Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Rachel House
6.5
Godzilla x Kong: The New Empire (2024)
MonsterVerse TimelineMonsterVerse ရဲ့ ၅ ကားမြောက် Godzilla x Kong: The New Empire (2024) လဲထွက်လာခဲ့ပြီဆိုတော့ Godzilla, Kong နဲ့ သူတို့ကြားက အဖြစ်အပျက်တွေကြားက timeline ကို တစ်ချက်ပြန်ကြည့်ကြည့်ရအောင်. ဒီ timeline ထဲက အဖြစ်အပျက်တွေက ထွက်ရှိခဲ့တဲ့ MonsterVerse ရုပ်ရှင်၊ ဇာတ်လမ်းတွဲတွေအပြင် tied in graphic novels တွေက အကြောင်းတွေပါ ပါဝင်ပါတယ်။ Event တွေများ source တွေလည်း များလို့ မှားနေတာ လိုနေတာရှိရင် ဝင်ဆွေးနွေးသွား ထောက်ပြသွားနိုင်ပါတယ်။- 252 millions BC ကမ္ဘာ့ မျက်နှာပြင်ပေါ်မှာ Radiation တွေ ယနေ့လက်ရှိအချိန်ထက် အဆပေါင်းများစွာရှိနေတုန်းက radiation ကို စားသုံးကြီးထွားတဲ့ Godzilla နဲ့ တခြား Titan တွေဟာ ...
movie
Godzilla x Kong: The New Empire (2024)
2024
4K HEVC
7.5
Whale Rider (2002)
Mulan 2020 ဇာတ်ကားနဲ့ပဲ Best Director ဆုရရှိခဲ့တဲ့ နယူးဇီလန် ဒါရိုက်တာ Niki Caro ရိုက်ကူးထားပြီး၊ နယူးဇီလန် မင်းသားကြီး Cliff Curtis နဲ့၊ GOT ထဲက ဒွန်း နိုင်ငံက ကီရှာ နေရာမှာ သရုပ်ဆောင်ထားတဲ့ နယူးဇီလန် မင်းသမီးချောလေး Keisha Castle-Hughes ကို သူ့ရဲ့ငယ်ရုပ်လေးနဲ့ ကြည့်ရမှာဖြစ်ပြီး ဒီဇာတ်ကားမှာလည်း Best Actress in a Leading Role အော်စကာဆု ရရှိခဲ့ပြီး တခြားဆုပေါင်းမှားစွာလည်းရရှိထားတဲ့ Drama/Family ဇာတ်ကားကောင်းလေးတစ်ကားပါဇာတ်အိမ်ကတော့ နယူးဇီလန်အရှေ့ဘက်ကမ်းရိုးတန်းမှာ ဒဏ္ဍာရီလာ ဝမ်ဂရာ လူမျိုးတွေအကြောင်းရိုက်ကူးထားတာပါကနူးလှေနစ်မြှပ်ပြီး ဝေလငါးတစ်ကောင်က ကျောပေါ်တင်ပြီး ကမ်းစပ်ကိုပို့ပေးခဲ့လို့ သေဘေးကနေလွှတ်မြောက်ခဲ့တဲ့ ရှေးဦးလူတို့ဖန်ဆင်းပေးခဲ့တဲ့ ပိုက်ကီယာ ဆိုတဲ့ ဝမ်ဂရာ လူမျိုးတွေရဲ့ ဘိုးဘေးတစ်ယောက်ရှိခဲ့တယ်..... ပိုက်ကီယာ ကို အစွဲပြုပြီးတော့ သားဦးယောက်ျားလေးတိုင်းဟာ ...
