Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Radha Ravi
8.4
Vada Chennai (2018)
Vada Chennai (2018) ချန်နိုင်းမြောက်ပိုင်းကဂယက်များIMDb 8.4/10 Tamilမင်းသားကြီး Dhanushပါဝင်သရုပ်ဆောင်ထားတဲ့ crime drama ကောင်းတွေကို မျှော်နေသူတွေအတွက် တစ်ချိန်က မန်ဒရာလို့ခေါ်တဲ့ချန်နိုင်းမြို့ရဲ့ ကမ်းရိုးတန်းတစ်လျှောက်မှာ ကြီးစိုးနေတဲ့ လူမိုက်ဂိုဏ်းတွေအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။ချန်နိုင်းမြောက်ပိုင်းမှာအုပ်စိုးနေတဲ့လူမိုက်ခေါင်းဆောင်ကြီးကို ဂုန ပါဇနီ ဆန်သီ ဗယ်လူ တို့သူငယ်ချင်းလေးယောက်က သတ်ပြီး သူ့နေရာကိုဝင်လုဖို့ကြိုးစားရင်း ပြစ်ဒဏ်ခံယူဖို့ကို ရှောင်လွှဲလို့မရတော့တဲ့အခါမှာတော့ သူငယ်ချင်းယောက်နှစ်ယောက် ဂုနနဲ့ ဗယ်ရူကို ထောင်ထဲဝင်ခိုင်းဖို့စည်းရုံးပြီး ဆန်သီက မြေပြင်အခြေအနေကိုထိန်းလို့ သိပ်မကြာခင်မှာ ထောင်ထဲကသူငယ်ချင်းနှစ်ယောက်ကိုအာမခံနဲ့ပြန်လွှတ်ပေးမယ်ဆိုပြီး ကတိပေးထားခဲ့ကြပေမဲ့ ကတိမတည်ကြတော့တဲ့အခါ ပြဿနာတွေပိုပြီးကြီးထွားလာပါတော့တယ်လူမိုက်ပီပီ ထောင်နှုတ်ခမ်းဝနားမှာ လမ်းလျှောက်နေရတဲ့ ဂုနနဲ့ဆန်သီတို့ရဲ့ အတွင်းလူထိုးတဲ့နောက်ကျောဓားနက်နက်ရန်ငြိုးက ထောင်ထဲမှာပါ ဘယ်လိုဆက်ဖြစ်မလဲ။ တစ်ဖက်မှာလဲ စားပွဲဇယ်တောက်ကျွမ်းတဲ့ကောင်လေး အန်ဘူးဟာ သူ့ရဲ့နုံချာတဲ့ပတ်ဝန်းကျင်ကနေ နိုင်ငံအဆင့်ဝင်အောင်လေ့ကျင့်ပြီး တစ်ချိန်မှာ အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်အောင်ကြိုးစားနေရင်း အကြောင်းမလှစွာဘဲ ပါဇနီကိုသတ်မိတာကြောင့်နဲ့ ဒီဂိုဏ်းရာဇာနှစ်ယောက်ရဲ့ ရန်ငြိုးကြားထဲ ပါဝင်ပတ်သက်မိဖို့ ဖြစ်လာချိန်မှာတော့... ချမယ် ကြမ်းမယ် ရမ်းမယ်ဆိုတဲ့ တမီလ်ကားလေးတွေ သဘောကျသူတွေတော့ အကြိုက်တွေ့မှာဖြစ်လို့ အခုပဲ ရှုစားလိုက်ရအောင်ပါ။(အညွှန်းနဲ့ ဘာသာပြန်ကတော့ LinnLunn ~ Bluuri ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ်) File size… 2.8GB / ...
