Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Rachel Nichols
5.0
The Inheritance (2024)
ဒီဇာတ်လမ်းလေးမှာတော့ Shawshank Redemption မှာထောင်မှူးNorton အဖြစ် ကျွန်တော်တိုသိကြတဲ့ Bob Guntun ကအဗနာသီ မိသားစုရဲ့ဖခင်ကြီးအဖြစ်သရုပ်ဆောင်ထားပြီးcharacter အနည်းငယ်နဲ့ ကျစ်ကျစ်လစ်လစ်ဖွဲစည်းထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း***************အဗနာသီမိသားစုဟာ ကျိကျိတက်ချမ်းသာတဲ့ ဘီလျံနာမိသားစုပါ။ ကျိကျိတက်ချမ်းသာကြတဲ့အလျောက်မိသားစုဝင်တွေကလည်း တစ်ယောက်နဲ့တစ်ယောက်ခပ်စိမ်းစိမ်းပါပဲ။ တစ်နေ့မှာတော့ အဗနာသီ မိသားစုရဲ့ဖခင်ကြီး ချားလ်စ် က သူ့ရဲ့ ၇၅ နှစ်ပြည့်မွေးနေ့အတွက်သူ့သားသမီး ၄ယောက် ကို ဖိတ်ခေါ်ခဲ့တယ်။ သားသမီးတွေအိမ်ကြီးဆီရောက်လာတဲ့အခါမှာတော့ ထင်ထားသလိုမွေးနေ့ပွဲ မဟုတ်နေပဲ သူတိုဖခင်ကြီးချားလ်စ် ကို လာသတ်မဲ့တစ်စုံတစ်ယောက်ရဲ့ ရန်ကနေ ကာကွယ်ပေးဖိုဖြစ်နေခဲ့တယ်။ဖခင်ကြီးရဲ့ အမွေတွေကိုလည်း ဖခင်ကြီးအသက်မသေမှရရှိမှာဖြစ်တဲ့အတွက် သားသမီး ၄ယောက်တိုက ဖခင်ကြီးကိုကာကွယ်ဖိုဖြစ်လာခဲ့တယ်။ ဖခင်ကြီးကို လာသတ်မဲ့တစ်စုံတစ်ယောက်က ဘယ်သူလဲ၊ ဘာအတွက်ကြောင့် ကာကွယ်ဖိုသားသမီးတွေကိုပဲ ခေါ်ရတာလဲ၊ ဒီပဟေဠိနောက်ကွယ်ကထူးဆန်းတဲ့ အဖြစ်အပျက်တွေက ဘာတွေလဲဆိုတာကိုစိတ်၀င်တစား ရင်တမမ နဲ့ရှုစားကြရမှာပါ။အိမ်ကြီးတစ်လုံးအတွင်းမှာပဲ ဇာတ်အိမ်တည်ထားပြီးအဗနာသီမိသားစုက ဒီတစ်ညတာကို ဘယ်လိုဖြတ်ကျော်ကြမလဲဆိုတာကို ကြည့်ရှုကြရမှာပါ။Plot ကောင်းကောင်းတွေလည်းပါ၀င်ပြီး စိတ်လှုပ်ရှားစရာပဟေဠိဆန်ဆန် ရုပ်ရှင်တစ်ကားဖြစ်တာမိုထူးခြားဆန်းပြားရုပ်ရှင်နှစ်သက်သူတွေအနေနဲ့ အလွတ်မခံသင့်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါကြောင်း..... File size…857MB ...
