Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Rachel Hurd-Wood
6.8
The First Omen (2024)
ဒီရုပ်ရှင်ကတော့ ၁၉၇၆ တုန်းက ကမ္ဘာကျော်ခဲ့တဲ့အင်မတန်တမူထူးတဲ့ဇာတ်လမ်း The Omen 1976 ရဲ့အစပထမကို ရိုက်ကူးထားတာပါ။ဒါကြောင့် ရုပ်ရှင်ခေတ်ကို ၁၉၇၁ ကနေ စပြထားပါတယ်။သမိုင်းအရလည်း ၁၉၆၉ ကနေ ၁၉၈၀ အတွင်းရောမနဲ့ ဥရောပနိုင်ငံအမြောက်အမြားမှာလူမှုတော်လှန်ရေးခေတ် ဖြစ်နေပြီး ဆန္ဒပြတာတွေဆူပူတာတွေနဲ့ ဗြောင်းဆန်နေတဲ့ကာလပါပဲ။ ဒီရုပ်ရှင်ဒါရိုက်တာကတော့ Legion စီးရီးရဲ့ ဖန်တီးရှင်Arkasha Stevenson ဖြစ်ပြီး Imdb 6.8 ထိုက်ထိုက်တန်တန် ရထားတယ် ပြောရမှာပါပဲ။မူရင်း The Omen 1976 ကိုလည်း ဒီရုပ်ရှင်အပြီးမှာဆက်ကြည့်သင့်ပါတယ်။ CM web နဲ့ App မှာတင်ပေးထားပါတယ်။ နောက်ထပ် နောက်ဆက်တွဲOmen ရုပ်ရှင်တွေလည်း တင်ပေးသွားပါ့မယ်။ ဇာတ်လမ်းအကျဉ်း****************ခေတ်ပြောင်းတော်လှန်ရေးမှာလူတွေကဘုရားကျောင်းကို ယုံကြည်ကိုးကွယ်တာနည်းလာကြတယ်။ ဒီတော့ အစွန်းရောက်ပြီးဘာသာရေးအာဏာကို ဆက်လိုချင်တဲ့ဘုန်းတော်ကြီးတစ်စုက မကြံကောင်းမစည်ရာကြီးတစ်ခုကို ကြံစည်လိုက်တယ်။ အဲဒါကတော့အန္တိခရစ်တော်ကို မွေးဖွားဖို့ပါပဲ။ ယေရှုခရစ်တော်ဟာဘုရားသခင်ရဲ့ လူသဏ္ဍာန်လို့ ယုံကြရင်အန္တိခရစ်တော်ဟာ စေတန်ရဲ့ လူသဏ္ဍာန်ပါပဲ။ခရစ်တော်ကဘုရားရဲ့ သားတော်ဆိုရင် ...
movie
The First Omen (2024)
An American Haunting (2005)
နာမည်ကြီးဇာတ်ကားတွေဖြစ်တဲ့ The Hunger Games , Pride and Prejudice တို့မှာသရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Donald Sutherland , ကလေးဘဝရဲ့အမှတ်တရ ဇာတ်လမ်းလေး ဖြစ်တဲ့ Peter Pan နဲ့ နာမည်ကြီး Horror Movie ဖြစ်တဲ့ Perfume တို့မှာပါဝင်ခဲ့တဲ့ မင်းသမီးချောလေး Rachel Hurd-Wood စတဲ့နာမည်ကြီးသရုပ် ဆောင်တွေ ပါဝင်တဲ့ An American Hunting ဟာဆိုရင် Horror ရုပ်ရှင်အမျိုးမစားဖြစ်ပါတယ်ဒါရိုက်တာကတော့ Courtney Solomon ဖြစ်ပြီး ဇာတ်လမ်းကတော့ The Bell Witch: An American Hunting ဆိုတဲ့ Classic ဝတ္ထုရှည်ပေါ်ကိုမှီငြမ်းရိုက်ကူးထားပါတယ်ဇာတ်လမ်းလေးရဲ့အစမှာတော့ သမီးဖြစ်သူ Jane ဟာ အိပ်မက်ဆိုးတွေခဏခဏ မက်ပြီးကြောက်လန့်တကြားတွေဖြစ်ရာမှ သမိုင်းကြောင်းကိုပြန်ကြည့်တဲ့အခါမှာ 19 ရာစု ခုနှစ်တွေတုန်းက အမေရိကန်မှာ ...