movie
Whale Rider (2002)
6.6
Next Goal Wins (2023)
Next Goal Wins (2023)~ IMDb - 6.6/10, RT - 44%, Meta - 44% ~ကမ္ဘာ့အညံ့ဆုံးဘောလုံးအသင်းတစ်သင်းရှိတယ်။ အဲဒီအသင်းနာမည်က "American Samoa" တဲ့။ အဲဒီအသင်းက ၂၀၀၂ ကမ္ဘာ့ဖလားအတွက် ခြေစစ်ပွဲကန်တုန်းက ဩစတေးလျနဲ့ကန်တာမှာ ၃၁ဂိုး ဂိုးမရှိနဲ့ ရှုံးသွားဖူးတယ်။ အဲဒီရှုံးပွဲက ကမ္ဘာ့ဖလားသမိုင်းရဲ့ အဆိုးရွားဆုံးရှုံးပွဲလို့ သမိုင်းတွင်ထားတယ်။ တော်တော်တော့လည်းစားတယ်။ သူတို့အသင်းက ဂိုးတစ်ခါမှ မသွင်းဖူးသေးဘူး။ အဲဒီအမေရိကန်ဆာမိုအာက ဘောလုံးဖက်ဒရေးရှင်းဥက္ကဌရဲ့ ဆန္ဒကတော့ ဂိုးတစ်ဂိုးလောက်သွင်းနိုင်ရင်သေပျော်ပြီဆိုတဲ့ ဆန္ဒပဲ။ စစချင်းဆို တခြားဖက်ဒရေးရှင်းဥက္ကဌတွေနဲ့ သူတို့အသင်းက ဂိုးတစ်ဂိုးမသွင်းနိုင်ရင် မျက်နှာမှာ နို့ပုံဆွဲဆိုပြီး လောင်းလာတာ ခဏနေတော့ မျက်နှာတစ်ခုလုံး မာကာမင်အသေနဲ့ ဆွဲထားတဲ့ နို့ပုံတွေပြည့်သွာရတဲ့အထိပဲ။ ဒီတော့ သူလည်း အကြံထုတ်တယ်။ သူတို့အသင်း တစ်ဂိုးလောက်သွင်းဖူးအောင် ဘယ်လိုလုပ်ရမလဲပေါ့။ဒီလိုနဲ့ နည်းပြအသစ်ငှားဖို့ အိုင်ဒီယာရသွားတယ်။ လက်ရှိနည်းပြကို ...
movie
Next Goal Wins (2023)
2023
4K HEVC
7.8
Hunt for the Wilderpeople (2016)
Hunt for the Wilderpeople (2016)~ IMDb - 7.8/10, Rotten Tomatoes - 97% ~သွေးမတော်သားမစပ် လူကြီးနဲ့ ကလေးတစ်ယောက် သူတို့နောက်လိုက်တဲ့ အစိုးရအဖွဲ့တွေဆီကနေ ထွက်ပြေးတဲ့ ဇာတ်လမ်းပါ။ရစ်ကီဘိက်ကာဆိုတဲ့ မိဘမဲ့ကောင်လေးကို ဟိက်နဲ့ ဘယ်လာဆိုတဲ့ ယာသမားစုံတွဲက မွေးစားရာကနေ အရှုပ်ထုပ်တွေစခဲ့တာပါ။ ရစ်ကီက ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့အတွက်တော့ ဆိုးသွမ်းခိုးနှိုက် ဖျက်ဆီးတတ်တဲ့ ပြသာနာကောင်လေးပေါ့။ ရစ်ကီရဲ့မွေးစားအမေ ဘယ်လာကတော့ သူ့ကို ဂရုတစိုက်စောင့်ရှောက်ပေးပါတယ်။ ဟိက်ကတော့ သူ့ဟာသူနေတာပါ။တစ်နေ့မှာ ဘယ်လာ ဆုံးသွားပြီး ဟိက်က ပြစ်မှုမှတ်တမ်းဟောင်းကြောင့် ရစ်ကီကို မွေးစားခွင့်မရတဲ့အခါ ရစ်ကီက ပြန်မလိုက်ချင်ဘဲ ထွက်ပြေးဖို့ ကြံစည်ပါတော့တယ်။ အဲဒီဒေသက လူတွေ ခြုံလို့ခေါ်တဲ့ တောအုပ်ထဲမှာ မျက်စိလည် လမ်းပျောက်ပြီး ဟိက်နဲ့ ဆုံတဲ့အခါ...ရဲတွေ အစိုးရအဖွဲ့တွေ လိုက်ဖမ်းနေလို့ မတည့်အတူနေ၂ယောက် တောထဲပုန်းခိုရင်း မထင်မှတ်ဘဲ အထင်လွဲမှုတွေဖြစ်သွားပြီး ...