movie
Vada Chennai (2018)
2018
6
Saamaniyan (2024)
Saamaniyan (2024)"လူသားပိုးဖလံများ" ===============================တမီလ် ခေတ်ဟောင်းမင်းသားကြီးတွေရဲ့ အသစ်ထွက် ဘဏ်ဓားပြရုပ်ရှင်လေးကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ဟာဆိုရင် နိုင်ငံရေးလောကထဲရောက်သွားကြတဲ့ တစ်ခေတ်တစ်ခါက ထိတ်ထိတ်ကြဲအောင်မြင်ခဲ့တဲ့ တမီလ်အနုပညာသမားကြီးတွေရဲ့ come back ရုပ်ရှင်ဆိုရင်လည်း မမှားပါဘူး။ဇာတ်လမ်းကတော့... အငြိမ်းစားစစ်ထွက်တစ်ယောက်ဖြစ်တဲ့ ဆန်ကာရာဟာ မြေးဖြစ်သူရဲ့မွေးနေ့အတွက် ရွာကနေ မြိုကိုတက်လာခဲ့ပြီး မြိုကို ရောက်တဲ့အခါ မြေးဖြစ်သူရဲ့ မွေးနေ့ပွဲကို မသွားခင် ဘဏ်ကို ပိုက်ဆံဝင်ထုတ်ရင်း အကွက်ကျကျစီစဉ်ထားတဲ့ ဘဏ်ဓားပြမှုတစ်ခုထဲမှာ ကြားညှပ်သွားပုံကို စိတ်ဝင်စားဖွယ် ရိုက်ကူးပြထားတာပဲဖြစ်ပါတယ်။တမီလ် ဂန္တဝင်ကြီးတွေရဲ့ တစ်ကျော့ပြန်ရုပ်ရှင်ဖြစ်တဲ့အပြင် ဇာတ်လမ်းကလည်း လှည့်ကွက်တွေနဲ့ တော်တော်လေးမိုက်တာမလို ချန်နယ်မြန်မာပရိသတ်တွေအတွက် Bollywood Team ကနေ ညွှန်းဆို ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်...။ File size… 2.55GB / 1.23GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Saamaniyan (2024)
2024
4.4
Aranmanai 2 (2016)
Aranmanai 2 (2016) ကျိန်စာသင့်ကလဲ့စား Imdb 4.4လက်ရှိမှာ ၄ကားထိထွက်ရှိထားပြီးတော့ တစ်ခေတ်တစ်ခါက ရုံတင်ကားဖြစ်ခဲ့ပြီး box office အနေနဲ့ ၃၉၀ မီလီယံရရှိခဲ့တဲ့ ဝက်ဝက်ကွဲလူကြိုက်များခဲ့တဲ့ သရဲကားတစ်ကားပါဘုရားကျောင်းပြုပြင်ဖို့ မြို့ကိုကာကွယ်ပေးထားတဲ့မယ်တော်ရုပ်ထုကို ခဏရွှေ့ဆိုင်းဖို့အကြောင်းဖန်လာတယ် ၁၀ရက်တာ ရတနာသေတ္တာထဲထည့်ပိတ်ထားရမှာဖြစ်ပြီး ဒီ၁၀ရက်အတွင်းမှာ မယ်တော်ရုပ်ထုကစွမ်းအားတွေပျောက်ဆုံးသွားမှာပါဒါအခွင့်အရေးကို အောက်လမ်းနဲ့ကမ္ဘာကြီးကိုအုပ်စိုးချင်ကြတဲ့ဘာဘာတို့အဖွဲ့က အမိအရအသုံးချပါတော့တယ် မယ်တော်ရုပ်ထုကိုဖယ်ပြီဆိုတည်းက အောက်လမ်းသုံးပြီး အိပ်ပျော်နေတဲ့ ပရလောကသားတွေကိုလှုပ်နှိုးခဲ့တယ် နိုးထလာခဲ့တဲ့ပရလောကသားတွေထဲမှာ သူတို့မကိုင်တွယ်နိုင်လောက်အောင်စွမ်းအားကြီးတဲ့မကောင်းဆိုးဝါးတစ်ကောင်ပါလာခဲ့ပါတယ် ထိန်းချုပ်မရတဲ့အဆုံး အုပ်လိုက်ထွက်ပြေးကြရင်း လူ့လောကထဲ ထွက်ပေါ်မလာသင့်တဲ့မကောင်းဆိုးဝါးတစ်ကောင်က ရောက်ရှိလာပါတော့တယ်ဒီမကောင်းဆိုးဝါးကနိုးနိုးချင်းပဲ အိမ်ကြီးတစ်လုံးဆီ ရန်ငြိုးအပြည့်နဲ့ ဒေါသတကြီးထွက်သွားခဲ့တယ် သူတို့ကြားကဇာတ်လမ်းကဘာများဖြစ်မလဲ ဒီမကောင်းဆိုးဝါးကိုနှိမ်နင်းနိုင်သူရော ပေါ်လာပါ့မလားဆိုတာကိုတော့။။( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ ToMo ~ V ~ Zwe Yan ~ KKKZ တို့ပဲဖြစ်ပါတယ် ) File size… 4.78GB / 2.16GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ ToMo ...