movie
The Inheritance (2024)
Shopgirl (2005)
ဘဝကို ခက်ခဲစွာရုန်းကန်နေရတဲ့ အရောင်းဝန်ထမ်းမိန်းကလေး စီးပွားရေးသမားတစ်ဦးနဲ့ ရည်မှန်းချက်မရှိတဲ့ လူငယ်...သူတို့သုံးယောက်ကြားက ရှုပ်ထွေးတဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို ပုံဖော်ထားတာပါ။မစ်ရာဘယ်က လက်အိတ်ဆိုင်မှာ အရောင်းဝန်ထမ်းလုပ်ပြီး တစ်ခါတလေ ပန်းချီကားလေးတွေ ဆွဲရောင်းပါတယ်။ သူ့ကျောင်းသားချေးငွေတွေကိုလည်း ခက်ခက်ခဲခဲ ပြန်ဆပ်နေရပြီး ကြပ်တည်းနေပါတယ်။ အထီးကျန်ပြီး အချစ်ခံချင်တဲ့ မစ်ရာဘယ်က ဂျယ်ရမီဆိုတဲ့ ကောင်လေးနဲ့ ဆုံမိပြီး တွဲဖြစ်သွားပါတယ်။ ဒါမဲ့ ဂျယ်ရမီကလည်း ချို့တဲ့ပြီး မစ်ရာဘယ်လိုချင်တာတွေ မဖြည့်ဆည်းနိုင်တဲ့အခါ နှစ်ယောက်သားဆက်ဆံရေးက သွေးအေးသွားပါတယ်။အဲဒီမှာပဲ ရေးပေါ်တာဆိုတဲ့ 50 ကျော်အရွယ်စီးပွားရေးသမား ပေါ်လာပါတယ်။ ရေးက မစ်ရာဘယ်အလိုရှိတာတွေ အကြိုက်ဆောင် လုပ်ပေးနိုင်ပေမယ့် သူမလိုချင်တဲ့အချစ်ကိုတော့ မပေးနိုင်ဘဲ စည်းခြားထားပါတယ်။ ပြည့်စုံလာတဲ့ဘဝမှာ အချစ်စစ်ကိုတောင့်တလာတဲ့ မစ်ရာဘယ်နဲ့ ရေရှည်ပတ်သက်မှုမျိုးမလိုချင်တဲ့ ရေး...မစ်ရာဘယ်ကြောင့် ဘဝရည်မှန်းချက်တွေ့သွားတဲ့ ဂျယရမီတို့ သုံးဦးကြားက အချစ်ဇာတ်လမ်းက ဘယ်လိုဇာတ်သိမ်းမလဲဆိုတာ ခံစားကြည့်ရှုလို့ရပါပြီ။ File size…(1.8 GB)/(939 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre...Drama, ...
movie
Shopgirl (2005)
7.1
Charlie Wilson’s War(2007)
"ကျုပ်မှာ အတော်ဆိုးတဲ့အိမ်နီးချင်းလူကြီးတစ်ယောက်ရှိခဲ့ဖူးတယ်.. မစ္စတာချားတဲ့...ဒီလူကြီးက အိမ်နီးချင်းတွေရဲ့ခွေးတွေ သူ့ပန်းခင်းကို လာနှောင့်ယှက်တာကိုမနှစ်မြို့ဘူး...တစ်နေ့တော့ လမ်းမှာ အော်သံတစ်ခုကြားလိုက်ရတယ်...ကျုပ်ရဲ့ခွေးဟာ သွေးတွေနဲ့မချိမခံမဆန့်ခံစားရင် လူးလှိမ်နေတယ်...မစ္စတာချားဆိုတဲ့သူက ခွေးစာနဲ့ဖန်ပုလင်းအကြေတွေနဲ့ရောကြိတ်ပြီးကျွေးလိုက်လို့ပါ...သွေးတွေအန်ရင်း ကျုပ်ခွေးသေသွားတယ်...""