movie
An American Haunting (2005)
7.5
Perfume: The Story of a Murderer (2006)
Paddington၊ Skyfall၊ No time to die၊ Layler Cake၊The Hollow Crown၊ In the Heart of the Seaတို့ရဲ့မင်းသား Ben Whishaw ကို main character ထားပြီး ဇာတ်လမ်းကို Thriller/Fantasy ပုံစံလေး သွားထားပါတယ်။ ဒါ့အပြင် Harry Potterထဲက Professor Severus Snape ဖြစ်တဲ့ Alan Rickman ကပါ ဇာတ်လမ်းကို ပဲ့ထိန်းမောင်းနှင်ထားပါတယ်။ ဒါတင်မကသေးပါဘူး Dustin Hoffmanနဲ့ Karoline Herfurthတို့နှင့် တခြားသော သရုပ်ဆောင်ပေါင်းများစွာနဲ့ ဇာတ်ကောင်တွေဖြင့် ပြည့်ပြည့်စုံစုံ ဇာတ်အိမ်တည်ထားပါတယ်။ကျွန်တော်တို့ Horror ရုပ်ရှင်တွေကို ကြည့်ကြည့်မယ်ဆိုရင် လူတွေကို သတ်ပြီး ဖယောင်းသွင်းတာ ရှိမယ်၊လူ ၃ယောက်ကို ဆက်ပြီး ကင်းခြေများ လုပ်တာ ရှိတယ်၊ ...
movie
Perfume: The Story of a Murderer (2006)
6.1
Hideaways (2011)
လူတော်တော်များများမှာ မိသားစုကနေဆက်ခံထားရတဲ့အမွေတွေရှိပါတယ်။ဥပမာ မိဘမှာဆီးချိုရှိရင်သားသမီးမှာလိုက်ရှိတာတို့ မိဘဆီကရောဂါတစ်ခုခုအမွေရထားတာမျိုးပေါ့။ဒါပေမယ့်အခုတင်ဆက်ပေးမဲ့ IMDb Rating 6.1 ရရှိထားတဲ့Hideaways ဆိုတဲ့ဇာတ်ကားထဲကဖာလွန်ဆိုတဲ့မိသားစုရဲ့အမွေကတော့ထူးခြားပါတယ်။ဘယ်လိုထူးခြားတာလဲဆိုတော့သူတို့ဆီမှာသားယောက်ျားလေးတွေမွေးရင် တခြားသူတွေထက်သာလွန်ထူးကဲတဲ့စွမ်းရည်တွေကိုဆက်ခံရလို့ပါပဲ။ ဒါပေမယ့်စွမ်းရည်ဆိုလို့ မိုက်တာပေါ့ ဘာညာဆိုပြီးမတွေးလိုက်ပါနဲ့။လိင်ဆက်ဆံရင် မျက်လုံးကန်းသွားတဲ့စွမ်းရည်တို့ စိတ်လှုပ်ရှားပြီးကြောက်လာရင် အနီးအနားကစက်ပစ္စည်းတွေပျက်သွားတဲ့စွမ်းရည်တို့လိုမျိုး ကြောင်တောင်တောင်ကြီးတွေဖြစ်ပါတယ်။အခုသူတို့မျိုးဆက်ထဲကနောက်ဆုံးသားယောက်ျားလေးဖြစ်တဲ့ဂျိမ်းစ်မှာလည်း ကြောင်တောင်တောင်စွမ်းရည်တစ်ခုရှိနေပါတယ်။အဲ့ဒါကတော့ သူကြောက်လာရင်သူ့နားမှာရှိတဲ့အပင်တွေကအစလူတွေအဆုံး အကုန်လုံးသေဆုံးကြရတာဖြစ်ပြီး အဲ့ဒီစွမ်းရည်ကြောင့်ပဲမိဘမဲ့ဘ၀ကိုရောက်ရှိပြီး မိဘမဲ့ဂေဟာကိုရောက်ခဲ့ရပါတယ်။ဒါပေမယ့်မိဘမဲ့ဂေဟာမှာလည်း အဲ့လိုထပ်ဖြစ်ပြီးနောက်ပိုင်းထွက်ပြေးသွားခဲ့ပြီးဂျိမ်းစ်တစ်ယောက်ပျောက်ကွယ်သွားခဲ့ပါတယ်။ဒါပေမယ့် နှစ်ပေါင်းများစွာကြာတဲ့အချိန်မှာကင်ဆာရောဂါဖြစ်နေပြီး ဆေးရုံကနေထွက်ပြေးလာတဲ့ မေဆိုတဲ့ကောင်မလေးနဲ့ဂျိမ်းစ်နဲ့တွေ့ဆုံခဲ့တဲ့အခါမှာတော့ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမဲ့ ဒရာမာ စိတ်ကူးယဉ်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.78 GB / 851 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 28m Genre ….. Fantasy , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Hideaways (2011)