movie
Hunt for the Wilderpeople (2016)
2016
6.3
The Portable Door (2023)
The Portable Door (2023) =================== IMDb Rating - 6.3/10"တိုက်ဆိုင်မှု" ဆိုတာက ကျွန်တော်တို့ လူသားတိုင်းရဲ့ ဘဝမှာ ဖြစ်ပျက်နေကျ အရာတစ်ခုပါ။ အလုပ်အင်တာ ဗျူးနေ့မှ တိုက်တိုက်ဆိုင်ဆိုင် ဖိနပ်ကြိုးနှစ်ခါပျက်ပြီး အရာအားလုံးက အဆင်မပြေဖြစ်နေတာမျိုးတို့၊ စာဖတ် နေရင်း စာအုပ်ထဲက ဇာတ်ကောင်က ရေပန်းထဲပြုတ်ကျ တဲ့အချိန် အပြင်မှာပါ လူတစ်ယောက်က တိုက်တိုက်ဆိုင် ဆိုင် ရေပန်းထဲပြုတ်ကျလို့ သွားကူရင်း ဖူးစာပါသွားတာ မျိုးပေါ့။ဒါပေမဲ့ အဲ့တိုက်ဆိုင်မှုတွေက သာမန်တိုက်ဆိုင်မှုသက်သက် မဟုတ်ဘဲ အရိပ်နောက်ကွယ်မှာ ကူညီပေးနေတဲ့သူတွေ ရှိနေတယ်ဆိုရင်ရော၊ မှင်စာတွေနဲ့ မှော်ဆရာတွေပေါင်းပြီး အရာအားလုံးရဲ့တိုက်ဆိုင်မှုနဲ့ လူတွေရဲ့ အတွေး၊ စိတ်၊ အာရုံ တွေကို ထိန်းချုပ်ပြီး လုပ်ပေးနေကြတာ ဆိုရင်ရော...အလုပ်ရှာနေတဲ့ အလုပ်လက်မဲ့ကောင်လေး Paul Carpenter က "တိုက်တိုက်ဆိုင်ဆိုင်" JW Wellsဆိုတဲ့ လုပ်ငန်းတစ်ခုမှာ အလုပ်ရသွားတယ်။ သူနဲ့အတူ Sophieဆိုတဲ့ ထက်မြက်တဲ့ ကောင်မလေးလည်း အလုပ်သင်မှာ အတူအလုပ်ရကြတယ်။ ဒါပေမဲ့ Paulက သူ့အလုပ်က ဘာအလုပ်လဲမသိသလို အဲ့အ လုပ်ကလူတွေ ဘာအလုပ်လုပ်ကြတယ်ကိုလည်း မသိခဲ့ဘူး။ CEO Humphrey Wells က ...
movie
The Portable Door (2023)
2023
5.4
Perfect Creature (2006)
ကျွန်တော်တို့နဲ့ ဆင်တူတဲ့ အခြားကမ္ဘာတခုမှာတော့Vampiresတွေဟာ လူသားမျိုးနွယ်နဲ့ အတူတကွငြိမ်းချမ်းစွာနေထိုင်ကြတယ်။ ခရစ်ယာန်ကျောင်းတော်ကြီးရဲ့အရိပ်အာ၀ါသအောက်မှာ ဘုရားသခင်က လူသားမျိုးနွယ်တွေကို ကာကွယ်စောင့်ရှောက်ဖို့သူတို့ကိုဖန်တီးခဲ့တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့အတူဘရားသားဟုဒ်ဆိုတဲ့အမည်နဲ့ တာ၀န်ထမ်းဆောင်ကြတယ်။ဘရားသား ဆိုင်းလက်စ်ကတော့ ဒီထဲကတယောက်ပါ။ ကျောင်းတော်မှာအမြင့်ဆုံးကာဒီနယ်ဖြစ်လာတော့မယ့်သူ။ ဒါပေမယ့် ညီဖြစ်သူ ဘရားသား အက်ဒ်ဂါက လူသားတွေကို စတင်သတ်ဖြတ်လာခဲ့တော့ လူသား ရဲအရာရှိ လစ်လီဆိုတဲ့ အမျိုးသမီးနဲ့အတူ သူ့ကိုတားဆီးဖို့ဖြစ်လာခဲ့ပါတယ်။ဒါပေမယ့်အက်ဒ်ဂါက ဘာဖြစ်လို့ ဒီလိုတွေလုပ်နေရတာလဲ။ကျောင်းတော်ကြီးကလည်း နောက်ကွယ်မှာဘာတွေဖြစ်နေတာလဲ။အက်ဒ်ဂါရဲ့ ကမ္ဘာကြီးကိုပြောင်းလဲမယ့်အကြံအစည်ကိုရော တားဆီးနိုင်ပါ့မလား။လစ်လီနဲ့ ဆိုင်းလက်စ်တို့ကြား ဘာတွေဖြစ်လာဦးမလဲဆိုတာကို ဒီPerfect creature ဆိုတဲ့ဇာတ်ကားလေးမှာရှုစားအားပေးကြပါဦး File size… 1.5GB / 500MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 28m Genre ..... Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Brackman
