Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Racha Ravi
7.3
Purushothamudu (2024)
Purushothamudu (2024)စီအီးအိုလောင်းရဲ့ ချစ်ခရီးစဉ်IMDb-8.1/10ရာချစ်ရမ်ဆိုတဲ့ အင်္ဂလန်ပြန်ပညာတတ်လူငယ်တစ်ယောက်က မျိုးဆက်အဆက်ဆက် လက်ဆောင့်ပြောင်းတာဝန်ခံခဲ့ကြတဲ့ စီအီးအိုနေရာကိုလွှဲပြောင်းရယူရတော့မယ်သူဋ္ဌေးကြီးများ ရပ်ဝန်းထုံးစံအတိုင်း ဦးလေးဖြစ်သူနဲ့ မိသားစုက ဒီမိသားစုစီးပွားရေးကို ထိခိုက်နစ်နာအောင်လုပ်လို့ သူ့အဖေလက်ထက်မှာ ထိပ်တိုက်တွေ့ခဲ့ရပြီးသလို သူ့လက်ထက်မှာလည်း သူပြန်လာတည်းက ပြန်ပေါ်လာတဲ့ပြဿနာအရိပ်အယောင်တွေ ။ဒီလို ရှုပ်ထွေးပွေလီတဲ့ စီးပွားရေးလောကကြီးထဲ မဝင်ခင် ကျေးလက်ခရီးစဉ်ထွက်လာရာက သိပ်ချော သိပ်ထက်မြတ်တဲ့ အမ်မူလူနဲ့ တွေ့ဆုံလာခဲ့ကြတယ်။အမ်မူလူဆိုတာ ဘွဲ့ရပညာတတ်ပေမဲ့ ရွာပြန်လာပြီး ရွာမှာပဲ ကူညီအားပေးရင်း ကြိုးစားနေတဲ့သူလေးပေါ့...။ဒီလိုလူနှစ်ယောက်ဆုံတွေ့မှုနဲ့ သူတို့ပတ်ဝန်းကျင်က ပြဿနာတွေအတွက် ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာကို အချစ် ၊ အက်ရှင် ၊ ဟာသ ရသစုံတဲ့ဇာတ်ကားထဲမှာ ရှုစားကြည့်ပါဦးအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ် File size…2.6GB / 1.25GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Purushothamudu (2024)
6.8
Sarileru Neekevvaru (2020)
Sarileru Neekevvaru (2020)တေလဂူးမင်းသားချော Mahesh Babu နဲ့ ပရိသတ်တို့ရဲ့ အချစ်တော် တောင်ပိုင်းမင်းသမီး Rashmika Mandanna တို့ရဲ့ အချစ်၊အကြမ်းကားကြီး လာပါပြီ။ဇာတ်လမ်းအကျဉ်းအရ မင်းသားချောကတော့ အိန္ဒိယတပ်က စစ်ဗိုလ်တစ်ယောက်ပါ။စစ်ဆင်ရေးတွေမှာလည်း ခေါင်းဆောင်ကောင်းပီသပြီး အရမ်းတော်တဲ့ စစ်သားတစ်ယောက်ပါ။မိဘမဲ့တစ်ယောက်ဘဝနဲ့ စစ်တပ်ထဲမှာ အသက်ရင်းပြီး မိခင်မေတ္တာကို လိုချင်တောင့်တနေသူပါ။ဒီလိုနဲ့ သူဦးဆောင်တဲ့ စစ်ဆင်ရေးတစ်ခုမှာ စစ်သားတစ်ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်။လတ်တလောမှာ အဲ့ဒီစစ်သားဟာ ဒီစစ်ဆင်ရေးပြီးရင် ညီမဖြစ်သူရဲ့ မင်္ဂလာပွဲအတွက် အိမ်ပြန်မှာပါ။ခွင့်လည်း တောင်းထားပြီးသား။ခုလိုအခြေအနေကို မိသားစုကို အကြောင်းကြားဖို့ရာ မိသားစုတစ်ခုလုံး အခြေအနေတွေ ကမောက်ကမဖြစ်မှာစိုးလို့တပ်ရင်းရဲ့ ကိုယ်စား စစ်သားတစ်ယောက် သွားရောက်ပြီး အေးဆေးစွာ ပြောပြနိုင်ရပါမယ်။ဒီတာဝန်ကို တာဝန်ယူလိုက်တဲ့ သူကတော့... မင်းသားချောပါပဲ။ကဲ သူ့ ခရီးတစ်လျှောက် ဘယ်လိုမျိုးတွေ တွေ့ကြုံရမလဲအဲ့ဒီအိမ်ကို ရောက်သွားတဲ့အခါမှာရော သူထင်ထားသလို ဖြစ်နေမလား ဆိုတာကိုရုပ်ရှင်ရုံထဲကြည့်ရသလို ၃ နာရီနီးပါး လိုက်ပါစီးမျောကြည့်ရှုရမှာပါ။(ရုပ်ရှင်ဘာသာပြန်နဲ့အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ ...
