Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Raghu Babu
4.2
Acharya (2022)
Acharya (2022)၂၀၂၂ မှာ အသစ်စက်စက် ထွက်ရှိထားပြီး နာမည်ကြီး မင်းသားချော ဘိုင်ရာဘာ ပါဝင် သရုပ်ဆောင်ထားတဲ့ Acharya ဆိုတဲ့ တလဲဂူး action drama ရုပ်ရှင်ဇာတ်ကားအသစ်စက်စက်လေးကို တင်ဆက်ပေးလိုက်ပါရစေ။ဒီဇာတ်ကားလေးဟာ ၂၀၁၉ ထဲက ထွက်ရှိဖို့ ကြေငြာထားခဲ့ပေမယ့် ကိုဗစ်ရောဂါကြောင့်မလို့ ၂၀၂၂ ဧပရယ်လမှ ထွက်ရှိလာတဲ့ ဇာတ်ကားလေးတစ်ကားလဲဖြစ်ပါတယ် ။လွန်ခဲ့သော နှစ်ပေါင်း၈၀၀ ဝန်းကျင်ထဲက ဓမ္မစသာလီနဲ့ ပမ်မာဂတ်တမ် တို့ဟာ ဂျီဟာဗာရာရဲ့ မြစ်တစ်ဖက်တစ်ချက်ဆီမှာ တည်ရှိနေပြီး ဆစ်ဟာဗာနမ် တောအုပ်ကြီး ဝိုင်းရံထားတဲ့ ဘာသာရေးကိုင်းရှိုင်းပြီး ဓမ္မကို လက်ကိုင်ထားထားတဲ့ မြို့တွေ ဖြစ်ခဲ့ကြတယ်။သူတို့ဟာ မယ်တော် ဂတ်တာမာကို အရမ်း ယုံကြည်သက်ဝင် ကိုးကွယ်ကြတဲ့ သူတွေပါ ။ ဒီလိုမျိုး ဓမ္မတရားကိုသာ စွဲကိုင်ပြီး အေးချမ်းစွာ တည်ရှိနေကြတဲ့မြို့လေးကို စီးပွားရေးသမားတစ်ဦးဖြစ်တဲ့ ဘာဆာဗာ ရောက်လာပြီး ဓမ္မစသာလီ နဲ့ ပမ်ဒါဂတ်တမ်ကို မိုင်းတွင်းတွေ တူးဖော်ချင်နေတဲ့ ရာသော့လက်ထဲကို ထည့်ဖို့ ယုတ်မာတဲ့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားပါတော့တယ်။ဘာဆာဗာ ...
movie
Acharya (2022)
2022
7.8
Bheemla Nayak (2022)
Bheemla Nayak (2022)ယခုတစ်ခေါက်မှာတော့ IMDb 7.8 ရရှိထားပြီး ရူပီး 70 ကုဋေအကုန်ကျခံရိုက်ကူးထားတဲ့တယ်လဂူအိန္ဒိယ အက်ရှင်ဒရမ်မာကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းလေးကတော့ သူဌေးဒန်နီရယ်ရှီကာနဲ့ တပည့်ဖြစ်သူကားမောင်းသမားနှစ်ယောက်ဟာ ညအချိန်မတော် နယ်စပ်ကိုဖြတ်မောင်းလာခဲ့ပါတယ်။စစ်ဆေးရေးဂိတ်စောင့်ရဲတွေ တွေ့တော့ ကားတားပြီးစစ်ဆေးရာမှာသတ်မှတ်ခွင့်ပြုချက်ထက်ကျော်လွန်တဲ့ အရက်ပုလင်းတွေ သယ်ဆောင်လာကိုမိသွားပါတယ်။အဲဒီလိုနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဒုစစ်ဆေးရေးမှူး ဘီမလာနာယက်ခ်ရောက်လာကာသူဌေးဒန်နီရယ်နဲ့ကားမောင်းသမားကို ဖမ်းသွားပါတယ်။ဒါပေမယ့် သူဌေးဒန်နီရယ်ဟာ ဘယ်သူမှမထိရဲဘဲကျောထောက်နောက်ခံကြီးမားတဲ့တပ်ကြပ်မှူးဟောင်းဖြစ်နေပါတယ်။ရိုးဖြောင့်ပြီး သမာသမတ်ကျတဲ့ ရဲအရာရှိ ဘီမလာနာယက်ခ်နဲ့အတ္တအငြိုးကြီးမားတဲ့ ဒန်နီရယ်ရှီကာတို့ ထိပ်တိုက်တွေ့ကြတဲ့အချိန်မှာဘယ်လိုအရာများပြောင်းလဲသွားမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ဒီဇာတ်ကားဟာ 1876 ခုနှစ် ဒီဇင်ဘာ 29ရက်နေ့မှာကျဆုံးခဲ့တဲ့ အိန္ဒိယတော်လှန်ရေးသမားBheema Nayak ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကိုအခြေခံပြီး နာမည်ကြီး"Ayyappanum Koshiyum" ဇာတ်ကားကို ပြန်လည်ဆန်းသစ်ပြီးရိုက်ကူးထားတာဖြစ်တဲ့အတွက်ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားအဖြစ် ညွှန်းဆိုလိုက်ပါရစေ။ File size…1.4GB / 2.8GB Quality…720p / 1080p WEB DL AAC 5.1CH Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle(hard sub) Encoder….YK Translated by Haruko & Poe & Shwe ...
