ်ခါ အာရှကားနှစ်သက်တဲ့ CM ပရိသတ်ကြီးအတွက် အင်ဒိုဒရာမာကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးပါရစေ အာရှကားတွေ ထုံးစံအရ ဇာတ်လမ်းလေးကတော့ သိပ်မထူးခြားဘူးဆိုပေမယ့် အာရှကားတွေဆိုတဲ့အတိုင်း ဒိုင်ယာလော့တွေ ဇာတ်လမ်းအချိုးအကွေ့တွေက ရသမြောက်တယ်ဆိုတာ ပြောပြချင်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ အဲရစ်ဟာအောင်မြင်တဲ့စီးပွားရေးသမားတစ်ယောက်ဖြစ်ပြီး ဇနီးကီနန်နဲ့ သမီးလေးရာယာဆိုပြီး သာယာတဲ့ဘဝလေးပိုင်ဆိုင်ထားပါတယ် ဒါပေမဲ့ ရုပ်ရှိရေလျှံကျားတို့ထုံးစံအရ စမောဆွဲပြီးတော့ အဲ့ဒါကို မယားကြီးကသိသွားတဲ့အခါ သူ့ကိုကွာရှင်းသွားပါတယ် အဲ့ဒါနဲ့ အဲရစ်လည်း အငယ်လေးလီဒီယာနဲ့ လက်ထပ်ပြီးတော့ အိမ်ထောင်သစ်ထူထောင်ခဲ့ပေမယ့် သူ့စိတ်က ငယ်ကချစ်မမေ့သာတဲ့ ကီနန်ဆီမှာပဲ တဝဲဝဲလည်နေတဲ့အခါမှာ အိမ်ထောင်ရေးဇာတ်လမ်းလေးဆိုပေမယ့်လည်း ဘဝသင်ခန်းစာယူတတ်ရင် ယူလို့ရတာမို့ ပရိသတ်ကြီးတို့ဆက်ခံစားကြည့်ရှုဖို့ တင်ဆက်ပေးလိုက်ရပါတယ်...အညွှန်းနဲ့ဘာသာပြန်ကတော့ Saii Thurein Lynn ဖြစ်ပါတယ်...Genre..... Dramal, Romance Quality…. 1080p | 720p File size… 1.1GB | 565MB Format… mp4 Duration…. 1h 31min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Saii Thurein Lynn Encoder ..... Aaron
movie
Layangan Putus: The Movie (2023)
2023
7.9
27 Steps of May (2019)
27 Steps of May (2019)ပန်းပင်တစ်ပင်ရဲ့ အနုနယ်ဆုံးကာလကိုပြောပါလို့မေးရင်တော့ လူတိုင်းမှာ အဖြေတစ်မျိုးစီရှိကြမှာပေါ့။ တချို့က မျိုးစေ့ကနေ အပင်ပေါက်လာချိန်လို့ပြောရင်ပြောမယ်၊ တစ်ချို့ကလည်း အညှောက်ဘဝကနေ အရွက်တွေစထွက်လာတဲ့ အပင်ပေါက်ဘဝကို ကူးပြောင်းချိန်လို့ ပြောချင်ပြောကြမယ်။ ဒါပေမဲ့ ပန်းပင်တစ်ပွင့်ရဲ့တာဝန်ဟာ လှပတဲ့ပန်းပွင့်လေးတွေ ဖူးပွင့်လာဖို့လို့ ခံယူထားတဲ့ ကျွန်တော်ကတော့ ပထမဦးဆုံးပန်းစပွင့်ဖို့အားယူနေတဲ့ကာလက အနုနယ်ဆုံး လို့ ယူဆပါတယ်။ ဘာလို့လဲဆိုတော့ ပထမဦးဆုံးပန်းစပွင့်မယ့်အချိန်မှာ မလိုလားအပ်တဲ့ပြဿနာကြုံလိုက်ရရင် တချို့ပန်းပင်တွေဟာ အပင်သေတဲ့အထိ အပွင့်မပွင့်တော့ဘဲ အပင်ချည်းသက်သက်အနေနဲ့ ရှင်သန်သွားကြလို့ပါပဲ။လူတွေအတွက်လည်း အတူတူပါပဲ။စိတ်ဒဏ်ရာ Emotional Trauma ဆိုတဲ့စကားလုံးဟာ ခုခေတ်မှာ တွင်တွင်သုံးနေတဲ့ လူတိုင်းနဲ့မစိမ်းတဲ့ စကားလုံးတစ်လုံးပေမဲ့ ဒီစကားလုံးရဲ့အတိမ်အနက်ကိုတော့ အမှန်တကယ်ကြုံဖူးသူတွေပဲ နားလည်နိုင်မှာပါ။အခု တင်ဆက်ပေးချင်တဲ့ ရုပ်ရှင်လေးကလည်း စိတ်ဒဏ်ရာအပြည့်နဲ့ အတိတ်ရဲ့အရိပ်ဆိုးအောက်က လွတ်မြောက်ဖို့ကြိုးစားနေတဲ့ မိန်းကလေးတစ်ယောက်အကြောင်းပါ။၁၄ နှစ်အရွယ် မေဆိုတဲ့ကောင်မလေးတစ်ယောက်၊ ဆယ်ကျော်သက်သက်ပီပီ တက်တက်ကြွကြွနဲ့ အများနည်းတူ စူးစမ်းချင်တဲ့အရွယ် လှချင်ပချင်တဲ့အရွယ်၊ ပျော်ပျော်ပါးပါးနေတတ်တဲ့မိန်းကလေးပေါ့။ ဒီမိန်းကလေး ကစားကွင်းကနေအပြန်မှာ လူတစ်စုကဖမ်းခေါ်သွားပြီးတော့ ရက်ရက်စက်စက် Group rapeလိုက်ပါတယ်။ အိမ်ကိုဖရိုဖရဲနဲ့ အသက်မဲ့တဲ့မျက်နှာနဲ့ပြန်လာတဲ့မေကိုကြည့်ပြီး ဖြစ်စဉ်ကိုသဘောပေါက်လိုက်ပေမဲ့ တက်ကြွပျော်ပါးခဲ့တဲ့ မေ ဆိုတဲ့ ကောင်မလေးကတော့ ...
