Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Rade Serbedzija
7.4
Eyes Wide Shut (1999)
Eyes Wide Shut (1999) IMDb - 7.4/10_____Rotten - 75% ဒီဇာတ်ကားကတော့ နာမည်ကြီး ဒါရိုက်တာ Stanley Kubrick ရဲ့ နောက်ဆုံးလက်ရာ ဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Drama/Mystery/Thriller ပါ။ အက်ရှင်ကားတွေမှာပဲ ကျွန်တော်တို့ အတွေ့များတဲ့ မင်းသား Tom Cruise ကို ဒီကားမှာ ဆရာဝန်'ဘေးလ် ဟားဖို့ဒ်' အဖြစ်နဲ့ အဓိက သရုပ်ဆောင်နေရာမှာ တွေ့ရမှာဖြစ်ပါတယ်။ လူမသိသူမသိ လျှို့ဝှက်ကျင်းပတဲ့ အုပ်စုလိုက်ဆင်နွဲကြတဲ့ လိင်အပျော်အပါးပါတီတစ်ခုကို မလိမ့်တပတ်လုပ်ပြီး ဝင်ရောက်သွားတဲ့ ဆရာဝန်'ဘေး ဟားဖို့ဒ်' ရဲ့ တစ်ညတာ ကြုံတွေ့ခဲ့ရတဲ့ စိတ်လှုပ်ရှားစရာ အဖြစ်အပျက်တွေကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြောရရင် ဒီဇာတ်ကားရဲ့ အရသာမျိုးကို အရင်က တခါမှ မခံစားခဲ့ဖူးပါဘူး။ တခြားကားတွေနဲ့ မတူတဲ့ ခံစားမှုမျိုးကို ဒီကားမှာ မိတ်ဆွေတို့ ထိတွေ့ခွင့်ရပါလိမ့်မယ်။ ပြကွက်တိုင်းကိုက အဓိပ္ပါယ်ရှိပါတယ်။ IMDB rating (7.4) နဲ့ Rotten Tomatoes (75%) ...
movie
Eyes Wide Shut (1999)
1999
5.9
The Promise (2016)
ဒီဇာတ်ကားလေးက ပထမကမ္ဘာစစ်ကာလအတွင်းက ဖြစ်ရပ်မှန်အပေါ်အခြေခံ ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပါ။Batman မင်းသားကြီး Christian Bale ရဲ့ဇာတ်ကားလေးပါ။ပထမကမ္ဘာစစ်မဖြစ်ခင်အချိန်မှာ တူရကီအင်ပါယာက တန်ခိုးအာဏာ ကြီးမားခဲ့တဲ့အချိန်ပါ။တဖြည်းဖြည်းနဲ့ တူရကီအင်ပါယာလည်းပြိုယွင်းလုနီးနီး ဖြစ်နေပါပြီ။အဲဒီအချိန်ကတူရကီမှာ ခရစ်ယာန်ဘာသာဝင် လူနည်းစုဖြစ်တဲ့ အားမေးနီးယန်းမျိုးနွယ်စုတွေကိုအစ္စလာမ်ဘာသာကိုးကွယ်တဲ့ တူရကီလူမျိုးကြီးဝါဒရှင်တွေ အများစုက မနှစ်သက်ကြဘူး။ပထမကမ္ဘာစစ်ဖြစ်လာတဲ့အချိန်မှာတော့ တူရကီစစ်ခေါင်းဆောင်ပိုင်းတွေကအားမေးနီးယန်းတွေကို တိတ်တဆိတ် စစ်နဲ့အတူရောယောင်ပြီး လူမျိုးတုန်းသတ်ဖြတ်မှုတွေကို လုပ်ဆောင်ခဲ့ကြတယ်။ခုချိန်ထိလည်း တူရကီအာဏာပိုင်တွေက ဒီလူမျိုးတုန်း သတ်ဖြတ်ခဲ့မှု ဘူးခံပြီး ငြင်းကွယ်နေဆဲပါပဲ။ဒီဖြစ်ရပ်မှန်အကြောင်းကို ဖော်ထုတ်ပေးခဲ့တာကတော့ အမေရိကန်သတင်းထောက်တစ်ဦးပါပဲ။ဒီဇာတ်ကားက စစ်ပွဲကိုအခြေခံထားတဲ့အချစ်ဇာတ်လမ်းပေမယ့် အဓိကပေးသွားတဲ့ မက်ဆေ့ချ်လေးကတော့သတင်းမီဒီယာသမားရဲကျင့်ဝတ်သိက္ခာနဲ့ အခန်းကဏ္ဍပါပဲ။တကယ့်ကို စစ်မှန်တဲ့ သတင်းထောက် တစ်ယောက်ကြောင့် လူပေါင်းများစွာ လူမျိုးစုတစ်ခုကို ကယ်တင်နိုင်ခဲ့သလိုသတင်းမီဒီယာသမားတစ်ယောက်ဟာ အမှန်တရားကို အသက်နဲ့တောင် အလဲအထပ်လုပ်ရဲတဲ့အထိစိတ်ဓါတ်ခိုင်မာပြတ်သားတယ်။ဒီလိုစိတ်ဓါတ်မျိုးရှိပြီး အမှန်တရားကို ဖော်ထုတ်ရေးသားတတ်သူ သတင်းထောက်မျိုးကိုသာနိုင်ငံတကာက အသိအမှတ်ပြုပြီး သူရဲ့သတင်းက ယုံကြည်စိတ်ချရပြီးအားကိုးရမယ့်သူမျိုးဆိုတာကို ပါးပါးလေးပြသွားပါတယ်။သတင်းထောက်ကောင်းတွေဟာ ဘယ်လောက်တောင်အပြောအဆို လိမ္မာပါးနပ်မှုရှိသလဲဆိုတာကိုလည်း မြင်တွေ့ရမှာပါ။မြန်မာ့မီဒီယာလောကသတင်းထောက်တွေ ဒီလိုမျိုးဖြစ်လာအောင် ကျင့်သုံးအတုယူသင့်ပါတယ်။နောက်ပြီး ဘယ်သူတွေဘယ်လို ရန်ငြိုးနဲ့လူမျိုးရေးမုန်းတီးမှုပဲရှိရှိ သူငယ်ချင်းတွေ ...
movie
The Promise (2016)
2016
1
2
Previous