movie
Bheemla Nayak (2022)
2022
5.9
Gaddalakonda Ganesh (2019)
Gaddalakonda Ganesh 2019ဒီတစ်ခေါက်မှာတော့ ၂၀၁၉ မှာ ထွက်ရှိထားတဲ့ ဇာတ်ကားဟောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်အဟောင်းဒါပေမဲ့ရွှေဆိုသလိုပဲ ရုံဝင်ငွေ ၄၂.၅ ကုဋေထိရရှိထားတာမလို့အားလုံးကြည့်ရကျိုးနပ်စေမဲ့ကားလေးဖြစ်မှာ အသေအချာပါပဲဒါဆိုရင် အညွှန်းလေးကို ဖတ်ကြည့်လိုက်ရအောင်ရုပ်ရှင်ကို ဝါသနာကြီးတဲ့ကောင်လေးတစ်ယောက် သူ့ရဲ့ပွဲဦးထွက်ရုပ်ရှင်အတွက်လူဆိုးဂန်စတားတစ်ယောက်ရဲ့ ဘဝအကြောင်းကို ရိုက်ကူးဖို့ ကြံစည်ရာကနေရက်စက်ကြမ်းတမ်းလှတဲ့ ဂန္ဒလကွန်ဒါဂန္နီချ်အကြောင်း ရိုက်ကူးဖို့အကြောင်းဖန်လာပါတော့တယ်သူငယ်ချင်းနှစ်ယောက် အသက်ကိုဖက်နဲ့ထုတ်ပြီး ကျားခံတွင်းထဲဝင်သလိုမျိုး ဂန္နီချ်ဘဝဇာတ်ကြောင်းကိုသိရှိဖို့ကြိုးစားရာကနေပြီးတော့ ဘာတွေဆက်ဖြစ်ကြမလဲ....လူဆိုးဂန်းစတား ဂန္နီချ်ကရော ရုပ်ရှင်ရိုက်ကူးဖို့ သဘောတူမှာလား....ဂန္နီချ်ရဲ့ ဘဝဇာတ်ကြောင်းကရော ဘယ်လိုဖြစ်မှာလဲ ဘယ်လိုမျိုးတွေကြုံတွေ့ခဲ့ရလဲ...တက်သစ်စဒါရိုက်တာလေးကရော အချစ်ကိုဘေးဖယ်ထားပြီးအာရုံစိုက်ထားတဲ့ ပွဲဦးထွက်ရုပ်ရှင်ကရောအောင်မြင်မှာလား....ဆိုတာအားလုံး စိတ်ဝင်တစားကြည့်ရှုရမှာပဲ ဖြစ်ပါတယ် File size…2.7GB / 1.5GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ Shwe Pwint ~ Shwe Pyae ~ Haruko
movie
Gaddalakonda Ganesh (2019)
2019
6.9
Zombie Reddy (2021)
Zoombie Reddy (2021)အိန္ဒိယ ဇွန်ဘီကားတဲ့ဗျ။ သည်းထိတ်ရင်ဖို Thriller တွေလူကြိုက်များလာတဲ့နောက်ပိုင်းမှာ အိန္ဒိယကလည်း လူကြိုက်များတဲ့genre တစ်ခုကို ထိုးဖောက်ဖို့ ကြိုးစားလာတဲ့ပုံပဲဗျ။ ဒါပေမယ့် ဒီရုပ်ရှင်ကတော့ဟာသဘက်ကို နှောပြီး ရီရီမောမောကြည့်ရမယ့် ပုံစံမျိုးပါ။မာရီယိုဆိုတဲ့ ဂိမ်းတွေရေးတဲ့ programmer တစ်ယောက်က သူထွင်ထားတဲ့ဂိမ်းပေါက်ခါနီးမှ error တက်တယ်ပေါ့ဗျာ။ ဒီတော့ ကုဒ်ရေးတဲ့ ဘော်ဒါကြီးကလည်းနှစ်ချို့ တစ်ကိုယ်တည်းသမားကြီး။ ကံကောင်းချင်တော့ ရည်းစားရပြီးချက်ချင်းမင်္ဂလာဆောင်ဖို့ ရာရ်လာဆီမာဆိုတဲ့မြို့ကို ရောက်နေတာပေါ့။ရာရ်လာဆီမာဆိုတဲ့မြို့က ဂိုဏ်းကြီးတွေ ကြီးစိုးပြီးမင်းမူနေတဲ့မြို့ဗျ။ဒီတော့ မာရီယိုတို့အုပ်စု မင်္ဂလာဆောင်သွားရင်း ဂိုဏ်းနှစ်ဂိုဏ်းရန်ပွဲကြားကမြေစာပင်ဖြစ်တော့တာပေါ့။ အဲဒီအပြင် အိန္ဒိယမှာ ကိုရိုနာကပ်ဘေးလည်းဖြစ်နေတဲ့ကာလ။ စိတ်ရူးပေါက်နေတဲ့ ဆရာဝန်အဖိုးတစ်ယောက်ကကိုဗစ်ကာကွယ်ဆေး ဖော်ရင်း