movie
Perfect Creature (2006)
2006
8.1
Thor: Ragnarok (2017) MCU
Thor: Ragnarok (2017)IMDb Raing (8.0)Thor ဇာတ်ကားတွေက ၂၀၁၁ နဲ့ ၂၀၁၃ တုန်းက ဆက် တိုက်ထွက်ရှိခဲ့ပြီး အခုတတိယမြောက်မှာ ဒါရိုက်တာ တိုက်ကာ ဝိတ်တီက ဘယ်လိုဇာတ်အိမ် တည်ထားလဲဆိုတာ စိတ်ဝင်စားစရာပါ။အန်တိုနီဟော့ပ်ကင်းစ်၊ ဘန်နီဒစ်ကန်ဘာဘက်ချ်၊ ကိတ်ဘ လန်ချက်၊ ခရစ္စဟမ်းစ်ဝေါ့သ်၊ ကန်လန်စီဘရောင်းစသူတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ပဲမို့ စိတ်ကူးယဉ် သိပ္ပံ၊ စွန့်စားခန်း၊ ဟာသ၊ အက် ရှင်ရသတွေကို အပြည့်အဝခံစား ရဦးမှာပါ။ဆိုကိုဗီးယားစစ်ပွဲအပြီး ၂ နှစ်အကြာမှာ သော ဟာမီးမိစ္ဆာဆာတာရဲ့ ဖမ်းဆီးတာကိုခံထားရပါ တယ်။ သောရဲ့ ဖခင် အိုဒင်ဟာ အက်စ်ဂါ့တ်မှာ ကြာကြာနေရမှာ မဟုတ်တဲ့အကြောင်းနဲ့ အရာအား လုံးကို သူ့ရဲ့မီးလျှံနဲ့ ဖျက်ဆီးပစ် မယ်လို့ ဆာတာကပြောပေမယ့် သောဟာ ဆာတာကို အနိုင်ယူနိုင် ခဲ့ပါတယ်။ အက်စ်ဂါ့တ်ကို ပြန်ရောက်ခဲ့ တဲ့ သောဟာ မွေးစားညီအစ်ကို လိုကီကို ...
movie
Thor: Ragnarok (2017) MCU
2017
4K HEVC IMAXHDR
6.7
Back to the Outback (2021)
IMDb Rating (6.7) / Rotten Tomatoes (87%)တိရိစ္ဆာန်လေးတွေအားလုံးက ချစ်ဖို့ကောင်းပါတယ် ဒါပေမဲ့ လူတွေက အဆိပ်ပြင်းတဲ့ တိရိစ္ဆာန်တွေဆို မကောင်းဆိုးဝါးတွေလို တူးတူးခါးခါး မုန်းကြတယ်၊ ကြောက်ကြတယ်။ ဒါပေမဲ့ သူတို့ဆီမှာလည်း ကြင်နာတတ်တဲ့ နှလုံးသား၊ ရိုင်းပင်းကူညီတတ်တဲ့ စိတ်ဓါတ်ကလေးတွေရှိကြပါတယ်။ဒါကို Back to the Outback ဆိုတဲ့ ကာတွန်းကားလေးမှာ ကွက်ကွက်ကွင်းကွင်းမြင်နိုင်မှာပါ။ အဆိပ်ပြင်းတဲ့မြွေ၊ ပင့်ကူ၊ ကင်းမြီးကောက်၊ ပုတ်သင် အစရှိတဲ့တိရိစ္ဆာန်လေးတွေဟာ တိရိစ္ဆာန်ရုံထဲမှာ မကောင်းဆိုးဝါးတွေအဖြစ်ပြစားခံရပါတယ်။ ဒီထဲမှာမှ ကိုအာလာလို ချစ်ဖို့ကောင်းတဲ့ ကောင်တွေတော့မပါဘူးပေါ့လေ။ဒီကားလေးမှာ ဒီတိရိစ္ဆာန်လေးတွေဟာ လှောင်အိမ်ထဲကရုန်းထွက်ပြီး ဘေးလွတ်ရာကို အသက်စွန့်ပြေးရတဲ့ စွန့်စားခန်းတွေအပြင် သူတို့ဆီမှာ ကန့်လန့်ကန့်လန့်ပါလာတဲ့ ကိုအာလာကိုလည်း ကြည့်ရမှာပါ။သူကတော့ ထွက်ပြေးချင်တာမဟုတ်ဘဲ တိရိစ္ဆာန်ရုံထဲမှာပဲ ကျော့ကျော့မော့မော့နေချင်တဲ့ ငနဲဆိုတော့ ဒီထွက်ပြေးမှုမှာ သူက အတိုက်အခံပဲ။ ဒါကြောင့် အဆိပ်ရှိတဲ့တိရိစ္ဆာန်လေးတွေဟာ လူတွေလက်ထဲက ရုန်းထွက်သွားပြီး ...