movie
Aranmanai 2 (2016)
2016
7.5
Idi Minnal Kadhal (2024)
Idi Minnal Kadhal (2024) လမ်းမထက်က ဘဝများစွာလမ်းမပေါ်မှာ နေ့စဉ်သွားလာနေတဲ့လူတွေလည်းအများကြီး ။ ဖြတ်သန်းနေတဲ့ ယာဉ်ပေါင်းကလည်းအမျိုးအစားအစုံ ။ ဒီလိုရှုပ်ထွေးများပြားလွန်းတဲ့လမ်းမပေါ်မှာ ယာဉ်တစ်စီးနဲ့ လူတစ်ယောက် ၊ ယာဉ်အချင်းချင်း ထိခိုက်ပျက်စီးသေကြေကြတာ မဆန်းပေမဲ့ မတော်တဆမှုတစ်ခုကြောင့် ထိခိုက်သွားတဲ့ဘဝတွေက တစ်ခု တစ်မိသားစုမက....။အိပ်မက်တွေအပြည့်နဲ့ အနာဂတ်အတွက်လျှောက်လှမ်းကြမဲ့ ချစ်သူနှစ်ဦး တစ်နေ့မှာ လူတစ်ယောက်ကို ကားနဲ့ဝင်တိုက်မိခဲ့တယ် ။ ကိုယ့်ကြောင့် လူတစ်ယောက်သေရတယ်ဆိုတဲ့ အပြစ်တင်စိတ်က တစ်ဖက် အသင့်ဖြစ်နေတဲ့အနာဂတ်ခရီးကတစ်ဖက် သူတို့ဘယ်လမ်းကို ရွေးချယ်ကြမလဲ...။သေသွားတဲ့လူမှာလည်း အဖေကိုခင်တွယ်ရှာတဲ့သားတစ်ယောက်နဲ့ကျန်နေခဲ့တယ် ဒီအက်ဆီးဒင့်နဲ့ပတ်သတ်ပြီး နောက်ထပ်ဆက်နွှယ်လာတဲ့သူတွေ ကံကြမ္မာက အခိုက်အတန့်တစ်ခုမှာ ဘဝများစွာရဲ့ အနာဂတ်ကိုတစ်ဆစ်ချိုးပြောင်းလဲလိုက်ပေမဲ့ ဒီလူတွေက ကံစီမံရာအတိုင်းပဲနေလိုက်ကြမလား ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးရင်ဆိုင်ကြမလားဆိုတာတော့.....အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ် File size…2.2GB / 953MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Idi Minnal Kadhal (2024)
2024
8.3
Saandrithazh (2023)
Saandrithazh (2023)"တဝဲလည်လည်" ==============================IMDb 8.3/10 အသစ်ထွက်လာတဲ့ တမီလ်စကားပြော ကျေးလက်အချစ်ဟာသရုပ်ရှင်လေးကို စီအမ်အိန္ဒိယပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ကာရူဗာရိုင်ဆိုတဲ့ ရွာလေးဟာ ရေလည် ခေတ်ရှေ့ပြေးတဲ့ ရွာလေးပါ။ တစ်ရွာလုံးမှာ တိုက်တွေချည်းပဲရှိပြီး စီစီတီဗွီ အပြည့်တပ်ထားတဲ့ စံပြကျေးရွာဆုကိုတောင်ရတဲ့ ရွာလေးပေါ့။ ရွာက ခေတ်ရှေ့ပြေးပေမဲ့ ရွာသားတွေကတော့ ရှေးရိုးစွဲကြပြီး စည်းကမ်းအင်မတန် တင်းကျပ်ထားတာ အစိုးရက ပေးတဲ့ စံပြကျေးရွာဆုကိုတောင်ငြင်းပြီး ဆုလာပေးတဲ့ ဝန်ကြီးကိုပါ ရွာထဲပေးမဝင်တဲ့အထိ ခေါင်းမာကြပါတယ်။အဲဒီလို ခေတ်ရှေ့ပြေးပြီး ခေတ်နောက်ကျတဲ့ ရွာလေးကို စိတ်ဝင်စားတာကြောင့် သတင်းယူဖို့အတွက် သတင်းထောက်မလေးတစ်ယောက် ခိုးဝင်လာတဲ့အချိန်မှာတော့...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 3GB/ 1.2GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie
Saandrithazh (2023)
2023
6.5
Maayon(2022)