ကျရှုံးပြီး ဆေးရဲ့ဘေးထွက်ဆိုးကျိုးအနေနဲ့ဇွန်ဘီတွေကို မွေးထုတ်မိကုန်တော့ပေါ့။အဲဒီနောက်မှာတော့ ရာရ်လာဆီမာဆိုတဲ့မြို့မှာ ဖရိုဖရဲတွေဖြစ်၊ ဇွန်ဘီတွေကတစ်မျိုး၊လူမိုက်တွေတစ်မျိုး ယောက်ယက်ကိုခတ်ပြီး အကုန်အလွဲလွဲအချော်ချော်တွေပေါ့။ပေါ့ပေါ့ပါးပါးနဲ့ ရီရတဲ့ပုံစံမျိုးမို့ ခဏတာအပန်းဖြေဖို့ မဆိုးလှတဲ့ဇာတ်ကားလို့ညွှန်းရင်းChannel Myanmar မှာ လာရောက်ကြည့်ရှူဖို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျာ။ File size…4GB / 1.4Gb ...
movie
Zombie Reddy (2021)
2021
7.8
Good Luck Sakhi (2022)
Good Luck Sakhi (2022)============================‘ကံကောင်းမှုဆိုတာမရှိပါဘူးကံတရားဆိုတာက ငါ့လက်ထဲမှာပဲရှိတယ်’ဒီကားလေးကတော့ Feb 12 မှာမှ လတ်လတ်ဆတ်ဆတ်ထွက်ရှိထားတဲ့Sports Comedy အမျိုးအစား ဇာတ်ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ်သာမန်ရွာလေးတစ်ရွာက ဂေါ်လီပစ်ရင်းပေါ့ပေါ့ပါးပါးသွက်သွက်လက်လက်ကြီးပြင်းလာတဲ့ သာမန်ကောင်မလေးတစ်ယောက်ဟာ အရွယ်ရောက်လို့လက်ထပ်ထိမ်းမြားရတော့မယ့်အချိန်မှာ ကံဆိုးစွာနဲ့ သတို့သားလောင်းကဆုံးပါးသွားရပါတော့တယ် ဒီလိုနဲ့ အကြောင်းတွေတိုက်ဆိုင်သွားပြီးသေနတ်ပစ်လေ့ကျင့်ကာ ပြိုင်ပွဲဝင်ဖို့ ဖြစ်လာတဲ့အကြောင်းကို ကြည့်ရှုရမှာပါဒီဇာတ်ကားလေးက အစအလယ်အဆုံး ပျင်းစရာမကောင်းဘဲ တက်ကြွဖျတ်လတ်နေတဲ့မင်းသမီးလေးကလည်း အတော်ချစ်ဖို့ကောင်းပါတယ် ဝါရင့်မင်းသားကြီး Jagapathi Babu ရဲ့သရုပ်ဆောင်ချက်တွေကလည်း မိမိုက်နေတာပါပဲ…ဇာတ်ဝင်တေးလေးတွေလည်းနားထောင်ကြည့်ရင် အတော်ကောင်းပြီး သီချင်းနောက်ခံဇာတ်ကွက်လေးတွေကလည်းချစ်စရာရယ်စရာကောင်းတာမို့ တစ်ကားလုံးမရစ်ဘဲ ကြည့်လိုက်ဖို့ အကြံပေးလိုက်ပါရစေ File size…4Gb / 900MB Quality…1080p H264 AAC 5.1CH / 720p AAC 2.0CH Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Go - O & Shwe Pwint & Haruko
movie
Good Luck Sakhi (2022)
2022
7.3
Race Gurram (2014)
Race Gurram (2014) ===================IMDB Rating 7.3 / 9.8k၂၀၁၄ခုနှစ်က ထွက်ခဲ့တဲ့ မင်းသားအာလူးအာဂျွန်ရဲ့အက်ရှင်ဇာတ်လမ်းကောင်းတပုဒ်ပါ....အက်ရှင်ခန်းအလန်းတွေ မင်းသားအာလူးရဲ့သရုပ်ဆောင်မိုက်ချက်တွေကြောင့်CMကနေ တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လမ်းအကျဉ်းအားလူးနဲ့သူ့အကိုရမ်က ညီအကိုရင်းဆိုပေမယ့်အကျင့်စရိုက်က တစက်မှမတူတဲ့ညီအစ်ကိုနှစ်ယောက်ပေါ့အားလူးက ခေတ်ရှေ့ပြေး လူငယ်ဆန်တဲ့စရိုက်နဲ့ ကောင်လေးရမ်ကတော့ စည်းကမ်းကြီးပြီး စနစ်တကျနေတတ်တဲ့လူပေါ့...