Channel Myanmar

Raffiella Chapman

The Theory of Everything (2014) 7.7
The Theory of Everything (2014) The Theory of Everything (2014) Imdb - 7.7 / Rotten Tomatoes 80%ဒီဘက်​ခေတ်​ရဲ့ အကြီး​ကျယ်​အခမ်းနားဆုံး သိပ္ပံပညာ​ရှင်တွေထဲကတစ်ဦးအဖြစ် လူသိများကြတဲ့ သီအိုရီရူပဗေဒပညာရှင် Stephen​ Hawking ရဲ့ အတ္ထုပတ္တိရုပ်ရှင်ဖြစ်တဲ့ ဒီဇာတ်ကားက​ Hawking ရဲ့ တက္ကသိုလ်​ကျောင်းသားဘဝကစလို့ နာမည်​ကျော်​သိပ္ပံပညာ​ရှင်ဖြစ်​လာတဲ့အထိ သူ့ရဲ့​ဘဝဇာတ်ကြောင်းကို တင်ဆက်ထားတာဖြစ်ပါတယ်။ Hawking​ အဖြစ်​သရုပ်ဆောင်​ထားတဲ့ Eddie Redmayne က ဒီ​ဇာတ်​ကားနဲ့ပဲ အော်​စကာဆုကိုရရှိခဲ့ပါတယ်။Stephen Hawking​ ရဲ့ Biopic ရုပ်ရှင်​ဖြစ်ပေမဲ့ နားလည်​ဖို့ခက်ခဲလွန်းတဲ့ Black Hole သီအိုရီတွေ Quantum​ တွေကိုအသားပေးထားတာမဟုတ်ဘဲ Hawking နဲ့ ဇနီး​ဖြစ်သူ​ Jane တို့အကြားက ချစ်​ခြင်း​မေတ္တာ​တရားတွေ၊ သံယောဇဉ်​အနိမ့်အမြင့် အတက်အကျတွေနဲ့အတူ Hawking​ ခံစား​နေရတဲ့ Motor Neuron ရောဂါ​ကို နှစ်​ဦး​သား​အတူရင်ဆိုင်ပြီး ဘဝကို​ရှင်သန်​ရှာဖွေခဲ့ကြပုံကို တင်ဆက်​ထားတဲ့ ကြည်​နူး​ဆွတ်ပျံ့​ဖွယ်ဇာတ်လမ်းတစ်ပုဒ်လို့ပြောရင် ...
movie

The Theory of Everything (2014)

2014
Vesper (2022) 6.4
Vesper (2022) Vasper (2022)~ IMDb - 6.4/10, Rotten Tomatoes - 90% ~အနာဂတ်မှာ ကမ္ဘာကြီးရဲ့ဂေဟစနစ်ပျက်စီးတော့မှာကို လူသားတွေသိရှိခဲ့ပြီးတော့ အပင်တွေမပျက်စီးဖို့ ကြိုတင်ပြင်ဆင်ခဲ့ကြပါတယ်။ ထိုင်နေတုန်းကအကောင်း ထသွားမှကျိုးမှန်းသိ ဆိုသလို သူတို့တွေစမ်းသပ်ပြင်ဆင်နေတဲ့ အပင်မျိုးစိတ်တွေက ဓါတ်ခွဲခန်းတွေထဲကနေ လွတ်ထွက်သွားပြီး ကမ္ဘာတစ်ခုလုံးဗြောင်းဆန်သွားတော့တာပါပဲ။ နဂိုရှိရင်းစွဲ အပင်နဲ့တိရိစ္ဆာန်မျိုးစိတ်တွေအကုန် မျိုးသုဉ်းသွားတဲ့အပြင် ကမ္ဘာပေါ်မှာလည်း လူသားအနည်းငယ်သာကျန်ပါတော့တယ်။ ကျန်နေခဲ့တဲ့လူသားတွေထဲမှာမှ အထက်တန်းလွှာတွေက Citadel လို့ခေါ်တဲ့ အလုံပိတ်မြို့တော်တွေမှာနေနေကြပြီး ကျန်တဲ့သူတွေကတော့ ခက်ခဲကြမ်းတမ်းတဲ့လောကကြီးမှာ အသက်ရှင်ကျန်ဖို့ ရုန်းကန်ကြရပါတော့တယ်။ကျွန်တော်တို့ရဲ့ဇာတ်လိုက် ၁၃ နှစ်သမီး ဗက်စ်ပါဟာ ဉာဏ်ကောင်းတဲ့သူ၊ တော်တဲ့ ထက်မြက်တဲ့သူဖြစ်သော်ငြားလည်း အထက်တန်းလွှာမဟုတ်တဲ့အပြင် သူ့အဖေကလည်း အိပ်ရာပေါ်မှာ ပက်လက်ပါ။ မြို့တော်အတွက် စစ်မှုထမ်းရင်း မသန်စွမ်းဖြစ်ခဲ့ရတာကြောင့် ကရုဏာကြေးပေးထားတဲ့ ဒရုန်းလေးကနေတစ်ဆင့်ပဲ သားအဖနှစ်ယောက် စကားပြောဆက်သွယ်ကြရပါတယ်။မြို့တော်တစ်မြို့နဲ့ကုန်သွယ်နေတဲ့ ဦးလေးတော်သူကလည်း တူမကို ကူညီဖို့နေနေသာသာ ခြေတော်တင်ဖို့အထိ စိတ်ကူးနေတဲ့သူဆိုတော့ ဗက်စ်ပါအတွက် အန္တရာယ်ပတ်လည်ဝိုင်းနေတဲ့ ...
movie