movie
Back to the Outback (2021)
6.2
Baby Done (2020)
Baby Done (2020)==============IMDb Rating - 6.2/10 ဘဝမှာ မိဘတစ်ယောက်ဖြစ်ဖို့ စိတ်ရောကိုယ်ပါ အစအစအရာရာ ပြင်ဆင်ကြရပါတယ်။ဒီကားမှာတော့ ဇိုဝီဆိုတဲ့ကောင်မလေးက သူ့ကောင်လေး တင်မ်နဲ့ မထင်မှတ်ဘဲ ကိုယ်ဝန်ရသွားပါတော့တယ်။ လွတ်လွတ်လပ်လပ်နဲ့ ဘဝကို စွန့်စွန့်စားစား ဖြတ်သန်းရတာကိ ကြိုက်တဲ့သစ်ပင်တက်သမား ဇိုဝီတစ်ယောက်အဖို့ မထင်မှတ်ဘဲ ကိုယ်ဝန်ရသွားတာသိလိုက်ရတဲ့အချိန်အကြီးအကျယ်ကို ရှော့ခ်ရသွားပါတော့တယ်။ ဇိုဝီကောင်လေး တင်မ်ကတော့ ကိုယ်ဝန်ရှိတာသိသွားတဲ့ အချိန်ကစပြီး ဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့နဲ့ ဇိုဝီကို ဂရုစိုက်ဖို့အတွက် အစွန်းကုန်ကြိုးစားပါတော့တယ်။ ဇိုဝီရဲ့ ဆန္ဒအရ သူတို့နှစ်ယောက်က ကလေးမမွေးခင်မှာ လုပ်ချင်တဲ့အရာတွေကို စပြီးချရေးပါတော့တယ်......သူတို့ကလေးမမွေးခင် သူတို့ဆန္ဒတွေ ပြီးမြောက်သွားမလား၊မထင်မှတ်ဘဲ ကိုယ်ဝန်ရသွားတဲ့ ဇိုဝီတစ်ယောက် ဘယ်လိုကလေးမွေးဖို့ ရင်ဆိုင်မလဲဆိုတာကိုcomedy ဆန်ဆန် ကြည့်ရှူရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်း နဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Parris ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRipDuration - 1h 31minSubtitle – Myanmar ...
movie
Baby Done (2020)
2020
6.7
Penguin Bloom (2020)
Penguin Bloom (2020)***********************=IMDB 6.7=Drama ကားကောင်း ငတ်နေကြသူများအတွက် နက်ဖလစ်က ကားလေးနဲ့ ရသေ့စိတ်ဖြေကြတာပေါ့။ဇတ်လမ်းSam Bloomဆိုတဲ့ အမျိုးသမီးဟာ မိသားနဲ့အတူ ထိုင်းနိုင်ငံကို ခရီးထွက်ရင်း ကံမကောင်းစွာပဲ မျှော်စင်တစ်ခုပေါ်က ပြုတ်ကျပြီး ဒုက္ခိတဖြစ်သွားခဲ့ရတယ် ဝီးချဲနဲ့ဖြတ်သန်းရတဲ့ သူ့ဘဝမှာ သားသုံးယောက်အတွက် အမေတစ်ယောက်တာဝန်မကျေပွန်နိုင်တဲ့အခါသူ့ကိုယ်သူမုန်းတီးမိလာပြီး အရာရာမှာမကြည်ဖြူဖြစ်လာတော့တယ် ယောက်ျားဖြစ်သူ Cameron Bloomကလည်း ဒုက္ခိတဇနီးသည်နဲ့ သားသုံးယောက်တာဝန်ကို မလစ်ဟင်းအောင် ထမ်းရွက်ရင်း ရုန်းကန်နေရရှာတယ်တနေ့မှာတော့ သားအကြီးဆုံးလေးNoah Bloomဟာ ကမ်းခြေကနေ အသိုက်ကွဲနေတဲ့ငှက်ပေါက်စလေးတကောင်ကို တွေ့လို့ သနားပြီးအိမ်ခေါ်လာခဲ့တယ်သူတို့မိသားစုဟာ ငှက်ကလေးရဲ့နာမည်ကို “Penguin”လို့ပေးဖို့ဆုံးဖြတ်ခဲ့ကြတယ်ယောက်ျားဖြစ်သူအလုပ်သွားချိန်နဲ့သားသုံးယောက် ကျောင်းသွားချိန်တိုင်းမှာ အိမ်မှာပဲ အထီးကျန်စွာကျန်ခဲ့တဲ့ ဒုက္ခိတ Sam Bloomအတွက် Penguinက အဖော်မွန်လေးဖြစ်လာတဲ့အခါ....မျှော်လင့်ချက်တွေပျက်သုဉ်းနေတဲ့ Sam Bloomတစ်ယောက် ကိုယ့်စိတ်ကို ဘယ်လို ပြန်လည်ထူထောင်နိုင်လာမလဲဆိုတာကိုတော့.... Blooms မိသားစုရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့အတူ ခံစားကြည့်ရှုကြပါဦး File Size : ( 1.54 GB) and (892.3MB) Quality : 1080p.NF.WEB-DL Format…mp4 Duration… 1h 35min ...