ညီအစ်ကိုနှစ်ယောက်လုံးရဲ့ စရိုက်ခြားနားမှုနဲ့ မင်းသမီးလေးရှရှုတီယာရဲ့ ချစ်စရာအမူအရာလေးတွေကြားဘောလိဝုဒ်ပရိတ်သတ်တို့အကြိုက်တွေ့စေမှာမို့တင်ဆက်ပေးလိုက်ပါတယ်... File size…3.4GB / 1.4Gb Quality…1080p AMZ WEB DL / 720p Format…mp4 Duration….2h 43m Subtitle….Myanmar Subtitle (hard sub) Encoder….X - Cross Translated by Chan Myae
movie
Race Gurram (2014)
2014
7.6
Sridevi Soda Center (2021)
IMDb Rating (7.6)ဒီနေ့ပဲအသစ်ထွက်ရှိလာတဲ့ အိန္ဒိယတောင်ပိုင်း အချစ်အက်ရှင်ဇာတ်ကားလေးတစ်ကားကို တင်ဆက်လိုက်ပါတယ်။Suri Babu ဟာ သူ့ရွာမှာစတိတ်ခုံ မီးစတဲ့အပြင်အဆင်တွေမှာကွျမ်းကျင်သူတစ်ယောက်ဖြစ်ပြီး အဲ့ဒီအလုပ်ကို စီးပွားရေးအဖြစ်ဇောက်ချလုပ်ဖို့စဉ်းစားနေပါတယ်၊သူချစ်မိသွားတာကတော့ ဆိုဒါအရောင်းဆိုင်ပိုင်ရှင်ကြီးရဲ့သမီး မိန်းမလှလေးSrideviပဲဖြစ်ပါတယ်။ Srideviက သူ့အချစ်ကိုတုန့်ပြန်ခဲ့ပေမယ့် သူ့အဖေကတော့ ခါးခါးသီးသီးပါပဲ။သဘောမတူနိုင်ရတဲ့အကြောင်းရင်းကတော့ Suri ဟာ သူတို့ထက် ဇာတ်နိမ့်နေလို့ပါပဲ။တစ်နေ့မှာတော့ ဆူရီဟာ ရွာထဲကအကောင်ကြီးကြီးတစ်ယောက်နဲ့လူသတ်မှုတစ်ခုမှာပါဝင်ပတ်သက်မိရာကနေ ဒုက္ခကြုံရပြီး အချစ်ဇာတ်လမ်းမှာပါ အနှောင့်အယှက်တွေကြုံရဖို့ဖြစ်လာပါတော့တယ်။တစ်ခုပြီးတစ်ခု မြွေပူရာကင်းမှောင့်သလိုဖြစ်လာတဲ့ပြဿနာတွေဟာ သွေးရိုးသားရိုးဟုတ်ပါ့မလား။ သူ့အပေါ်မလိုမုန်းထားသူတွေ သူတို့ဇာတ်လမ်းအပေါ်ဖျက်လို့ဖျက်ဆီးလုပ်ချင်သူတွေ ဘယ်လောက်များမလဲ။ ဒါတွေကိုရော သူတို့နှစ်ယောက်ကြံ့ကြံ့ခံကျော်ဖြတ်နိုင်ကြမလား ဆိုတာဇာတ်လမ်းထဲမှာဆက်လက်ရှုစားကြပါ။အပြင်မှာတကယ်ဖြစ်နေဆဲ ဖြစ်ခဲ့ပြီးသား အဖြစ်အပျက်တွေထဲက ဖြစ်ရပ်မှန်တစ်ချို့ကိုအခြေခံထားတာဖြစ်ပါတယ်။ ဘယ်လိုအဖြစ်မှန်တွေလဲဆိုတာကိုသိရင်တော့ ဇာတ်လမ်းပေါ့ပျက်သွားနိုင်လို့မပြောတော့ပါဘူး။ကိုယ်တိုင်ကြည့်ပြီးအဖြေရှာကြပါ။ File size…(2.2 GB) / (1.1 GB) Quality….WEB-DL HEVC 1080p / 720p Format…mkv/mp4 Duration….02:26:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Murphy & Alias
movie
Sridevi Soda Center (2021)
HEVC 1080p
6.3
Chalo(2018)