Maayon (2022) IMDb-6.5/10ရှေးဟောင်းဘုရားကျောင်းကြီးတစ်ခုထဲမှာ လူတွေဘုရားဝတ်ပြုနေကြပြီးဘုရားကျောင်းရဲ့ ကြောက်မက်ဖွယ်ရာထူးခြားမှုကြောင့် နေဝင်ရင် အဲဒီဘုရားကျောင်းကြီးထဲ ဘယ်သူမှ မနေရဲကြတာမို့ လူတွေအားလုံးက အိမ်ပြန်ဖို့လုပ်နေကြတယ်။ ဘုန်းကြီးငယ်တစ်ပါးကတော့ ညမိုးချုပ်ရင် ဒီဘုရားကျောင်းကြီးထဲ ဘာတွေဖြစ်မလဲသိချင်တာကြောင့် အားလုံးပြန်သွားကြပေမဲ့ မပြန်ဘဲ ဘုရားကျောင်းကြီးထဲမှာ နေခဲ့ပြီး အဲဒီဘုန်းကြီး ထူးထူးဆန်းဆန်း သေသွားတဲ့ မြင်ကွင်းနဲ့ ဇာတ်လမ်းကို အစချီထားပါတယ်။တစ်ဖက်မှာတော့ အဓိကဇာတ်ဆောင်အာဂျွန်ဟာ ရှေးဟောင်းပစ္စည်းတွေကို ရှာဖွေထိန်းသိမ်းတဲ့အစိုးရအဖွဲ့အစည်းက ရှေးဟောင်းသုတေသနအဖွဲ့ဝင် တစ်ယောက်ဖြစ်သလို အဲဒီပစ္စည်းတွေကို တရားမဝင်ရောင်းတဲ့ မှောင်ခိုအဖွဲ့ကကြံရာပါလူလည်း ဖြစ်နေပြန်ပါတယ်။ရှေးဟောင်းပစ္စည်းမှောင်ခိုဂိုဏ်းခေါင်းဆောင်က တန်ဖိုးကြီးရှေးဟောင်းဆင်းတုတစ်ဆူကို လိုချင်တာကြောင့် အာဂျွန်နဲ့ သူ့ရဲ့ကြံရာပါဖြစ်တဲ့ အထက်လူကြီး ဒေဝရာ့ဂ်ျတို့ဟာ ခုနက ကြောက်စရာဘုရားကျောင်းကြီးထဲက အဖိုးတန်ဆင်းတုကို ရှာဖို့ကြံစည်ကြပါတော့တယ်။နေဝင်ရင်တောင် လူတွေမသွားရဲတဲ့ ဘုရားကျောင်းထဲကရှေးဟောင်းဆင်းတုကို ယူဖို့ကြိုးစားရင်း အာဂျွန်တို့တွေ ဘယ်လိုထူးခြားဆန်းကြယ်တဲ့ အန္တရာယ်တွေနဲ့တွေ့မလဲ ၊ နောက်ပြီး အဓိကဇာတ်လိုက်ကျော်အာဂျွန်ကရော တကယ့်ရှေးဟောင်းသုတေသနပညာရှင်အဖြစ်နဲ့ပဲ ပြန်နေသွားမလား ၊မှောင်ခိုလုပ်ပြီး စီးပွားရှာတဲ့ နိုင်ငံရဲ့ သစ္စာဖောက်အဖြစ်နေသွားမှာလားဆိုတဲ့မေးခွန်းတွေရဲ့ အဖြေတွေကိုသိဖို့ ကြည့်လိုက်ကြရအောင်။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ YH~Aditi~Moon~Vတို့ပဲ ဖြစ်ပါတယ်) File size… 2.22GB / 972MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 11mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie
Maayon(2022)
2022
6.0
Pichaikkaran 2 (2023)
Pichaikkaran 2 (2023)2016 က ထွက်ရှိထားတဲ့ Pichaikkaran ရဲ့အောင်မြင်မှုအပြီးမှာ ပုံစံတူ stand-alone sequel တစ်ကားဖြစ်တဲ့ Pichaikkaran 2 ဟာ လောလောလတ်လတ်မှာ ရုံတင်ထားတာဖြစ်ပြီး rating တွေလည်းကောင်းသလို ရုံတင်ငွေ ကုဋေ ၃၄ သန်းကျော်အမြတ်ရရှိထားပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ဆရာဝန်တစ်ယောက်က နှလုံးတွေ ကျောက်ကပ်တွေ အစားထိုးတာတင်မကပဲ ဦးနှောက်အစားထိုးတာကိုပါ အောင်မြင်စွာစမ်းသပ်လ်ုက်နိုင်ပါတယ် ဗီဂျေးဆိုတာကတော့ အောင်မြင်နေတဲ့စီးပွားရေးသမား ဉာဏ်ကြီးရှင်တစ်ယောက်ပါ သူ့ရဲ့လူယံုဆိုတဲ့သူက နောက်ကျောဓားနဲ့ထိုး ခဏနေကဦးနှောက်လဲတဲ့ အစားထိုးမှုကို ဗီဂျေးအပေါ်လုပ်ပြီး လုပ်ငန်းကြီးတစ်ခုလုံးကို လက်ဝါးကြီးအုပ်ရန် ကြံစည်လာတဲ့အခါမှာ တစ်ခေတ်တစ်ခါက Face-off လိုမျိုး vibe ကိုပြန်ခံစားမိမဲ့အပြင် ဦးနှောက်ချင်းပါလဲပစ်တဲ့ ကျွတ်ဆင်အကွက်ကြီးတွေနဲ့ အက်ရှင်ဒရာမာ ရသစုံကြည့်ရမှာဖြစ်လို့ လက်မလွှတ်ကြဖို့ ပြောကြားရင်း တင်ဆက်ပေးလိုက်ပါတယ်အညွှန်းရေးသားသူကတော့ Sai ဖြစ်ပြီး ဘာသာပြန်သူတွကတော့ Sai ~ chiclon3 ~ BpL ~ Thaik San ~ YH ~ Yunni တို့ပဲဖြစ်ပါတယ် File size…8.56GB/ 3.27GB / 1.23GB Quality…4k ...
