Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Rafael Castillo
6.5
Cinnamon (2023)
ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက် စိတ်ကူးတွေနဲ့ တကယ့်လက်တွေ့ဘဝ တကယ်လုပ်နေရတဲ့အလုပ်တွေက ထပ်တူမကျတဲ့အခါမှာ နေ့စဉ်လှုပ်ရှားသွားလာနေရတဲ့ဘဝက တဖြည်းဖြည်းနဲ့ ပျော်ရွှင်မှုတွေကင်းမဲ့လာပါတယ် ။ တချို့သောသူတွေအတွက်ကတော့ ဘဝပေးအခြေအနေကြောင့် ပျော်ရာမှာမနေရ ၊ တော်ရာမှာနေရ ဆန္ဒနဲ့ဘဝထပ်တူမကျဘဲ လက်ရှိနေရာကနေ ရုန်းမထွက်နိုင်တဲ့သူတွေ ရှိနေပါတယ်။ဒီဇာတ်လမ်းလေးထဲမှာတော့ Jodi ဆိုတဲ့ ကောင်မလေးတယောက် သူ့အိပ်မက်က အဆိုတော်နဲ့သရုပ်ဆောင်ဖြစ်ချင်တယ် ဒါပေမယ့် လက်ရှိသူ့ဘဝအခြေအနေအရ ဓာတ်ဆီဆိုင်မှာ အရောင်းဝန်ထမ်းလုပ်ပြီး ဘဝရဲ့နေ့ရက်တွေကို စိတ်ညစ်ညစ်နဲ့ ကုန်ဆုံးနေတဲ့သူတယောက် တရက်မှာတော့ အဲဒီဘဝထဲကနေ သူ့ကိုဆွဲထုတ်ပေးမယ့်သူတယောက်နဲ့ ကြုံဆုံလာပါတော့တယ်။ဒါပေမဲ့ တကယ့်တကယ် သူ့အိပ်မက်တွေအမှန်တကယ်ဖြစ်ပေါ်လာဖို့ ထင်သလောက်မလွယ်တဲ့အခါမှာ သူတို့၂ ယောက်ပေါင်းကာ သူအလုပ်လုပ်နေတဲ့ဆိုင်ကို ဓားပြတိုက်ပြီး ထွက်ပြေးဖို့ကြံစည်ကြပါတော့တယ် ။ ဒါပေမယ့် ကြံစည်ထားသလိုဖြစ်မလာဘဲ ၂ ယောက်လုံး အသက်ဘေးအန္တရာယ်နဲ့ ကြုံလာရတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ဇာတ်လမ်းလေးမှာ ကြည့်ရှုအားပေးကြပါဦးခင်ဗျာ ။ File size…(650 Mb) Quality….Webrip 720p Format… mp4 Duration…. 01:31:00 Genre... ...