Chalo (2018) -------------2018ခုနှစ်မှာ ထွက်ခဲ့တဲ့ ဒီရုပ်ရှင်လေးကImdb 6.3 / 10 User 1.1kနဲ့ အတော်လေးratingမြင့်ပြီး မင်းသမီး Rashmika ပါနေတာကြောင့််တင်ဆက်ပေးလိုက်ပါတယ်....ဇာတ်လမ်းအကျဉ်းဒီဇာတ်ကားလေးကတော့ ရွာနှစ်ခြမ်းကွဲနေတဲ့ တေလဂူဘက်နဲ့ တမီလ်ဘက်က ပဋိပက္ခလေးတွေကိုဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ကားလေး ဖြစ်ပါတယ်ဟရီဆိုတဲ့ ရန်ဖြစ်ရတာကို ဝါသနာပါနေတဲ့သူကိုမှ စည်းကျော်ရင် သတ်မယ်ဆိုပြီးအမြဲရန်ဖြစ်နေတဲ့ ရွာကိုကောလိပ်တက်ဖို့ မိဘတွေက ပို့လိုက်ပါတယ်ဟရီတစ်ယောက် ရန်မဖြစ်ပဲ ကောလိပ်မှာ ဖူးစာရှင်လေးနဲ့ဆုံသွားခဲ့ပေမယ့်တစ်ယောက်ကတမီလ် တစ်ယောက်တေလဂူဖြစ်နေတော့ ပေါင်းဖက်ဖို့က ရွာနှစ်ခြမ်းပြန်ပေါင်းမှ ဖြစ်နိုင်မှာကိုသိသွားတဲ့အခါဒီရွာနှစ်ခြမ်းက ဘယ်လိုအကြောင်းကြောင့် သွေးကွဲသွားရတာလဲဟရီတစ်ယောက် သူရဲ့အချစ်အတွက် နှစ်ပေါင်းများစွာ မတည့်ခဲ့တဲ့ဒီနှစ်ရွာကို ဘယ်လိုပြန်ပေါင်းမလဲဆိုတာကိုဆက်လက်ကြည့်ရှုပေးပါဦးရှင်... File size…2.2Gb / 1.1GB / 643MB Quality…1080p HD RIP 5.1Ch / 720p / 480p Format…Mp4 Duration….2h 25mins Subtitle….Myanmar Subtitle ( Hard Sub) Encoder….YK Translated by Ida
movie
Chalo(2018)
8.9
Kaadan(2021)
Kaadan 2021ရုံတင်ပြီး Digital Releasesနဲ့ထွက်ဖို့ကြန့်ကြာနေခဲ့တဲ့ တမီးလ်ကား ရပါပြီခင်ဗျာ။ပရိသတ်ရင်းနှီးပြီးသား မင်းသားတွေမို့လည်းတော်တော် တောင်းဆိုကြတာထင်ပါရဲ့။Baahubali ထဲက ဗီလိန်ကြီး Rana၊Raatchasan ထဲက မင်းသား Vishnu Vishalတို့အပြင်ဟာသကားတွေထဲ မြင်ဖူးနေကျ Pulkit Samratနဲ့မင်းသမီးချော Shriya Pilgaonkarတို့ပါပဲ။ဒီကားထဲမှာ ဥယျာဉ်မှူးကြီး ဘန်ဒေ့ဖ်က အဓိကပေါ့။သူဟာ တောထဲမှာ တိရစ္ဆာန်တွေနဲ့အတူနေထိုင်တယ်။တောထဲက ဆင်တွေကျားတွေကအစ သူ့စကနားထောင်ကြတယ်။သူကလည်း တိရစ္ဆာန်တွေကအစသစ်ပင်ကနေ မြေကြီးအထိ ချစ်တတ်တယ်။ဒီလို တောကိုချစ်တဲ့ သူရဲ့ မြေပိုင်နက်ထဲတနေ့မှာတော့ မြို့သစ်စီမံကိန်းဆိုပြီးအဖွဲ့အစည်းတစ်ခု ရောက်လာခဲ့ပါတယ်။သူအနေနဲ့ ဘယ်လို ရင်ဆိုင်ပြီးသူ့အတွက် ပြိုင်ဘက်တွေကဘယ်လောက်ထိ ယုတ်မာကောက်ကျစ်မလဲ၊သူနဲ့အတူ ဒီမြေမှာ တခြား ဘယ်သူတွေကမုဆိုးတွေ ဖြစ်နေမလဲဆိုတာကို ခံစားကြည့်ကြပါဦးဗျာ။ဒီဇာတ်ကားဟာ ဒီနေ့မှာတော့ တရားဝင်ထုတ်လွှင့်ရာကနေထွက်လာတာမျိုးမဟုတ်ဘဲLeakလာတဲ့အနေအထားမို့ HINDIဗားရှင်းပဲ ရှိပါသေးတယ်။Hindi အသံထွက်နဲ့ ပါးစပ်လွဲနေတာ မဟုတ်ပါဘူး။ဟင်ဒီသရုပ်ဆောင်တွေ ဖြစ်ကုန်တာပါ။တမီးလ်မူရင်းမှာတော့ တမီးလ်မင်းသားမြင်ရမှာပါ။သရုပ်ဆောင်တွေ ကွဲနေပါတယ်။Tamilအသံနဲ့ ကြည့်ချင်ရင်တော့ စောင့်ရဦးမယ်ခင်ဗျာ။ File size…2.73GB / 1.4GB / ...