movie
Sarileru Neekevvaru (2020)
2020
4K HEVC
6.1
Om Bheem Bush (2024)
Om Bheem Bush (2024)"မစူးစမ်းသင့်တဲ့အကြောင်းအရာ" =============================================တေလဂူးစကားပြော ပေါ့ပေါ့ပါးပါး သရဲဟာသ ရုပ်ရှင်လေးကို စီအမ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ခရစ်ရှ်၊ ဗီနေးနဲ့ မာဒေ့ဗ်ဆိုတဲ့ လူ့ပေါ်ကြော့ သုံးယောက်။ သူတို့သုံးယောက်ဟာ ကောလိပ်တစ်ခုက ကျောင်းအုပ်ကို ဒုက္ခပေါင်းစုံပေးလို့ ကျောင်းအုပ်ကတောင် ဒေါက်တာဘွဲ့ ပေးပြီး ကျောင်းကနှင်ထုတ်ရလောက်တဲ့ထိ ဆိုးသွမ်းကြတဲ့သူတွေပါ။သူတို့ဟာ ကောလိပ်ကနေ ထွက်လာခဲ့ပြီး လျှောက်သွားရင်း လမ်းတစ်နေရာမှာ နတ်ဆရာတစ်ယောက် ရွှေအိုးရှာ၊ အပနှင်နေတာတွေ့ပြီး သူတို့လည်း အဲဒီလိုနည်းနဲ့ ပိုက်ဆံရှာလို့ရတယ်လို့ အတွေးဝင်သွားတဲ့အတွက် ရွာတစ်ရွာမှာအခြေချပြီး ရတနာမုဆိုး ပယောဂဆရာတွေလုပ်ကြဖို့ ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ သူတို့အခြေချဖို့ ရွေးမိတဲ့ရွာမှာ တကယ့် အောက်လမ်းမှော်ပညာတွေရှိနေတဲ့အခါမှာတော့ သူတို့ရဲ့ သိုက်တူး၊ သရဲဖမ်းအစီအစဉ်ကြီး တလွဲတချော်တွေဖြစ်ကုန်ပါတော့တယ်...။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…2.4GB / 1.2GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Om Bheem Bush (2024)
2024
8.2
Balagam (2023)
Balagam 2023 (IMDb 8.1)အခုတင်ဆက်ပေးမဲ့ တောင်ပိုင်းတလဂူး ဒရမ်မာလေးက rating ကောင်းမွန်သလို သာမန်ချစ်ကြိုက်ကွဲငြားဇာတ်လမ်းတွေကို ကျော်လွန်ပြီး လူ့သဘာဝအဖွဲ့ မိသားစုဒရမ်မာဇာတ်ကောင်းလေးဖြစ်ပါတယ်ကျွန်တော်တို့ ဆယ်ကျော်သက်ဘဝတွေတုန်းက အသည်းစွဲ ဆရာမင်းလူရဲ့ ရယ်မောခြင်းအပိုင်းအစထဲက ဋရပ်ကွက်သားတွေလို ဒီဇာတ်ကားထဲကရွာသားတွေကို ကြည့်ရတာ သဘာဝလဲကျ ပြုံးလဲပြုံးမိရသလို ဂရုဏာလဲသက်လာမိရမှာပါဇာတ်လမ်းအစမှာ ဇာတ်ဆောင်မင်းသားက မြို့နဲ့ရပ်ဝေးရွာလေးမှာ ပီဇာဆိုင်ဖွင့်လိုက် အင်တာနက်ဆိုင်ထောင်လိုက် ဘီလိယကခုံထောင်လိုက်နဲ့ ဉာဏ်ကောင်းစွာစီးပွားရေးလုပ်ရင်း အကြွေးတင်သွားပါတယ်အဆိုပါအကြွေးကို