Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Rahman
7.5
Anjaamai (2024)
Anjaamai (2024) "အကြောက်တရားမဲ့" IMDb - 7.6/10၂၀၁၇ခုနှစ်က ဖြစ်ရပ်မှန်တွေကို အခြေခံထားတဲ့ တမီးလ်ရုပ်ရှင်။ ခေတ်စနစ်ဆိုးတစ်ခုရဲ့သားကောင်ဖြစ်ရတဲ့ အောက်ခြေလူတန်းစားတွေရဲ့ ပညာရေးအတွက်ရုန်းကန်ရပုံတွေနဲ့ စနစ်ထဲက မကောင်းတဲ့အရာရှိတွေရဲ့အကျင့်ပျက်ခြစားပုံတွေကို ရိုက်ပြထားတဲ့ရုပ်ရှင်။မိုးတွေသည်းကြီးမည်းကြီးရွာနေတဲ့တစ်နေ့ ကောင်လေးတစ်ယောက် ရဲစခန်းထဲကိုဝင်လာခဲ့တယ်။ ဘာလို့လဲဆိုတော့ တိုင်ချက်ဖွင့်ချင်လို့တဲ့။ ဘယ်သူ့ကိုလဲဆိုတော့ အစိုးရကိုတဲ့။အဲဒီကောင်လေးက ပုံမှန်တမီးလ်အစိုးရကျောင်းငယ်လေးမှာတက်ရင်းနဲ့ ခရိုင်အဆင့်မှာ ထိပ်ဆုံးအဆင့်ကိုရောက်ခဲ့တဲ့သူ။ သူ ပညာရေးမှာကြိုးစားဖို့ အဖေဖြစ်သူ ဆာကာက ပန်းစိုက်ရင်းခက်ခဲပင်ပန်းစွာနဲ့ ပုခုံးထမ်းတင်ပေးခဲ့။အဖေဖြစ်သူ ဆာကာက ရပ်ရွာအကျိုးကို ကိုယ်ကျိုးစွန့်တဲ့ထိလုပ်ကိုင်ဆောင်ရွက်တတ်တဲ့သူ။ သားဖြစ်သူ ထိပ်ဆုံးအဆင့်နဲ့ စာမေးပွဲအောင်ချိန် ဆရာဝန်ဖြစ်ဖို့ကြိုးစားမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကြောင့် တစ်မိသားစုလုံးပျော်ရွှင်နေကြတာပါ။ ဒီလိုကောင်လေးက ရဲစခန်းထဲကိုဝင်လာပြီး ဘာကြောင့် အစိုးရကိုတိုင်ချက်ဖွင့်ချင်ရတာလဲဆိုတာကို ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 2.14GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 1min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Anjaamai (2024)
2024
7.9
Samara (2023)
Samara (2023) "ဇာတ်ရှုပ်" =====================IMDb 8.6အန်တိုနီဆိုတဲ့ ရဲအရာရှိဟာ နှင်းတွေဖုံးလွှမ်းနေတဲ့ အစွန်အဖျားဒေသက မြို့လေးတစ်မြို့ကို တာဝန်ထမ်းဆောင်ဖို့ ရောက်လာခဲ့ပါတယ်။ အဲဒီမြို့လေးမှာ လူတွေဟာ ထူးဆန်းတဲ့ပုံစံနဲ့ တစ်ယောက်ပြီးတစ်ယောက် သေနေပါတယ်။ အန်တိုနီဟာ အဲဒီ လူတွေသေနေရတဲ့အကြောင်းအရင်းကို ဖြေရှင်းဖို့ကြိုးစားရာကနေ ဇီဝစစ်ပွဲဖြစ်လာနိုင်တဲ့ နောက်ကွယ်ကကိစ္စတွေကို ဖော်ထုတ်မိကုန်ပါတော့တယ်။ဒီ Samara ဆိုတဲ့ရုပ်ရှင်ဟာဆိုရင် ဒါရိုက်တာ Charles Joseph ရဲ့ ပွဲဦးထွက် သိပ္ပံစိတ်ကူးယဉ် သည်းထိတ်ရင်ဖိုရုပ်ရှင်ပဲဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာပါဝင်တဲ့ သရုပ်ဆောင်တွေက ပရိသတ်တွေအတွက် အမြင်စိမ်းနေနိုင်ပေမဲ့ ဇာတ်လမ်းက စပိုင်ဇာတ်လမ်းဆန်ဆန်နဲ့ ဇာတ်အိမ်ခိုင်တဲ့အတွက် ပရိသတ်တွေ သဘောကျနိုင်မယ့် ရုပ်ရှင်လေးတစ်ခုပါပဲ...။( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni, V, BpL နဲ့ Zwe Yan တို့ပဲဖြစ်ကြပါတယ်။ )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 2.1GB ...