movie
Pichaikkaran 2 (2023)
2023
4K HEVC
5.9
Tamilarasan (2023)
Tamilarasan (2023) IMDb - 6.2/10တမီးလ်အနုပညာလောကမှာ တေးရေး၊တေးဆို၊ရုပ်ရှင်အယ်ဒီတာ၊အသံဖမ်းအင်ဂျင်နီယာ၊ ဒါရိုက်တာအဖြစ်နဲ့ ဘက်စုံထူးချွန်လှတဲ့ မင်းသားကြီး ဗီဂျေးအန်တိုနီ၊ Ramaiya Vastavaiya (2013)ထဲမှာ ညီမဖြစ်သူကို သိပ်ချစ်ပြီး မြင်းရုပ်လေးလုပ်ပေးတဲ့ အကိုကြီးနေရာက သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး ဆိုနူး၊ ပရိသတ်အချစ်တော် ဟာသမင်းသား လူရွှတ်ကြီး ယိုဂီဘာဘူတို့ပါဝင်ထားပါတယ်။ မင်းသား ဗီဂျေးအန်တိုနီက ဇာတ်လမ်းရဲ့နာမည်အတိုင်းပဲ တမီးလ်ရာဆန်နေရာကနေ ရဲတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း "ကျွန်တော့်ရင်ထဲကအထက်အရာရှိအပေါ် လေးစားမှုက အပြင်မှာရှိနေတဲ့အရာရှိအပေါ် လေးစားမှုထက်ပိုနေပါတယ် ကျွန်တော့်ရင်ထဲကအရာရှိက ဆရာခိုင်းတာကို မလိုက်နာဖို့ပြောပါတယ်" ဆိုတဲ့ အရာရှိတမီးလ်တစ်ယောက် ဆန္ဒပြပြည်သူတွေကို အသက်အန္တရာယ်ပြုဖို့ ငြင်းဆန်မှုကြောင့် တာဝန်ကရပ်ဆိုင်းခံခဲ့ရပါတယ်။ချစ်ရတဲ့ ဇနီးရယ်သားလေးရယ်နဲ့ ပျော်ရွှင်စရာမိသားစုလေးကို ပိုင်ဆိုင်ထားပေမဲ့ သားဖြစ်သူကို နှလုံးအစားထိုးကုသမှရမယ်ဆိုတဲ့ အဖြစ်ဆိုးကြီးနဲ့ကြုံလိုက်ရပါတယ်။သွားတက်မိတဲ့ဆေးရုံကလည်း သပွတ်အူလိုရှုပ်ထွေးလှတဲ့ လူကြီးချင်းလက်ဝါးရိုက်လုပ်နေတဲ့ ကိစ္စတွေများတဲ့ဆီဖြစ်နေတော့ နှလုံးအစားထိုးကုသဖို့ စာရင်းစောင့်နေရတာရယ် ငွေရေးကြေးရေးမပြည့်စုံတဲ့အတွက် ကုသစရိတ်လိုက်ရှာရတဲ့ အရာရှိတမီးလ်တစ်ယောက်၊ သားဖြစ်သူအတွက် အသက်ကိုပါ ပေးဆပ်ဖို့အသင့်ဖြစ်နေတဲ့ တမီးလ်ရာဆန်တစ်ယောက် သူ့အပေါ်ကျရောက်လာမယ့် ကံကြမ္မာဆိုးတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းပြီး အခက်အခဲတွေကို ကျော်လွှားနိုင်ပါ့မလားဆိုတာ ကြည့်ရှုရမှာပါ။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Thaik San ~ chiclon3 ~ Khin Khin ~ BpL ~ Yunni ~Zwe ...
movie
Tamilarasan (2023)
2023
6.3
Bakasuran (2023)
Bakasuran (2023) ************************** IMDb-6.3/10Mohan G. Kshatriyan ရဲ့ ဘဝမှာ တကယ်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကို ကိုယ်တိုင် ဇာတ်ညွှန်းရေး ဒါရိုက်တာလုပ် ထုတ်လုပ်ရိုက်ကူးခဲ့တာဖြစ်ပါတယ်အာရူလ်ဗာမာဆိုတာ စစ်မှုထမ်းအငြိမ်းစား Crime YouTuber တစ်ယောက် နိုင်ငံအတွင်းကဖြစ်ပျက်သမျှကို YouTube မှာသူ့ရဲ့ သဘာတွေဝါတွေပါပေါင်းပြီး တင်ဆက်ပညာပေးနေသူပါ ရဲအမှုတွေကိုလည်း မကြာမကြာဝင်ကူတတ်ပါသေးတယ်တစ်နေ့တော့ သူ့ရဲ့တူမအရင်းသတ်သေတယ်ဆိုတဲ့သတင်းရပါတော့တယ် ပေးစားတဲ့သူကိုမလိုချင်လို့ သတ်သေတယ်ယူဆရာက သူ့လက်ထဲဖုန်းရောက်လာချိန်မှာတော့ WhatsApp ကနေ သိလာရတာတွေကတော့ ရိုးရှင်းမနေပါဘူးဇာတ်လမ်းဆန်ဆန် အပြင်မှာဖြစ်ခဲ့ကြတာတွေကို ရိုက်ကူးပြထားတာမို့ မှုခင်းကားကြိုက်သူတွေ အပျင်းပြေတာထက်ပိုတဲ့ ခံစားမှုရစေမဲ့ကားလေးဖြစ်ပါတယ်အညွှန်းရေးသားသူကတော့ BpL ဖြစ်ပြီး ဘာသာပြန်သူတွေကတော့ Bpl,Yunni,Thaik San,Nyein, Zwe Yanနဲ့ chiclon3တို့ပဲ ဖြစ်ပါတယ်။ File size…3.6GB / 1.3GB Quality…1080p AMZ WEB DL / 720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Bpl~ Yunni~ Thaik San~ Nyein ~ Zwe Yan ~chiclon3