movie
Penguin Bloom (2020)
2020
8.3
Soul (2020)
IMDb Rating (8.3)/ Rotten Tomatoes (97%)ဂျိုးဂါဒင်နာ ဆိုတဲ့ အလယ်တန်းပြဂီတ ဆရာတစ်ယောက်မှာ ဂျပ်ဇ်ဂီတကို စင်မြင့်ပေါ်မှာ ဖျော်ဖြေချင်တဲ့အိမ်မက် ဟိုးငယ်ငယ်ကလေးကတည်းကရှိခဲ့ပါတယ်။ Half Note Club မှာ တစ်ခြား ဂျပ်ဇ် ပညာရှင်တွေကို အံ့သြသွားလောက်အောင် သူ့အရည်အချင်းကိုပြသနိုင်ပြီးတဲ့နောက်မှာ သူ့အိမ်မက်အတွက် ရောင်ခြည်လေးသန်းလာပါတော့တယ်။ အဲ့ဒီလိုအချိန်ကျမှ ရုတ်တရက် မတော်တဆမှုတစ်ခုနဲ့ သူ့ဝိဉာဉ်ဟာ ခန္ဓာကိုယ်ကနေ ဖယ်ခွာပြီး နောက်ဘဝကို ပြောင်းဖို့လောကထဲ ရောက်ရှိသွားတဲ့အခါ..။ တစ်သက်လုံးမက်လာတဲ့ အိမ်မက်တွေ ဆက်မက်ဖို့ မျှော်လင့်ချက်လေးကို ပျပျမြင်ရပြီဖြစ်တဲ့ ဂျိုးအတွက် နောက်ဘဝကို ပြောင်းဖို့အဆင်သင့်မဖြစ်သေးပါဘူး။ အဲ့ဒီဘုံကနေ လွတ်မြောက်ဖို့ သူအစွမ်းကုန်ကြိုးစားပါတော့တယ်။ မဖြစ်မနေဆိုသလိုပဲ သူ့အနေနဲ့ ကမ္ဘာပေါ်ကိုမစေလွှတ်ခင် ဝိဉာဉ်တွေကို ပင်ကိုယ်စရိုက် ဓလေ့တွေ ဉာဉ်တွေကို လေ့ကျင့်ပေးရတဲ့ နေရာတစ်ခုမှာ တွဲဘက်ကျလာတဲ့ ဝိဉာဉ်လေးတစ်ကောင်ကိုလေ့ကျင့်ပေးရဖို့ဖြစ်လာပါတယ်။ အဲ့ဒီဝိဉာဉ်လေးက လက်ပေါက်အကပ်ဆုံး ကမ္ဘာပေါ်ကိုပြန်မသွားချင်လို့ နည်းပေါင်းစုံနဲ့ ဒီဘုံမှာပဲကပ်တွယ်ဖို့ကြိုးစားနေတဲ့ ထူးထူးဆန်းဆန်းသတ္တဝါလေးဖြစ်နေတော့ သူမှာ အခက်အခဲပေါင်းစုံကြုံရတော့တာပါပဲ။ Studio က pixar ဆိုတော့ ...
movie
Soul (2020)