Channel Myanmar

Rachel Leung

Lost Love (2023) 6.8
Lost Love (2023) Lost Love ( 2022 ) ===============ဟောင်ကောင်ရုပ်ရှင်Lost Loveဟာ ကလေးမွေးပြီး ရောဂါနဲ့ကလေးကို ဆုံးရှုံးသွားတဲ့ လင်မယားနှစ်ယောက်နဲ့ အစပြုထားတယ်။ သူတို့လင်မယားဟာ လင်က ကျောင်းကားမောင်း မယားက  စပယ်ယာလုပ်နဲ့ အသက်မွေးကြပေမဲ့ သူတို့လုပ်တဲ့ ကျောင်းကားလိုင်းက ဖျက်သိမ်းဖို့ အချိန်တန်လာခဲ့တယ်။ လင်ကတော့ ကားလိုင်းပြောင်းလုပ်လိုက်ပေမဲ့ မယားကတော့ အလုပ်မရှိတော့ဘူး။ သူတို့ကလေးဆုံးရှုံးခဲ့တာကို မေ့ဖျောက်ထားဖို့ အလုပ်တွေပဲဖိလုပ်နေတဲ့ သူ့မိန်းမဟာ အလုပ်အသစ်တစ်ခု စပ်လိုက်တယ်။ အဲဒီအလုပ်ကတော့ မွေးစားခံရမယ့်ကလေးတွေကို မွေးစားမယ့်လူဆီ မရောက်ခင် ခဏလောက် အထိန်းမွေးစားပေးရတဲ့အလုပ်ပါပဲ။ ကလေးတစ်ယောက်ကို အထိန်းမွေးစားတယ်ဆိုတာ ထမင်းကျွေး ကျောင်းကြို ကျောင်းပို့နဲ့ ပြီးသွားမယ်လို့ သူထင်ခဲ့ပေမဲ့ ကလေးရဲ့စိတ်ကိုပါ နားလည်ပေးနိုင်ဖို့လိုတဲ့ အလုပ်ဆိုတာကို သူတဖြည်းဖြည်းချင်း သဘောပေါက်လာခဲ့တယ်။ ဒီလိုနဲ့ သူကိုယ်တိုင်လည်း ကလေးတွေကို ချစ်စိတ်တွယ်လာပြီး ဆုံးရှုံးသွားတဲ့ သူ့သားလေးအစား ဒီကလေးတွေကို ပိုချစ်လာခဲ့တယ်။ ဒီအလုပ်ဟာ သူ့အတွက် အလုပ်သက်သက်မဟုတ်တော့ဘဲ ...
movie

Lost Love (2023)