movie
27 Steps of May (2019)
2019
5
Deadly Love Poetry(2022)
IMDb Rating/(5.0)Ranum ဆိုတဲ့ မိန်းမလှလေးတစ်ယောက်၊ လှပစွာ၊ ပျော်ရွှင်စွာ၊ အေးချမ်းစွာနေထိုင်လာခဲ့တယ်။ သူက ကဗျာလေးတွေကိုချစ်တဲ့သူ။ စာသားအနုအရွလေးတွေနဲ့ အရာရာကို စိတ်ကူးယဉ်တတ်သူ၊ နှလုံးသားလေးလှသလို ပန်းတွေလိုပွင့်ဖူးလာတဲ့ စကားလုံးလေးတွေကို နှင်းဆီငုံနှုတ်ခမ်းက မြွတ်ဟတတ်သူတစ်ယောက်ပေါ့။ တစ်နေ့မှာတော့ Ranum ဆီကို Rendy ဆိုတဲ့ စားဖိုမှူးလေး ဝင်လာခဲ့တယ်။ သူ့ရဲ့အချက်အပြုတ်စွမ်းရည်နဲ့ နှုတ်စကားချိုချိုလေးတွေက Ranum ကို ဖမ်းစားတယ်ပေါ့လေ။ ဒါပေမဲ့ Rendy ဟာ ကောင်ဆိုးလေးတစ်ယောက်၊ တစ်ဖက်မှာ Ranum ဆီကိုချဉ်းကပ်ရင်း အခြားတစ်ယောက်ဆီမှာလည်း ခြေရှုပ်နေသတဲ့။ Rendy ဟာ လှေနံနှစ်ဖက်နင်းနေရင်း ရုတ်တရက် အသေဆိုးနဲ့သေသွားခဲ့တယ်။ အဲဒီနောက်ပိုင်းကစလို့ Ranum ရဲ့ဘဝမှာ မုန်တိုင်းထန်လာတယ်ပေါ့။ နောက်ပြီးတော့ အဝတ်အစားတွေကို နှလုံးသားနဲ့ ချုပ်ပါတယ်ဆိုတဲ့ ဖက်ရှင်မမတစ်ယောက်က အညုစကားတွေနဲ့ Ranum ကို ဆွဲဆောင်ပြန်ရော။ မိန်းကလေးနှစ်ယောက် ချစ်သူအဖြစ် လက်တွဲကြဖို့ သိမ်းသွင်းခံရတဲ့ ...
movie
Deadly Love Poetry(2022)
6.2
Affliction (2021)
Affliction (2021)ဒီကားကတော့ အင်ဒိုနီးရှား သရဲကားလေးပါ။အင်ဒိုသရဲကားဆိုတော့ကြောက်ဖို့ကောင်းတယ်လို့ပြောစရာကိုမလိုတော့ဘူးထင်ပါတယ်နော် နီနာနဲ့ဟာဆန်တို့လင်မယားဟာ ဂျာကာတာမှာသားတစ်ယောက်သမီးတစ်ယောက်နဲ့အတူ နေနေတဲ့အချိန်မှာ နီနာရဲ့အမေဟာရုတ်ရက်ဆုံးပါးသွားတယ် နီနာဟာသူ့အမေကိုသေချာမပြုစုလိုက်ရတော့ နောင်တရနေချိန်မှာ ဟာဆန်ငယ်ငယ်ကနေဖူးတဲ့ရွာကမိန်းမတစ်ယောက်ရောက်လာတယ် အဲ့မိန်းမက ဟာဆန်ရဲ့အမေဟာအတိတ်မေ့ရောဂါပြင်းပြင်းထန်ထန်ခံစားနေရတာကို မပြုစုနိုင်တော့လို့ လာပြောတာပေါ့ အဲ့တာနဲ့နီနာဟာသူသူ့အမေကိုသေချာမပြုစုခဲ့နိုင်ပေမယ့် ဟာဆန်ရဲ့အမေကိုတော့ပြုစုရမယ်ဆိုပြီးဟာဆန်ကိုရွာသွားပြန်ပီးသူ့အမေကိုသွားခေါ်ခိုင်းတယ် အဲ့မှာပြဿနာကစတာပါပဲ ဟာဆန်ကရွာပြန်ဖို့အရမ်းကိုငြင်းဆန်နေတယ် ဘာအကြောင်းကြောင့်လဲနီနာမေးတော့မဖြေဘူး နောက်ဆုံးတော့နီနာရဲ့တွန်းအားပေးမှုကြောင့်သူတို့တစ်မိသားစုလုံးအဲ့ရွာကိုသွားဖို့အကြောင်းဖန်လာတော့တယ် ရွာရောက်မှ နီနာလည်း ဟာဆန်နဲ့သူ့အမေကြားမှာဘာတွေဖြစ်ခဲ့တာလဲဆိုတာ သိသွားမှာလား မသိဘူးလားဆိုတာ အဆုံးထိကြည့်ပေးပါလို့...File size…1.3GB and 641MB Quality….WEB-DL 1080p and 720p Format…mp4 Genre....Horror, Thriller Duration….1hr 30min Subtitle….Myanmar Subtitle (Hardsub) Translator ..... Dolly Encoder ..... August
movie
Affliction (2021)