movie
Kaadan(2021)
2021
8.3
Mosagallu (2021)
Mosagallu (2021)IMDb - 8.3/10အာဂျွန်ဟာ ဇာတ်လမ်းအစမှာတော့ ကောစင်တာတစ်ခုရဲ့ သာမန်ဝန်ထမ်းလေးပါ။ဒါပေမဲ့ သူ့ဆီဖုန်းဆက်သူတိုင်းရဲ့ သိရတဲ့ ဒေတာတွေကိုတော့ မှတ်သားထားတတ်တယ်။ ဒါကို သူ ပြန်ပြီး ရောင်းချတဲ့ နေရာတစ်ခုလည်း ရှိတယ်။ အာဂျွန်အနေနဲ့ သူတပါးရဲ့ ပါဆင်နယ်ဒေတာတွေကို ရောင်းတဲ့ နေရာက Dark Webတဲ့။အိန္ဒိယတွေဟာ အဲ့ဒီနယ်ပယ်တွေမှာ တော်တော် လှုပ်ရှားနေတာ သိကြမှာပါ။ဝယ်ယူသူတွေက ဘာအတွက် ဝယ်ကြမလဲ။ အဲ့ဒီUser Nameနဲ့ Passwordတွေမှာ ဘဏ်အကောင့်ဆိုင်ရာ အချက်အလက်တွေပါလာမယ်။ လူသိမခံဝံ့တဲ့ ကိစ္စတွေ ပါလာမယ်။ဒါတွေကို အသုံးချပြီး ကီးဘုတ်ပေါ် လက်တင်ရုံနဲ့ ငွေကြေးရှာဖွေနေသူတွေ အဖို့ ရွှေတွင်းပဲ။အာဂျွန်ဟာ ဒီလို အသေးအမွှား ငွေကြေးရှာဖွေရာကနေ သူအလုပ်လုပ်တဲ့ ကောစင်တာက ဘောစ့်နဲ့ ရင်းနှီးနေတော့ သူတို့ ၂ယောက်အတူ တရားမဝင် စီးပွားတစ်ခု စပ်တူလုပ်ဖို့ အကြံရခဲ့ပါတယ်။သူတို့ရဲ့ ပြစ်မှတ်က အခွန်ကို သေလောက်အောင် ကြောက်တဲ့ အမေရိကန်တွေပေါ့။"ရိုးရိုးသားသားရှာတဲ့ ငွေကပဲ ကိုယ့်ပိုက်ဆံ"တဲ့၊ မရိုးမသားနဲ့ ရတဲ့ပိုက်ဆံဟာ မြွေလှေကား ကစားပွဲထဲက လှေကား တက်ရသလိုပေါ့ဗျာ။မတော်ရင် ဘေးက မြွေပါးစပ်ထဲ အံဝင်ခွင်ကျ ရောက်သွားတတ်တာပဲမလား။သူတို့ရဲ့ ...