movie
Samara (2023)
2023
Ponniyin Selvan: Part II (2023)
Ponniyin Selvan: Part II (2023)IMDb 8.1/10၂၀၂၂ တုန်းက အားလုံးစောင့်မျှော်နေခဲ့ကြတဲ့ Ponniyin Selvan part II ထွက်ရှိလို့လာပါပြီ။ ဒီဇာတ်ကားထဲမှာ ဗစ်ကရမ်..ဂျယန်းရဗီ..ကာသီ..စတဲ့နာမည်ကြီးမင်းသားတွေအပြင် မင်းသမီးကြီးတွေဖြစ်ကြတဲ့ အရ်ှဝါရီယားရိုင်းနဲ့ ထရီရှားတို့က အဓိကပါဝင်သရုပ်ဆောင်ထားသလို နောက်ထပ်လည်း သရုပ်ဆောင်ပေါင်းများစွာက ပါဝင်အားဖြည့်ထားပါတယ်... ရုံတင်ငွေ ကုဋေ သန်း ၃၂၅ ထိရထားတာမို့ ထပ်ပြီးစဥ်းစားစရာလိုမနေတော့ဘူးနော်။ဇာတ်လမ်းလေးကိုတော့ လွန်ခဲ့တဲ့ နှစ်တစ်ထောင်အရင်က ချိုလာမင်းဆက်ရဲ့အကြောင်းကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားပါတယ်...တန်ဂျာဗူးပြည်ကို မင်းလုပ်စိုးစံတဲ့ ချိုလာမင်းကြီးမှာ သားတော်နှစ်ပါးနဲ့ သမီးတော်တစ်ပါးဖွားမြင်ခဲ့တယ်သားတော်နှစ်ပါးကလည်း စစ်ရေးစစ်အရာမှာ တစ်ဖက်ကမ်းခတ်အောင်ကျွမ်းကျင်သလို သမီးတော်လေး ကွန်ဒဗေးကလည်း လိမ်မာပါးနပ်ဉာဏ်ရှိသူပါ...သားတော်အကြီး အိမ်ရှေ့စံမင်းသား အာဒိတဟာ ခြေလျှင်ရဲမက်တွေနဲ့အတူ တိုင်းပြည်နယ်နိမိတ်ကို ချဲ့ထွင်ဖို့ စွန့်စားတိုက်ခိုက်နေတဲ့အချိန်...သားတော်အငယ် အရွန်းမိုဇီဟာလည်း ရေတပ်သင်္ဘောကြီးတွေနဲ့ တခြားတိုင်းပြည်တွေကို နယ်ချဲ့နေခဲ့ပါတယ်...ဒီတောအတွင်း ချိုလာဧကရာဇ်မင်းကြီး ဆွန်ဒရချိုဇာဟာ အိပ်ရာထဲလဲပြီး နာမကျန်းဖြစ်နေခဲ့တယ်...ဒီလိုမိသားစုတကွဲတပြားဖြစ်နေတဲ့အချိန် နွားကွဲရင် ကျားဆွဲဆိုသလို လုပ်ကြံမယ့် သူလျှိုတွေဟာ တန်ဂျာဗူးတိုင်းပြည်ထဲကို အလျှိုလျှိုဝင်လာခဲ့ပါပြီ...ဒါကို ရိပ်စားမိတဲ့ ဘုရင်ဟာ သားတော်တွေကို ပြန်ခေါ်လာနိုင်ခဲ့ပါ့မလား...။သူတို့ရဲ့အသက်တွေ ပေးဆပ်လိုက်ရမှာလား...။ချိုလာမင်းဆက်ကြီး ဘာတွေဆက်ဖြစ်လာမလဲပေါ့။Part II မှာတော့ အရွန်းမိုဇီဟာ ...