အဲ့ဒီတော့ရှင်ဘာပြန်လုပ်လိုက်လဲ""သူ့က ရွေးကောက်ခံအာဏာပိုင်ဗျ...မြို့ကောင်စီရဲ့ဥက္ကဌ..(၂)နှစ်ပြည့်တိုင်း ပြန်ရွေးခံရင်သူပဲပြန်ရမှာမြေကြီးလက်ခတ်မလွဲပဲ...ရွေးကောက်ပွဲရက်ကြတော့ တစ်ခါမှမဲမပေးဖူးသေးတဲ့ လူမဲတွေဆီကျုပ်ကားမောင်းသွားလိုက်တယ်...ကျုပ်အသက်(၁၃)နှစ်အရွယ်ပေါ့..လူမဲတွေကို မဲပေးမဲ့နေရာထိကားမောင်းပို့တယ်..မဲပေးပြီးရင်အိမ်ပြန်ပို့ပေးတယ်""မဲပေးဖို့ကားထဲက မထွက်ခင်သူတို့ကိုပြောတာတော့ရှိတယ်..ခင်ဗျားတို့ဆန္ဒကိုချုပ်ချယ်တာတော့မဟုတ်ဘူး..မစ္စတာချားကတော့ ကျုပ်ခွေးကိုရက်ရက်စက်စက်သတ်ခဲ့တာကိုတော့ ခင်ဗျားတို့သိသင့်တယ်လို့အကုန်လုံးကိုပြောခဲ့တယ်...အဲ့ဒီမှာ မစ္စတာချားကြီး (၁၄)မဲနဲ့ရှုံးသွားတယ်..."ဒီစကားကိုပြောနေတဲ့သူကတော့ အမေရိကန်လွှတ်တော်အမတ် ချာလီဝီလ်ဆင်ပင်ဖြစ်သည်..သူက ရုံးမှာတောင်မိန်းမလှတွေချည်း ခန့်ထားသူ..အရက်ကို တစ်ဂွပ်ဂွပ်သောက်သည်..ရုံးချိန်တွင်းပါသောက်သည်..ပြောရရင်တစ်ချိန်လုံးသောက်နေတယ်လို့တောင်ပြောရမည်...ဇိမ်မယ်တွေနဲ့တောင်ပျော်ပါးတတ်တဲ့သူ..သို့ပေမယ့် သူဟာ အထက်ကပြောခဲ့သလိုပင် အဓိကပျော့ကွက်ဟာကွက်တွေကို ခလုတ်နှိပ်ရမှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တဲ့သူပင်...ဒါကြောင့်လည်း လွှတ်တော်အမတ်နေရာမှာ ဖင်မြဲနေတဲ့သူ... ဒီလိုနဲ့သူဟာ အာဖဂန်နစ္စတန်နဲ့ ရုရှားတို့ရဲ့ တို့ရဲ့စစ်ပွဲကိုမြင်တွေ့ပြီးတဲ့အချိန်မှာ ကူညီပေးလိုစိတ်ပေါ်လာတယ်...ဒါပေမယ့် အမေရိကန်က ဝင်ကူတာလို့ ရုရှားကို မသိစေလိုတဲ့အခါ၊ အမေရိကန် အစိုးရအဖွဲ့ဝင်တွေကလည်း အာဖဂန်နစ္စတန်တွေကို မယုံကြည်တဲ့အခါ ချာလီတစ်ယောက် နိုင်ငံရေး လှည့်ကွက်တွေသုံးပြီး မိမိလိုချင်တဲ့အကွက်ရအောင် ကြိုးစားရပါတော့မယ်။လွှတ်တော်အမတ်ချာလီဝီလ်ဆင်အဖြစ် ကျွန်တော်တို့ရဲ့ မင်းသားကြီး Tom Hanks က သရုပ်ဆောင်ထားပါတယ်....ဖြစ်ရပ်မှန်ဇာတ်ကားကောင်းဖြစ်တဲ့အပြင် မင်းသားကြီး တွမ်ဟန့်ကိုယ်တိုင်သရုပ်ဆောင်ထားပြီး သူဘယ်လိုတွေ ခလုတ်နှိပ်မလဲဆိုတာတော့ ...