Vesper (2022)

2022
Infinite(2021) 7.0
Infinite(2021) Infinite(2021) အညွှန်း**********************သိပ္ပံစိတ်ကူးယဉ် အက်ရှင် ကောင်းတာလေး ကြည့်လို့ရအောင် တင်ပေးလိုက်ပါတယ်။မင်းသားမင်းသမီးတွေကလည်း သိပြီးသားလူတွေပါပဲ။ဇာတ်လမ်းကတော့ လူဝင်စားအယူအဆတွေကို အခြေခံထားပါတယ်။ကမ္ဘာကြီးထဲက လူအချို့မှာအတိတ်ဘဝတွေအကုန်လုံးကို မှတ်မိနိုင်တဲ့ အစွမ်းပါလာတဲ့ လူတွေရှိနေပါတယ်။သူတို့ သင်ခဲ့သမျှ တတ်ခဲ့သမျှတွေကိုပါ မှတ်မိနေတာဖြစ်တဲ့အတွက်ဘဝတွေ ကြာရှည်လာလေလ ပိုပြီး တော်လာလေလေပါပဲ။ဒီလို လူတွေထဲမှာမှ နှစ်မျိုးကွဲနေပါတယ်။ တစ်ဖွဲ့ကတော့ ဒီအစွမ်းနဲ့ အသိပညာတွေကို လူသားတွေကော်းဖို့ သုံးသင့်တယ်လို့ထင်တဲ့အဖွဲ့ပါ။နောက်တစ်ဖွဲ့ကတော့ ဒီလိုတွေ ပြန်ဝင်စားနေရတာဟာ ဆင်းရဲဒုက္ခမို့ ဒီဘဝကနေ လွတ်မြောက်ဖို့ အတွက် ကြိုးစားမယ့်အဖွဲ့ပါ။သူတို့ ကြိုးစားတာကတော့ ရိုးရှင်းပါတယ်။ ပြန်ဝင်စားစရာမရှိအောင် သက်ရှိတွေ တစ်ယောက်မကျန်သတ်လိုက်ရင် သံသရာအေးသွားမယ်ဆိုတာပါပဲ။ အဲဒီလို နှစ်ဖွဲ့ နှစ်ပေါင်းများစွာ အားပြိုင်လာရင်းနဲ့တစ်နေ့မှာ သူ့ကိုယ်သူ လူဝင်စားမှန်းမသိဘဲ စိတ်ရောဂါရှိနေတယ်ထင်လို့ ပြဿနာတွေတက်နေတဲ့ မင်းသားကိုတွေ့သွားတဲ့အခါ အဲဒီမင်းသားက သူတို့ ...
movie

Infinite(2021)

HEVC 1080p 5.1