movie
Ponniyin Selvan: Part II (2023)
4K HEVC
8.3
Ponniyin Selvan: Part I (2022)
Ponniyin Selvan: Part I (2022) ====================ကဲ အားလုံးစောင့်မျှော်နေခဲ့ရတဲ့ အိန္ဒိယသမိုင်းကားကောင်းကြီးထွက်လို့လာခဲ့ပါပြီ မင်းသား မင်းသမီးတွေ အများကြီးနဲ့ ကြည့်လို့ကောင်းမယ့် ကားလေးပါပဲဒီဇာတ်ကားထဲမှာ ဗစ်ကရမ်..ဂျယန်းရဗီ..ကာသီ..စတဲ့နာမည်ကြီးမင်းသားတွေအပြင် မင်းသမီးကြီးတွေဖြစ်ကြတဲ့ အရ်ှဝါရီယားရိုင်းနဲ့ ထရီရှားတို့က အဓိကပါဝင်သရုပ်ဆောင်ထားသလို နောက်ထပ်လည်း သရုပ်ဆောင်ပေါင်းများစွာက ပါဝင်အားဖြည့်ထားပါတယ်...ဇာတ်လမ်းလေးကိုတော့ လွန်ခဲ့တဲ့ နှစ်တစ်ထောင်အရင်က ချိုလာမင်းဆက်ရဲ့အကြောင်းကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားပါတယ်...တန်ဂျာဗူးပြည်ကို မင်းလုပ်စိုးစံတဲ့ ချိုလာမင်းကြီးမှာ သားတော်နှစ်ပါးနဲ့ သမီးတော်တစ်ပါးဖွားမြင်ခဲ့တယ်သားတော်နှစ်ပါးကလည်း စစ်ရေးစစ်အရာမှာ တစ်ဖက်ကမ်းခတ်အောင်ကျွမ်းကျင်သလို သမီးတော်လေး ကွန်ဒဗေးကလည်း လိမ်မာပါးနပ်ဉာဏ်ရှိသူပါ...သားတော်အကြီး အိမ်ရှေ့စံမင်းသား အာဒိတဟာ ခြေလျှင်ရဲမက်တွေနဲ့အတူ တိုင်းပြည်နယ်နိမိတ်ကို ချဲ့ထွင်ဖို့ စွန့်စားတိုက်ခိုက်နေတဲ့အချိန်...သားတော်အငယ် အရွန်းမိုဇီဟာလည်း ရေတပ်သဘောင်္ကြီးတွေနဲ့ တခြားတိုင်းပြည်တွေကို နယ်ချဲ့နေခဲ့ပါတယ်...ဒီတောအတွင်း ချိုလာဧကရာဇ်မင်းကြီး ဆွန်ဒရချိုဇာဟာ အိပ်ရာထဲလဲပြီး နာမကျန်းဖြစ်နေခဲ့တယ်...ဒီလိုမိသားစုတကွဲတပြားဖြစ်နေတဲ့အချိန် နွားကွဲရင် ကျားဆွဲဆိုသလို လုပ်ကြံမယ့် သူလျှိုတွေဟာ တန်ဂျာဗူးတိုင်းပြည်ထဲကို အလျှိုလျှိုဝင်လာခဲ့ပါပြီ...ဒါကို ရိပ်စားမိတဲ့ ဘုရင်ဟာ သားတော်တွေကို ပြန်ခေါ်လာနိုင်ခဲ့ပါ့မလား...။သူတို့ရဲ့အသက်တွေ ပေးဆပ်လိုက်ရမှာလား...။ချိုလာမင်းဆက်ကြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာပဲ ဖြစ်ပါတယ်...။တိုက်ရေးခိုက်ရေးတွေအပြင် အပြင်အဆင်အလှအပတွေကိုပါ မြင်တွေ့ရမှာဖြစ်လို့ ကြည့်ရတန်တဲ့ ကားလေးတစ်ကားဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်... File size…3.8GB /1.86GB Quality…4K HEVC WEB DL ...