movie
Mosagallu (2021)
2021
6.9
Bheeshma (2020)
ဒီကားထဲက မင်းသား Nithiinကို အိန္ဒိဇာတ်ကားချစ်သူတွေ သိပ်မသိလောက်ပေမယ့် အပြုံးလှလှပိုင်ရှင်လေးဖြစ်တဲ့မင်းသမီးချောလေး Rashmika Mandanna ရဲ့ ဇာတ်ကားမို့ ကြည့်စေချင်တဲ့ စေတနာနဲ့ ဘာသာပြန် တင်ဆက်လိုက်တာပါ။မူရင်း အင်္ဂလိပ်စာဖိုင်မှာ အင်္ဂလိပ်လိုပြောတဲ့နေရာတွေမှာ စာမပါတဲ့အတွက် အတတ်နိုင်ဆုံး နားထောင်ပြီး အပြည့်စုံဆုံးဖြစ်အောင် ကြိုးစားပေးလိုက်တာပါ။ဇာတ်ကားအကြောင်း နည်းနည်းပြောရမယ်ဆိုရင်... ရုတ်တရတ်ကြည့်ရင်တော့ ဒီဇာတ်ကားကဝန်ကြီးချုပ်မင်းသားလို့ခေါ်တဲ့ Mahesh Babu ရဲ့ ဝန်ကြီးချုပ်ဇာတ်ကား(Bharat Ane Nenu)နဲ့ Maharshi ဇာတ်ကားကိုinspiration ယူပြီး ရိုက်ကူးထားတယ်လို့တောင် ထင်ချင်စရာပါပဲ။ဒါပေမယ့်လည်း ကွဲလွဲနေတာတွေတော့ အများကြီးရှိပါတယ်။ဒီကားထဲကမင်းသားဟာ တေလေဂျပိုး ၊ ကောလိပ်ကနေ အထုတ်ခံလိုက်ရတဲ့သူ။ဘ၀မှာ ကံဆိုးတတ်သူမို့ ဂေါ်မစွံလူပျိုဘ၀နဲ့ သူပြောတဲ့စကားထဲကလို IAS (I Am Single) ဖြစ်နေသူ။မိန်းကလေးတစ်ယောက်ကို ပြန်ပေးဆွဲပါတယ်ဆိုပြီး ရဲစခန်းရောက်အပြစ်တွေကို အေစီပီအရာရှိလက်အောက်မှာ ဆေးကြောရင်း အေစီပီ့သမီးကိုချစ်ကြိုက်မိရာကနေ သူ့ဘ၀ ပြောင်းလဲလာတယ်လို့ ဆိုရမှာပါပဲ။ဘာတွေ ဘယ်လိုပြောင်းလဲမလဲဆိုတာကတော့ ကိုယ့်ဘာသာ ခံစားလိုက်ပါတော့။ဒီကားထဲမှာ ...
movie
Bheeshma (2020)
2020
8.1
Manikarnika – The Queen Of Jhansi [2019]
(Unicode)၂၀၁၉ ခုနှစ်မှာ ဘာသာစကား၅မျိုးနဲ့ရုံတင်ပြီး ထွက်လာခဲ့တဲ့ တေလဂူး အက်ရှင်၊ ဒရာမာ၊ သမိုင်းဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကားကြီး တင်ဆက်ပေးလိုက်ပါတယ်။တေလဂူးမင်းသားချော ဘိုင်ရာဘာလို့ အများခေါ်တဲ့ ရမ်ချရန်(Ram Charan)ကိုယ်တိုင် ပရိုဂျူဆာလုပ်ပြီး ရမ်ချရန်ရဲ့ ဖခင် Chiranjeevi ကို မင်းသားအဖြစ် တွေ့မြင်ရမှာပါ။မင်းသမီးမင်းသားတွေကတော့ အိန္ဒိယပရိသတ်တွေအဖို့ အထူးတလည် မိတ်ဆက်စရာ လိုမယ်မထင်ပါဘူး။မင်းသမီး နှစ်ယောက်ပါဝင်ပြီး Baahubaliကားထဲက မင်းသမီးချော Tamannah Bhatia၊ Viswasamထဲက နာမည်ကြီး မင်းသမီးချော Nayanthara၊နောက်ထပ် မင်းသား၃ယောက်ကတော့ ဟင်ဒီမင်းသားကြီး Amitabh Bachchan၊လူသိများတဲ့ 96 တမီးလ် မင်းသား Vijay Sethupathi၊တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ ယင်ကောင်ကားထဲက ဗီလိန်ကြီး Sudeep တို့အပြင် နောက်ထပ် တောင်ပိုင်းစတားတွေ များစွာပါဝင်ပါတယ်။၁၈၄၆ခုနှစ်ဝန်းကျင် အိန္ဒိယရဲ့ လွတ်လပ်ရေးမီးရှုးတန်ဆောင်ဖြစ်ခဲ့တဲ့ ...