movie
Bakasuran (2023)
2023
7.6
Don (2022)
Don (2022)3 idiots လို vibe မျိုး ထပ်မံခံစား ကြည့်ရှုလိုသူတွေအတွက်Don ဆိုတဲ့ ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။သားသမီးကို ချစ်ကြောင်း မပြသလိုတဲ့ ဖခင်တစ်ဦးရဲ့ အကျင့်စရိုက်၊အဲဒီအကျင့်စရိုက်အောက်မှာ သားဖြစ်သူက "အဖေဆီကနေ အချစ်မခံရဘူး" လို့တွေးမှတ်လာတဲ့အခါ ရင်ထဲက မုန်တိုင်း တစ်ခု ရှိလာပါတော့တယ်။ ၁၂ တန်းပြီးတဲ့အခါ ဖခင်ရဲ့ ဖိအားပေးမှုကြောင့် "Best Engineering College" ကိုသွားတက်ရင်း ကောလိပ်ကြော်ငြာနဲ့ လက်တွေ့က တခြားစီဖြစ်နေတာကို ကြုံလိုက်ရပါတော့တယ်။"တက္ကသိုလ်ရောက်တဲ့အခါ လုပ်ချင်တာလုပ်လို့ ရပြီ" ဆိုတဲ့ ဂျင်းတွေကို စားလာတဲ့ကျောင်းသားတွေကတော့ ဒီကောလိပ်ရောက်မှပဲ ထောင်ထဲရောက်သလို ခံစားလိုက်ရတဲ့အခါ.....ဆယ်ကျော်သက်တို့ သဘာဝအတိုင်း ဖိလေ ကြွလေဖြစ်တော့ ကျောင်းသားတစ်သိုက် ဆရာတွေကို ဘယ်လို ပညာပြန်ပြမလဲဆိုတာ ခံစားကြည့်ရှုရမှာပါ။ ဒီ Tamil language ကားလေးကတော့ Action, Comedy, Romance အမျိုးအစားဖြစ်ပြီးတက္ကသိုလ်ကျောင်းသားဘဝကနေ အိမ်ထောင်သည်ဘဝအထိ အဆင့်ဆင့်ဖြတ်သန်းခဲ့တာတွေ၊အဖေနဲ့သားကြား ဆက်ဆံရေးတွေကို ...
movie
Don (2022)
2022
6.6
Rudra Thandavam (2021)
ဒီတစ်ခါမှာလည်း IMDB မှာ Voting 2K ကျော်နဲ့ Rating 6.7အထိရရှိထားတဲ့ တမီလ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ...................................................ဇာတ်လမ်းအကျဉ်းတမီလ်နာဒူး ပြည်နယ်မှာ မူးယစ်ဆေးကို အသုံးပြုပြီး အမျိုးသမီးတွေကို ခြိမ်းခြောက်ငွေညှစ်တဲ့ဂိုဏ်းတစ်ခုကိုကိုယ့်ရဲ့အဖွဲ့သားကိုပါရင်းပြီး ဖော်ထုတ်ခဲ့တဲ့ စစ်ဆေးရေးအရာရှိ ရူဒါရန် တစ်ယောက် ဆိပ်ကမ်းအပိုင်ရဲစခန်းကိုပြောင်းခဲ့ပါတယ်။ ရောက်ရောက်ခြင်းပဲ တန်ဖိုးကြီးမားလှတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးမိပြီးနာမည်တက်ရပြန်ပါတယ်။တရက်မှာတော့ မူးယစ်ဆေးရောင်း၀ယ်နေတဲ့ ကလေးတွေနောက်ကိုလိုက်ရင်း မထင်မှတ်တဲ့အဖြစ်အပျက်တွေကြုံလာရတဲ့အခါမှာတော့ အကြောင်းစုံကိုရုပ်ရှင်ထဲမှာပဲ ခံစားကြည့်လိုက်ကြပါ။ Over Acting တွေအနည်းငယ်ပါပေမယ့် ဇာတ်အိမ်ဇာတ်လမ်းတည်ဆောက်ပုံကောင်းတာကြောင့် တမီလ်ရုပ်ရှင်ကြိုက်သူတွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ။အညွှန်းနဲ့ ဘာသာပြန်ကတော့ Lwin Htoo Aung နဲ့ Sai Thurein Lynn ပဲဖြစ်ပါတယ်။File size…2.64GB / 1.68GB Quality…1080p True Web Dl / 720p Format…Mp4 Duration….2h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung ...