movie
Charlie Wilson’s War(2007)
2007
5.2
Alex Cross (2012)
ဒီရုပ်ရှင်ကတော့ စာရေးဆရာ ဂျိမ်းစ်ပီတာဆင်ရဲ့ Cross ဝတ္ထုများကို ပြန်လည်ရိုက်ကူးထားတဲ့ Action/Thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဝတ္ထုရဲ့အဓိကဇာတ်လိုက်ကတော့ ဒေါက်တာ Alex Cross ဆိုတဲ့ စိတ်ပညာရှင်နဲ့ ရဲစုံထောက်တစ်ဦးဖြစ်ပြီး ဒီဇာတ်ကောင်ကို Morgan Freeman ကလည်းသရုပ်ဆောင်ဖူးပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ Alex Cross က ဇနီးဖြစ်သူ ကိုယ်ဝန်သည် မာရီယာနဲ့အတူ ဒီထရွိုက်မြို့မှာနေပါတယ်။ အဲဒီအချိန်မှာ အက်ဖ်ဘီအိုင်က သူတို့ရဲ့ဝါရှင်တန်ဒီစီကဌာနချုပ်မှာ တာဝန်ထမ်းဆောင်ပေးဖို့ ကမ်းလှမ်းပါတယ်။ လက်ခံသင့်မခံသင့် စဥ်းစားနေချိန်မှာပဲ လူချမ်းသာအမျိုးသမီးတစ်ဦးကို နှိပ်စက်သတ်ဖြတ်သွားတဲ့အမှုတစ်ခုဖြစ်သွားပါတယ်။ လူသတ်သမားဟာ အမျိုးသမီးတင်မက သက်တော်စောင့်တွေကိုပါ တစ်ဦးတည်းသတ်ဖြတ်သွားခဲ့တဲ့အပြင် အခင်းဖြစ်ပွားရာနေရာမှာတင် ပန်းချီတစ်ပုံရေးဆွဲပြီး ထားရစ်ခဲ့ပါသေးတယ်။ဒီလူသတ်သမားဟာ စိတ္တဇလူသတ်သမားဖြစ်ရုံမက နောက်ထပ်ကွင်းဆက်လူသတ်မှုတွေကိုပါ ထပ်မံကျူးလွန်ဖို့ရှိတယ်ဆိုတာကို Alex Crossသိရှိသွားတဲ့အခါမှာတော့ လူသတ်သမားနဲ့ Alex အကြားအားပြိုင်မှုစတင်ပါတော့တယ်။ လူသတ်သမားက Alex ရဲ့မိသားစုကိုပါ ထိပါးဖို့ကြိုးစားလာတဲ့အချိန်မှာတော့ Alex တစ်ယောက်ဘယ်လိုတုံ့ပြန်မလဲ စနစ်တကျလေ့ကျင့်ထားတဲ့လူသတ်သမားကိုယှဥ်ပြိုင်နိုင်ပါ့မလားဆိုတာကို Action Thriller ...
movie
Alex Cross (2012)
6.7
Autumn in New York(2000)
Autumn in New York(2000)*************************နယူးယော့ခ်ရဲ့ ဆောင်းဦးရာသီကို မြင်ယောင်ကြည့်ဖူးပါသလား။ အားလုံးသိတဲ့အတိုင်းဆောင်းဦးဆိုရင် နေရောင်မရဘဲ အအေးဒဏ်ကိုကြံကြံခံနေရတဲ့ အစိမ်းရောင်သစ်ရွက်တို့ဟာအစာမချက်လုပ်နိုင်ဘဲ အဝါရောင်အဖြစ်ပြောင်းလဲလို့နေပါပြီ။တစ်နည်းအားဖြင့်တော့ သူတို့တွေ လောကကြီးကို နှုတ်ဆက်ခွဲခွာလုဆဲအချိန်ပါ။သစ်ရွက်တို့ရဲ့ ဘဝနေဝင်ချိန်ဟာ မြို့တော်ကြီးကိုအလှဆင်ရင်း တခမ်းတနားနဲ့ပေါ့။ ဒီဆောင်းဦးမှာစတင်ခဲ့တဲ့အချစ်ဇာတ်လမ်းဟာလည်း သစ်ရွက်တွေလိုပဲ အဆုံးသတ်မှာလား။ပလေးဘွိုင်းBillဟာ ဘဝတစ်လျှောက်လုံး မိန်းကလေးတွေကို ပလေးလာခဲ့ပြီးအသက်၄၈နှစ်အရွယ်နဲ့ လူပျိုကြီးဖြစ်နေဆဲပါ။ တစ်နေ့မှာ သူဖွင့်ထားတဲ့စာသောက်ဆိုင်ကိုသူ့ရည်းစားဟောင်းရဲ့သမီးဖြစ်သူက မွေးနေပွဲလာကျင်းပပါတယ်။တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်းဆုံပြီး ဦးနဲ့သမီးဇာတ်လမ်းစတင်ခဲ့ပါတယ်။ဒါပေမဲ့ ဗီဇဆိုတာ ဖျောက်ရခက်သားမဟုတ်လားဗျ။ သူတို့နှစ်ယောက်ကြားကအချစ်ဇာတ်လမ်းကို နယူးယော့ခ်ရဲ့ ဆောင်းဦးရွက်ကြွေတွေကြားက ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File Size : (1.9GB) and (808MB) Quality : Blu-Ray 1080p,720p Format…mp4 Duration…01:43:00 Genre : Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae
movie
Autumn in New York(2000)
5.7
Raze(2013)
Raze(2013)============Saw နဲ့ခပ်ဆင်ဆင်ဖြစ်တဲ့ ဒီဇာတ်ကားမှာတော့ မိန်းကလေးတွေကိုပဲမြေအောက်အချုပ်ခန်းထဲဖမ်းထားပြီး အချင်းချင်း လက်ဗလာနဲ့မသေမချင်းချခိုင်းတယ်။ အကြောင်းကတော့ အဲ့လိုသတ်ပွဲမျိုးကိုမှကြိုက်တဲ့ လူချမ်းသာတွေကြောင့် အဖွဲ့အစည်းထောင်ပြီး အဲ့လိုသတ်ပွဲတွေကိုစီစဉ်ပေးတာကြောင့်ပါ။တစ်ယောက်နဲ့တစ်ယောက်တောင်မသိကြပဲ အပြန်အလှန်သတ်ကြတာကိုသွေးသံရဲရဲပါတဲ့ အခန်းတွေနဲ့ကြည့်ရမှာမို့ action ကြိုက်တဲ့သူတွေအတွက်တော့ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပါပဲ။(ဘာသာပြန်နဲ့အညွှန်းကတော့ Kasashi ဖြစ်ပါတယ် ) File size…1.31GB / 538MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 32m Genre ..... Action , Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kasashi
movie
Raze(2013)
5.1
Conan the Barbarian (2011)
Conan the Barbarian (2011)ဒီနေ့မှာတော့ အားလုံးရဲ့အချစ်တော် Aquaman မင်းသားကြီး Jason Momoa ရဲ့ 2011 ကထွက်ရှိထားတဲ့ Conan the Barbarian ဆိုတဲ့ဇာတ်ကားကောင်းတစ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ဒီဇာတ်ကားကို ဟိုက်ဘိုရီယန်ခေတ်မှာ အခြေတည်ထားပြီးတော့ ခန့်မှန်းအားဖြင့် BC 14000 ကနေ 9500 ကြားလောက်အချိန်အတွင်းဖြစ်ပါတယ်။ ဟိုက်ဘိုရီယန်ခေတ်မတိုင်ခင် အက်ရှရွန်ခေတ်မှာမှော်ဆရာတွေဟာ သေသူကိုပြန်ဆင့်ခေါ်နိုင်ဖို့ ဘုရင်တွေရဲ့အရိုးတွေကိုသုံးပြီး နတ်ဆိုးတွေစီး၀င်နေတဲ့ မျက်နှာဖုံးတစ်ခုကို ဖန်တီးလိုက်ကြပါတယ်။ မျက်နှာဖုံးဟာ စွမ်းအားကြီးလွန်းလို့ အက်ရှရွန်တွေဟာ တစ်ကမ္ဘာလုံးကို အုပ်စိုးသွားနိုင်ခဲ့ပေမယ့် သူတို့ကိုတော်လှန်နိုင်တဲ့ ဘာဘေရီယန်ဆိုတဲ့ မျိုးနွယ်စုတစ်စု ကျန်ရှိနေခဲ့ပါတယ်။ဘာဘေရီယန်တွေဟာ မျက်နှာဖုံးကိုခွဲပစ်လိုက်နိုင်ပြီး မသမာသူတစ်ယောက်ယောက်က အစိတ်အပိုင်းတွေကိုပြန်မဆက်နိုင်အောင် တစ်ပိုင်းချင်းစီကို မျိုးနွယ်စုအသီးသီးဆီဖြန့်ကျက်ထားလိုက်ပါတယ်။ဒါပေမယ့် တစ်နေ့တော့ အပိုင်းအစတွေကိုပြန်စုတဲ့လူတစ်ယောက်ပေါ်လာခဲ့တဲ့အခါ ဇာတ်လိုက်ကျော် Jason Momoa တစ်ယောက် ဘယ်လိုအန္တရာယ်တွေရင်ဆိုင်ရင်း တားဆီးဖို့ကြိုးစားသွားမလဲဆိုတာကို စိတ်၀င်တစားကြည့်ရှုကြရမှာဖြစ်ပါတယ်။ဒီဇာတ်ကားက မင်းသားကြီးအာနိုးရဲ့ Conan the Barbarian (1982) နဲ့နာမည်တူ ခေတ်ပုံစံတွေတူပေမယ့် ဇာတ်လမ်းဆက်စပ်မှုတော့ ...