movie
Manikarnika – The Queen Of Jhansi [2019]
2019
5.6
Naayak (2013)
Naayak (2013) ============= ဘောလီးဝုဒ် ဖိုက်တင်ကား ကြည့်ချင်သူတွေအတွက် Naayak ဆိုတဲ့ Imdb 5.6 ရထားတဲ့ကားလေးဖြစ်ပါတယ်..မင်းသားကလဲ နာမည်ကြီးဖိုက်တာမင်းသားဆိုတော့ လှပြီလေ။Naayak ဆိုတာ မြန်မာလိုဆို ခေါင်းဆောင် လို့အဓိပ္ပါယ်ရပါတယ်။ နိုင်သူစားစတမ်း လူမိုက်တွေကြီးစိုးနေတဲ့မြို ့မှာ လူမိုက်တွေဟာ ဥပဒေလွတ် ဆင်းရဲသားလူတန်းစားတွေကို အနိုင်ကျင့်ဂုတ်သွေးစုပ်ပြီး ကျိကျိ်တက်ချမ်းသာ နေကြပါတယ် ။ ရဲတွေ အာဏာရှိသူတွေကလဲ သူတို့ဘက်တော်သားဆိုတော့ ဘယ်သူကမှ သူတို့ကို မတော်လှန်ဝင့်ကြပါဘူး အဲ့အချိန်မှာ ဒီကြားထဲကနေ သူတို့ကို ပြန်တွန်းလှန်မယ့် အင်အား ကြီးတဲ့ naayak ဆိုသူ ပေါ်လာချိန်မှာတော့……….ပေါ့ပေါ့ပါးပါးကြည့်ဖို့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။File size…(1.2 GB) and (600 MB) Quality….WEB-DL Rip 720p Format…mp4 Duration….02:32:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Nyi Ye Naing
movie
Naayak (2013)
2013
7.1
F2: Fun and Frustration(2019)
F2: Fun and Frustration(2019) IMDb...7.1 ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်က စာအုပ်တစ်အုပ်မှာ ယောကျာ်းကောင်းတွေက မိန်းမကြောက်ကြတယ်လို့ရေးဖူးတယ်..... မည်သို့ပင်ဆိုစေကာမူ ကျွန်တော်တို့ပတ်ဝန်းကျင်မှာတော့ ယောက်ျားအားလုံးနီးပါး မိန်းမကြောက်ကြပါတယ်... ဒီကုလားကားကတော့ မိန်းမစိတ်ကိုနားလည်ဖို့ကြိုးစားကြတဲ့ မယားညီအစ်ကိုနှစ်ကောင်နဲ့ သူ့တို့မိန်းမတွေ အကြောင်းပေါ့။ ယေဘုယျဆန်ဆန်ပြောရမယ်ဆိုရင် ဒီကားထဲက ညီအကို(၂)ယောက်ဟာ ယောင်္ကျားထုအားလုံးကို ကိုယ်စားပြုပြီး မိန်းကလေး(၂)ယောက်ကတော့ မိန်းမထုအားလုံးကို ကိုယ်စားပြုနေပါတယ်... အချို့ ကုလားကားတွေလို Over actionတွေမပါတဲ့အပြင် Over actionတွေကို သရော်သွားပြီး သမီးရည်းစားအနေအထား အိမ်ထောင်သည်အနေအထား နှစ်ဘက်မိဘဆွေမျိုးတွေကိုပတ်သက်ရတဲ့အနေအထားအားလုံးကို ပညာသားပါပါလေးနဲ့ ဟာသလေးတွေစွက်ပြီး ပြသွားပါတယ်.... မိန်းမနိုင်ဖို့ကြိုးစားနေတဲ့သူတွေအဖို့ ရှောင်ရန်ပညာလေးတွေရနိုင်သလို မိန်းမကြောက်ရသူတို့အဖို့ ငါတို့သည် ယောင်္ကျားသားများသာလို့ ခပ်တည်တည်တွေးရမယ့် ကားလေးပါ.. အမျိုးသမီးတို့အဖို့တော့ ကမ္ဘာဦးကထဲက ရှိခဲ့တဲ့ နိယာမကို ဘယ်သူကများ တွန်းလှန်နိုင်ပါ့မလဲလို့ ပီတီဟန်တွေအပြည့်နဲ့ ပြုံးနိုင်မယ့်ကားဆိုပါတော့... ပေါ့ပေါ့ပါးပါးလေးနဲ့ ရယ်မောပျော်ရွှင်ရသလို ပညာလည်းရတဲ့ ကောင်းလည်းကောင်းတဲ့ ကုလားကားတွေမှ သဘောကျတဲ့သူတွေအဖို့ ခံစားကြည့်ကြပါလို့ တိုက်တွန်းအပ်ပါတယ်... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ အိမ်ထောင်မကျသေးတဲ့ WiRa Aung ပဲဖြစ်ပါတယ်... File Size : (1.24GB) and (400 MB) Quality : WEB-DL 720p, Format…mp4 Duration…02:28:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by WiRa Aung Encoded ...
movie
2019
1
2
Previous