movie
Ponniyin Selvan: Part I (2022)
2022
4K HEVC
6.8
Seetimaarr(2021)
ကာသီ (Gopichand) ဟာရာဂျာမွန်ဒရီအနီး ကာဒီယမ်ရွာကဘဏ်မှာအလုပ်လုပ်ပြီး တစ်ဖက် အမျိုးသမီးကာဘာဒီအဖွဲ့တစ်ဖွဲ့ကို နည်းပြလုပ်ပေးနေပါတယ်။သူ့ကျေးရွာကာဘာဒီဖွဲ့ကနေ အန်ဒရာပရာဒေ့ရှ်ပြည်နယ်ကိုယ်စားပြုပြီးနိုင်ငံတော်ကာဘာဒီချန်ပီယံဆုကိုရရှိဖို့က သူ့အိမ်မက်ပဲဖြစ်ပါတယ်။သူနဲ့ သူ့အဖွဲ့ဟာ ဆီမီးဖိုင်နယ်ပွဲအတွက်မြို့တက်လာချိန်မှာ တစ်ချိန်က ကျောင်းတော်ကရန်စဟောင်းဂျဝါလာရက်ဒီ (Tamannaah) ကလဲ တယ်လန်ဂနာပြည်နယ်ကကာဘာဒီအဖွဲ့နည်းပြအဖြစ်ပြန်တွေ့ရပါတော့တယ်။အဲ့ဒီအချိန်မှာမှ ကိုယ်ရေးကိုယ်တာအငြိုးအတေးတစ်ခုအတွက်သူ့အဖွဲ့ကို လူဆိုးဂိုဏ်းက ပြန်ပေးဆွဲသွားတဲ့အချိန်မှာတော့ကာသီတစ်ယောက် အစွမ်းကုန်ကြိုးစားကယ်တင်ဖို့ဖြစ်လာခဲ့ပါတယ်။Seetimaarr ဟာပေါ့ပေါ့ပါးပါးနဲ့ ဖျော်ဖြေရေးအသားပေးပွဲတော်ချိန်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဖျော်ဖြေရေးကားထုံးစံအတိုင်း သီချင်းကောင်းကောင်းတွေ၊မင်းသမီးအမိုက်စားတွေ၊ အက်ရှင်ခန်းအလန်းကြီးတွေနဲ့တင်ဆက်ထားတာဖြစ်ပြီးဇာတ်လမ်းဇာတ်အိမ်ဘက်မှာလဲ မလျော့တဲ့ဇာတ်ကားတစ်ကားဖြစ်သလိုမြန်မာပရိသတ်နဲ့ရင်းနှီးတဲ့ ဘာဟူဘာလီ မင်းသမီး Tamannaah,Jalebi မင်းသမီး Digangana နဲ့ Bhumika Chawla တို့လိုအလှပဂေးမင်းသမီးသုံးယောက်တောင်ပါဝင်ထားပါတယ်။File size…2.14GB / 1.31GB Quality…1080p WEB DL DDP5.1 / 720p Format…Mp4 Duration….2h 19mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Alias & Sai ThuRein Lynn
movie
Seetimaarr(2021)
2021
7.9
Virus(2020)
Virus(2020)အညွှန်း********************IMDb...7.9 အိန္ဒိယနိုင်ငံရဲ့ ကိုလီကိုးနဲ့ မလာပူရမ်ဆိုတဲ့ မြို့နှစ်မြို့မှာ လူသားတွေရဲ့အသက်ကို ခြိမ်းခြောက်တဲ့Nipah အမည်ရဗိုင်းရပ်စ် လူတွေကို စတင်ကူးစက် လာတယ်...အဲ့ဒီဗိုင်းရပ်စ်ကူးစက်ခံရသူတွေက အဆက်မပြတ်အော့အန်ကြတယ်...အာရုံခံစနစ်တွေ ပျက်ဆီးတယ်..အချိန်အနည်းငယ်ကြာပြီးနောက် သေဆုံးသွားကြတယ်...ကူးစက်မှုနှုန်းမြင့်လာပြီး အသေပျောက်များလာတဲ့အခြေအနေအရကြောင့်အစိုးရက ကျောင်းတွေ၊စျေးတွေကို ပိတ်၊ ယာဉ်ကြောတွေ လျှော့ချပြီး ကာကွယ်မှုတွေပြုလုပ်ခဲ့တယ်... ဆိုးကျိုးကတော့ ပြည်သူတွေ စီးပွါးရေး ထိခိုက်ကြတယ်...ဒီဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးလည်း မရှိသလို ကုသမှုမှတ်တမ်းလည်း ဘာတစ်ခုမရှိတဲ့အတွက် ဆရာဝန်တွေလည်း ခေါင်းခြောက်ရတယ်....တစ်ဖက်မှာလည်း ဒီဗိုင်းရပ်စ်ကို ဓာတ်ခွဲခန်းစမ်းသပ်ထားတဲ့ဗိုင်းရပ်စ်ဆိုပြီး နိုင်ငံရေး စွပ်စွဲချက်တွေ ရှိလာတယ်...ဗိုင်းရပ်စ်ရဲ့ဇာစ်မြစ်ကို ရှာတွေ့မှ ကုသနိုင်မှာ ဖြစ်လို့ အိန္ဒိယနိုင်ငံက ဆရာဝန်တွေ ဘယ်လို ပူးပေါင်းပြီးအဖြေရှာကြမလဲဆိုတာကိုတော့....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Khine Khine Wai ပဲဖြစ်ပါတယ်.... File Size :(1.3 GB) and (530 MB) Quality : WEB-DL 720p Format…mp4 Duration…02:32:00 Genre : Thriller, Drama Subtitle ...