movie
Conan the Barbarian (2011)
4K HEVC
5.8
G.I. Joe: The Rise of Cobra (2009)
G.I. Joe: The Rise of Cobra (2009)_____IMDb - 5.8/10 ၁၆ ရာစုနှစ် ပြင်သစ်ဘုရင် လူဝီ ၁၃ လက်ထက်မှာ ဂျိမ်းစ် မက်ကောလင်း လို့ခေါ်တဲ့ စကော့တလန်လူမျိုးတစ်ဦးကို သံမီးဖုတ် မျက်နှာစွပ်ပေးပြီး အပြစ်ဒဏ်ပေးခဲ့တယ် ။ သူ့ရဲ့ အပြစ်ကတော့ လူဝီဘုရင်ကို လက်နက်တွေ တီထွင်ပေးပြီး တစ်ခြားရန်သူတွေကိုလည်း လက်နက် ရောင်းတဲ့ သစ္စာဖောက်မှုပေါ့ ။ လက်နက်တီထွင်သူဆိုတာ ဘက်တစ်ဘက်တည်းကိုပဲ တီထွင်ပေးရတယ် နှစ်ဘက်ခွ တီထွင်ပေးရင် သစ္စာဖောက်ပေါ့ ။ဒီဘက်မျက်မှောက်ခေတ်ဘက်ရောက်လာတော့ ဂျိမ်းစ်မက်ကောလင်းရဲ့ မျိုးဆက်တွေဟာ ကာဇတ်စတန်နိုင်ငံမှာ မားစ် ဆိုတဲ့ နာမည်နဲ့ လက်နက်ကုမ္ပဏီ ဖြစ်လာခဲ့ကြတယ် ။ အဲဒိကုမ္ပဏီက NATO ရဲ့ အထောက်အပံ့နဲ့ လက်နက်သစ်တစ်မျိုး စမ်းသပ်အောင်မြင်သွားတယ် ။ အဲဒိလက်နက်ကတော့ သတ္ထုတွေကို စားပစ်တဲ့ နာနိုမိုက်လို့ ခေါ်တဲ့ ဗိုင်းရပ်ပဲပေါ့ ။ ...
movie
G.I. Joe: The Rise of Cobra (2009)
2009
HEVC 1080p 5.1
Breach (or) Anti Life (2020)
မင်းသားကြီး ဘရုစ်ဝီလီရဲ့ အသစ်ထွက် Action,Sci-Fi ဇာတ်ကားပါ..၂၂၃၀ ခုနှစ်လောက်မှာ ကမ္ဘာပေါ်မှာ ဂြိုလ်သားတွေ ပြသနာရှာပြီး ရောဂါတွေမွှေတာကြောင့်လူတွေဟာ ကမ္ဘာသစ်တစ်ခုကို ပြောင်းရွှေ့နေထိုင်ဖို့ဖြစ်လာပါတယ်..ဒီလိုပြောင်းရွှေ့မှုတွေ အဆင်ပြေမလား..ဂြိုလ်သားတွေကရော ဘာတွေမွှေဦးမလဲ ...Action, Sci-Fi ကြိုက်တဲ့လူတွေအတွက်တော့ အဆင်ပြေမယ့်ဇာတ်ကားပါ။ File size…(1 GB) and (1.6 GB) Quality….WEB-DL 1080p and 720p Format…mp4 Duration….01:30:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Jackson Winn
movie
Breach (or) Anti Life (2020)
6.0
The Amityville Horror (2005)
CM Fan တွေ အတွက် Deadpool မင်းသား Ryan Reynolds ပါဝင်သရုပ်ဆောင်ထားတဲ့ Horror ဇတ်လမ်းကောင်း တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်ဂျော့ နဲ့ ကပ်သီ တို့ဟာ ညားခါစ အကြင်လင်မယားတွေ ဖြစ်ပေမယ့် ကပ်သီ ဘက်က ပါလာတဲ့ မယားပါ သားသမီး တစ်ချို့ကို ဂျော့က ကြည်ဖြူစွာ လုပ်ကျွေးနေခဲ့ပါတယ်...