Channel Myanmar

Rachel Manera

The Eye (2008) 5.4
The Eye (2008)  Horror ကားလည်း ကြည့်ချင်တယ် ..သိပ်ပြီးတော့လည်း မကြောက်ချင်ဘူး ..ဒါပေမယ့် ဇာတ်ကားကလည်း ကြည့်ရတာစိတ်ဝင်တစားဖြစ်ချင်တယ်ဆိုရင်တော့ နာမည်ကြီးမင်းသမီး Jessica Alba သရုပ်ဆောင်ထားတဲ့The Eye ဆိုတဲ့ ဇာတ်ကားကို ကြည့်ပါ။ဒီဇာတ်ကားထဲမှာ ဆစ်ဒနီဝဲလ်ဆိုတဲ့ မျက်မမြင်ကောင်မလေးနေရာမှာ Jessica Alba က အထူးသရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဆစ်ဒနီဝဲလ်ကအသက်ငါးနှစ် အရွယ်တုန်းက မျက်စိကို ထိမှန်ပြီးဗျောက်အိုးထိမှန်ပြီး မျက်စိကွယ်ခဲ့တဲ့သူ။ နောက်ဆယ့်ငါးနှစ် အကြာမှာ သူ့ရဲ့ မျက်စိကို မျက်ကြည်လွှာအစားထိုးကုသခဲ့တယ်။ဇာတ်လမ်းက ဒီမှာ စတာပါ။မျက်စိက ကုသပြီးလို့ စစချင်း ဘာမှ သိပ်မမြင်ရသေးပေမယ့် ခက်တာက ကြောက်စရာကောင်းတဲ့ပုံရိပ်တွေ ..မီးလောင်နေတာတွေ ..လူသေတွေ အဲဒါတွေကို သူ့အနေနဲ့ မြင်လာရတယ်။သေမယ့် လူတွေကို ကြိုတင်ပြီး ပုံရိပ်တွေ မြင်နေရသလိုဖြစ်လာတယ် ..ဒီလိုတွေ မြင်လာရတာက ဘာကြောင့်လဲ?ဆစ်ဒနီအနေနဲ့ ဒါကို ဘယ်လိုမျိုး ကျော်ဖြတ်သွားမလဲ?ဆေးပညာနဲ့ ဒီကိစ္စက ဘယ်လိုမျိုး ဆက်သွယ်မှုတွေရှိနေသလဲ စတဲ့ ...
movie

The Eye (2008)