6.2
Dorian Gray (2009)
ဒီဇာတ်ကားက Oscar Wilde ရဲ့ ဂန္တဝင်ဝထ္ထုကိုလိုက်လျောညီထွေနဲ့စွဲမက်ဖွယ်ကောင်းလောက်အောင်ပြန်လည်ပုံဖော်ထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။လူတွေရဲ့အတ္တနဲ့သေခြင်းတရားအပေါ်ကြောက်ရွံ့မှုတို့ကိုနက်ရှိုင်းတဲ့သဘောနဲ့ပုံဖော်ပြထားပါတယ်။စွဲမက်လောက်စရာရုပ်သွင်ရှိတဲ့ Ben Barners က Dorian Gray ဇာတ်ကောင်နေရာမှာသရုပ်ဆောင်ပေးထားတာကဇာတ်လမ်းနဲ့တကယ့်ကိုလိုက်ဖက်ညီလွန်းပါတယ်။ဇာတ်လမ်းသဘောကတော့သူ့ရဲ့ဝိညဥ်ကိုနတ်ဆိုးနဲ့မမျှော်လင့်ပဲအပေးအယူလုပ်မိသွားတဲ့ကောင်ချောလေးတစ်ယောက်အကြောင်းပါ။ရိုးသားဖြူစင်တဲ့ကောင်ချောလေးဒိုရီယန်ဟာအဖိုးသေဆုံးသွားပြီးအမွေဆက်ခံဖို့အတွက်တောကနေလန်ဒန်မြို့ကြီးကိုရောက်လာခဲ့ပါတယ်။မအူမလည်ဖိုးသခွားလေးဟာ လူရှုပ်လူပွေကြီး Lord Henry နဲ့ပေါင်းမိပြီးတဲ့နောက်မှာကောင်ချောလေးကနေကောင်ဇိုးလေးဖြစ်လာခဲ့ပါတယ်။ဆရာထက်တပည့်လက်စောင်းထက်လာတဲ့ဒိုရီယန်ဟာသူ့ဝိညဥ်ကိုမမျော်လင့်ဘဲ နတ်ဆိုးနဲ့အလဲအလှယ်လုပ်မိသွားတဲ့နောက်မှာမအိုမင်းနိုင်တဲ့ခန္တာကိုပိုင်ဆိုင်သွားပြီးမြင်းကိုဂျိုတပ်ပေးလိုက်သလိုတွေဖြစ်သွားတဲ့အခါ....သူ့နုပျိုမှုကထာဝရခံပါ့မလား အဲ့ဒီအလဲအလှယ်အတွက်သူဘာတွေပေးဆပ်လိုက်ရမလဲဆိုတာဇာတ်ကားထဲမှာဆက်ပြီးစောင့်ကြည့်ပေးကြပါဦး....Ben Bernes က Dorian Gray ရဲ့ ဇာတ်ကောင်ကိုအပြစ်ကင်းစင်တဲ့လူငယ်လေးတစ်ယောက်ရဲ့ဘဝကနေပြီးတော့စိတ်ဝိညဥ်မရှိတော့တဲ့အထိကိုယ့်ကျင့်တရားဖောက်ပြန်စိတ်ဓာတ်ပျက်ပြားတဲ့လူတစ်ယောက်အဖြစ်ကူးပြောင်းလာပုံကို ကျွမ်းကျွမ်းကျင်ကျင်ပဲပုံဖော်ပြသွားပါတယ်။Horry and Mystery vibes မျိုးကိုသေချာခံစားချင်ပြီးတကယ်စိတ်ဝင်စားစရာကောင်းပြီးကြည့်ရတာတန်တဲ့ဇာတ်လမ်းမျိုးကိုရှာနေရင်ဒီဇာတ်ကားလေးကသင်တို့အတွက်ပါပဲလို့...( PS. တစ်ချို့ဇာတ်ဝင်ခန်းတွေက မိသားစုနဲ့အတူကြည့်ဖို့မသင့်တော်တဲ့အတွက်ကြောင့်ညမှောင်မှောင်မှာ တစ်ယောက်တည်း or သူငယ်ချင်းတွေနဲ့စုကြည့်ကြဖို့ပြောချင်ပါတယ်။) File size… 1.74 GB / 800 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 52m Genre ..... Drama, Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Aung Wai ...