movie
Virus(2020)
8.5
Dhuruvangal Pathinaaru(2016)
Dhuruvangal Pathinaaru(2016) IMDb.....8.5 အငြိမ်းစားစုံထောက်ရဲအရာရှိတစ်ဦးကို တပည့်ဟောင်းတစ်ဦးက ဖုန်းဆက်တယ်... ဆရာရေ ကျွန်တော့်သားရဲလုပ်ချင်နေတာဗျာ...အဲ့ဒါ ကျွန်တော်က ရဲထဲကိုမ၀င်စေချင်ဘူး... အဲ့ဒါ ဆရာလည်းသိတဲ့အတိုင်း စုံထောက်ဘ၀က ခက်ခဲပင်ပန်းတာတွေရှိတော့ ကျွန်တော့်သား ဆရာ့ဆီလာရင် ဆရာကြုံခဲ့ရတဲ့ အခက်အခဲတွေမှန်သမျှကိုပြောပြလိုက်ပါ... ဒါမှ ဒီကောင်စိတ်ပျက်သွားမှာ.....ကျွန်တော့်သားကိုဆရာ့ဆီကို လွှတ်လိုက်မယ်ဆိုပြီး ဖုန်းချသွားတယ်... အငြိမ်းစားရဲအရာရှိက တပည့်ရဲ့သားကို ရဲဘ၀က ခက်ခဲပင်ပန်းကြောင်းကိုပြောဖို့စောင့်နေတယ်... သူကိုယ်တိုင်ကလည်း ဂျိုင်းထောက်တစ်ဘက်နဲ့.... ဒီလိုနဲ့ ခင်ဗျားဟာ လူငယ်တစ်ယောက်နဲ့ သက်ကြီးပိုင်းရဲစုံထောက်အငြိမ်းစားတစ်ယောက် မြက်ခင်းပြင်မှာ စကားပြောနေတဲ့ အခန်းကို စစချင်း ၇မိနစ်လောက်မှာတွေ့လိမ့်မယ်... သူတို့(၂)ယောက်ဟာ အမှူကိစ္စတွေအကြောင်းကိုဆွေးနွေးနေကြတယ်..... တကယ့်ရှုတ်ထွေးတဲ့အမှုတွေကို သူတို့ဆွေးနွေးနေကြသလို ဖြစ်ခဲ့တဲ့ အမှုတွေကိုလည်း Replay ပြန်ပြတယ်..တကယ့်ကို တိတိကျ အချိန်တွေနေရာတွေနဲ့.... ခင်ဗျား ဒီအခန်းတွေကို ဂရုတစ်စိုက်ကြည့်ဖို့လိုတယ်... အခန်းတိုင်းကို မျက်ခြည်မပြတ်မှတ်သားဖို့သင့်သလို တစ်ချို့နေရာတွေမှာဆို ရှေ့ကိုပြန်ကြည့်သင့်ရင် ကြည့်လိုက်ပါ.... ဇာတ်လမ်းက တကယ့်ကို ခပ်သွက်သွက်နဲ့ သွားနေတာ..အီနေတဲ့အခန်းကိုမပါဘူး.... ဒီစုံထောက်ကားက ခင်ဗျားကြည့်ဖူးသမျှထဲမှာ အတော်ကောင်းတဲ့စာရင်းဝင်နေလိမ့်မယ်... ဇာတ်လမ်းချိတ်ဆက်ပုံတွေ...ရိုက်ထားတာတွေ..သရုပ်ဆောင်တာတွေ... တခြားကုလားကားတွေလို မျက်နှာတစ်ခုကို လေးဘက်လေးတန်ပတ်ရိုက်တာတွေမပါသလို ကတဲ့ သီချင်းတစ်ပုဒ်မှကိုမပါ ပါဘူး.....ဇာတ်လမ်းက တကယ့်ကို ခပ်သွက်သွက် နောက်တစ်ခုပြောချင်တာက အေးအေးဆေးဆေးဖြစ်တဲ့အချိန်မှကြည့်ပါ... ကုန်ကုန်ပြောရရင် ခင်ဗျားတို့ရဲ့ မျက်တောင်ခတ်ချိန်ကိုတောင် အချိတ်ဆွဲမခတ်ပါနဲ့... ကျွန်တော်ပြောတာမလွန်ကြောင်း ဇာတ်လမ်းအစ ၁၅မိနစ်လောက်မှာတင်သဘောပေါက်သွားလိမ့်မယ်... စပွိုင်လာမလုပ်သင့်ဆုံး ရဲစုံထောက်ကားမို့ ဒီလောက်ပဲပြောပါရစေ... ဘာသာပြန်သူကတော့ Zwel Zan ...
movie
2016