Channel Myanmar

Rafe Bird

The Shamrock Spitfire (2024)
The Shamrock Spitfire (2024)   ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိသျှတော်ဝင်လေတပ်မှာ အသက် ၂၁ နှစ်နဲ့ အသက်အငယ်ဆုံး ဒုတိယဗိုလ်မှူးကြီးအဖြစ် သမိုင်းဝင်ခဲ့တဲ့ တိုက်လေယာဉ်မှူး အိုင်ယာလန်နိုင်ငံသားလေး ဘရက်ဒန်ရဲ့ဖြစ်ရပ်မှန်ကို ရိုက်ကူးတင်ဆက်ထားတဲ့ ဒီဇာတ်ကားက ဆုပေါင်း ၅၂ ဆုနဲ့ nomination ၇ ဆုဝင်ထားတာပါ။ဇာတ်လမ်းနာမည်က Shamrock ဆိုတာက အိုင်ယာလန်နိုင်ငံသားတွေရဲ့ သင်္ကေတ အရွက်၃ရွက်ပါ ရှန်မ်ရော့ခ်သစ်ရွက်လေးကို ညွှန်းဆိုတာဖြစ်ပြီး Spitfire ဆိုတာကတော့ ဒုတိယကမ္ဘာစစ်အတွင်း နာမည်ကျော်ခဲ့တဲ့ ဗြိတိန်တိုက်လေယာဉ်ဖြစ်ပါတယ်။ လေယာဉ်ရဲ့ အင်ဂျင်က မြင်းကောင်ရေအား ၁၀၄၀ အားရှိပြီး Rolls Royce မာလင်အင်ဂျင်ဖြစ်ကာ တစ်နာရီကို အမြင့်ဆုံး ၃၇၄ မိုင်နဲ့ ပေ ၃၇၀၀၀ လောက်အထိကို ပျံသန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။အဖေက အိုင်ယာလန်ဖြစ်ပြီး အမေ အင်္ဂလိပ်လူမျိုးက မွေးဖွားလာတဲ့ ဘရက်ဒန် ဖီနူကန်လေးက ငယ်စဉ်ကတည်းက ပျံသန်းလိုစိတ်ပြင်းပြသူလေးပါ။ အသက်အရွယ်ရောက်လာတော့ တော်ဝင်လေတပ်ရဲ့ လူသစ်ခေါ်စာကိုတွေ့ပြီး ...
movie

The Shamrock Spitfire (2024)

Ripper’s Revenge (2023) 5.3
Ripper’s Revenge (2023) လန်ဒန်မြို့မှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ကွင်းဆက်လူသတ်သမား Jack the Ripper ရဲ့ လူသတ်မှုတွေ ဖြစ်ပွားပြီး တစ်နှစ်အကြာ ၁၈၈၉ ခုနှစ်မှာ ဖြစ်ပါတယ်။ ရဲတွေက စုံစမ်းစစ်ဆေးမှုတွေ အသည်းအသန် လုပ်ခဲ့ကြပေမဲ့လည်း Jack the Ripper ရဲ့ သရုပ်မှန်ဟာ ခုချိန်ထိ လျှို့ဝှက်ဆန်းကြယ်ဖြစ်နေဆဲပါ။ ဆီဘက်ရှန် စတပ်ဘ်က London Morning’s Times က သတင်းထောက်တစ်ဦးပါ။ ၁၈၈၈ က Jack the Ripper ရဲ့ လူသတ်မှုတွေအကြောင်း ရေးပြီး အကြီးအကျယ် အောင်မြင်ခဲ့ပေမဲ့ တစ်နှစ်အကြာမှာတော့ ကံဆိုးမိုးမှောင်ကျပြီး လူစိတ်မဝင်စားတဲ့ သတင်းတွေကိုပဲ ရေးနေရပါတယ်။ ငွေရေးကြေးရေး ကြပ်တည်းပြီး အိမ်ငှားခတောင် မပေးနိုင်ဖြစ်နေပါတယ်။တစ်နေ့မှာတော့ သူ့ဆီကို ထူးဆန်းတဲ့ စာတစ်စောင်ရောက်လာပါတယ်။ စာအောက်ခြေမှာလည်း Jack the Ripper လို့ လက်မှတ်ထိုးထားပြီး သူ ...
movie

Ripper’s Revenge (2023)