movie
Dorian Gray (2009)
2009
6.1
Tomorrow, When the War Began (2010)
Tomorrow, When the War Began (2010) ============================= IMDb Rating - 6.1/10ဒီကားလေးကတော့ ' Tomorrow When The War Began ' ဆိုတဲ့ Australia နာမည်ကြီး စာရေးဆရာ John Marsden ရေးခဲ့တဲ့ ဝတ္ထုရှည်ကြီးကို ဇာတ်ကားအနေနဲ့ ပြန်လည်အသက် သွင်းထားတဲ့ ကားလေးဖြစ်ပါတယ်။ စာအုပ်အနေနဲ့ Tomorrow Series ဆိုပြီးနာမည်ကြီးပြီး 1993 ကနေ 1999 ထိ စုစုပေါင်း 7 အုပ်ထိ ထုတ်ဝေခဲ့ပါတယ်။ ပထမဆုံးစာအုပ်ဖြစ်တဲ့ Tomorrow When The War Began စာအုပ်ကတော့ ကမ္ဘာတဝှမ်း စာပေ Winner ဆု '8ဆု'၊ Best Book ဘာညာအဖြစ်ရွေးချယ်ခံရတာ '5ဆု'၊ Nominated '1ဆု' အထိအောင်မြင်ခဲ့ပါတယ်။ဇာတ်လမ်းမှာတော့ Australia မင်းသမီးချော Caitlin Stasey က ခေါင်းဆောင်မင်းသမီးအနေနဲ့သရုပ်ဆောင်ထားပြီး၊ ကျွန်တော်တို့ ငယ်ငယ်က ကြည့်ခဲ့တဲ့ Peter Pan ...
movie
Tomorrow, When the War Began (2010)
2010
6.8
Peter Pan (2003)
အားလုံးသိကြတဲ့ပုံပြင်လေးကို ရုပ်ရှင်ပြန်ရိုက်ထားတဲ့ 2003 ကထွက်ရှိတဲ့ကားပါ။Wendy နဲ့သူ့မောင်တွေဖြစ်တဲ့ John နဲ့ Michael တို့ဟာ သူတို့ပုံပြင်ပြောရင်လာနားထောင်တဲ့ Peter Pan ခေါ်တာကြောင့် Neverland ကိုလိုက်သွားပြီး စွ့န်စားခန်းတွေ ကြုံတွေ့ရပါတယ်။လေပေါ်ပျံနိုင်စွမ်းရှိပြီး ဘယ်တော့မှအသက်မကြီးတဲ့ Peter Pan နဲ့ သူ့ရဲ့အပေါင်းအပါတွေဖြစ်တဲ့ The Lost Boys, Fairy လေး Tinkerbell တို့အပြင် ပင်လယ်ဓားပြကြီး Captain Hook တို့လည်းပါ၀င်ပါတယ်။ 2003 ကထွက်တာဖြစ်ပေမယ့်အခုပြန်ကြည့်လည်းမရိုးနိုင်တဲ့ကားလေးပါ။မိသားစုလိုက်ကြည့်ရင် လူကြီးတွေအတွက်လည်းမပျင်းရတဲ့ကားလေးဖြစ်ပါတယ်။Wendy တို့ရဲ့ကုန်ဆုံးတော့မယ် ကလေးဘ၀ကိုကြည့်ရင်း nostalgic feeling လည်းခံစားရမှာပါ။ Rotten tomatoes -77% File size…(2.17GB)/(1.2GB)/(875MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:53:00 Genre...adventure / Family / fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie
Peter Pan (2003)
6.1
Solomon Kane
Solomon Kane (2009) IMDb - 6.1/10_____Rotten - 67% မိစ္ဆာတွေ စွန့်စားခန်းတွေ တိုက်ပွဲတွေ မှော်ပညာပါတဲ့ ဇာတ်လမ်းတွေကိုမှ အားပေးချင်ပါတယ်ဆိုတဲ့ ပုရိတ်သတ်ကြီးအတွက်ဆော်လမွန်ကိန်း လာပါပြီ။ ဇာတ်လမ်းကျောရိုးလေးကို နားလည်ထားမှ ဇာတ်ကားလေးက ကြည့်ရတာအရသာရှိနေတာကြောင့် တင်ပြလိုပါတယ်။ တစ်ချိန်တုန်းက ကမ္ဘာကြီး မိစ္ဆာအမှောင်ထုရဲ့ ကြီးစိုးမှု့အောက်ရောက်ရှိခဲ့ပါတယ် မှော်ဆရာတွေ မိစ္ဆာတွေ မကောင်းဆိုးရွားတွေ သူတစ်လူ ငါတစ်မင်း သောင်းကျန်းချင်တိုင်းသောင်းကျန်း နေတဲ့ခေတ်တစ်ခေတ်ပါပဲ။ အားလုံးက အတည်တကျမဖြစ် ကျီးလန့်စာစားနေနေကြရပါတယ်။ ကိုယ့်ကိုယ်ကိုမပြောနဲ့ ကိုယ့်ဝိဉာဉ်ကိုယ်တောင်မပိုင်တဲ့ ခေတ်ကြီးပါပဲ။ ဝိဉာဉ်ကို မိစ္ဆာတွေနဲ့ အလဲထပ် အလောင်းစားလုပ်လို့ရနေပြီး ကတိဆိုတာ မရှိသလောက်ဖြစ်နေပါတယ်။ ဆော်လမွန်ကိန်းတစ်ယောက် ဖခင်ရဲ့စေတနာကို နားလည်မှု့လွဲပြီး ဆန့်ကျင်ဘက်တွေလုပ်ရာမှ သူ့ဝိဉာဉ်ကို မိစ္ဆာနဲ့အလောင်းစားလုပ်ပြီး ဆိုးချင်တိုင်းဆိုး မိုက်ချင်တိုင်းမိုက်နေခဲ့ပါတယ်။ မိစ္ဆာကလည်း အချိန်စေ့တာကတစ်ကြောင်း မနိုင်တော့တာလဲတစ်ကြောင်းမို့ ဝိဉာဉ်ပြန်လာနှုတ်ပါတယ်။ ဒါပေမဲ့ ဆော်လမွန်ကိန်းက ပြန်မပေးပဲ အပြန်လှန်တိုက်ခိုက်ရာမှ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ ဆော်လမွန်ကိန်းတစ်ယောက် ပြေးရင်းပြေးရင်းမှ မိစ္ဆာတွေရဲ့ စက်ကွင်းလွတ်ရာ ဘုန်းတော်ကြီးကျောင်းထဲမှာ ရက်ရှည်လများစွာခိုအောင်းရင်း ဆိုးမိုက်မှု့တွေကိုစွန့်လွှတ်ကာ အေးချမ်းစွာနေထိုင်နေပါတယ်။ တစ်နေ့မှာတော့ ဘုန်းတော်ကြီးက သူ့မွေးရပ်ဇာတိကို ပြန်ပြီးအမွေဆက်ခံဖို့စေလွှတ်ပါတော့တယ်။ အေးဆေးနေချင်တဲ့ ဆော်လမွန်ကိန်းတစ်ယောက် မငြင်းသာတော့ပဲ ခရီးရှည်ကြီးကို စတင်ရပါတော့တယ်။ လမ်းခရီးကမိတ်ဆွေတွေရှိနေသလို ...
movie
Solomon Kane
2009