ထပ်ဉာဏ်ကောင်းပြီး မိန်းမယူရင်း မိန်းမတင်တောင်းတဲ့ပိုက်ဆံနဲ့ ဆပ်ဖို့ကြံမှ မိန်းမယူခံနီး အဘိုးက ကောက်ခါငင်ခါသေဆုံးသွားပါတယအဲ့ကစ ဘုကျဘောက်ကျနဲ့ သဘာဝကျကျဇာတ်လမ်းဇာတ်ကွက်များကို ဘာတွေဆက်ဖြစ်မလဲဆိုတာ အဆုံးထိခံစားကြည့်ရှုဖို့ ပရိသတ်ကြီးကို တင်ဆက်ပေးလိုက်ပါတယ် File size…2.58GB / 1.15GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Sai ~ Cherry ~ Nyein
movie
Balagam (2023)
2023
7.5
Lucky Lakshman (2022)
Lucky Lakshman (2022)IMDb-7.7/10မင်းသမီးချောလေး Mokksha အဓိကပါ၀င်ထားတဲ့ လူငယ်ကျောင်းသားအချစ်ဇာတ်လမ်းလေး တစ်လှည့်ခံစားကြည့်ပါဦးချစ်နေချိန်မှာ ချစ်သက်လက်ဆောင်တွေအကြီးအကျယ်ပေးခဲ့ကြသလို မထင်မှတ်ပဲခွဲခွာရတဲ့အချိန်မှာ ရှိခဲ့ဖူးတဲ့အမှတ်တရတွေအားလုံးကို ထိန်းသိမ်းချင်ကြတဲ့သဘာ၀အရ ကော်ဖီဆိုင်ကြီးကို ၀ယ်ချင်နေတဲ့အသည်းကွဲကောင်လေးတစ်ယောက်နဲ့အစပျိုးထားတဲ့ဇာတ်လမ်းပါအလယ်အလတ်မိသားစုကနေမွေးဖွားလာတဲ့ လက်ရှ်မန်ဟာ ငယ်စဉ်တည်းကလိုအင်ဆန္ဒတွေမပြည့်၀မှုကြောင့် ရည်ရွယ်ချက်ကြီးကြီး စာပဲအသည်းအသန်ကြိုးစားနေခဲ့ပါတယ် အထက်တန်းကျောင်းသားဘ၀မှာတင် မိန်းကလေးတစ်ယောက်ကြောင့် ရုံးခန်းရောက်ဖူးတာမို့ တက္ကသိုလ်ထိမိန်းကလေးတွေနဲ့ ဝေးဝေးနေခဲ့သူပါတက္ကသိုလ်ပထမနေ့မှာပဲ စီနီယာတွေအနိုင့်ကျင့်ခိုင်းလို့ ပျိုတိုင်းကြိုက်နှင်းဆီလေး ဆယ်ရာ့ကို ကြောက်ကြောက်နဲ့ ရည်းစားသွားပြောရတဲ့အချိန်မှာ ငယ်စဉ်ကလိုရုံးခန်းရောက်ကျောင်းထုတ်ခံရမှာကြောက်စိတ်တွေပြည့်နေခဲ့တယ်ဆယ်ရာက ထင်ထားသလိုမတုံ့ပြန်တဲ့အပြင် သူ့နဲ့ခင်မင်ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်သွားပါတော့တယ်အလှပဂေးနဲ့ စာကြမ်းပိုး သူငယ်ချင်းကနေဘယ်လိုအဆင့်တက်သွားသလဲ လက်ရှ်မန်ငယ်ငယ်က အိမ်မက်အတိုင်းအောင်မြင်လာသလား ဇာတ်လမ်းအစကအသည်းကွဲရတဲ့အကြောင်းအရင်းက ဘာများလဲဆိုတာတွေကတော့ ခံစားကြည့်ပါဦး File size…2.75GB / 1.36GB Quality…1080p WEB DL /720p Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & BpL & Yunni & Khin Khin
movie
Lucky Lakshman (2022)
2022