movie
Cinnamon (2023)
Half Baked: Totally High (2024)
စတုန်နာ ဟာသရုပ်ရှင်ပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဂျေအာ၊ ဘရုစ်၊ ကော်ရီနဲ့ မိုင်းလ်စ်ဆိုတဲ့ အလယ်တန်းကတည်းကပေါင်းလာကြတဲ့ စတုန်နာသူငယ်ချင်းလေးယောက်ရှိကြတယ်ပေါ့။ တစ်နေ့မှာ ဘရုစ်က Holy Trinity လို့ခေါ်တဲ့ ဆေးခြောက်ပင်သုံးမျိုးကိုပေါင်းထားတဲ့အတိုင်ကိုသောက်မိပြီး နတ်ပြည်ရောက်သွားတာ နတ်ပြည်ကနေပြန်မဆင်းလာတော့ဘူးပေါ့။အဲဒီလိုနဲ့ ကျော်မကောင်းကြားမကောင်း ဝိပြဲရင်းရှောသွားတဲ့သူငယ်ချင်းဘရုစ်ရဲ့ နောက်ဆုံးဆန္ဒဖြစ်တဲ့ သူ့ရဲ့မွေးရပ်မြေမှာ သင်္ဂ်ြုဟ်ပေးဖို့ကိစ္စကို အကောင်အထည်ဖော်ဖို့အတွက် သူငယ်ချင်းသုံးယောက်ကဆုံးဖြတ်လိုက်တော့တယ်။ ဘရုစ်ရဲ့အလောင်းကိုရွေးပြီး နယူးဂျာစီ၊ ပါဆေးအထိသယ်ဖို့ဆိုရင် ဒေါ်လာလေးသောင်းတောင်ကျမှာဖြစ်တာကြောင့် စတုန်နာသူငယ်ချင်းတသိုက်ဟာ သတ်မှတ်ရက်အတွင်းမှာ လိုအပ်နေတဲ့ငွေကိုရှာဖို့ကြိုးစားကြရင်း မူးယစ်ရာဇာတွေနဲ့ပါဇာတ်ရှုပ်ကုန်ပါတော့တယ်။ဒီလိုနဲ့ နောက်ဆုံးမှာ သူငယ်ချင်းဖြစ်သူရဲ့ဆန္ဒကိုဖြည့်ဆည်းပေးနိုင်မလားဆိုတာကိုတော့ လေပေါ်မှာလွင့်ရင်းဆက်ကြည့်လိုက်ပါဦး။ ဟာသကားမို့အများကြီးတော့မမျှော်လင့်ထားစေချင်ပါဘူး။File size…(1.7 GB)/(991 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant
movie
Half Baked: Totally High (2024)
5.9
Praise This (2023)
Praise This IMDb 5.7ဒီဇာတ်ကားကတော့ ခရစ်ယာန်ဓမ္မတေးအဖွဲ့တွေအကြားက ပြိုင်ပွဲအကြောင်း ရိုက်ပြထားတာပါ...ဆမ်ဆိုတဲ့ ကောင်မလေးဟာ မိခင်ဆုံးသွားကတည်းက ဖအေဖြစ်သူနဲ့နေရင်း LAမြို့မှာ ငဆိုးငပေလေးအဖြစ် ကြီးပြင်းလာခဲ့သူပါ...ဆမ်တစ်ယောက် ရုံးရောက်ဂတ်ရောက်ဖြစ်တာတဲ့အခါ LAမှာ ဆက်ထားဖို့ မသင့်တော့တာမို့ ဦးလေးလင်မယားရှိရာ အတ္တလန္တာကို ပို့လိုက်ပါတော့တယ်...ဘာသာတရားကိုင်းရှိုင်းတဲ့ ဦးလေးတို့လင်မယားမှာ ဆမ်ရဲ့ ညီမဝမ်းကွဲတော်စပ်သူ ဂျက်စ်ဆိုတဲ့ သမီးလေးတစ်ယောက် ရှိနေပါတယ်...လူဆိုးနဲ့ လူကောင်း အတူယှဉ်တွဲနေထိုင်တဲ့အခါ တံငါနားနီး တံငါဆိုသလို ဆမ်လည်း ပြောင်းလဲလာပါတော့တယ်...ဒီဇာတ်လမ်းဟာ ဆမ်ဆိုတာထက် ဓမ္မတေးအဖွဲ့တွေအကြောင်း ချာ့ချ်တွေအကြောင်း တစ်ကျောင်း တစ်ဖွဲ့ချင်းစီရဲ့ ပုံစံလက္ခဏာ စည်းမျည်းစည်းကမ်းတွေနဲ့ အဆိုအကတွေကြောင့် ခပ်မြူးမြူးလေး ကြည့်ရှုရမယ့် ဇာတ်ကားတစ်ပုဒ်ပဲဖြစ်ပါတယ်( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ )File Size__(2.3GB) / (1.2GB) Quality__WEB-DL_1080p, 720p IMDb Rating__5.9/10 Format__mp4 Duration__01:50:00 Type__Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Tun ...
movie
Praise This (2023)