A Light Never Goes Out (2023) 6.3
A Light Never Goes Out (2023) A Light Never Goes Out (2022)======================IMDb - 6.3/10ဒီတစ်​ခေါက်မိတ်ဆက်​ပေးမှာက​တော့ LED ဆိုင်းဘုတ်​ခေတ်​မစားခင်​ခေတ်က အဏုမြူ​ချောင်း​တွေနဲ့ဆိုင်းဘုတ်​​​တွေနဲ့ ​ဟောင်​ကောင်မြို့လမ်း​ပေါ်ကို အလင်း​ရောင်စုံ​ပေးခဲ့တဲ့သူ​တွေကို ​ဂုဏ်ပြုတဲ့အ​နေနဲ့ ရိုက်ကူးပြထားတဲ့ ​ဟောင်​ကောင်ဒရာမာကား​ကောင်း​လေး A Light Never Goes Out ပဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်း​ဟောင်​ကောင်ရဲ့ ဥပ​ဒေအသစ်​ကြောင့် လမ်းမ​ပေါ်က အဏုမြူဆိုင်းဘုတ်အများစု ဖြုတ်ချခံရလိုက်ပြီး LED ဆိုင်းဘုတ်​တွေ အစားထိုးလာတာ​ကြောင့် အဏုမြူ​ဆိုင်းဘုတ် ​​ဘေလ်တစ်​ယောက် စီးပွား​ရေးဆုတ်ယုတ်လာပြီး ​နောက်ဆုံးအလုပ်တစ်ခုကိုလုပ်ရင်း ရုတ်တရက်ဆုံးပါးသွားပါတယ်​​ဘေလ်ရဲ့ ဇနီးဖြစ်သူ ဟွမ်တစ်​ယောက် ခင်ပွန်းဖြစ်သူဆုံးပါးသွားပြီး​နောက် အတိတ်ကအမှတ်တရ​တွေကို သတိရရာက​နေ အလုပ်ရုံအသွား ​ဘေလ်ရဲ့ တပည့်ဆိုသူ လီယိုနဲ့​တွေ့ဆုံခဲ့ပြီး​နောက် ​ဘေလ်တစ်​ယောက် အပြီးမသတ်လိုက်ရတဲ့ ဆန္ဒတစ်ခုရှိ​ကြောင်းသိလိုက်ရပါတယ်ခင်ပွန်းသည်ရဲ့ ​နောက်ဆုံးဆန္ဒကို ဖြည့်ဆည်း​ပေးချင်တာ​ကြောင့် ဟွမ်တစ်​ယောက် လိုက်စုံစမ်းရင်း အရင် အတိတ်ကအမှတ်တရ​လေး​တွေပါ စုမိသလိုဖြစ်လာပါတယ်အမှတ်တရ​တွေမှာ ​​ပျော်စရာ ဝမ်းသာစရာ ဝမ်းနည်းစရာ​တွေနဲ့ ပြည့်နှက်​နေတာ​လေးကို ကြည့်ရှုသူကို မျိုးစုံရသ​ပေးနိုင်​အောင် ရိုက်ပြထားတဲ့ ဒရာမကား​ကောင်း​လေးပဲဖြစ်ပါတယ်( ...
movie

A Light Never Goes Out (2023)

Ready or Not 2 ( 2023 )
Ready or Not 2 ( 2023 ) မြို့ပြမှာ နေထိုင်နေတဲ့ စုံတွဲတွေရဲ့ မတူညီတဲ့အဆင့်အသီးသီးမှာ ဖြစ်ပျက်လေ့ရှိတဲ့ အဖြစ်အပျက်လေးတွေကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ အားကျားနဲ့ ခယ်ရီးတို့ရဲ့ ဘဝဟာ အားကျားရဲ့ အမေကြောင့် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ မင်္ဂလာပွဲအတွက်ပြင်ဆင်ဖို့၊ အိမ်ဝယ်ဖို့၊ အလုပ်ကိစ္စတွေကြောင့် အရင်က ပျော်စရာဘဝကြီးက တဖြည်းဖြည်းနဲ့ တာဝန်တွေ ဝတ္တရားတွေနဲ့ ပြည့်နှက်လာခဲ့ပါတယ်။ဟွေးရှုံကလည်း အိမ်ထောင်ရှင်ကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေပေမယ့် သူ့ဇနီးဖြစ်သူ ဂျင်းနီကတော့ သူ့အပေါ် စိတ်ဝင်စားမှုတွေ လျော့နည်းလာပြီး အပြောင်းအလဲတွေရှိနေပါတယ်။ အားကျန့်နဲ့ ဂျက်ဆီကာကတော့ မိုးနတ်မင်းရဲ့ ဆုလာဘ် (ကိုယ်ဝန်)ကို လက်ခံရရှိခဲ့ပါတယ်။ အပြည့်အဝ ကာကွယ်ခဲ့ပေမယ့်လည်း 0.01% ဖြစ်နိုင်ချေက သူတို့ဆီကို ရောက်လာပြီး မပြင်ဆင်ရသေးခင် မိဘဖြစ်လာဖို့ ဖြစ်ခဲ့ရပါတယ်။သူတို့တစ်တွေ ကိုယ်စီအခက်အခဲကို ဘယ်လို ကျော်ဖြတ်ကြမလဲ...... သူတို့ ၆ ယောက်ရဲ့ ဘဝလမ်းကြောင်းကရော ဘယ်လို အပြောင်းအလဲတွေရှိနေမလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ လိုက်ပါ ခံစားကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , ...
movie

Ready or Not 2 ( 2023 )