movie
Rudra Thandavam (2021)
2021
4.3
Bhoomi (2021)
Bhoomi (2021)ဘူမီနာသန် ဟာ NASA ရဲ့ပထမဆုံး တမီးလ်လူမျိုး အာကာသယာဥ်မှူးဖြစ်ပြီး အင်္ဂါဂြိုလ်ပေါ်ကိုပထမဆုံးဆင်းသက်မယ့်စစ်ဆင်ရေးကို ဦးဆောင်သူဖြစ်ပါတယ်။ အင်္ဂါဂြိုလ်ပေါ်ကို ဆင်းသက်ရုံတင်မကဘဲ အင်္ဂါဂြိုလ်ရဲ့ပတ်ဝန်းကျင်ကို လူသားတွေနေထိုင်နိုင်အောင် စိုက်ပျိုးရေးကိုသုံးပြီး ပြောင်းလဲဖို့အစီအစဥ်ရှိသူဖြစ်ပါတယ်။ ဘူမီဟာ အဲ့စစ်ဆင်ရေးမစခင် ခွင့်တစ်လရလိုက်တဲ့အခါ မိမိရဲ့မွေးရပ်ဇာတိရွာကလေးကို အလည်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ ရွာကိုရောက်တဲ့အခါဆွေမျိုးသားချင်းတွေ သူငယ်ချင်းတွေနဲ့ပြန်တွေ့ခဲ့ပြီး ရွာဟာအများကြီးတိုးတက်ပြောင်းလဲတာတာကိုတွေ့ခဲ့ရပေမယ့် တစ်နေ့မှာပျက်စီးဆုတ်ယုတ်မှုတွေကိုလည်းတွေ့လိုက်ရပါတယ်။ဘူမီရဲ့ဦးလေးနဲ့တခြားလယ်သမားတွေရဲ့လယ်ယာစိုက်ခင်းတွေဟာ ပျက်စီးယိုယွင်းနေပြီး မြေအောက်ရေတွေကို ကုမ္ပဏီလုပ်ငန်းတွေကသုံးစွဲနေတာမို့ ရေရှားပါးမှုတွေဖြစ်လာပါတယ်။ လယ်သမားတွေဟာအာဏာပိုင်တွေကို အကူအညီတောင်းကြပေမယ့် လျစ်လျူရှုခံ၊ ဖိနှိပ်ခံနေကြရတာကို ဘူမီတွေ့လိုက်ရတဲ့အခါ လယ်သမားတွေရဲ့အခက်အခဲတွေပြေလည်ဖို့ကြိုးစားပါတော့တယ်။ ဘူမီဟာ သူ့ရဲ့ကြိုးစားမှုတွေကိုမလိုလားတဲ့ အာဏာပိုင်တွေကိုရင်ဆိုင်လာရကာ ဆုံးရှုံးမှုတွေကြုံတွေ့ရပြီး သူ့ရွာမှာဖြစ်ပျက်နေတဲ့ပြဿနာတွေဟာ ထင်ထားတာထက် ကြီးမားနက်နဲနေတာကိုသိလိုက်ရပါတယ်။ သူ့ရွာနဲ့သူ့နိုင်ငံရဲ့ရှေ့ရေးအတွက် ဘူမီဟာ အိပ်မက်တွေကိုစတေးပြီး ကုမ္ပဏီလုပ်ငန်းထုတ်ကုန်တွေကို လယ်သမားတွေရဲ့သဘာဝစိုက်ပျိုးရေးထုတ်ကုန်တွေနဲ့အစားထိုးဖို့ကြိုးစားပါတော့တယ်။ ဒီကားဟာ စိုက်ပျိုးရေးနိုင်ငံတွေမှာဖြစ်နေတဲ့ အကြပ်အတည်းတွေကို ပေါ်လွင်အောင်သရုပ်ဖော်ထားပြီး သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းသင့်ကြောင်း ဇွဲမလျှော့ဘဲ ကြိုးစားရင် ဘာမဆိုဖြစ်လာနိုင်ကြောင်း မက်ဆေ့ကောင်းကောင်းပေးထားတဲ့ အိန္ဒိယဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။File size… 1.2GB Quality….WEB-DL 720p Format…mp4 Duration….2hr 8min Subtitle….Myanmar Subtitle (Hardsub) Translator ..... Pyi.T.Nyein Encoder ..... August
movie
Bhoomi (2021)
2021
7.7
Sarkar (2018)
အားလုံးလည်း စောင့်မျှော်နေကြပြီ ထင်ပါတယ်ဗျာ။ ဘာသာပြန်အခက်အခဲနည်းနည်းရှိနေလို့ ကြန့်ကြာသွားခဲ့ပါတယ်။ မကြာသေးမီက မြန်မာနိုင်ငံမှာ ရုံတင်သွားတဲ့ Tamil မင်းသား ဗီဂျေးရဲ့ 2018နှစ်ကုန်ပိုင်းမှာ ထွက်လာတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။ " အညွှန်း " "မင်္ဂလာပါ ကိုယ့်လူတို့ မစ္စတာ ဆွန်ဒါ ရာမဆွာမီရဲ့ အကြောင်း သိတဲ့သူ ဘယ်နှယောက် ရှိလဲ " "သူက ထိပ်သီကုမ္ပဏီ GL ရဲ့ CEO ပါ" "သူက အမေရိကမှာနေတဲ့ တမေးလ်လူမျိုးပါ" "သူက ဒေါ်လာသန်းပေါင်းများစွာ လစာရသူပါ" "ဒီအပြင် သူဟာ ပြိုင်ဘက်ကုမ္ပဏီတိုင်းကို ဖြိုခွင်းတတ်တယ် သူကို ကုမ္ပဏီတော်တော်များများ ဖိမ့်ဖိမ့်တုန် ကြောက်ကြရတယ်" ခု သူ အိန္ဒိယကို ပြန်လာတာ ဘာအတွက်လဲ? အရင်လို ကုမ္ပဏီတချို့ကို ဖြိုခွင်းခဲ့ဦးမှာလား? "ယုံတောင်မယုံနိုင်ပါဘူးဗျာ သူ အိန္ဒိယကို လေယာဉ်စင်းလုံးငှားပြီး ဘော်ဒီဂတ်တွေနဲ့ ပြန်လာတာ သူပြည်နယ်ရွေးကောက်ပွဲမှာ မဲပေးဖို့ အတွက် သီးသန့်ပဲတဲ့။ သူမဲပေးပြီး ညနေ မိသားစုနဲ့ ထမင်းလက်ဆုံစား၊ ပြီးရင် အမေရိကကို ပြန်မှာပါတဲ့" ဒီလိုနဲ့ အမေရိကမှာနေတဲ့ တမေလ်နာဒူပြည်နယ်ဂုဏ်ဆောင် မစ္စတာ ဆွန်ဒါရာမဆွာမီဟာ မဲရုံဆီ သွားပြီး မဲပေးခဲ့ရမှာတော့ သူ့အမည်နဲ့ မဲက ပေးပြီးသား ဖြစ်နေခဲ့တာပါ။ သူတပါးကြောတာကို မခံချင်တဲ့ ...