မကြာသေးတဲ့ အချိန်အတွင်းမို့ ကလေးတွေကတော့ ဂျော့ ကို သိပ်မကြည်ဖြူသေးဘူးပေါ့... မိသားစု များလာတဲ့အခါ ကိုယ်ပိုင်အိမ်လေးနဲ့နေချင်လာလို့ အိမ်ပွဲစားကနေ တဆင့် စျေးသက်သာတဲ့ အိမ်ရှာတဲ့အခါမှာ မြို့အစွန် တစ်နေရာမှာ ပေးရတဲ့ စျေးထက်မတန်တဆ ကို တန်နေတဲ့ ၂ ထပ်အိမ်ကြီးတစ်လုံးကို ရှာတွေ့ခဲ့ပါတယ် အိမ်ပွဲစားကတော့ ဒီအိမ်မှာ လူသေဖူးတယ်ဆိုတဲ့ သတင်းလောက်ကလွဲလို့ ဘာမှ ရေရေ ရာရာ မပြောပေမယ့် ကပ်သီ က အရမ်းလိုချင်နေတာမို့ ...
movie
The Amityville Horror (2005)
2005
7.9
Star Trek (2009)
Star Trek (2009) IMDb - 7.9/10_____Rotten - 94% Won 1 Oscar. Another 24 wins & 93 nominations ခေတ်သစ် Star Trek (တစ်နည်းပြောရရင် ကျွန်တော်တို့ခေတ်ရဲ့Star Trek)J. J. Abrams က 2009 နှစ်စပိုင်းလောက်မှာ Star Trek ရုပ်ရှင်တွေကို ပြန်လည်ဆန်းသစ် ရိုက်ကူးမယ်လို့သိရတော့ ကျွန်တော် စိတ်မဝင်စားခဲ့ဘူး။ ထိုအချိန်လောက်က ကျွန်တော်ဟာ Star Trek fan တစ်ယောက် မဟုတ်ခဲ့သလို J. J. Abrams ကိုလည်း ကြိုက်တဲ့ Directors စာရင်းထဲမှာ မရှိခဲ့လိုပဲ။ အမှန်ကို ဝန်ခံရမယ်ဆိုရင် 2009 တုန်းက ထွက်ရှိခဲ့တဲ့ Star Trek ဇာတ်ကားကို ပထမအကြိမ် ကျွန်တော်ကြည့်ခဲ့စဉ်က မကြိုက်ခဲ့ပေမဲ့ Star Trek into ...
movie
Star Trek (2009)
2009
5.9
P2
ဒီကားမှာတော့ မင်းသမီးချော Rachel Nichols အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် သူ့မှာဟာ လုပ်ငန်းရှင်တစ်ဦးပီပီ အလုပ်များပါတယ်..နှစ်သစ်ကူးရက်ရောက်တော့ ဘယ်လိုပင်အလုပ်တွေရှုတ်နေပါစေ မိသားစုနဲ့အချိန်ကုန်ဆုံးဖို့ ဆုံးဖြတ်ထားတယ် ဒါပေမဲ့ အလုပ်ပြန်နောက်ကျတဲ့အပြင် ပြန်ဖို့ကားကလည်း ပျက်နေတယ် အဆောက်အဦး လုံခြုံရေးက လိုက်လံကူညီပေးပေမဲ့ ပြန်ဖို့အဆင်မပြေဖြစ်နေတယ်...နောက်ဆုံး သူ့ကို ကူညီပေးတဲ့ လုံခြုံရေးဝန်ထမ်းက စိတ္တဇလူသတ်သမားတစ်ယောက်ဖြစ်နေတော့ သူမ ဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲဆိုတာကိုရင်တစ်ဖိုဖိုနဲ့စောင့်ကြည့်လိုက်ပါဦး.......... File Size…(699MB) Quality…BluRay 720p Format…mp4 Duration…01:38:00 Encoder…Phyo Pyae Translated by John La Young
movie
P2
2007