movie
Sarkar (2018)
2018
9.1
Ratsasan (2018)
ကြည့်ဖူးတဲ့ တမီလ် ကား တွေထဲမှာတော့ဒီကားကလုံးဝကိုကွဲပြားပါတယ် ကားတော်တော်များများကအိုဗာတွေလုပ်ပြလွန်းပေမယ့် ဒီကားကတော့တစ်ကယ့်လက်ရာကောင်းပါ ဇာတ်လမ်းကရုပ်ရှင်ဒါရိုက်တာရူးရူးနေတဲ့လူငယ်တစ်ယောက်ဟာ ဒါရိုက်တာဖြစ်ဖို့ကြိုးစားသမျှတွေဘာမှဖြစ်မလာတဲ့အခါမှာ သူ့အဖေရဲ့ဂုဏ်ကိုထိန်းတဲ့အနေနဲ့ ရဲတစ်ယောက်ဖြစ် လာခဲ့ပါတယ် တစ်ချိန်တည်းမှာပဲ စိတ္တဇ လူသတ်သမားတစ်ယောက်ရဲ့ မိန်းကလေးတွေကို တစ်ယောက်ပြီးတစ်ယောက် ရက်ရက်စက်စက်သတ်တဲ့အမှုတွေပေါ်လာပါတယ် လူသတ်သမားဟာကျောင်းသူလေးတွေကိုဖမ်းခေါ်သွားပြီး အတိုင်းအမှတ်အသားအနေနဲ့လက်ဆောင်ဘူးလေးတစ်ဘူးအမြဲထားခဲ့ပါတယ် အဖမ်းခံရပြီးနှစ်ရက်မြောက်တဲ့နေ့ရောက်တိုင်းမှာကလေးတွေရဲ့ အလောင်းကိုအများပိုင်နေရာတွေမှာကြွပ်ကြွပ်အိတ်နဲ့ပတ်ပြီးပစ်ထားတာတွေ့ရပါတယ် ပုံမှန်လူသတ်မှုတွေဆိုတာ အသတ်ခံရသူနဲ့နီးစပ်ရာအသိုင်းအဝိုင်းတွေထဲက သံသယရှိသူကိုရှာပြီးစစ်လိုက်ရင်အမှုပေါ်နိုင်ပေမယ့် စိတ္တဇလူသတ်သမားဆိုတာကတော့ အသတ်ခံရသူတွေနဲ့ဘာပတ်သတ်မှုမှမရှိပဲ သူ့စိတ်ဒဏ်ရာကြောင့် သတ်ရတာကိုအရသာတွေ့လို့ ဘယ်သူ့ကိုမဆိုလိုက်သတ်တာမျိုးပါ ဒီလိုလူသတ်သမားမျိုးနဲ့ကြုံလာတဲ့အခါမှာ အရင်အမှုလိုက်နေကြပုံစံတွေတစ်ခုမှုအလုပ်မဖြစ်တော့ပဲ ရဲတွေခေါင်းခဲလို့လာရပါတယ် ဒီအချိန်မှာ စိတ်ကူးစိတ်သန်းကောင်းတဲ့ဒါရိုက်တာရူး ရဲပေါက်စဟာ အမှုအပေါ်ရှုထောင့်တစ်မျိုးကနေကြည့်ပြီး တရားခံကို တဖြည်းဖြည်းရုပ်လုံးပေါ်လာအောင်ကြိုးစားခဲ့ပါတယ် လူသတ်သမားနဲ့အန္တရာယ်များတဲ့ ကစားပွဲတစ်ခုကိုဖန်တီးပြီးဖမ်းဆီးဖို့်ကြိုးစားရာမှာ အဆုံးအရှုံးတွေကလည်းအရမ်းများခဲ့ပါတယ် ဇာတ်လမ်းကအစအဆုံးစိတ်ဝင်စရားကောင်းလွန်းလို့ နှစ်နာရီခွဲဘယ်လိုကုန်သွားမှန်းတောင်သိလိုက်မှာမဟုတ်ဘူး ........................................................ သီချင်းတွေဆိုတာ မကြိုက်တဲ့သူတွေအတွက်သီချင်းတိုတိုလေးနှစ်ခုပဲပါတယ်နော် ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားတာကတော့ Chanyein Soe ဖြစ်ပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်
movie
Ratsasan (2018)
2018